ထိုင်းရောက် အထောက်အထားမဲ့ မြန်မာလုပ်သားတွေအနေနဲ့ CI ကနေ PJ ပြောင်းပြီးပါကလည်း ပြည်ပထွက်ခွာခွင့်မရှိတော့

စက်တင်ဘာ ၂၅၊ ၂၀၂၅ CC (VOM) ထိုင်းရောက် အထောက်အထားမဲ့မြန်မာလုပ်သားတွေကိုထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ CI စာအုပ်ကနေ Passport for Job (PJ ) ပြောင်းလဲသူတွေကို စာအုပ်မှာ Passport for only Thailand ထိုင်းနိုင်ငံအတွက်သာ သွားလာခွင့်ပြုကြောင်း စာသားကို တုံးထုရိုက်နှိပ်ပြီး ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။ CI စာအုပ်အစိမ်းကနေ PJ စာအုပ်အနီ ပြောင်းလဲသူတွေကို ဒီနေ့စက်တင်ဘာ ၂၅ ရက်ကစပြီး ထိုင်းနိုင်ငံအတွင်းသာ သွားလာနိုင်တယ်ဆိုတဲ့စာသားကို ရိုက်နှိပ်ပေးနေတာဖြစ်ကြောင်း ၊ ခုလို နိုင်ငံကူးလက်မှတ်အပေါ် ကန့်သတ်လိုက်တာက နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကို ပိတ်ဆို့ကန့်သတ်မှုဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူကပြောပါတယ်။ ” အခုက ထိုင်းနိုင်ငံဆိုင်မြန်မာသံရုံးက ထိုင်းနိုင်ငံအတွက်သာလို့ရေးပေးလိုက်တဲ့အတွက် အခြားနိုင်ငံတွေကိုသွားလို့လာလို့မရတော့ဘူးပေါ့။အဲဒီအခါကျ ကိုယ်ကထိုင်းကနေ မလေးရှားဖြစ်ဖြစ် စင်ကာပူဖြစ်ဖြစ်တခြားနိုင်ငံတွေကို ကူးသန်းသွားလာစရာရှိတယ်ထားအုံး။တချို့မရှိဘူးပဲထားအုံး ဘာပဲဖြစ်ဖြစ်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကိုပိတ်ဆို့ကန့်သတ်လိုက်တဲ့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုကြီးတခုဖြစ်တယ်လို့သုံးသပ်လို့ရပါတယ်။” လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ရဲ့ ဥက္ကဋ္ဌ…

Read More

အလုပ်သမားအခွင့်အရေးနှင့် စီးပွားရေးတိုးတက်မှု မျှတအောင်ထိန်းညှိခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ယုံကြည်မှု တိုးမြှင့်ပေးခြင်း

အလုပ်သမားသမဂ္ဂများ၏အခန်းကဏ္ဍသည် စီးပွားရေးမူဝါဒတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံနေရသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ အလုပ်သမားသမဂ္ဂများကို အလုပ်သမားများ၏ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသော်လည်း ၎င်းတို့၏လုပ်ဆောင်ပုံပေါ် မူတည်၍ ၎င်းတို့၏အကျိုးသက်ရောက်မှုမှာ သိသိသာသာ ကွဲပြားကြောင်း အထောက်အထားများက ဖော်ပြနေသည်။ ကမ္ဘာတစ်ဝန်းတွင် သုတေသနများက သမဂ္ဂများသည် ၎င်းတို့၏အဖွဲ့ဝင်များအတွက် အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း သင့်လျော်စွာ ထိန်းချုပ်မထားပါက စီးပွားရေးစွမ်းဆောင်ရည်အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြသည်။ လေ့လာမှုများအရ စုပေါင်းညှိနှိုင်းမှုများသည် လုပ်ခပိုမိုရရှိစေပြီး မညီမျှမှုများကို လျှော့ချနိုင်ကြောင်း ပြသနေသည်။ များစွာသောကိစ္စရပ်များတွင် တာဝန်ယူမှုရှိသော အလုပ်သမားသမဂ္ဂများသည် လုပ်ငန်းများနှင့် စက်ရုံများအတွင်း ဝန်ထမ်းပါဝင်မှုနှင့် ဆက်သွယ်ရေးကို မြှင့်တင်ပေးခြင်းဖြင့် ကုန်ထုတ်စွမ်းအားကို တိုးတက်စေရန် ကူညီပေးနိုင်ခဲ့သည်။ သို့သော် ဤအကျိုးကျေးဇူးများကို အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ခြင်းနှင့် ရေရှည်တည်တံ့သော တိုးတက်မှုကဲ့သို့သော ပိုမိုကျယ်ပြန့်သည့် စီးပွားရေး ရည်မှန်းချက်များနှင့် မျှတအောင် ထိန်းညှိရမည်ဖြစ်သည်။ ဥပမာအားဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင်…

Read More

သူတို့အိမ် အခန်း – ၁၂

    ဆူးငှက်   ဆီခွဲတမ်း ———— တကယ်တော့ ထိုအဖြစ်အပျက်တွေက တစ်နှစ်ကျော်ပင် ကြာခဲ့ပြီ။ အဘတို့ပင် အဲ့ဒီနောက်ပိုင်း ဦးလေးသောင်၏ ဆီစက်က ဆီ ဝယ်လို့မရတော့ဘူးတဲ့။ ဟို အနောက် ရတနာပုံဦးသိန်းဆီစက်တို့၊ ရွှေမန်းဆီစက်တို့မှာ ခွဲတမ်းနဲ့ ဝယ်ရတာတဲ့။ လိုသလောက်လည်း မရတော့ဘူးတဲ့ ဟု ပြောပြသည်။ ဟော တစ်နေ့မနေ့ကတော့ ဆီကိုပင် အစိုးရဆိုင်ကလွဲပြီး အပြင်လူ မရောင်းရဘူးတဲ့ ဟု ဆိုပြန်သည်။ အစိုးရဆိုင်ဆိုတာ နားမလည်တော့ ဝင်းပေါက်က ကိုထင်လှတို့ မရင်တို့ ဆိုင်က အစိုးရဆိုင်ဖြစ်သွားပြီ။ ဆန်တို့ ဆီတို့ ဆားတို့ ကို အဲ့ဒီဆိုင်က ကုန်ဝယ်စာအုပ်နှင့် ဝယ်ရမှာဟု အဘက ရှင်းပြသည်။ ဒါပေမယ့် အမေကတော့ မနက်တိုင် ဆီရောင်းထွက်သားပဲဟုသာ သိနေသည်။ တစ်ခုတော့ရှိသည်။ အမေက အရင်လို ဆီဗျပ်ကြီးနှင့်တော့ မဟုတ်။…

Read More
VOM News

FREE
VIEW