စက်တင်ဘာ ၂၀၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲ စစ်ရှောင်တစ်ဦး LAZADA Logo သုံးထားတဲ့ Telegram Group ကနေတဆင့် ငွေသိန်း ၄၀ လိမ်လည်ခံရကြောင်း ကာယကံရှင် နဲ့ သူ့မိတ်ဆွေတွေဆီက သိရပါတယ်။
“LAZADA ကုမ္ပဏီ တံဆိပ်နဲ့ ကျနော့် မိတ်ဆွေဆီက သိန်း ၄၀ လိမ်သွားတယ်။ ဒီလို လိုဂို ခုံးသုံးပြီး လိမ်နေတာ ရှိတယ်ဆိုတာကို ကျနော်တို့ မြန်မာ နိုင်ငံသားတွေကို သိစေချင်တာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အဲဒီ လိမ်လည်သူက ထိုင်းနိုင်ငံ ဘန်ကောက်လိပ်စာ ချထားပေးပြီး ပိုက်ဆံ ဘယ်လောက်ထည့်ရင် ခဏလေးကျရင် အမြတ် ပြန်ရမယ်လို့ မက်လုံးပေးပြီး ငွေတွေကို ထပ်ထပ်ထည့်ခိုင်းပြီး လိမ်သွားတာလို့ သူက ပြောပါတယ်။
“သူတို့ရဲ့ plan ကို သိန်း ၂၀ နဲ့ ဝယ်လိုက်တဲ့ အချိန်မှာ ကျမ လုပ်ဆောင်ချက်က မှားသွားတယ် ဆိုပြီးမှ သူတို့က အဲလိုမျိုး ပြောလာတယ်။ သူတို့ရဲ့ ထုတ်ကုန်က ထပ်ပြီးတော့ ငွေ ထပ်ဖြည့်ရမယ်ပါ့။ သူတို့ရဲ့ကုန်က ဈေးကြီးသွားတဲ့ အတွက် ကုန်မပို့ဘူး။ ငွေထပ်ဖြည့်ရမယ်ဆိုပြီးမှ ငွေ ထပ်ပြီးမှ သိန်း ၂၀ ထပ်ဖြည့်ခိုင်းတယ်။ သိန်း ၂၀ ထပ်တောင်းတဲ့ အချိန်ကျတော့ ကျမကလည်း ကိုယ့်ရဲ့ ပိုက်ဆံ တခါထဲနဲ့ ပြန်ပြီး ရလိုရငြား ပြန်လွဲေပးလိုတဲ့ အချိန်ကျတော့ အခုကျတာ့ သိန်း ၂၀ မဟုတ်ပဲနဲ့ သိန်း ၉၀ နီးနီး ထပ်တောင်းတယ်။” လို့ လိမ်လည်ခံရတဲ့ ကာယကံရှင်က ပြောပါတယ်။
ငွေ သုံးသိန်းရင်းရင် သုံးသောင်းရမယ်၊ ဆယ်သိန်းရင်းရင် တသိန်းခွဲရမယ် ဆိုပြီး ပထမ နှစ်ရက်က ငွေပို့ လိုက်ရင် ချက်ချင်းအမြတ်နဲ့ ချက်ချင်း ပြန်လွဲလာပေးပြီး တတိယမြောက် နေ့ကျတော့ သိန်း ၂၀ ပို့လိုက်တာမှာ လုပ်တောင် ချက်မှားယွင်းတယ်ဆိုပြီး ငွေ ထပ်ရင်းဖို့လိုကြောင်း ပြောပြီး ငွေထပ်ထပ် ပို့ခိုင်းတာလို့ သူက ပြောပါတယ်။
အဲဒီ ငွေလိမ်သူတွေက TikTok ကနေ ပွဲစားတွေနဲ့ ကုန်တိုက်ကနေ အွန်လိုင်း အရောင်းအဝယ်မှာ အရင်းနှီးထည့်ဖို့ ကြော်ငြာကာ လူ တွေကို ချိတ်ဆက်ပြီး တယ်လီဂရမ် Group ထဲကို ပြန်ထည့်ပေးလိုက်တာဖြစ်ပြီး အခုလို လိမ်လည်တဲ့ သူတွေက မြန်မာနိုငိငံသားတွေပဲ ဖြစ်ပြီးသူတို့ ဆီ Kpay အကောင့်နဲ့ ငွေလွဲ ပို့ရတယ်လို့ သူက ပြောပါတယ်။
Lazada အပါအဝင် Shopee, Amazon စတဲ့ Platform ကြီးတွေ အနေနဲ့ Telegram, Social Media တွေကနေ အရင်းထည့်ခိုင်းခြင်း လုံးဝမရှိပဲ ပုံမှန်မဟုတ်တဲ့ အမြတ်အတိုး ကမ်းလှမ်းချက်တွေ၊ တရားဝင်ကုမ္ပဏီတွေရဲ့ တံဆိပ် တွေကို မတရားအသုံးပြုမှုနဲ့ ပတ်သက်ပြီး သတိထားသင့်ပြီး သက်ဆိုင်ရာကုမ္ပဏီေတွ့ရဲ့ တရားဝင် App/Website တွေကနေသာ စစ်ဆေးမှု ပြုလုပ်သင့်ပြီး Cyber Crime Unit သို့ တိုင်ကြားနိုင်ကြောင်း နားလည်သူတွေ ပြောပြချက်အရ သိရပါတယ်။
Lazada အပါအဝင် Shopee, Amazon စတဲ့ Platform ကြီးတွေ အနေနဲ့ Telegram, Social Media တွေကနေ အရင်းထည့်ခိုင်းခြင်း လုံးဝမရှိပဲ ပုံမှန်မဟုတ်တဲ့ အမြတ်အတိုး ကမ်းလှမ်းချက်တွေ၊ တရားဝင်ကုမ္ပဏီတွေရဲ့ တံဆိပ် တွေကို မတရားအသုံးပြုမှုနဲ့ ပတ်သက်ပြီး သတိထားသင့်သလို သက်ဆိုင်ရာကုမ္ပဏီေတွ့ရဲ့ တရားဝင် App/Website တွေကနေသာ စစ်ဆေးမှု ပြုလုပ်သင့်ကာ လိမ်လည်ခံရပါက အချက်အလက်တွေနဲ့ Cyber Crime Unit သို့ တိုင်ကြားနိုင်ကြောင်း နားလည်သူတွေ ပြောပြချက်အရ သိရပါတယ်။
Photo crd# ကာယကံရှင်
