ဩဂုတ် ၁၂၊ ၂၀၂၅ Shy V (VOM) နလအ နဲ့ KIO/KIA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ရှိတယ်လို့ သတင်းအစတွေထွက်ပေါ်လာတဲ့နောက် ဘယ်သူက စ ကမ်းလှမ်းတာလဲ ဆိုတာကို ဗိုလ်ချုပ် ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ BBC ကို ဖြေကြားခဲ့ပါတယ်။ KIO ကနေ (ငြိမ်းချမ်းရေး စကားဝိုင်း) စတင်ကမ်းလှမ်းတာ မဟုတ်ပါဘူး။ မနှစ်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်း အပြီးမှာ နေပြည်တော်ကနေ PCG (ငြိမ်းချမ်းရေး အကဖိုးဆောင်အဖွဲ့) ကို စကားအမှာပါးပါတယ်။ KIO နဲ့ Online ဆွေးနွေးဖို့ အကြောင်းကြားတာ ဖြစ်ပါတယ်။” လို့ ဖြေကြားထားပါတယ်။ KIO ရဲ့ သဘောထားကတော့ Online ဆွေးနွေးမှု မဟုတ်ပဲ (တကယ်ဆွေးနွေးလိုသော ဆန္ဒရှိတယ် ဆိုရင်) မြစ်ကြီးနားမှာ…
Read MoreDay: August 12, 2025
အိမ်ဆောက်ပစ္စည်းဈေးတွေ အနည်းငယ် ကျဆင်းလာပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်သေး
ဩဂုတ် ၁၂ – ၂၀၂၅ SS (VOM) လတ်တလောမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း ကျဆင်းနေပေမယ့် လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ လက်ရှိမှာ ဘိလပ်မြေဈေး အပါအဝင် အိမ်ဆောက်ပစ္စည်းဈေးတွေ ကျဆင်းနေတာဖြစ်ပြီး အယ်လ်ဖာနဲ့ အပါချီ ဘိလပ်မြေ တအိတ်ကို တသောင်း ရှစ်ထောင့်ငါးရာကျပ်ဝန်းကျင်၊ SCG (ထိုင်းဆင်) ဘိလပ်မြေ တအိတ် နှစ်သောင်းလေးထောင်ကျပ်၊ ကြံ့နီ ဘိလပ်မြေ တအိတ် နှစ်သောင်းတထောင်ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ ဒါအပြင် တရုတ်နိုင်ငံထုတ် သံဈေး ၁၀ မီလီမီတာ တတန်ကို ဆယ့်လေးသိန်း နှစ်သောင်းဝန်းကျင်၊ ၆ ဒသမ ၅ မီလီမီတာ ကွိုင် တသိန်းကိုးသောင်းကျပ်ဝန်းကျင်၊ ရှစ်ပေါက်အုတ်နဲ့ ဆယ်ပေါက်အုတ် တခဲ ၃၃၀…
Read Moreဗန်းမော် အမတ ၃၆၆ နဲ့ လေယာဉ်ကွင်းကို နလအတပ်က ပြန်ရ
ဩဂုတ် ၁၂၊ ၂၀၂၅ JM (VOM) ဗန်းမော် အမတ ၃၆၆ နဲ့ လေယာဉ်ကွင်းကို ဒီရက်ပိုင်းအတွင်း အစိုးရစစ်တပ်က ပြန်ရထားကြောင်း KIA ရော စစ်တပ် နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။ “အမတ ၃၆၆ နဲ့ လေယာဉ်ကွင်းတွေဘက်ကနေ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အရင်ရက်ကတည်းက ဆုတ်ထားတယ်လို့ သိရတယ်” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ နလအတပ်ဘက်က ဒရုန်းနဲ့ လေကြောင်းကိုသာ အဓိက အသုံးပြု တိုက်ခိုက်နေပြီး လက်နက်ကွာဟမှုတွေကြောင့် ဆုတ်ခွာထားရခြင်းဖြစ်တယ်လို့ သိရကြောင်း သူက ပြောပါတယ်။ “ဗန်းမော်က အမတ ၃၆၆ ဆိုတဲ့ နေရာ လက်လွှတ်ခဲ့ရတယ်လို့ ကြားတယ်။ လေယာဉ်ကွင်းကိုတော့ ရှောင်ပေးထားတယ်လို့ ကြားသိရတယ်” လို့ ဒေသခံ…
Read Moreနန်းတော်ရှေ့၊ ကြိုးကြီးချိတ်၊ စည်တော်ကြီး( ၃)
ဆူးငှက် အခုပြန်စဉ်းစားလိုက်တော့ စည်တော်ကြီးကို ကျွန်တော်ကြည့်ချင်တာမဟုတ်။ နားထောင်ချင်တာသာဖြစ်သည်။ နားထောင်ချင် တာကလည်း “ထောင့်ကိုးဆယ် ညွှန်းဆင်သ၊ စွန်း၊ ပဉ္စရာဇဝင်၊ ကနက်ပိုင်ရှစ်ဆူ မိုးတယ်၊ စိုးတဲ့ဘုရင်၊ မြတ်နန်းခွင်၊ စံမြန်းတော် ဘုန်းကြွယ်အင်ကြောင့်၊ သုံးဆယ်တွင် ရှစ်စုဆောင်း၊ ကောင်းတဲ့သတိုး” ဟူသော စည်တော်ချင်း မဟုတ်ပါ။ ထို့အတူ- “ဗွေပလ္လင် ထီးဖြူရိပ်က၊ အောင်ဘိသိက်ခံတော်မူ၊ မင်္ဂလာဆုတော် ပေးတယ်၊ ရွေးလက်ျာယူ၊ သနားတော်မူ၊ မိန့်တော် တကြူကြူနဲ့ သိုင်းဘွဲ့ဖြူ အကုန်စိုက်တယ်၊ နန်းတိုက်တဲ့စည်ကြီး” ဆိုသော စည်တော်သံလည်း မဟုတ်ပါ။ စည်တော်ကြီးအဖွဲ့က ခင်းကျင်းပြောဆိုပြသော ရာဇဝင်ဇာတ်လမ်း များကို နားထောင်လိုခြင်းကြောင့် ဖြစ်ပါ၏။ စည်တော်ကြီးမှာ ကြားရသည့် ရာဇဝင်များကား ထိုစဉ်က စာဖတ်ဝါသနာပါစ စာအုပ်များထဲမှာ ဖတ်ရ သော ရာဇဝင်သမိုင်းများမဟုတ်။ ပါးစပ်ရာဇဝင်များမို့ မကြားဖူးသည်များချည်း ဖြစ်သည်။ စာအုပ်ထဲ မပါသည်များချည်းဖြစ်သည်။ ထို့ကြောင့်…
Read Moreမိတ္ထီလာသူနာပြုသင်တန်းကျောင်းမှာ သင်တန်းသူတယောက် ကိုယ့်ကိုယ်ကိုဆီလောင်းမီးရှို့ သတ်သေမှုဖြစ်ပွား
ဩဂုတ် ၁၂၊ ၂၀၂၅ GG (VOM) မိတ္ထီလာမြို့နယ်၊အစိုးရ သူနာပြုသင်တန်းကျောင်းမှာ ဒီနေ့ ဩဂုတ် ၁၂ ရက်နေ့ မနက်အစောပိုင်းက သင်တန်းသူအမျိုးသမီးတယောက် အိမ်သာထဲမှာ မိမိကိုယ်ကို ဒီဇယ်လောင်းမီးရှို့ကာ သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “အိမ်သာထဲမှာ ဒီဇယ်ပုံးတွေ့တယ်။ဒါကြောင့်ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့တယ်သုံးသပ်တာပါ။” လို့ ဖြစ်စဥ်သိရှိသူတယောက်ပြောပါတယ်။ သူနာပြုသင်တန်းကျောင်းရှိ ရေချိုးခန်းနဲ့ အိမ်သာတွဲရက်ခန်းထဲမှာ အခန်းတံခါးကို ဂျက်ထိုးထားပြီး အဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ၊ မီးခိုးနံ့တွေ ထွက်လာမှသာ ပတ်ဝန်းကျင်ကသိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” အခန်းက ဂျက်ထိုးထားတော့ အခန်းအပေါ်ကို လှေခါးထောင်တက် အောက်ဆင်းပြီးမှ ဂျက်ဖြုတ်ရတယ်။ အပေါက်က ဖွင့်မရဘဲ အလောင်း နဲ့ ပိတ်ခံနေလို့ အလောင်းကိုအပေါ်ဆွဲတင်ပြီးမှ အပေါက်ဖွင့်ရတယ်။အဲဒီအထိကိုမီးအကြွင်းအကျန်က ကျန်နေသေးတယ်။” လို့ သူကထပ်မံပြောပါတယ်။ အဆိုပါ သင်တန်းသူအမျိုးသမီးက အသက် ၂၀ အရွယ် မပြည့်ပြည့်ဝင်းဆိုသူဖြစ်ကြောင်း ၊ ကယားပြည်နယ် မှလာရောက်ပြီး…
Read Moreမာလီမှာ နောက်ထပ်အာဏာသိမ်းဖို့ ကြံစည်ပြန်လို့ ဒါဇင်များစွာ အဖမ်းခံရ
ဘာမာကို၊ ဩဂုတ်-၁၂-၂၀၂၅ ရတီ(VOM) အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တဲံ မာလီနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်တွေကို ဖယ်ရှားဖို့အတွက် အာဏာသိမ်းဖို့ ကြံစည်ပြန်တယ်ဆိုကာ စစ်တပ်တာဝန်ရှိသူတွေအပါအဝင် လူဒါဇင်နဲ့ချီ ဖမ်းဆီးခံရကြောင်း သိရပါတယ်။ ဒါဟာ မြောက်ပိုင်းမှာ ဂျီဟတ်သူပုန်တွေ အင်အားတိုးလာနေတဲ့ အခြေအနေနဲ့အတူ စစ်အစိုးရအတွင်း တင်းမာမှုတွေ မြင့်တက်လာနေတဲ့ အရိပ်လက္ခဏာဖြစ်ပြီး ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေခြေရှိနေပါတယ်။ အစောပိုင်းသတင်းတွေအရ မော့ပ်တီ ဒေသရဲ့ အုပ်ချုပ်မှူးရေးဟောင်း ဗိုလ်ချု့ပ် အဘက်စ်ဒမ်ဘီလီနဲ့ မာလီစစ်တပ်ရဲ့ အမြင့်ဆုံးရာထူးတွေမှာ ရှိနေတဲ့ အမျိုးသမီးအနည်းငယ်ထဲက တယောက်ဖြစ်တဲ့ ဗိုလ်ချုပ် ဆာဂါရာ တို့ဟာ ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဒမ်ဘီလီ နဲ့ နီးစပ်သူတယောက်ကတော့ သူတို့နှစ်ဦးစလုံး ဖမ်းဆီးခံမရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဖမ်ဆီးခံရတဲ့စစ်သားတွေဟာ အစိုးရကို အာဏာသိမ်းဖို့ ကြံစည်းနေခဲ့သူတွေဖြစ်တယ်လို့ မာလီအသွင်းကူးပြောင်းရေးကောင်စီ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဖမ်းဆီးမှုတွေဟာ ရက်အနည်းငယ်ကြာ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး…
Read Moreရက် ၂၀ ကြာ ပိတ်ထားတဲ့ မြိတ် – ပုလောလမ်း ပြန်ဖွင့်၊ ကားကြီးကားလေး သွားလာလို့ရ
ဩဂုတ် ၁၂ ၊၂၀၂၅ GG (VOM) ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ တနင်္သာရီတိုင်း၊ မြိတ် – ပုလော ပြည်ထောင်စုကားလမ်းကို ဒီနေ့ ဩဂုတ် ၁၂ ရက်ကစပြီး ကုန်ကား ၊ ကားကြီးကားသေးအားလုံးကို ဖြတ်သန်းနိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကားကြီး ကားသေး အားလုံးစတင်ဖြတ်သန်းခွင့်ပြုတဲ့ ဒီနေ့မနက်ပိုင်း ၇ နာရီလောက် မှာ မြိတ် – ပုလောပြည်ထောင်စုလမ်းမှာရှိတဲ့ တပိုရွာအနီး ခရီးသည်တင်ကားတစီးမိုင်းထိခဲ့လို့ လမ်းခရီးပိုင်း ခေတ္တသွားလာခွင့်ပြန်ပိတ်သွားခဲ့ပေမယ် မနက် ၁၀ နာရီ ကျော်လောက်မှာတော့ လမ်းပြန်ဖွင့်ပြီး သွားလာနေကြပြီလို့သိရပါတယ်။ “အခုက ကားကြီး ကားလေးအကုန်သွားလို့ရပါပြီ။ကုန်ကားရော လူစီးကား အိမ်စီးကားရပါပြီ။မနက်က လမ်းခဏပိတ်တာက ကားတစီးမိုင်းထိလို့ပါ။မိုင်းထိတာကလူထိခိုက်မှုမရှိပါဘူး။လမ်းပြန်ဖွင့်တော့ အားလုံးအဆင်ပြေတာပေါ့ဗျာ။” လို့ ဒေသခံကပြောပါတယ်။ မြတ်- ပုလော ပြည်ထောင်စုလမ်းမကြီးကို ဇူလိုင် ၂၄ ရက်နေ့ကတည်းက စွားလာခွင့်ပိတ်ထားတာဖြစ်ပြီး လမ်းပိတ်ထားတာ ရက်ပေါင်း ၂၀…
Read Moreတရုတ်နယ်စပ် ကုန်သွယ်ခွင့်လိုင်စင် ချမပေးတာ ကြာလာလို့ နယ်စပ်ကို မှီခိုသူတွေ ပိုမိုခက်ခဲလာ
ဩဂုတ် ၁၂၊ ၂၀၂၅ Shy V (VOM) တရုတ် နယ်စပ် လိုင်စင် ချမပေးတာ ကြာလာလို့ နယ်စပ်ကို မှီခိုသူတွေ ပိုမိုခက်ခဲလာကြောင်း နယ်စပ်ကို မှီခို အသက်မွေးဝမ်း ကျောင်း လုပ်သူတွေဆီက သိရပါတယ်။ “ကားလည်း လိုင်စင်ရှိတယ်။ တရုတ် နယ်စပ်က လိုင်စင် မချပေးဘူး။ ကြာပြီ။ ၁၀၂၇ ပထမ အကျော့ကနေ စပြီးတော့ လိုင်စင် မချပေးတော့ဘူးလေ။ ကျနော်တို့ ကျင်းစန်းကျော့မှာ မီးလောင်တဲ့ အချိန်မှာ လိုင်စင် ရှိသေးတယ်လေ အဲတုန်းက။” လို့ ကုန်တင်ယာဉ် ပိုင်ရှင် တယောက်က ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ရှမ်းမြောက်မှာ အတက်ကားရော အဆင်းကားရော လားရှိုး ဆင်တောင်မှာ ဖမ်းနေတယ်လို့ သူက ပြောပါတယ်။ တရားမဝင် ကုန်စည် တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ မူဆယ်မှာရော လားရှိုးမှာပါ…
Read Moreကိုဗစ်ချေးငွေယူပြီး ပြန်မဆပ်တဲ့ စစ်ကိုင်းတိုင်းက လုပ်ငန်းရှင် ၅၅ ယောက်ကို အရေးယူမယ်
ဩဂုတ် ၁၂ – ၂၀၂၅ SN (VOM) နိုင်ငံတော်မှ ကိုဗစ် – ၁၉ ချေးငွေ ရယူပြီး ပြန်လည် ပေးဆပ်ခြင်းမရှိတဲ့ စစ်ကိုင်းတိုင်းအတွင်းက လုပ်ငန်းရှင် ၅၅ ယောက်ကို အရေးယူသွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က မနေ့ ဩဂုတ် ၁၁ ရက်မှာ ထုတ်ပြန် အသိပေးလိုက်ပါတယ်။ အဆိုပါ လုပ်ငန်းရှင်တွေအတွက် ၎င်းတို့ရဲ့ လုပ်ငန်းမှာ အထောက်အကူ ပြုစေဖို့ အတိုးနှုန်း သက်သာစွာနဲ့ ချေးငွေတွေ ထုတ်ချေးပေးထားခဲ့တာဟာ သက်တမ်းစေ့ ရောက်ရှိနေပြီ ဖြစ်ပေမယ့် နိုင်ငံတော်အနေနဲ့ ချေးငွေ ပြန်ဆပ်ရမယ့် ကာလကို အကြိမ်ကြိမ် ထပ်မံ တိုးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ချေးငွေသက်တမ်း သုံးနှစ်ပြည့်ပြီး ဖြစ်တာကြောင့် ချေးငွေတွေ ပြန်လည် ပေးဆပ်ရမယ့် ကာလကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြန်မဆပ်ပါက…
Read Moreအမေရိကန်နဲ့ တရုတ်တို့ အခွန်တိုးမြှင့်ကောက်ခံမယ့် နောက်ဆုံးရက် ရက် ၉၀ သက်တမ်းတိုး
ဝါရှင်တန်၊ ဩဂုတ်-၁၂-၂၀၂၅ မျိုးဆက်(VOM) တရုတ်နိုင်ငံပေါ် မြင့်မားတဲ့ အကောက်ခွန်တွေ ကောက်ခံမယ့် နောက်ဆုံးရက်ကို ရက် ၉၀ ထပ်တိုးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်တရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ တရုတ်ဘက်ကလည်း အမေရိကန်ပြည်ထောင်စုပေါ် အကောက်ခွန်အရေးယူမှုတွေနဲ့ ပြန်လည်အရေးယူမှုတွေကို ရက် ၉၀ ထပ်မံရွှေ့ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံနှစ်ခုဟာ ကုန်သွယ်ရေးနဲ့ အခြားကိစ္စရပ်တွေမှာ ဆက်လက်ညှိနှိုင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံအပေါ် ဒီနှစ်အစောပိုင်းမှာ အကောက်ခွန်အစီအစဉ်ကို ကြေညာပြီးနောက် နှစ်နိုင်ံအကြား ကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကုန်ပစ္စည်းတွေပေါ် ၁၀၀ ရာခိုင်နှုန်းကျော် အကောက်ခွန်တင်မှုတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ မေလမှာ တော့ အမေရိကန်နဲ့ တရုတ်တို့က အကောက်ခွန်နှုန်းတွေကို အတော်လေး လျှော့ချခဲ့ပြီး အောက်တိုဘာ ၁၂ ရက်အထိ အကောက်ခွန် ၂၄ ရာခိုင်နှုန်းကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။…
Read More