အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ က နလအ ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့မှုကို သူရဲ့အင်စတာဂရမ်အကောင့်မှာ လွှင့်တင်‌ဖော်ပြခဲ့တာက မြန်မာ့အရေးအတွက်ကောင်းမွန်တဲ့ အရွှေ့ဖြစ်လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတချို့ ရှုမြင်

စက်တင်ဘာ ၁ – ၂ဝ၂၅
KKO(VOM)
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အလုပ်သဘောခရီးရောက်ရှိနေတဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်ဟာ သြဂုတ်လ ၃၁ ရက်၊တရုတ်ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန်က တီရန်ကျင်းမြို့မှာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီ‌တွေ့ဆုံမှုဟာ မြန်မာ့နိုင်ငံရေးအတွက်ထူးခြားကောင်းမွန်သောအရွှေ့ပြောင်းလဲမှုဖြစ်လာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
“အိန္ဒိယနဲ့ကတော့ ကျွန်‌တော်တို့ ပြဿနာအများကြီးတော့မရှိပါဘူး။ အိန္ဒိယနဲ့ ကျွန် တော်တို့ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်။ နယ်စပ်ဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့လည်း သိပ်ပြဿနာကြီးကြီးမားမားတော့မရှိခဲ့ပါဘူး ။အခုနောက်ပိုင်းမှာ အိန္ဒိယဘက်ကလည်း နယ်စပ်ဒေသတည်ငြိမ်မှုတွေ မြန်မာပြည်နဲ့ ကုန်သွယ်မှု Trade ဒါတွေကရှိနေတယ်။ အဲလိုပဲတဖက်မှာလည်း စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့ လက်နက်ကိုင်တွေအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယကိုအားကိုးရမယ့်ကိစ္စလေးတွေရှိတယ်။ ကျွန်တော်တို့မှာဖြစ်ခဲ့ဘူးတာတွေ အိန္ဒိယမှာလည်းအများကြီးရှိခဲ့ဘူးတယ်၊ဖြစ်ခဲ့ဘူးတယ်လို့ယူဆပါတယ်။ အခုလိုတွေ့ဆုံမှုဟာဒါကထူးခြားမှုရှိတယ်လို့ ပြောလို့ရပါတယ်။တွေ့ဖို့လည်းလိုနေပြီ‌လေ”
လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူတယောက်က VOM ကိုပြောပါတယ်။
ထူးခြားချက်တခုက အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ ကိုယ်တိုင်က မြန်မာယာယီသမ္မတ နလအ ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့မှုကို သူရဲ့အင်စတာဂရမ်အကောင့်မှာ သူကိုယ်တိုင်ဂုဏ်ပြုဖော်ပြခဲ့မှုနဲ့ နလအ ဥက္ကဋ္ဌ ကို Legitimacy ရှိရှိ ကြိုဆို နှုတ်ဆက်ခဲ့တာတွေကလည်း ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်တွေက မြန်မာ့ခေါင်းဆောင်တွေကိုအသိအမှတ်ပြုမှုဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
အဲဒါအပြင် မြန်မာ-အိန္ဒိယအရေးလေ့လာနှံ့စပ်သူတယောက်ကလည်း သူရဲ့အမြင်ကို အခုလို ဆက်ပြီးသုံးသပ်ပြောပြခဲ့ပါတယ်။
“မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ဦးခေါင်းပိုင်းမှာတည်ရှိတဲ့အတွက် အိန္ဒိယဟာ မိမိရဲ့ဦးခေါင်းပိုင်းကို မီးမလောင်အောင်သတိထားရမယ်လို့ မစ္စတာနေရူးရဲ့မိန့်ခွန်းတခုမှာပါဘူးပါတယ်။
နိုင်ငံတော်၀န်ကြီးချုပ်ဦးနုလက် ထက်မှာရန်ကုန်အစိုးရလို့ခေါ်ဝေါ်သမုတ်ကြတဲ့အထိဖြစ်နေတဲ့အချိန်မှာတောင် အိန္ဒိယကအကူအညီပေးခဲ့သလို၊ ၁၉၈၈ ခုနှစ်မှာလည်းမြန်မာ့နိုင်ငံအခက်အခဲကြုံနေရတဲ့အချိန်မှာတောင် အိန္ဒိယတပ်မတော်ကအကူအညီပေးခဲ့ပါတယ်။ ပြောရရင်အိန္ဒိယက မြန်မာရဲ့မိတ် ဆွေစစ်ကြီးလို့ခေါ်ထိုက်ပါတယ်။အခုတွေ့ဆုံခြင်းကကောင်း သောတွေ့ဆုံခြင်းပါ၊အကျိုးရလဒ်များပါတယ်”လို့ သူက ပြောပြပါတယ်။
ဒါအပြင် မြန်မာရွေးကောက်ပွဲအတွက် တရုတ်နဲ့ အိန္ဒိယဟာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပြီး သူတို့ဆီက အကူ အညီတွေအများကြီးယူဖို့လိုတယ်လို့လည်း လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
“မြန်မာ့ရွေးကောက်ပွဲကတည်ငြိမ်အေးချမ်းစွာနဲ့ပြီးမြောက်ဖို့လိုတယ်လေ၊လက်ရှိရွေး ကောက်ပွဲအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာကလည်းအသက်တမျှ အရေးကြီးပါတယ်။ဒါတွေက မဖြစ်မနေဆောင်ရွက်ရတဲ့အတွက် ကောင်းမွန်သော အပြောင်းအလဲတခုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူတယောက်က VOM ကို ထပ် လောင်းပြောပြပါတယ်။
အဲဒါအပြင် ယခုတွေ့ဆုံမှုဟာ တရုတ် – မြန်မာ- အိန္ဒိယသုံးနိုင်ငံလုံးအတွက်ကောင်းမွန်တဲ့ အရွှေ့နဲ့ ဆက်ဆံရေးဖြစ်တယ်လို့လည်းလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ က နလအ ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့စဉ်မှာတော့ နယ်စပ်တည်ငြိမ်အေး ချမ်းရေးနဲ့ နယ်စပ်အရေးကိစ္စရပ်တွေကိုအဓိ က ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
“ရှမ်းမြောက်ပိုင်းလက်နက်ကိုင်ကိစ္စတွေနဲ့ပတ်သက်လို့ တရုတ်ရဲ့အကူအညီလိုတယ်။အိန္ဒိယနဲ့ ပတ်သက်ရင် စစ်ကိုင်းတိုင်းက အထက်ပိုင်း နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့အိန္ဒိယရဲ့အကူအညီလိုတယ်။ဒါမှအဲဒီနေရာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်မှာလေ၊ပြီးရင်စီးပွားရေးအရ ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှုတွေကအရမ်းကိုကာလရှည်ကြာနေတယ်၊?ကုန်သွယ်ရေးလမ်း ကြောင်းတွေပြန်ဖွင့်ဖို့လည်းလိုတယ်။ ဒါကြောင့် အိန္ဒိယ-မြန်မာ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုဟာထူးခြားတဲ့ အရွှေ့ဖြစ်လာပါလိမ့်မယ်”လို့ လေ့လာသုံး သပ်သူတယောက်က VOM ကို ပြောပါတယ်။
တရုတ်နိုင်ငံကို အလုပ်သဘော ခရီးရောက်ရှိနေတဲ့ ယာယီသမ္မတ နလအ ဥက္ကဋ္ဌဟာ သူရဲ့ ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ အပါအဝင် လာအိုနိုင်ငံ သမ္မတတို့နဲ့ သီးသန့် တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါအပြင် နလအ ဥက္ကဋ္ဌဟာ ယန်ကျင်းမြိုရှိ Tangla Hotel မှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဂူဟန်တက္ကသိုလ်ရဲ့ ဒုတိယအဓိပတိပါမောက္ခ Prof. Gong Wei ဦးဆောင်သော တာဝန်ရှိသူတွေ့ဆုံဆွေးနွေးခဲ့ကြသေးတယ်လို့လည်း သိရှိရပါတယ်။
ပုံစာ – အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ နဲ့ နလအဥက္ကဋ္ဌ တွေ့ဆုံစဉ်။

Related posts

✕
VOM News

FREE
VIEW