ဩဂုတ် ၉ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့မှာ မနေ့ ဩဂုတ် ၈ ရက်၊ မနက် ၆ နာရီဝန်းကျင်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ နမ့်ပန်ချောင်းရေ မြင့်တက်လာတဲ့အတွက် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ နမ့်ပန်ချောင်းရေ မြင့်တက်မှုကြောင့် အဆိုပါ ချောင်းအနီးက ရပ်ကွက်တွေဖြစ်တဲ့ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၄)၊ အမှတ် (၅) ရပ်ကွက်နဲ့ နားတဲ့ကျေးရွာအတွင်း ရေဝင်ရောက်နေခြင်းဖြစ်ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။ “အခုနှစ် ရေကြီးတာက ၁၉၈၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးလို့ ပြောရမယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း…
Read MoreMonth: August 2025
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ STUM အဖွဲ့ဝင် ၁၀ ယောက်ကို တရားရုံးသုံးခုမှာ ချုပ်ရက်ရမန်ပေး
ဩဂုတ် ၉၊ ၂၀၂၅ GG(VOM) ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ သမီး မခြူးခြူးသွယ် အပါအဝင် STUM အဖွဲ့ဝင် ၁၀ ယောက်ကို တရားရုံးသုံးခုမှာ ချုပ်ရက်ရမန်ပေးလိုက်တယ်လို့သိရပါတယ်။ ” ဒီရက်ပိုင်းထဲမှာပဲ ချုပ်ရက်ရမန်ပေးလိုက်တယ်သိရတယ်။ အခြေအနေက ရုံးချိန်းထုတ်မှပဲ သေချာသိရမယ်။ ” လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူကပြောပါတယ်။ အဆိုပါ ၁၀ ယောက်လုံးကို ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) တို့နဲ့ သီးခြားစီ အမှုစွဲဆိုကာ ရွှေပြည်သာမြို့နယ်တရားရုံ၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး နဲ့ အင်းစိန် မြို့နယ်တရားရုံး တို့မှာ ဩဂုတ် ၇ ရက်က ချုပ်ရမန်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်မျိုးမျိုးအေးနဲ့ သမီးအပါအဝင် ရှစ်ယောက်ကို ယခုလ ဩဂုတ် ၂၀…
Read Moreသီပေါကို ၉ ကြိမ်မြောက် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်
ဩဂုတ် ၉၊ ၂၀၂၅ Shy V(VOM) TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ၉ ကြိမ်မြောက် လေကြောင်းနဲ့ ထပ် ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အသံက အကျယ်ကြီးပဲ သုံးလုံး ကြဲသွားတာ။ ရေဟော်ကျောင်းအနီး ဗိုလ်တဲနား ကျဝာယ်။ သီပေါမှာ လေကြောင်း ဗုံးကြဲတာ ၉ ကြိမ်ရှိသွားပြီ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လေကြောင်းနဲ့ ဗုံး သုံးလုံးကြဲချသွားတဲ့ ထဲက နှစ်လုံး ကွဲပြီး တလုံးက မကွဲဘူးလို့ သိရပါတယ်။ “အစည်းဝေး ရှိတယ်လို့ သတင်းကြားလို့ လာကြဲတယ်လို့ သိရတယ်။ အဆောက်အဦးက တခုထိတယ်။ လူ အထိအခိုက်မရှိဘူး။ အဲနား ဗိုလ်တဲ ရှိတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။…
Read Moreရတနာနဒီမှသည် ရေနီမြောင်းသို့ (သို့မဟုတ်) ချောင်းတောင်ဘက်ကလူ (၃)
ဆူးငှက် မတ္တရာမြစ်ကို ကျောက်ခန်း၊ ကျောက်ဆည်ခိုင်ခန့်အောင် လုပ်ဆောင်စေပြီးလျှင် ရေစီးရေလာကောင်းအောင် ပြင်ဆင်၍ နန္ဒာကန်သို့ စီးဆင်းစေ၏။ နန္ဒာကန်မှသည် ရွှေမြို့တော်ရှေ့ကိုလျှောက်၍ ရှေ့ဝင်းမှူး သူရဲဝန်မင်းကြီး မဟာသမိန်ဘေဖြတ်စကို အကြီးအရပ်ခန့်ပြီးလျှင် ငစဥ့်ကူး မြို့ဝန်၊ မတ္တရာဆည်ဝန်၊ ရွေးလက်ယာဗိုလ်တို့ကို ငစဥ့်ကူးမြို့ ကသည် ရွှေမြို့တော်ရောက် ရေသောက်မြို့ ကျေးရွာလူထု အစုအမှုထမ်းက လူတို့နှင့် တူးဖောက်စေရာ ရေစီးရေလာကောင်း၍ ရတနာနဒီသမုတ်ပြီးလျှင် နန်းမြေဘုံ သာစံနန်းတော်က ရတနာနဒီစံနန်းတော်သို့ ထွက်တော်မူ၍ အရှင်နှစ်ပါးသမ္ဗန်တော်မှာ ရွှေစက်တော်တင်ပြီးလျှင် စုန်ဆန်တော်မူသည်၊ ဤကား ကန္နီမြို့ စစ်ကဲမင်းထင်ရာဇာ၏ မှတ်သားချက်ဖြစ်၏။ ရတနာနဒီတူးမြောင်းမှသည် ရွှေမြို့တော်အတွင်းလမ်း၊ လက်ဝဲ လက်ယာမြောင်းများကိုလည်း ပြည့်လျှမ်းအောင် သွင်းခဲ့၏။ ထို့နောက် စံနန်းတော်ရှေ့ ကတ်ကြို့ဖောင်ထား၍ ထိုရေလမ်းမြောင်းများမှ တစ်ဆင့် ရံဖန်ရံခါ ထွက်တော်မူသည်။ သို့တည်းမဟုတ် လှေအမှုထမ်းတို့ကို လှေလောင်းပေးအပ်၍ ပြိုင်လှော်စေသည်။ လှေသားတို့ ကိုလည်း ပုဆိုး…
Read Moreရှစ်လေးလုံး အထိမ်းအမှတ် ထီးသပိတ် လှုပ်ရှားမှုတွေ ပြုလုပ်
ဩဂုတ် ၈ – ၂၀၂၅ SS (VOM) ဒီကနေ့ ဩဂုတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၃၇) နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ ထီးသပိတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လှည့်ကင်းတွေနဲ့ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားရတဲ့ကြားက လှုပ်ရှားသူတွေက ရန်ကုန်မြို့က အထင်ကရ နေရာတွေမှာ ‘၈’ ဂဏန်း ရေးဆွဲထားတဲ့ ထီးတွေနဲ့ ထီးသပိတ် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားတယောက်က “အခုလိုမျိုး အကြမ်းမဖက် ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ထောက်ခံပါတယ်။ ကန့်ကွက်စရာတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ပြဿနာက ဒီကာလမှာက ကိုယ့်လုံခြုံရေး၊ အစစအရာရာ အရမ်း အရေးကြီးနေတဲ့ ကာလဖြစ်တယ်။ တခုခု ဖြစ်သွားရင်လည်း…
Read Moreဝ ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်တဲ့အဖွဲ့ တွေ့ဆုံ
ဩဂုတ် ၈၊ ၂၀၂၅ Shy V (VOM) ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိပ်သီးခေါင်းဆောင်တွေကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ဩဂုတ်လ ၆ ရက်နေ့နဲ့ ဩဂုတ်လ ၇ ရက်နေ့ ၂ ရက် ဆက်တိုက် သွားရောက် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း ဝ အခြေစိုက် Wa News Land ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တွေက မိုင်းပေါက်မြို့ကို သြဂုတ် ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိခဲ့ကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် ပန်ဆန်းမြို့ဘက် ထပ်မံ သွားရောက်ခဲ့ကြတယ်လို့ ဝ အခြေစိုက် Wa News Land မှာ သတင်းဖော်ပြထားပါတယ်။…
Read Moreလောင်းကစားကြော်ငြာနဲ့ တရားမဝင်စီးပွားရေးကြော်ငြာတွေ ရိုက်ကူးခြင်းမပြုဖို့ ရုပ်ရှင်လောကသားတွေကို အစည်းရုံးသတိပေး
ဩဂုတ် ၈၊၂၀၂၅ GG (VOM) ရုပ်ရှင်လောကသားတွေအနေနဲ့ ဥပဒေနဲ့မညီတဲ့လောင်းကစားကြော်ငြာနဲ့ တရားမဝင်စီးပွားရေးကြော်ငြာတွေကို ရိုက်ကူးခြင်းမပြုဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးက သတိပေးစာထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဥပဒေနဲ့မညီတဲ့လောင်းကစားကြော်ငြာနဲ့ တရားမဝင်စီးပွားရေးကြော်ငြာတွေကို ရုပ်ရှင်လောကသားအချို့က ရိုက်ကူးမှုရှိနေပြီး ယခုလိုရိုက်ကူးခြင်းဟာ ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် အရေးယူခံရနိုင်တဲ့ အတွက် ရိုက်ကူးခြင်းမပြုဖို့သတိပေးတာဖြစ်တယ်လို့ဆိုပါတယ်။ ” စာပဲထုတ်တာပါ။တချို့က မသိပဲရိုက်နေတာရှိတယ်။တချို့ကလည်းသိသိနဲ့ရိုက်နေတာရှိတယ်။အဲဒါကြောင့်အဲဒီစာအဓိပ္ပါယ်အတိုင်းပဲ။ဥပဒေကတော့ကျွန်တော်မသိဘူး။ကျွန်တော်တို့က ကိုယ့်လူတွေထိမှာစိုးလို့စာထုတ်လိုက်တာပါ။” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးမှတာဝန်ရှိသူ ဦးအေးကြူလေးကပြောပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးအနေနဲ့ ရုပ်ရှင်လောကသားတွေကို စာထုတ်ပြန်ပြီး အသိပေး၊သတိပေးခြင်းသာရှိပြီး ကြော်ငြာ ရိုက်ကူးနေတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံခေါ်ယူပြောဆိုခြင်းမျိုးမရှိသေးဘူးလို့သိရပါတယ်။ ဥပဒေနဲ့မညီတဲ့လောင်းကစားကြော်ငြာနဲ့ တရားမဝင်စီးပွားရေးကြော်ငြာတွေကို ရိုက်ကူးခြင်းကိုတော့ လောင်းကစားဥပဒေ နဲ့ Cyber Law အရ အရေးယူနိုင်ကြောင်းကို ဥပဒေပါအချက်အလက်တွေအရသိရပါတယ်။ ဥပဒေနဲ့မညီတဲ့ လောင်းကစားကြော်ငြာရိုက်ကူးခြင်းအတွက် ” လောင်းကစားဥပဒေ ” မှာ” လောင်းကစားခြင်း၊ လောင်းကစားရန် အားပေးကူညီခြင်း၊ လူစုခြင်း၊ လှုံ့ဆော်ခြင်းမပြုရ၊”။ မည်သည့်အားကစားပွဲ သို့မဟုတ်…
Read Moreမီဒီယာကောင်စီ ဖျက်သိမ်းတာနဲ့ ပတ်သက်လို့ တရားဝင် အကြောင်းကြားခြင်း မရှိသေး
ဩဂုတ် ၈ – ၂၀၂၅ SN (VOM) မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖျက်သိမ်းတာနဲ့ ပတ်သက်လို့ လက်ရှိ အချိန်အထိ အဆိုပါ ကောင်စီကို တရားဝင် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ အဖွဲ့ဝင်တယောက်က ပြောပါတယ်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး (ကာလုံ) မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အပါအဝင် နစက အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းပေါင်း ၁၈၄ ဖွဲ့ကို ဖျက်သိမ်းလိုက်တယ်လို့ ဩဂုတ် ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တယောက်က “လောလောဆယ် ဖျက်သိမ်းထားတယ်လို့တော့ တွေ့ရပေမယ့် ကျွန်တော်တို့ဆီ တရားဝင် စာရွက်စာတမ်းနဲ့ အကြောင်းကြားလာတာမျိုးတော့ မရှိသေးဘူး။ လောလောဆယ်တော့ စောင့်ကြည့်နေတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ/ရုံးက…
Read Moreကွတ်ခိုင်မှာ MNDAA တပ်ဖွဲ့က ဒေသခံ ကတ်ပြားလုပ်ဖို့ စာရင်းစတင် ကောက်ခံ
ဩဂုတ် ၈၊ ၂၀၂၅ Shy V (VOM) ကွတ်ခိုင်မှာ MNDAA တပ်ဖွဲ့က ဒေသခံ ကတ်ပြားလုပ်ဖို့ ဩဂုတ်လ ၇ ရက်နေ့ကစ စာရင်းစတင် ကောက်ခံ နေပြီဖြစ်ကြောင်း ဒေသခံတွဆီက သိရပါတယ်။ “မနေ့က ရပ်ကွက် ၂ ခုပဲ အရင်လာခိုင်းတယ်။ ဒေသခံ မှတ်ပုံတင် ကတ်ပြားတော့ မလုပ်ပေးသေးပါဘူး။ နာမည်စာရင်းလာထည့်ခိုင်းတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဒေသခံ မှတ်ပုံတင် ကတ်ပြား ပြုလုပ်ပးတဲ့ အချိန်ကျရင် ကုန်ကျစရိတ် ရှိမယ်၊ တရုတ်ေငွ ၁ဝ ယွမ်၊ ၂၀ ယွမ် စသဖြင့် ကုန်ကျနိုင်တယ်လို့ ကြားသိ ထားတယ်လို့ သူက ပြောပါတယ်။ MNDAA ထိန်းချုပ်နယ်မြေ အတွင်းက အိမ်ထောင်စု မဟုတ်တဲ့ တခြားဒေသက လာရောက်နေထိုင်သူတွေကိုတော့ ၆…
Read Moreဖားကန့်မှာ စစ်ရေးတင်းမာလာပြီး လူသေဆုံးမှုဆက်တိုက်ရှိနေတဲ့အပြင် ရေဘေးပါကြုံနေရ
ဩဂုတ် ၈ ၊ ၂၀၂၅ GG (VOM) ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တိုက်ပွဲတွေပြင်းထန်လာပြီး လက်နက်ကြီးကြောင့် လူသေဆုံးမှုတွေဆက်တိုက်ဖြစ်ပွားနေတဲ့အပြင် လက်ရှိမှာ ရေကြီးရေလျှံမှု သဘာဝဘေး အန္တရာယ်ကိုပါ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖားကန့်ရှိ ဆိုင်းတောင်၊ ဆုတောင်းကုန်း အနီးမှာ ဩဂုတ် ၇ ရက်ညပိုင်းက လက်နတ်ကြီး ကျရောက် ပေါက်ကွဲလို့ တယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲနဲ့အတူ ရေကြီးမှု အန္တရာယ်ကို ဖားကန့်မြို့ ၊ မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် နဲ့ ကျောက်ဝိုင်း၊ အေးမြသာယာ ဘက်တွေမှာ ရေကြီးမှုကြုံတွေ့ နေရတာဖြစ်ကြောင်း ၊ ဥရုချောင်းရေမြင့်လာတဲ့အတွက် ဖားကန့်ရှိအနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။ နောက်ပြီး ဖားကန့် ဆိပ်မူအုပ်စု ၊ နမ့်မှော်ရွာမှာလည်း နမ့်မှော်ချောင်းရေတက်မှုကြောင့် ရေကြီးရေလျှံ မှုဖြစ်ပွားနေပြီး ရေကျော်နေချိန်မှာ ကားကိုအရှိန်ပြင်းပြင်းနဲ့မောင်းနှင်တဲ့အတွက် လှိုင်းပုတ်ကာအိမ်အချို့ထိခိုက်ပျက်စီးမှုရှိနေတယ်လို့သိရပါတယ်။…
Read More