ဇူလိုင် ၁၇ ၊ ၂၀၂၅
GG( VOM)
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊အောင်ဆန်းရပ်ကွက်၊အောက်မင်္ဂလာဒုံလမ်းမပေါ်၊အောင်ဆန်းစျေးအကျော် မှာ ဇူလိုင် ၁၆ ရက်နေ့ ည ၈ နာရီလောက်က YBS 77 ကားနဲ့ ညဘက်ခရီးသည်ပြေးဆွဲတဲ့ အောက်ဆိုက်ကား တိုက်မိပြီး ၁၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရ ရှိသူတွေထဲမှာ ခရီးသည်က ၁၅ ယောက်၊ ယာဥ်မောင်း ၁ ယောက်ဖြစ်ကြောင်း ၊ အဲဒီထဲမှာ ဒဏ်ရာပြင်းထန်သူ သုံးယောက်လောက်ပါပြီးအားလုံးကို အင်းစိန်ဆေးရုံကိုပို့ဆောင်ခဲ့ တယ်လို့သိရပါတယ်။
” ဒဏ်ရာရတဲ့အထဲမှာ ကျား၁၄ ၊ မ ၂ ပါ။ယာဥ်မောင်းက Bongo ကားကပါ။ခရီးသည်များပါတယ်။အရမ်းအရေးကြီးတဲ့ ထိခိုက်သူက သုံးယောက်လောက်ပါတယ်။YBS ကို Bongo ကားကဝင်တိုက်တာပါ။” လို့ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ကပြောပါတယ်။
ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဥ်မောင်းကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေမှာ စစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။
အဆိုပါ ညပိုင်းက ဗိုလ်တထောင်မြို့နယ်၊ ၄၂ လမ်း(အောက်) ဘက်မှာ ကုန်တင်တွဲကားနှစ်စီးတိုက်မိပြီး အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ – အင်းစိန်ကြက်ခြေနီ