စက်တင်ဘာ ၃ – ၂ဝ၂၅
KKO(VOM)
ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲဝင်ဖို့နိုင်ငံရေးပါတီငယ်တွေနဲ့တိုင်း ရင်းသားပါတီအချို့ရုန်းကန်နေရပြီး သတ်မှတ်ကိုယ်စားလှယ်လောင်း အရေအတွက် တင်သွင်းဖို့ အခက်အခဲတွေရှိနေတယ်လို့ ပါတီနိုင်ငံရေးအသိုင်းအ ဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်(UEC)ရဲ့ရွေးကောက်ပွဲဆိုင်ရာသတ်မှတ်ချက်တွေဟာ အလွန်ကိုမြင့်မားနေတဲ့အတွက်နိုင်ငံရေးပါတီအများစုကတော့ပြည်ထောင်စုအဆင့်ကိုဝင်ရောက်ယှဥ်ပြိုင်ဖို့တွန့်ဆုတ်နေကြတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
“ပြည်ထောင်စုအဆင့်ဝင်ဖို့ ဆိုတာကကြံ့ခိုင်ရေး(USDP)ပါတီကလွဲရင် ကျန်တဲ့ပါတီတွေအကုန်လုံးကခက် ခဲကြမှာပါပဲ။တ.စ.ညလို နဂိုထဲကရုံးခန်းပေါင်းများစွာရှိထားတဲ့ပါတီကြီးတွေတောင် သူတို့ကိုယ်စားလှယ်လောင်းကိစ္စတွေကအတော်ရုန်းကန်ရမယ့်အနေ အထားရှိပါတယ်”လို့ ပါတီနိုင်ငံရေးသမားတယောက်က VOM ကို ပြောပါတယ်။
ဒီလိုသတ်မှတ်ချက်တွေမြင့်မားလွန်းတာကြောင့် နိုင်ငံရေးပါတီတွေရဲ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် UEC ကိုတင်ပြတဲ့အခါမှာတော့ UEC ဘက်ကနေ ပြန်လည်ပြီးတော့ဖြေလျော့ပေးခဲ့တာတွေလည်းရှိခဲ့တယ်လို့ ပါတီနိုင်ငံ ရေးလုပ်ဆောင်သူတွေက ပြောပါတယ်။
ဒါအပြင်ဒီလိုဖြေလျော့ပေးတာတောင်မှ နိုင်ငံရေးပါတီတွေအနေနဲ့ တော်တော်လေးကိုကြိုးကြိုးစားစားရုန်းကန်လှုပ်ရှားနေကြရတယ်လို့လည်းပါတီနိုင်ငံရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။
“ပြည်ထောင်စုအဆင့်ကမဲဆန္ဒနယ်တဝက်ကျော်လေ၊ တဝက်ကျော်မှပြည့်မီမယ်၊ပြည် ထောင်စုအဆင့်ဝင်မလား၊တိုင်းဒေသကြီးအဆင့်ဝင်မလားဆိုတာဒါကဟိုတုန်းထဲက တော်တော်လေးကိုနိုင်ငံရေးပါတီတွေအနေနဲ့စဉ်းစားရပါတယ်။UEC ရဲ့သတ်မှတ်ချက်တွေအတိုင်းဖြစ်နိုင်ပါ့မလား၊သတ်မှတ်အချိန်အတွင်းမှာမလုပ်နိုင်ရင် ငါတို့ပါတီဖျက် သိမ်းခံရမယ်ဆိုတဲ့စိုးရိမ်စိတ်တွေလည်းရှိခဲ့ပါတယ်။အဲ့အချိန်မှာပါတီတော်တော်များများကပြည်ထောင်စုအဆင့်ကိုတွန့်ဆုတ်ကြတာပေါ့”လို့ နိုင်ငံရေးပါတီတခုရဲ့တာဝန်ရှိသူတ ယောက်က VOM ကို အခုလိုဆက်ပြီး ပြောပြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ရဲ့ယခင်သတ်မှတ်ချက်က ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပါကပါတီဝင်အင် အားကတသိန်းရှိရမှာဖြစ်ပြီး မဲဆန္ဒနယ်တွေရဲ့မြို့နယ်ထက်ဝက်မှာပါတီရုံးခန်းဖွင့်လှစ်နိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်း နိုင်ငံရေးပါတီတွေရဲ့တင်ပြမှုအပြီး UEC ဘက်က ပြည်ထောင်စုအဆင့်ဆိုပါက ပါတီ ဝင်အင်အားငါးသောင်းနဲ့ ပါတီရုံးခန်းပေါင်း(၁၁ဝ)အထိဖြေလျော့သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
သို့သော်ဒီလိုဖြေလျော့ပေးတာတောင်မှ နိုင်ငံရေးပါတီတွေအနေနဲ့ တော်တော်လေးကိုကြိုးကြိုးစားစားရုန်းကန်လုပ်ဆောင်နေကြရတယ်လို့ ပါတီနိုင်ငံရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
“ပါတီငယ်လေးတွေအနေနဲ့ ပြောရရင်တိုင်းနဲ့ပြည်နယ်အဆင့်တောင်ပြောင်းပြီးတင်ကြတယ်လို့ပြောပါတယ်”လို့ သူက ဆက်ပြီး ပြောပြပါတယ်။
သို့သော်လည်းတချို့ ငွေကြေးနဲ့ လူအင်အားတောင့်တင်းတဲ့ နိုင်ငံ ရေးပါတီကြီးတွေကတော့ ပြည် ထောင်စုအဆင့်ရွေးကောက်ပွဲဝင်ဖို့ UEC ရဲ့သတ်မှတ်ချက်တွေကို ပြည့် မီပြီးဖြစ်တယ်လို့ အဲဒီပါတီတွေရဲ့ထိပ်ပိုင်းခေါင်း ဆောင်တွေကပြောကြားထားပါတယ်။
ဒါအပြင် လာမယ့်ဒီဇင်ဘာမှာကျင်း ပဖို့ရှိနေတဲ့ ရွေးကောက်ပွဲအခြေ အ နေတွေနဲ့ပတ်သက်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူတယောက်က သူရဲ့အမြင်ကို အခုလိုဆက်ပြီး ပြောပြပါတယ်။
“အခုရွေးကောက်ပွဲမှာပါတီကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ၊အားလုံးရုန်းကန်နေကြရတာပါပဲ။ကာလ၊ဒေသ၊ပယောဂကြောင့်လို့ဆိုရင်ပိုမှန်ပါ့မယ်။ဒါပေမယ့်တိုင်း ပြည်အခြေအနေကောင်းတခုသို့ရောက်သွားအောင်အရွေ့သစ်တခုသို့ရောက်သွားအောင်ပူးပေါင်းဆောင်ရွက်ကြရမှာပါပဲ”လို့ သူက ပြောပါတယ်။
နလအ အနေနဲ့ရွေးကောက်ပွဲအပိုင်း – ၁ ကို ဒီဇင်ဘာ၂၈ ရက်မှာကျင်းပမှာဖြစ်ပြီး နိုင်ငံတဝန်းက မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်တော့မြို့နယ် ၁၂ မြို့နယ်မှာကျင်းပသွားမှာဖြစ်ပြီး အပိုင်းလိုက်ဆက် လက်ကျင်းပမယ့်နေ့ရက်တွေကိုလည်းထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် လာမယ့်ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံ ရေးစိန်ခေါ်မှုက တော့ကြီးမားနေဆဲဖြစ်တယ်လို့ နိုင်ငံရေးပါတီခေါင်း ဆောင်တယောက်က အခုလိုဆက်ပြီး ပြောပြပါတယ်။
“ရွေးကောက်ပွဲကိုလက်ခံတဲ့ သာမန်ပြည်သူတွေလည်းရှိနိုင်သလို ရွေး ကောက်ပွဲကိုဆန့်ကျင်မယ့်လုံခြုံ ရေးကိုပျက်ပြားအောင်လုပ်မယ့်သူတွေလည်းရှိပါတယ်။တော်တော်လေးတော့ မြန်မာနိုင်ငံမှာရွေး ကောက်ပွဲလုံ ခြုံရေးက စိန်ခေါ်မှုဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဘက်ကတော့ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာတဲ့အဖွဲ့ ၂၇ ဖွဲ့ရှိတယ်လို့ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာထုတ်ပြန်ထားပြီး လျှောက်ထားတဲ့အဖွဲ့များအနက် နိုင်ငံရေးပါတီ ၂၂ ပါတီကိုတည်ထောင်ခွင့်ပြုထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ရွေးကောက်ပွဲအကြိုကာလ ပြည်တွင်းက နိုင်ငံရေးပါတီအချို့ရဲ့လှုပ်ရှားမှုပုံရိပ်များ။
Photo – နိုင်ငံရေးပါတီများ၏ Facebook Page