ဆူးငှက် အမေ့ရင်ခွင် ———— ကျွန်တော် ကလေးဘ၀ က အဘကပဲ အတူနေ ထိန်းကျောင်းသလား၊ အမေ့အနားကော မကပ်ဘူးလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။ အဘ က အပြင်ပွဲလမ်းသွားသည့်အခါ ကျွန်တော် က အမြဲလိုက်ပါရသည်။ ကျန်သည့် အချိန်များတွင် ဈေးရောင်းထွက်ချိန်မှလွဲ၍ အမေ့ဘေးမှာပဲ တွဲလောင်းခိုနေတတ်သည်။ အမေက မနက် ၇နာရီလောက်တွင် ဆီဗျပ်ခေါင်းပေါ်တင်ပြီး ဈေးရောင်းထွက်သည်။ ထို့အတူ အဘ ကလည်း ဆီပုံး၂လုံး ထမ်းပိုးလျှို ထမ်းကာ ဈေးရောင်းသည်။ ကျွန်တော်ကို အတူနေ အစ်မကြီးအိမ်ထောင်သည်က မျက်နှာသစ် မုန့်ကျွေးသည်။ မနက် ၉နာရီလောက် အဘ က ဈေးရောင်းက ပြန်လာသည်။ အမေကတော့ ဖြည်းဖြည်းဆေးဆေး ရောင်းကာ အရပ်ထဲက ဖောက်သည်တွေ အိမ်မှာ နားနားနေနေနှင့်မို့ မွန်းတည့်လောက်မှ ပြန်လာသည်။ မလွန်ထဲက…
Read MoreMonth: September 2025
အစ္စလာမ်ဘာသာဝင်တွေရဲ့ နေ့ထူးဖြစ်တဲ့ တမန်တော်နေ့အခမ်းအနားကျင်းပ
မန္တလေး၊ စက်တင်ဘာ- ၂၁- ၂၀၂၅ SA(VOM) မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းပြီးတော့ တမန်တော်နေ့ အခမ်းအနားကို ဒီကနေ့ စက်တင် ဘာ ၂၁ ရက်နေ့ ညနေပိုင်းကစလို့ ကျင်းပနေပါတယ်။ အဲ့ဒီအခမ်းအနားမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓမ္မတေးသီးချင်းတွေ သီဆို ဆုတောင်းဝတ်ပြုတာတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ညနေပိုင်းကတော့ ကြေးနီချောင်းကျေးရွာကနေ တဘက်ဆွဲကျေးရွာအထိ မြန်မာ့ရိုးရာအခမ်းအနားတွေအတိုင်း လှည့်လည်ခဲ့ကြပါတယ်။ အခမ်းအနားအစီအစဥ်တွေနဲ့ ဘယ်လိုတွေ ကျင်းပခဲ့တယ်ဆိုတာကိုတော့ ဃရာနာ(K.A.F.T.G)မိသားစုက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ခလီဖွာဦးသိန်းဝင်းအောင် ကို VOM က မေးမြန်းထားပါတယ်။
Read Moreပြတ်ရွေ့သောက နိုးထမန္တလေး စာအုပ်မိတ်ဆက်ပွဲကျင်းပ
မန္တလေး၊ စက်တင်ဘာ- ၂၂- ၂၀၂၅ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးက ပြည်ကြီးမွန်ဖောင်တော် ခန်းမမှာ စက်တင်ဘာ ၂၁ ရက်နေ့ ၁၁ နာရီ အချိန်က စာရေးဆရာ ၃၈ ဦးရဲ့ ရှုထောင့်အမျိုးအမျိုးကနေ ရေးသားထားတဲ့ ပြတ်ရွေ့သောက နိုးထမန္တလေး ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဲဒီစာအုပ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အဆောက်အဦတွေနဲ့စေတီ ပုထိုးတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေပါဝင်သလို ငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့ အကြောင်းအရာတွေပါဝင်တယ်လို့ ဆိုပါတယ်။ ပြတ်ရွေ့သောက နိုးထမန္တလေးဆိုတဲ့ စာအုပ်ထဲမှာ ပါဝင်ရေးသားထားတဲ့ အမျိုးသားစာပေဆုရှင် စာရေးဆရာ ဆရာဆူးငှက်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် အငြိမ်းစား ဒေါက်တာမောင်သင်း နဲ့ ထုတ်ဝေသူ ဦးကျော်မိုးသက်တို့က စာအုပ်မိတ်ဆက်ပွဲမှာ စာအုပ်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပြထားပါတယ်။…
Read Moreနျူစွန့်လွှတ်ရေး တောင်းဆိုမှုတွေရပ်ရင် အမေရိကန်နဲ့ဆွေးနွေးရေး ငြင်းစရာမရှိဘူးလို့ ကင်ဂျုံအန်ပြော
ပြုံးယမ်း၊ စက်တင်ဘာ-၂၂-၂၀၂၅ ရတီ(VOM) အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို နျူကလီးယားလက်နက် စွန့်လွှတ်ရေး တောင်းဆိုမှုတွေ ရပ်တန့်မယ်ဆိုရင် တွေ့ဆုံဆွေးနွေးရေး ငြင်းဆန်စရာ အကြောင်းမရှိဘူးလို့ ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း အရေးယူပိတ်ဆို့မှုတွေကနေ လွတ်မြောက်ဖို့အတွက် နျူကလီးယားလက်နက်တွေကိုတော့ ဘယ်တော့မှ အရောင်းအဝယ်လုပ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ ကင်ဂျုံအန်က သူ့အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ သဘောကျစရာ အမှတ်ရစရာတွေ ရှိနေတုန်းပဲလို့ KCNA က ဖော်ပြပါတယ်။ ခေါင်းဆောင်နှစ်ယောက်ဟာ ထရန့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းမှာ သုံးကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တောင်ကိုရီးယား လစ်ဘရယ်အစိုးရသစ်က ကင်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့အတွက် ဦးဆောင်ဖို့အတွက် ဒေါ်နယ်ထရန့်ကို တိုက်တွန်းနေချိန်မှာ ကင်ဂျုံအန်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ “တကယ်လို့ အမေရိကန်က ကျွန်တော်တို့ကို နျူကလီယား ကင်းစင်ရေးနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေကို ရပ်တန့်ကာ လက်ရှိပကတိတရားကို လက်ခံပြီး…
Read Moreတာချီလိတ်ရေကြီးမှု လျော့ပါးစေရေး တမြို့လုံးရှိ ရေနုတ်မြောင်းတွေ အမြန်ဆုံးပြုပြင် ဖော်ယူဖို့လို
စက်တင်ဘာ ၂၂ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ မိုးတွင်းကာလအတွင်း မကြာခဏ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မယ်ဆိုင်ချောင်း ပြုပြင် ထိန်းသိမ်းရေးအပြင် တမြို့လုံးရှိ ရေနုတ်မြောင်းတွေကို အမြန်ဆုံးပြုပြင် ဖော်ယူဖို့လိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မြို့ထဲက ရေစီးဆင်းမှု မြောင်းတွေပေါ့။ သူက ဒီတနေရာဖော်ပြီး နောက်တနေရာ မဖော်ပြန်ရင်လည်း အဆင်မပြေဘူးလေ။ ရပ်ကွက်တိုင်း၊ နေရာတိုင်းက ရေနုတ်မြောင်းတွေအကုန် ဖော်ပစ်မှရမှာ။ အဲဒီလိုလုပ်လိုက်မှ ရေစီးရေလာ ကောင်းသွားမှာပါ။ အခုက တကယ့် အဓိက လမ်းမကြီးတွေပေါ် ရေတက်နေတာကိုး။ တာချီလိတ်က မိုးနည်းနည်း များလိုက်ပြီဆိုတာနဲ့ ရေက လမ်းတွေပေါ်ရော၊ အနိမ့်ပိုင်း ရပ်ကွက်တွေရော ချက်ချင်းရောက်လာတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိမှာလည်း မနေ့ စက်တင်ဘာ…
Read Moreလေးကေ့ကော်ကို နလအတပ်က စစ်ကြောင်းထိုးနေလို့ တကျော့ပြန်တိုက်ပွဲပြန်စ
စက်တင်ဘာ ၂၂ ၊ ၂၀၂၅ GG(VOM) ကရင်ပြည်နယ် ၊မြဝတီမြို့နယ်ရှိ KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ လေးကေ့ကော်မြို့သစ်ကို နလအတပ်က အင်အားရာနဲ့ချီပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် KNU ပူးပေါင်းတွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ လေးကေ့ကော်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းအပြင် မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်မှလည်း လက်နက်ကြီးပစ်ကူပေးနေသလို လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေလည်းဆက်တိုက်ဆိုသလိုရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနက်ကတည်းက ပစ်ခတ်နေတာ မရပ်အနားပဲ။မြို့ထဲကနေလည်း လက်နက်ကြီးနဲ့ထုပေးနေတယ်။ မြဝတီ၊တောင်ဘက်ကိုပစ်နေတာ။ လေကြောင်းကလည်း ကြဲချနေတယ်။စစ်ကြောင်းကလည်း လမ်းတလျှောက်အကုန်ပစ်ခတ်ရှင်းလင်းနေတယ်သိရတယ်။ တိုက်ပွဲကတော့ပြင်းထန်နေတယ်။ လက်ခတ်တောင်နဲ့ လေးကေ့ကော်ကသိပ်မှမဝေးတော့တာ။ စစ်တပ်ဘက်ကအကုန်ပြင်ဆင်ပြီးမှ အင်အားသုံးပြီး စစ်ကြောင်းထိုးတဲ့သဘောရှိတယ်။ ” လို့ ဒေသခံစစ်ရေးရင်းမြစ်ကပြောပါတယ်။ လက်ရှိမှာ လေးကော့ကော်မြို့သစ်ကို အင်အားအများအပြားနဲ့ ထိုးဖောက်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KNU ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအကြား ပိတ်မိတဲ့ဒေသခံပြည်သူအချို့လည်းရှိနေတယ်လို့သိရပါတယ်။ ” အရင်ရက်လေကြောင်းကြဲကတည်းကရှောင်တဲ့သူတွေလည်းများပါတယ်။အဲဒီထဲမှာ မဖြစ်လောက်ပါဘူးဆိုပြီး ကျန်ခဲ့သူတွေပေါ့။နောက်ပြီးအိမ်စောင့်ဘာညာပေါ့။ ပစ်ခတ်မှုတွေကတော့ဆက်တိုက်ကိုကြားနေရတယ်။ မြဝတီမြို့ထဲ…
Read Moreရန်ကုန်မှာ လမ်းဘေးတောင်းရမ်းတဲ့ အသက် ၄ နှစ်ကလေးမလေးကို အဓမ္မပြုကျင့်သူ ဖမ်းမိပြီ
စက်တင်ဘာ ၂၂ ၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ ဗိုလ်တထောင်မြို့နယ်၊ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြား ၄၈ လမ်းရှိ ကားပါကင်အနောက်မှာဖြစ်ပွားခဲ့တဲ့ အသက် ၄ နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့်ခဲ့သူကို စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့သိရပါတယ်။ ကလေးမလေးကို အဓမ္မပြုကျင့်မှု ကျူးလွန်သူကို သင်္ဃန်းကျွန်းမြို့နယ်ထဲမှ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်းနဲ့ လက်ရှိ ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ ” မနေ့ညကဖမ်းမိတယ်။ ခုမနက်ဖုန်းဆက်လာတယ် ။ မနေ့ညက ၇ နာရီလောက်မှာမိတဲ့အကြောင်းပြောတယ်။ ရဲစခန်းဘက်က အသိပေးလာတာပါ။ ကျန်တဲ့ အခြေအနေတွေကတော့ မပြောဘူးဗျ။”လို့ ဖြစ်စဥ်ကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းတာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာတော့ အဓမ္မပြုကျင့်ခံခဲ့ကတဲ့ ကလေးငယ်ဟာ ဟယ်လ်ပင်ဆေးရုံကြီးမှာပဲ ဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့သိရပါတယ်။ ကလေးမလေး အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဥ်က စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး…
Read Moreဝိုင်းမော်ဘက် တိုက်ပွဲ ပြန်ပြင်းထန်လာပြီး ဖားကန့်လမ်း ဆိုင်းဖရာမှာ နလအဘက်က ဂိတ်စခန်းတွေ ပြန်ချလာ
စက်တင်ဘာ ၂၂၊ ၂၀၂၅ Shy V (VOM) ဝိုင်းမော်မြို့နယ်၊ လုမြန်ရွာ အနီးဝန်းကျင်ဘက် ဒီနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက် အစောပိုင်းကစ တိုက်ပွဲပြင်းထန်နေကြောင်း နဲ့ ဖားကန့် – ကာမိုင်း လမ်းပေါ် ဆိုင်းဖရာရွာမှာ နလအ တပ်ဖွဲ့က ဂိတ်စခန်းတွေ ပြန်ချလာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဝိုင်းမော်ဘက် ဒီကနေ့ မနက် အစော ကတည်းက တိုက်ပွဲ ပြန်ပြင်းထန်နေပြီ။ နလအ တပ်ဖွဲ့ထဲ ပြည်သူ့စစ် တပ်ဖွဲ့တွေလည်းပါတယ်လို့ သိရတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။ မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ကလည်း ဝိုင်းမော်ဘက် တိုက်ပွဲ ဖြစ်ပွားလို့ ပစ်ခတ်သံတွေ မြစ်ကြီးနားဘက်ကနေတောင် ကြားနေရကာ လေကြောင်းနဲ့ ဗုံးလာကြဲတယ်လို့လည်း ကြားပြီး ဒီရက်ပိုင်း…
Read Moreရုရုား တိုက်လေယာဉ်တွေ အက်စ်တိုးနီးယားလေပိုင်နက် ချိုးဖောက်ဝင်ရောက်မှု နေတိုးအဖွဲ့ ဆွေးနွေးတော့မယ်
ဘရပ်ဆဲလ်၊ စက်တင်ဘာ-၂၂-၂၀၂၅ မျိုးဆက်(VOM) အက်စ်တိုနီးယားလေပိုင်နက်ကို ရုရှားတိုက်လေယာဉ်တွေ ဝင်ရောက်ပျံသန်းမှုနဲ့ပတ်သက်ပြီး မဟာမိတ်အဖွဲ့ သဘောတူစာချုပ်အပိုဒ် ၄ အရ အရေးတကြီး ဆွေးနွေးညှိနှိုင်းဖို့ အက်စ်တိုးနီးယားက တောင်းဆိုပြီးနောက် နေတိုးအဖွဲ့အစည်းအဝေးကို မနက်ဖြန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ သောကြာနေ့က ရုရှား MiG-31 တိုက်လေယာဉ် သုံးစင်းဟာ အက်စ်တိုနီးယား လေပိုင်နက်ကို ၁၂ မိနစ်ခန့် ချိုးဖောက်ဝင်ရောက်ခဲ့ပြီး နေတိုးအဖွဲ့ တိုက်လေယာဉ်တွေ ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ ရုရှားဘက်ကတော့ လေပိုင်နက်ချိုးဖောက်တာမရှိဘူးလို့ ပြောပါတယ်။ ရုရှားဒရုန်းတွေ ကျုးကျော်ဝင်ရောက်မှုကြောင့် ပိုလန်က အရေးပေါ်ဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ နေတိုးအဖွဲ့ အရေးပေါ် ဆွေးနွေးမှုတွေပြုလုပ်ဖို့ အက်စ်တိုးနီးယားကလည်း ချက်ချင်း တောင်းဆိုခဲ့တာပါ။ မဟာမိတ်အဖွဲ့ အပိုဒ် ၄ အရ နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံလွတ်လပ်မှု သို့မဟုတ် လုံခြုံရေး အရ အန္တရာယ်ရှိတယ်လို့ ယူဆပါက အဖွဲ့ဝင်တိုင်းဟာ အရေးပေါ် ဆွေးနွေးဖို့ တောင်းဆိုနိုင်ပါတယ်။…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၉)
ဆူးငှက် အစ်မက ပြန်ခါနီး ဆက်တီပေါ်မှ ဆင်းပြီး လူထုမောင်နှံကို ကန်တော့သည်။ ကျွန်တော်ကလည်း အစ်မနှင့်အတူ ကန်တော့၏။ “နေဦး၊ နေဦး … ခင်ဝင်းတို့ မောင်နှမကို စာအုပ်လေးတွေ ပေးကြဦးစို့” ဟုဆိုကာ လူထုတိုက်ထုတ်စာအုပ်များလည်း လက်မှတ်ထိုးကာ ပေးလိုက်သေး၏။ အများအား ပုံပြင်စာအုပ်များဖြစ်သည်။ ထိုစဉ်ကတော့ ကျွန်တော်က အစ်မ၏ အဖော်အဖြစ် လိုက်သွားရသော ကလေး သာသာ …။ နောက်ပိုင်း အစ်မတို့လည်း လေးငါးခြောက်နှစ်ကြာမျှ သူတို့စာအုပ်ကိစ္စက ထုတ်ဝေခွင့်ကျပြီး ရိုက်နှိပ်ထုတ်ဝေရန် ကြော်ငြာပြီး သော်လည်း၊ အကြောင်းကြောင်းကြောင့် ထပ်မံကြန့်ကြာကာ တစ်ကပြန်စကြရပြီး၊ တစ်ဖက်မှ အမိန့်ဖြင့် ရပ်တန့်စေလိုက်၍ အစ်မလည်း စိတ်ပျက်လက်ပျက်ဖြစ်ကာ ထိုအလုပ်ကို လှည့်မကြည့်ချင်လောက်အောင် နာကျည်းသွားပြီးနောက် မန္တလေးသို့ပင် အလာကျဲသွားတော့ ၏။ လူထုဇနီးမောင်နှံအပါအဝင်၊ ဟံသာဝတီအယ်ဒီတာချုပ် ဦးဝင်းတင်နှင့် ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)အထိပါ၊ အစ်မအတွက် စိတ်မကောင်းဖြစ် ကြရ။…
Read More