ဝါရှင်တန်၊ ဩဂုတ်-၁၂-၂၀၂၅
မျိုးဆက်(VOM)
တရုတ်နိုင်ငံပေါ် မြင့်မားတဲ့ အကောက်ခွန်တွေ ကောက်ခံမယ့် နောက်ဆုံးရက်ကို ရက် ၉၀ ထပ်တိုးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်တရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
တရုတ်ဘက်ကလည်း အမေရိကန်ပြည်ထောင်စုပေါ် အကောက်ခွန်အရေးယူမှုတွေနဲ့ ပြန်လည်အရေးယူမှုတွေကို ရက် ၉၀ ထပ်မံရွှေ့ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံနှစ်ခုဟာ ကုန်သွယ်ရေးနဲ့ အခြားကိစ္စရပ်တွေမှာ ဆက်လက်ညှိနှိုင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံအပေါ် ဒီနှစ်အစောပိုင်းမှာ အကောက်ခွန်အစီအစဉ်ကို ကြေညာပြီးနောက် နှစ်နိုင်ံအကြား ကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကုန်ပစ္စည်းတွေပေါ် ၁၀၀ ရာခိုင်နှုန်းကျော် အကောက်ခွန်တင်မှုတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။
မေလမှာ တော့ အမေရိကန်နဲ့ တရုတ်တို့က အကောက်ခွန်နှုန်းတွေကို အတော်လေး လျှော့ချခဲ့ပြီး အောက်တိုဘာ ၁၂ ရက်အထိ အကောက်ခွန် ၂၄ ရာခိုင်နှုန်းကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ရွှေ့ဆိုင်းမှုက နိုဝင်ဘာ ၁၀ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
ထရန့်က တရုတ်နဲ့ ဆက်ဆံရေးဟာ အထောက်အကူဖြစ်စေတယ်လို့ အလေးထား ပြောကြားခဲ့ပါတယ်။ တရုတ်ဟာ ပဲပုပ်မှာယူမှုတွေကို အလျင်အမြန် လေးဆတိုးမယ်လို့ မျှော်လင့်ကြောင်း ထရန့်က လူမှုကွန်ရက်ပေါ်မှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။
ဒါဟာ တရုတ်ရဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးလိုငွေပြမှုကို အတော်အတန် လျှော့ချနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။အရင်ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တဲ့ ကိစ္စရပ်တွေထဲမှာ တရုတ်ရဲ့ မြေရှားသတ္တုတွေ တင်ပို့မှုကို ကန့်သတ်တဲ့အချက်လည်း ပါဝင်နေပြီး ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအနေနဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကတဆင့် သဘောတူညီချက်ရရှိနိုင်မလားဆိုတာ အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။
Ref:NHK
Photo:Getty Images
