ဆူးငှက် ဆရာမြို့မငြိမ်း၏ ဂီတအလုပ်ဆိုသည်က သီချင်းတွေ ရေးရုံဖြင့် တင်းတိမ်ကျေနပ်ကာ အချိန်ကုန်ခဲ့သည်မဟုတ်။ သေးသေးမွှားမွှား မဟုတ်။ ဆရာ့ရည်ရွယ်ချက်၊ ဆရာ့စိတ်ကူးစိတ်သန်းက မြို့မတူရိယာအသင်း စတင် သန္ဓေတည်စဉ်ကပင် မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်စေရန်နှင့် ဆင်ဖိုနီခေါ် မြန်မာ့သံစုံတီးဝိုင်းကြီး ဖွဲ့စည်းနိုင်ရေးကို ရည်ရွယ်ဦးတည် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဂီတနှင့်ပတ်သက်၍ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမား စိတ်ကူးထားသူဖြစ်သည်။ ဂီတတွင် နယ်နိမိတ်မရှိ၊ လူမျိုးမခွဲခြား၊ ကန့်သတ်မှုမထားအပ်၊ လူသားအားလုံးပိုင် ပစ္စည်းအဖြစ် ယုံကြည်သည်။ ဂီတသည် အလွန်လေးနက်သည့်သဘောရှိသည်ဟု ခံယူသူလည်းဖြစ်၏။ စာဖြင့် ဖွဲ့မပြနိုင်သည့် ရင်ဖြင့်ခံစားမှုကို ဂီတဖြင့် ဖော်လှစ်နိုင်သည်ကို ဆရာမြို့မငြိမ်းက အကြွင်းမဲ့လက်ခံသည်။ ထို့ကြောင့် နားဖြင့်သာမက ရင်ဖြင့်ခံစားနိုင်သည့် ဂီတမျိုးကို ဆရာက ဖွဲ့ချင်သည်။ သို့သော် အနေအထိုင် ရိုးသား သိုသိပ်လွန်းလှသဖြင့် ဆရာမြို့မငြိမ်း၏ ရည်ရွယ်ချက်နှင့် စိတ်ကူးစိတ်သန်းအား ထဲထဲ၀င်၀င် သိရန်မလွယ်ကူ။ မသိခဲ့ကြ။ ထိုအခါ…
Read MoreDay: July 21, 2025
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှု မော်စကိုရှိ လေဆိပ်တွေ ပိတ်ခဲ့ရပြီး ခရီးစဉ် ၁၄၀ ကျော်ဖျက်သိမ်း
မော်စကို၊ ဇူလိုင်-၂၁-၂၀၂၅ မျိုးဆက်(VOM) ရုရှားကို ယူကရိန်းရဲ့ ဒရုန်းနဲ့အကြီးအကျယ် တိုက်ခိုက်မှုတွေကြောင့် မော်စကိုမြို့ရဲ့ အဓိကလေဆိပ်တွေကို ယာယီပိတ်ခဲ့ရပြီး လေယာဉ်ပျံသန်းမှု အနည်းဆုံး ၁၄၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စနေနေ့မနက်ကစပြီး ရုရှားနယ်မြေပေါ်မှာ ယူကရိန်းဒရုန်း ၂၃၀ ကျော်ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး အဲဒီထဲမှာ မြို့တော်မော်စကို ကိုတိုက်ခိုက်တဲ့ ဒရုန်း ၂၇ စင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရုရှားလေကြောင်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြို့တော်ကို ဝန်ဆောင်မှုပေးနေတဲ့ အဓိကလေဆိပ်ကြီး လေး ခု လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီး လေယာဉ်ပျံသန်းမှု ၁၃၀ ကျော်ကိုလည်း လမ်းကြောင်းပြောင်း ပျံသန်းစေခဲ့ရပါတယ်။ အခုအခါမှာတော့ အားလုံး ပုံမှန်ပြန်လည်လည်ပတ်နေပြီလို့ ဆိုပါတယ်။ တနင်္ဂနွေနေ့မှာ မော်စကိုလေဆိပ်တွေဟာ ဒီတိုက်ခိုက်မှုတွေကြောင့် ၂၄ နာရီအတွင်း ၁၀ ကြိမ် ပိတ်ခဲ့ရတယ်လို့ ရုရှားခရီးသွားလုပ်ငန်းရှင်များအသင်းက…
Read Moreဖားကန့် မှော်စီစာမှာ မြေပြိုလို့ ၁၀ ယောက်ထက်မနည်း သေဆုံး
ဇူလိုင် ၂၁ ၊ ၂၀၂၅ GG (VOM) ဖားကန့် ၊မှော်စီစာ ၊တောင်ယာကုန်းက စိန်စိန် ဂျိတ်ပါဝါကြော လုပ်ကွက်မှာ မြေပြိုကျမှုဖြစ်ပွားပြီး လူ ၁၀ ယောက်ထက်မနည်း ရှိနေ တယ်လို့ ကနဦးသိရပါတယ်။ ဒီနေ့ မနက် ၉ နာရီလောက်မှာ ပေ ၂၀၀ လောက်အမြင့်ရှိတဲ့ ကမ်းပါးပြိုကျတာဖြစ်ပြီး ကမ်းပါးပြိုကျစဥ် အောက်မှာကျောက်တူးဖော်နေတဲ့သူတွေအပေါ် မြေစာတွေပိသွားသလို ကမ်းပေါ်ရှိ နေအိမ်အချို့လည်း မြေစာနဲ့အတူပြိုကျပြီး မြေစာတွေပိမိသွားတာဖြစ်တယ်လို့သိရပါတယ်။ ” မြေပြိုတာ ဟုတ်တယ်။ပေ၂၀၀ လောက်ရှိတယ်။စိန်စိန်လုပ်ကွက်မှာ ကမ်းပါးယံခြေမှာကျင်းတူးကြတာ။ဒီဘက်ကမိုးကဆက်တိုက်ဖြစ်နေတော့ မြေပြောင်းလဲမှုဖြစ်ပြီး တူးနေတဲ့နေရာကို ဖုံးမိနေတာပေါ့။ကူညီပေးဖို့ဆက်သွယ်လာတာတော့ သုံးယောက်ပေါ့။ တယောက်ကတော့အပေါ်မှာဖုံးမိပေမယ့် သေဆုံးသွားတယ်။ကျန်တဲ့နှစ်ယောက်ကတော့ မရှာနိုင်သေးဘူး။ ဒါကျွန်တော်တို့ကိုဆက်သွယ်လာမှုအရပဲသိရတာ။နောက်ထပ်လည်းရှိနိုင်တယ်။” လို့ ဖားကန့်ဒေသ ခံကပြောပါတယ်။ ကျောက်တူးဖော်ရေးလုပ်ကွက်အတွင်း မြေပြိုကျမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ရှာဖွေရေးတွေမလုပ်နိုင်သေးတာကြောင့် မြေစာပုံ ပိသွားပြီး သေဆုံးသူနဲ့ပျောက်ဆုံးသူ အရေအတွက်ကို ကနဦးမှာ ၁၀…
Read Moreလုပ်ခလစာ တိုးမြှင့်ရေး Myanmar Fala Fala စက်ရုံ လုပ်သားတွေ တတိယမြောက်နေ့ တောင်းဆို
ဇူလိုင် ၂၂ – ၂၀၂၅ SN (VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Myanmar Fala Fala Clothing အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ဖို့အတွက် ဒီကနေ့ ဇူလိုင် ၂၁ ရက်မှာ တတိယမြောက်နေ့အဖြစ် ဆက်လက် တောင်းဆိုနေကြတယ်လို့ သိရပါတယ်။ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်၊ မနက်ပိုင်းကစပြီး အနည်းဆုံးလုပ်ခ ကြေးငွေကို ကျပ် တသောင်းကနေ တသောင်းနှစ်ထောင်ကျပ်အထိ တိုးပေးဖို့၊ အချိန်ပိုကြေး ၂၁၀၀ ကျပ်ကနေ ၂၇၀၀ ကျပ်အထိ တိုးပေးဖို့နဲ့ ညနေ ၄ နာရီခွဲ ဂိတ်ပတ်စ်ယူတဲ့အခါ ရက်မှန်ကြေး မဖြတ်ဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတယောက်က “ဒီမနက်မှာ အလုပ်သမားဝန်ကြီးဌာနက ဦးစီးတွေတော့ စက်ရုံထဲ…
Read Moreဂါဇာအလယ်ပိုင်းကို အစ္စရေးက မြေပြင်နဲ့ ဝေဟင်ထိုးစစ် စတင်ပြီ
ဂါဇာစီးတီး၊ ဇူလိုင်-၂၁-၂၀၂၅ ရတီ (VOM) ဂါဇာကမ်းမြှောင်ဒေသအလယ်ပိုင်းရှိ ဒေးယာအလ်ဘာလာမြို့သို့ အစ္စရေးစစ်တပ်တွေက တနင်္လာနေ့အစောပိုင်းမျာ ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေ စတင်လိုက်ပါတယ်။ ဒေသခံသတင်းထောက်တွေရဲ့ ပြောပြချက်အရ အစ္စရေးတင့်ကားတွေနဲ့ စစ်ယာဉ်တွေဟာ လေကြောင်းအကာအကွယ်နဲ့အတူ မြို့ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အမြောက်တွေနဲ့ လက်နက်ကြီးတွေလည်း ဖြန့်ကြက်ထားပါတယ်။ ဒီနေ့ရာဟာ အစ္စရေး ဓါးစာခံတွေကို ဟားမတ်စ်တို့့ ထိန်းသိမ်းခံထားရတယ်လို့ ယူဆရတဲ့ နေရာဖြစ်နေပြီး တောင်ပိုင်းမြို့တွေဖြစ်တဲ့ ရာဖာနဲ့ ခန်းယွန်နစ်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်ထောင်ချီလည်း ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားရေးရုံး (OCHA) ကတော့ အစ္စရေးစစ်တပ်ရဲ့ ရွှေ့ပြောင်းအမိန့်ဟာ ဂါဇာဒေသအတွက် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေကို ထပ်မံထိခိုက်စေတဲ့ အရာဖြစ်တယ်လို့ ပြောပါတယ်။ ဒေးယာအလ်ဘာလာမြို့မှာ လူသားချင်းစာနာထောက်ထားရေး ဂိုဒေါင်တွေ၊ ဆေးခန်းတွေနဲ့ အရေးကြီးတဲ့ ရေအခြေခံအဆောက်အအုံတွေ ရှိနေတာကြောင့် ဒီအဆောက်အအုံတွေ ပျက်စီးသွားရင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ OCHA က သတိပေးထားပါတယ်။…
Read Moreမော်လမြိုင်မှာ ထီးလှိုင်ရှင် အပျော်စီးသင်္ဘော ကမ်းမှာရပ်ထားစဥ် နစ်မြုပ်လို့ ဆယ်ယူနိုင်ရေးကြိုးစားနေ
ဇူလိုင် ၂၁ ၊ ၂၀၂၅ GG (VOM) မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ထားဝယ်ဆိပ်ခံတံတားမှာ ရပ်နားထားတဲ့ ထီးလှိုင်ရှင် အပျော်စီး သင်္ဘော ဒီကနေ့ ဇူလိုင် ၂၁ရက်နေ့ မနက်ပိုင်းမှာ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့တာကြောင့် ရေစီးနဲ့မျောမပါရေး ကြိုးချည်နှောင်ဖို့ လုပ်ဆောင် နေတယ်လို့သိရပါတယ်။ သင်္ဘောနစ်မြုပ်မှုကို အစိုးရအဖွဲ့,လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးမှ လာရောက်ကြည့်ရှုစစ်ဆေးပြီး သင်္ဘောအမြန်ဆုံးဆယ်ယူဖို့ ပြောဆိုသွားတာကြောင့် တာဝန်ရှိသူတွေက ဆယ်ယူနိုင်ရေးစီစဥ်နေကြ တယ်လို့သိရပါတယ်။ ” ပြည်နယ်ဝန်ကြီးလာကြည့်သွားပြီး သင်္ဘောအမြန်ဆုံးဆယ်ဖို့ ညွှန်ကြားသွားတယ်။ခုလောလောဆယ် တာဝန်ရှိသူတွေက သင်္ဘောကို ရေစီးနဲ့မမျောအောင်လို့ ဆိုင်းကြိုးမှာဆွဲချည်ဖို့လုပ်နေကြတယ်။သင်္ဘောက ပဲ့ပိုင်းကစမြုပ်တယ်။အခုပေါ်နေတာဦးပိုင်းပါ။ခုမနက်ရောက်မှလုံးလုံးမြုပ်သွားတာပါ။ညတုန်းကတော့လေရောမိုးရောအတော်လေးကြမ်းတယ်။သူတို့ကတော့ သင်္ဘောဝမ်းဗိုက်နဲ့ဘောတံတားတိုက်မိပြီး ဝမ်းဗိုက်ပေါက်ရေဝင်ပြီး တဖြေးဖြေးချင်းမြုပ်သွားတယ်လို့ပြောတယ်။” လို့ မော်လမြိုင်ဒေသခံကပြောပါတယ်။ အဆိုပါ သင်္ဘောက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနပိုင် သင်္ဘောဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတခုကို ငှားရမ်းထားတာဖြစ်ကြောင်း ၊ ကုမ္ပဏီကမှ သံလွင်မြစ်အတွင်း အပျော်စီးသင်္ဘောအဖြစ် ပြေးဆွဲခဲ့တာဖြစ် ပြီး…
Read Moreစစ်ဒဏ်ရာရသူတွေကို နွေးထွေးစွာကူမယ့် လားရှိုးမြို့ခံများ
နွယ်နီ/VOM စစ်ပွဲတွေကြား နာလန်ထခါကာစ လားရှိုးမြို့ကို ကျောက်မဲနဲ့ သီပေါမြို့က စစ်ဘေးဒုက္ခ သည်တွေ ရောက်လာမယ်ဆိုတဲ့ သတင်းကြောင့် မြို့ခံတွေ တက်တက်ကြွကြွနဲ့ ပြင်ဆင် မှုတွေ လုပ်နေကြပါတယ်။ တစ်နှစ်နီးပါး အိုးပစ်၊ အိမ်ပစ် စစ်ရှောင်ခဲ့ရတဲ့အတွက် ဖုန့်မှုန့်အလိမ့်လိမ့်တက်နေတဲ့ အိမ်ခန်းတွေကို ရှင်းသူက ရှင်း၊ စားစရာအတွက် စုဆောင်းသူက စုဆောင်းနဲ့ ကာလရှည် ကြာ ခွဲခွာနေရတဲ့ ညီအစ်ကို ဆွေမျိုးများ အိမ်လာလည်မယ့်အတိုင်း ပြင်ဆင်နေကြတာပါ။ “သူများမြို့မှာ စစ်ဘေးရှောင်ရတဲ့ ဒုက္ခကိုယ်တိုင် ခံစားဖူးတော့ ကိုယ့်မြို့ကိုလာမယ့် ဒုက္ခသည်တွေကို ဒီလို မခံစားစေချင်ဘူး” လို့ လားရှိုးမြို့ခံ အမျိုးသားတဦးက ပြော ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့မှာ နစကတပ်က နောင်ချိုမြို့ကို သိမ်းပြီးနောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့မှာ တိုက်ပွဲတွေ ဖြစ်လာမယ်လို့ သတင်းထွက်နေတဲ့အတွက်၊ အဲဒီမြို့ခံတွေက လားရှိုးကို ဦးတည်ပြီး…
Read Moreစစ်ဘေးကြောင့် ငါန်းဇွန်ဒေသခံ လူဦးရေ သောင်းနဲ့ချီ တိမ်းရှောင်
ဇူလိုင် ၂၂ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် (အနောက်ခြမ်း) မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံ လူဦးရေ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှ စတင်ကာ နစက က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့မှာတော့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ငါန်းဇွန်နယ် (အနောက်ခြမ်း) ရှိ ပေါက်တော၊ သပြေသာ၊ နတ်ကြီး၊ လက်ပကျင်း၊ ရွာတန်းရှည်၊ ညောင်ပင်ရိုး၊ ကျင်းသာ၊ ကုန်းလည်၊ မကြီးကြပ်၊ ဖောင်းကတော၊ ညောင်လေးပင်၊ ရွာဘို (တောင်-မြောက်)၊…
Read Moreဘင်္ဂလားဒေ့ရှ် တိုက်လေယာဉ်တစင်း စာသင်ကျောင်းပေါ် ပျက်ကျလို့ ၁၉ ယောက်သေ၊ ၁၆၀ ကျော် ဒဏ်ရာရ
ဒါကာ ၊ ဇူလိုင်-၂၁-၂၀၂၅ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ လေတပ်လေ့ကျင့်ရေးလေယာဉ်တစင်း စာသင်ကျောင်းပေါ် ပျက်ကျမှုကြောင့် လူ ၁၉ ယောက်သေဆုံးပြီး ၁၆၄ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဥတာရာပြည်နယ် Milestone School and College ကျောင်းဝင်းထဲ လေယာဉ်ပျက်ကျသွားတာဖြစ်ပြီး နှစ်ထပ်အဆောက်အဦတစ်ခုကို ဝင်တိုက်မိခဲ့ပါတယ်။ လေတပ်ရဲ့ထုတ်ပြန်ချက်အရ F-7 လေယာဉ်ဟာ မွန်းလွဲ ၁ နာရီကျော်က လေ့ကျင့်ရေးပျံသန်းနေစဉ် စက်ချို့ယွင်းမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မှူးလည်း သေဆုံးသူတွေထဲမှာ ပါဝင်နေပါတယ်။ ကလေးနဲ့လူကြီး ၅၀ ကျော် မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံတင်လိုက်ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒီကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားတွေဟာ အသက် ၅ နှစ်ကနေ ၁၈ နှစ်အတွင်း ဖြစ်ပါတယ်။ လေယာဉ်ဟာ အဆောက်အဦကို တိုက်ရိုက်ဝင်တိုက်တာ လို့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ အဲဒီနောက်…
Read More