ဆူးငှက် စည်တော်ကြီး ————– မန္တလေး၏ အလှူပွဲ ဘုရားပွဲများတွင် စည်တော်ကြီးအဖွဲ့လည်းပါရှိသည်။ ဒါက ရှေးရတနာပုံခေတ်၏ အမွေကို ဆက်ခံခြင်း ဖြစ်သည်။ စည်တော်သည် ရှေးက ထီးသုံးနန်းသုံးဖြစ်ခဲ့သောကြောင့် ထီးဆန် နန်းဆန်သော မန္တလေးက မိမိတို့ အလှူဒါနတွင် စည်တော်သံဖြင့် မဟာဆန်စွာ အမျှအတမ်းေ၀ သာဓုခေါ်လိုခြင်း ဖြစ်ပေမည်။ ဇာတိရပ်ကွက်၏ ဆွေဘုရား၊ မျိုးဘုရား မဟာလောကရံသီ အိမ်တော်ရာ ဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ရက၊် ၁၂ရက် ဖြစ်ရာ ၁၁ရက်နေ့ ပွဲဝင်အဖြစ် အိမ်တော်ရာဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်တွင် စည်တော်ကြီးအဖွဲ့ အမြဲတမ်းပါသည်။ မလှမ်းမကမ်းမှာက ဆိုင်းအဖွဲ့ပါသည်။ ပြောခဲ့သလိုပါပဲ ဆိုင်းအဖွဲ့က စိန်ဘညိုပေါ့။ စည်တော်ကြီးအဖွဲ့က ညနေစောင်း၊ ဘုရားမီးထွန်းတာနှင့် စတင် တီးခတ်သည်။ ပြီးမှ အိမ်တော်ရာ အရှေ့မုခ် အာရုံခံအနီးက ဆိုင်းအဖွဲ့က တီးမှုတ်သည်။ အိမ်တော်ရာ ဘုရားပွဲခင်းထဲ…
Read MoreDay: September 20, 2025
စက်တင်ဘာ ၂၆ ရက်ထိ နိုင်ငံအနှံ့မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသသတွေ အထူး သတိထားဖို့လို
စက်တင်ဘာ ၂၀ – ၂၀၂၅ SN (VOM) လက်ရှိ မိုးလေသဝ အခြေအနေတွေအရ မနေ့ စက်တင်ဘာ ၁၉ ရက်၊ ညပိုင်းကနေ ၂၆ ရက််နေ့အထိ ကာလအတွင်း နိုင်ငံအနှံ့မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသသတွေ အထူး သတိထားဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ လက်ရှိမှာ လေထု မငြိမ်သက်မှုအပြင် လေဖိအားနည်းရပ်ဝန်းတခုလည်း ဖြစ်ပေါ်လာနိုင်ခြေ ရှိနေတဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုတွေ ကြုံတွေ့ရနိုင်ပြီး အထူး သတိပြုဖို့ လိုအပ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ ခန့်မှန်းချက်တွေအရ လာမယ့် အောက်တိုဘာ ၂၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ပြီး အနည်းငယ် အားကောင်းလာနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “ရွေ့လျားနိုင်ခြေကတော့ လက်ရှိ အနေအထားအရ အနောက်မြောက်ဘက် အိန္ဒိယဘက်ကို…
Read MoreLAZADA Logo သုံးပြီး Telegram Group ကနေ လိမ်လည်မှုတွေရှိနေ
စက်တင်ဘာ ၂၀၊ ၂၀၂၅ Shy V (VOM) ကျောက်မဲ စစ်ရှောင်တစ်ဦး LAZADA Logo သုံးထားတဲ့ Telegram Group ကနေတဆင့် ငွေသိန်း ၄၀ လိမ်လည်ခံရကြောင်း ကာယကံရှင် နဲ့ သူ့မိတ်ဆွေတွေဆီက သိရပါတယ်။ “LAZADA ကုမ္ပဏီ တံဆိပ်နဲ့ ကျနော့် မိတ်ဆွေဆီက သိန်း ၄၀ လိမ်သွားတယ်။ ဒီလို လိုဂို ခုံးသုံးပြီး လိမ်နေတာ ရှိတယ်ဆိုတာကို ကျနော်တို့ မြန်မာ နိုင်ငံသားတွေကို သိစေချင်တာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အဲဒီ လိမ်လည်သူက ထိုင်းနိုင်ငံ ဘန်ကောက်လိပ်စာ ချထားပေးပြီး ပိုက်ဆံ ဘယ်လောက်ထည့်ရင် ခဏလေးကျရင် အမြတ် ပြန်ရမယ်လို့ မက်လုံးပေးပြီး ငွေတွေကို ထပ်ထပ်ထည့်ခိုင်းပြီး လိမ်သွားတာလို့ သူက ပြောပါတယ်။ “သူတို့ရဲ့…
Read Moreကျောက်ဖြူတိုက်ပွဲ အခုရက်ပိုင်းအတွင်း ပိုမို ပြင်းထန်လာပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများ
စက်တင်ဘာ ၂၀ – ၂၀၂၅ SS (VOM) ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ အခုရက်ပိုင်းအတွင်း နလအတပ်နဲ့ AA တို့ကြား တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး နှစ်ဖက်ထိခိုက် သေဆုံးမှု များပြားနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးပတ်မှစတင်ကာ နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေခဲ့ပေမယ့် အခု စက်တင်ဘာ ၁၅ ရက်နေ့မှစပြီး နလအတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် တိုက်ပွဲ ပိုမို ပြင်းထန်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “စက်တင်ဘာ ၁၅ ရက်နေ့က စပြီး တိုက်ပွဲ ပြန်ဖြစ်လာတာ။ လက်နက်ကြီးနဲ့ ပစ်တာတွေလည်း ရှိတယ်။ ဒီရက်ပိုင်း တိုက်ပွဲ ပိုစိတ်လာတယ် ပြောရမယ်။ ဒဏ်ရာရ၊ သေဆုံးတွေလည်း တော်တော်များလာတယ်။ စစ်တွေဘက်ကို ပြန်ပို့ပြီး ဆေးကုပေးနေရတယ်လို့ သိရတယ်” လို့ သတင်းရင်းမြစ်…
Read Moreလန်ဆယ်ဒေသဘက် ဦးတည်ကာ နလအ နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ စစ်ကြောင်းထိုးလာ
စက်တင်ဘာ ၂၀၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်၊ လာချင်ကျေးရွာအုပ်စု၊ လာချင် ခေါ် လန်ဆယ် ဒေသဘက် ဦးတည်ကာ နလအ နဲ့ ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကစ စစ်ကြောင်းထိုးလာပြီး စစ်ကြောင်းထိုးလာရာ လမ်းမှာ KIA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လန်ဆယ်ဘက် ပြည်သူ့စစ်တွေ တောင်ကြော တဖက် တချက်စီကနေ စစ်ကြောင်း နှစ်ကြောင်း ထိုးလာတယ်။စက်တင်ဘာ ၁၉ ရက်မနက်ပိုင်း ခဏ ထိတွေ တိုက်ပွဲ ဖြစ်ပြီးနောက် ထိပ်တိုက် အနေအထား စစ်ဆိုင်ထားပြီး စစ်ရေး အခြေအနေတင်းမာနေတယ်လို့ သိရတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မတ်စောက်တဲ့ တောင်ကြောတွေ ဖြစ်တာကြောင့် ခြေချော်တာနဲ့…
Read Moreအင်ဒိုနီးရှားအရှေ့ပိုင်း အကြီးဆုံးမီးတောင် ဆက်တိုက်ပေါက်ကွဲပြီးနောက် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်
ဂျကာတာ၊ စက်တင်ဘာ-၂၀-၂၀၂၅ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ လီဝိုတိုဘီ လာကီလာကီ မီးတာင် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက် အာဏာပိုင်တွေဟာ သတိပေးချက်အဆင့်ကို အမြင့်ဆုံး တိုးမြှင့်လိုက်ပါတယ်။ မီးတောင်ပေါက်ကွဲမှုတွေကြောင့် ဒေသန္တရလေဆိပ်ကို ပိတ်ရမယ့်အခြေအနေ ဖြစ်နေပါတယ်။ ဖလောရက်စ်ကျွန်းရှိ အမြင့် ၁၅၈၄ မီတာအမြင့်ရှိတဲ့ ဒီမီးတောင်ဟာ စက်တင်ဘာ ၁၉ ရက် ညပိုင်းက ဆက်တိုက် ပေါက်ကွဲခဲ့ပြီး တောင်ထွတ်အထက် ၆ ကီလိုမီတာအထိ မီးတောင်ပြာတွေ မှုတ်ထုတ်ခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ မီးတောင်လှုပ်ရှားမှုတွေ ပြန်လည်စတင်ခဲ့ပြီး မီးတောင်ပေါက်ကွဲမှုများအပါအဝင် မီးတောင်ပြာတွေ ကောင်းကင်မှာ ၂ ဒဿမ ၅ ကီလိုမီတာထိ မှုတ်ထုတ်ခဲ့တယ်လို့ အင်ဒိုနီးရှား ဘူမိအေဂျင်စီက ဆိုပါတယ်။ ဘူမိဗေဒအေဂျင်စီက မီးတောင်ရဲ့ သတိပေးချက်အဆင့်ကိုအမြင့်ဆုံဖြစ်တဲ့ အဆင့် ၄ ထိ စက်တင်ဘာ ၁၉ ရက် ညမှာ ထုတ်ပြန်ခဲ့ပါတယ်။…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၈)
ဆူးငှက် ကြောင်းရင်းခံမှာ … “ဗမာ့သဘင် ဒီခေတ်မှာ ဘာ့ကြောင့် ဆုတ်ယုတ်ရသလဲဆိုတာကို ဝေဖန်ဆန်းစစ်တဲ့အခါ၊ (၁) ပြောင်းလဲလာတဲ့ ခေတ်ကာလ၊ လူတွေရဲ့ အတွေးအခေါ်နဲ့ ညီအောင် သဘင်ပညာက ပြောင်းလဲမလိုက်နိုင်လို့ ဆိုတာ တစ်ချက် (၂) နယ်ချဲ့ယဉ်ကျေးမှုရဲ့ ထိုးနှက်ချက်၊ (၃) ပြည်သူတွေရဲ့ စီးပွားရေးဆိုပြီး အပိုင်း ၃ပိုင်းရှိတာကို တွေ့ရပါတယ်” ဟု သုံးသပ်ဝေဖန်ပြထားသည်။ ထိုဝေဖန်ချက်က ယခုအချိန်ထိ မှန်နေသည်။ ယခုအချန်အထိ ပိုမှန်နေဆဲဟုလည်း ထပ်ဆင့်ဆိုရမည်။ အခြေခံအချက်က ဒါပါပဲ။ စကားလုံး အသုံးအနှုန်းလေးပါပဲ။ အခု … မန္တလေးမှာပင် အငြိမ့်မရှိတော့ပြီ။ ဇာတ်များကလည်း ပဒေသာကပွဲ ဖြစ်သွားပြီ။ နောက် ပိုင်းဇာတ်တော်ကြီးမှာ လောက်လောက်လားလား မရှိတော့ ..။ မြန်မာ့ဆိုင်းဝိုင်းကြီးများကလည်း မှန်စီရွှေချ ဗိမာန်ပဲ ကျန်တော့သည်။ မြန်မာသံမရှိတော့ …။ မြန်မာသံမကြားရတော့ …။ အားလုံးပျက်ပြီ။…
Read Moreရန်ကုန်မှာ လမ်းဘေးတောင်းရမ်းတဲ့ အသက် ၄ နှစ်ကလေးမလေး အဓမ္မပြုကျင့်ခံရတဲ့လက္ခဏာတွေရလို့ ဆေးရုံမှာကုသမှုခံယူနေရ
စက်တင်ဘာ ၁၉၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြား ၄၈ လမ်းရှိ ကားပါကင်အနောက်မှာ ဒီနေ့စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လမ်းဘေးတောင်းရမ်းတဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာ တွေ့ရှိရတာကြောင့် ဟယ်လ်ပင်ကလေးဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူက ကလေးငယ်နဲ့ ရင်းနှီးသူထဲကဖြစ်နိုင်ကြောင်း ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူက မြေပြင်မေးမြန်းစုံစမ်းချက်အရ သုံးသပ်ပြောဆိုပါတယ်။ “ဒီကလေးလေးက အဲဒီတယောက်နဲ့ နည်းနည်းရင်းရင်းနှီးနှီးရှိတဲ့သဘောရှိတယ်။ကျွန်တော့ကလေးတွေကမေးတော့ ဘာဖြစ်တာလဲဘာညာပေါ့ ဒီအရုပ်ကလေးကလှလိုက်တာဆိုတော့ ဦးဦးဝယ်သွားပေးတာ၊မုန့်လည်းကျွေးတယ်ဆိုပြီးပြောတယ်။သူတို့အဖွဲ့ထဲကရင်းနှီးတဲ့သူဖြစ်လောက်တယ်။သူတို့ကအဲဒီနားမှာကျက်စားတဲ့သဘောရှိတယ်။ကလေးကို မိဘတွေက လမ်းဘေးမှာတောင်းစားခိုင်းတဲ့သဘောရှိတယ်။တချို့လည်းကလေးလေးကိုသိနေကြတဲ့သဘောရှိတယ်။”လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူကပြောပါတယ်။ ဖြစ်စဥ်ကတော့ ကားပါကင်အနောက်မှာ ကလေးငယ်တယောက်တွေ့ရှိရကြောင်း သတင်းအရ သွားရောက်ခဲ့ရာ ကလေးကိုတွေ့ရှိချိန်မှာ ကလေးငယ်ရဲ့ ခြေထောက်နဲ့ အင်္ကျီမှာ သွေးတွေတွေ့ရှိရတာကြောင့် မြို့နယ်ဆရာဝန်မှ ရောက်လာပြီးစစ်ဆေးမှုအရ ကလေးငယ်မှာ အဓမ္မပြုကျင့်ခံထားရတဲ့လက္ခဏာတွေ့ရှိရတဲ့အတွက် ဆေးရုံကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့တဲ့…
Read Moreကွတ်ခိုင် နမ့်ဖတ်ကာမှာ တရက်တည်း နှစ်နေရာ မီးလောင်
စက်တင်ဘာ ၁၉၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စု လမ်းမပေါ်ရှိ နမ့်ဖတ်ကာရွာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ တရက်တည်း နှစ်နေရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပထမလောင်တာက ပန့်ဆီဆိုင်ဟုတ်တယ်။ ရပ်ကွက် ၃ က ဝက်ကုမ္ပဏီမှာ။ လမ်းဆုံ တည့်တည့် လမ်းအောက်က အိမ်။ နောက် တနေရာက ရပ်ကွက် ၁ မူရင်း အသင်းတော် ဘုရားကျောင်းရဲ့ အရှေ့ဘက်က အိမ်တအိမ်မှာ လောင်တာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ပထမလောင်တဲ့ နေရာမှာတော့ မီးသတ်ကားတွေ လာပေမယ့် နောက်ကျလို့ မီးမနိုင်လိုက်ပေမယ့် မီးလောင်သွားတဲ့ နေရာ နှစ်နေရာ စလုံးမှာ လူတွေတော့ ထိခိုက်မှု ရှိတာ မကြားဘူးလို့ သူက…
Read Moreကျောက်မဲ အနီး နားအိုက်ခန့်အထိ နလအ စစ်ကြောင်းရောက်ရှိလာ
စက်တင်ဘာ-၁၉-၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ အနီး နားအိုက်ခန့်အထိ လက်ရှိ နလအ စစ်ကြောင်းရောက်ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စစ်တပ်က မနေ့က နားအိုက်ခန့် ရောက်ပြီ။ စခန်းသာ ပစ်တယ်။ အပြင်း အထန်တော့ မဟုတ်သေးဘူး။ လေယာဉ်လည်း တအားဝဲတယ်။ ချတော့ မချဘူး။ ဒီနေ့ကတော့ မနေ့ကထက် ဘာမှ ထူးခြားတာမရှိဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နလအ စစ်ကြောင်းတွေက ပုံမှန်တိုးလာနေတဲ့ သဘောရှိပြီး စခန်းသာပြီးသွားရင်တော့ ပွင့်သွားပြီ လို့ ပြောလို့ ရတယ်လို့ သူက ပြောပါတယ်။ သတင်းတွေသာ လျှောက်ရေးနေကြပေမယ့် မြေပြင်မှာက TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်က ဆုတ်ပစ် ပစ်နေပြီး ကျောက်မဲ မြို့ဘက်ထဲ ဆုတ်လာနေတာကြောင့် စိတ်ပူရကာ နောက်ထပ်…
Read More