ဂါဇာအလယ်ပိုင်းကို အစ္စရေးက မြေပြင်နဲ့ ဝေဟင်ထိုးစစ် စတင်ပြီ

ဂါဇာစီးတီး၊ ဇူလိုင်-၂၁-၂၀၂၅
ရတီ (VOM)
ဂါဇာကမ်းမြှောင်ဒေသအလယ်ပိုင်းရှိ ဒေးယာအလ်ဘာလာမြို့သို့ အစ္စရေးစစ်တပ်တွေက တနင်္လာနေ့အစောပိုင်းမျာ ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေ စတင်လိုက်ပါတယ်။
ဒေသခံသတင်းထောက်တွေရဲ့ ပြောပြချက်အရ အစ္စရေးတင့်ကားတွေနဲ့ စစ်ယာဉ်တွေဟာ လေကြောင်းအကာအကွယ်နဲ့အတူ မြို့ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အမြောက်တွေနဲ့ လက်နက်ကြီးတွေလည်း ဖြန့်ကြက်ထားပါတယ်။
ဒီနေ့ရာဟာ အစ္စရေး ဓါးစာခံတွေကို ဟားမတ်စ်တို့့ ထိန်းသိမ်းခံထားရတယ်လို့ ယူဆရတဲ့ နေရာဖြစ်နေပြီး တောင်ပိုင်းမြို့တွေဖြစ်တဲ့ ရာဖာနဲ့ ခန်းယွန်နစ်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်ထောင်ချီလည်း ရှိနေပါတယ်။
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားရေးရုံး (OCHA) ကတော့ အစ္စရေးစစ်တပ်ရဲ့ ရွှေ့ပြောင်းအမိန့်ဟာ ဂါဇာဒေသအတွက် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေကို ထပ်မံထိခိုက်စေတဲ့ အရာဖြစ်တယ်လို့ ပြောပါတယ်။
ဒေးယာအလ်ဘာလာမြို့မှာ လူသားချင်းစာနာထောက်ထားရေး ဂိုဒေါင်တွေ၊ ဆေးခန်းတွေနဲ့ အရေးကြီးတဲ့ ရေအခြေခံအဆောက်အအုံတွေ ရှိနေတာကြောင့် ဒီအဆောက်အအုံတွေ ပျက်စီးသွားရင် အသက်အန္တရာယ်ရှိနိုင်တယ်လို့ OCHA က သတိပေးထားပါတယ်။
ဒီအေတာအတွင်း ဂါဇာမြောက်ပိုင်းမှာ ကုလသမဂ္ဂထောက်ပံ့ရေးယာဉ် အကူအညီတွေု စောင့်နေတဲ့ အရပ်သားတွေကို အစ္စရေးစစ်တပ်က ပစ်ခတ်မှုကြောင့် ၆၇ ယောက်ထက်မနည်း သေဆုံးခဲ့တာ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးစစ်တပ်ကကတော့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီးတော့လည်း သူတို့ဘက်က ငြင်းဆိုထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့ကထုတ်ပြန်ချက်မှာ ဂါဇာမှာ အစာငတ်မွတ်မှုပြင်းထန်လာနေပြီး အလွန်အမင်းပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေတဲ့ အခြေအနေနဲ့ ဆေးရုံတွေကို ရောက်လာသူအရေအတွက် တိုးလာနေကာ ရာနဲ့ချီတဲ့ လူတွေဟာ မကြာခင်မှာ သေဆုံးနိုင်ခြေရှိတယ်လို့ သတိပေးထားပါတယ်။
Ref:BBC
Photo:AFP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW