ဩဂုတ် ၁၂၊ ၂၀၂၅
Shy V (VOM)
နလအ နဲ့ KIO/KIA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ရှိတယ်လို့ သတင်းအစတွေထွက်ပေါ်လာတဲ့နောက် ဘယ်သူက စ ကမ်းလှမ်းတာလဲ ဆိုတာကို ဗိုလ်ချုပ် ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ BBC ကို ဖြေကြားခဲ့ပါတယ်။
KIO ကနေ (ငြိမ်းချမ်းရေး စကားဝိုင်း) စတင်ကမ်းလှမ်းတာ မဟုတ်ပါဘူး။ မနှစ်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်း အပြီးမှာ နေပြည်တော်ကနေ PCG (ငြိမ်းချမ်းရေး အကဖိုးဆောင်အဖွဲ့) ကို စကားအမှာပါးပါတယ်။ KIO နဲ့ Online ဆွေးနွေးဖို့ အကြောင်းကြားတာ ဖြစ်ပါတယ်။” လို့ ဖြေကြားထားပါတယ်။
KIO ရဲ့ သဘောထားကတော့ Online ဆွေးနွေးမှု မဟုတ်ပဲ (တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ် ဆိုရင်) မြစ်ကြီးနားမှာ တွေ့ဆုံဖို့ အတွက် KIO ရဲ့ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ပါ့မယ်လို့ အကြောင်းပြန်ကြားခဲ့တာရှိပေမယ့် KIO ကို ပြန်ပြီး အကြောင်း ပြန်ကြားမှု မရရှိခဲ့ပါဘူးလို့လည်း ဖြေကြားထားပါတယ်။
လွန်ခဲ့တဲ့လပိုင်းက တခါထပ်ပြီး PCG ကနေတဆင့် မေးတာကြောင့် KIO ရဲ့ သဘောထားက ယခင်အတိုင်း ဖြစ်ကြောင်း အကြောင်း ပြန်ကြားထားပါတယ်လို့လည်း ရေးသားထားပါတယ်။
KIO ရဲ့ သဘောထားကို သတင်းထုတ်ပြန်တာမျိုး မလုပ်ခဲ့ပေမယ့် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်၊ နိုင်ငံတကာ သံတမန်များနှင့် ဂျပန်နိုင်ငံ အထူးကိုယ်စားလှယ်များကို အသိပေးထားပြီး ဖြစ်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။
အခြား တိုင်းရင်းသား အဖွဲ့တွေနဲ့ အမြဲလိုလို တွေ့ဆုံမှုတွေ ရှိကြောင်း၊ CB (ချင်းညီနောင်အဖွဲ့) နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမှုကတော့ ပထမဆုံး ဖြစ်ကြောင်း၊ CB နဲ့ ဖြစ်စေ၊ CNF နဲ့ဖြစ်စေ ချင်း၊ ကချင် ညီကိုများ တွေ့ဆုံမှုဖြစ်သလို တော်လှန်ရေးအဖွဲ့ အချင်းချင်း တွေ့ဆုံမှု ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က BBC ရဲ့ မေးခွန်းကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖြေကြားထားပါတယ်။
ဒါ့အပြင် ယောအဖွဲ့ဆိုရင် နွေဦးတော်လှန်ရေးရဲ့ အစောဆုံး အချိန်ကတည်းက အခုချိန်ထိ အမြဲ တွေ့ဆုံနေကြတဲ့ အခြေအနေဖြစ်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။
“ကိုယ့်ခြေထောက်ပေါ် ရပ်တည်ရေးဆိုတာ လူမျိုး၊ နိုင်ငံတိုင်း ထားရှိရမယ့် သဘောခားပါ။ တခြားသုတွေရဲ့ လက်ထဲကို မိမိတို့ရဲ့ ကံကြမ္မာ ဝကွက် အပ်ထားတာမျိုးမဟုတ်ပဲ မိမိတို့ကိုယ်တိုင် ကြို့းစားဖို့ ဖြစ်ကြောင်း၊ အထူးသဖြင့် နယ်မြေချင်း ဆက်စပ်သလို ရည်မှန်းချက်ချင်းတူတဲ့ အဖွဲ့များစုစည်းပြီး မိမိတို့ ခြေထောက်ပေါ် မိမိ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ဦးတည် ဆွေးနွေးကြတာ ဖြစ်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။
KIO/KIA ရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော် နဲ့ယောတပ်တော် တွေ့ဆုံ ဆွေးနွေးမှု ပုံရိပ်တချို့ကို ယောတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။။
ယော တပ်ဖွဲ့ အနေနဲ့ အာရက္ခတပ်တော်နဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေးရှိနေပြီး KIO/KIA နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေကာ အခုမှ ကောက်ပြီး ဆက်ဆံရေး တည်ဆောက်နေကြတာ မဟုတ်ဘူးလို့လည်း ယောတပ်ဖွဲ့ နဲ့ နီးစပ်သူက ပြောပါတယ်။
ချင်းညီနောင် အဖွဲ့ (CB) က KIO/KIA ရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အပြင် NUG ယာယီသမ္မတ၊ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်၊ NUG ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး တို့နဲ့ပါ တွေ့ဆုံခဲ့ကြောင်း ချင်းညီနောင် အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူက မီဒီယာတွေကိုဖြေကြားထားတာ တွေ့ရသလို မှတ်တမ်း ဓာတ်ပုံတွေမှာလည်း တွေ့ရပါတယ်။
Crd# Tim, Yaw Army Info
