လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁၄)

ဆူးငှက် ဒေါ်ဒေါ် လူထုဒေါ်အမာ၏ အသက် ၇၀ ပြည့် မွေးနေ့ (၁၉၈၅ ခု နိုဝင်ဘာလ ၂၉ရက်) မှ စ၍ အမရပူရ တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတွင် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အစကနဦးမှာတော့ မန္တလေး၊ အမရပူရ၊ တံတားဦး၊ အင်းဝ၊ စစ်ကိုင်း၊ မုံရွာ က စာရေးဆရာတွေ ရောက်လာကြသည်။ အလွန်သာယာအေးချမ်းကြည်နူးဖွယ်ကောင်းလှသော တောင်လေးလုံးကျောင်း ပရိဝုဏ်မှာ စာရေးဆရာ ဆရာတော် ဦးပညာ(အမရပူရ)၏ မေတ္တာရိပ်မှာ ခိုလှုံပြီး တွေ့ကြဆုံကြ၊ စာအကြောင်း ပေအကြောင်း အနုပညာအကြောင်း ပြောဆိုကြရင်း နှိုင်းမရသည့် ပီတိတွေ ဝေမျှကြခြင်းဖြစ်သည်။ သည်တုန်းအခါက ကျွန်တော် မရောက်ဖူးပါ။ အသက် ၇၂နှစ်ပြည့်လောက် မှ ရောက်ဖူးသည်ထင်သည်။ ကိုညို(စာရေးဆရာ ညီပုလေး) ကတော့ တောင်လေးလုံးပွဲမှန်သမျှ တခုတ်တရ လှမ်း၍ ဖိတ်လေ့ရှိပါ၏။ ကျွန်တော့်အိမ်နှင့် လမ်းကြုံသော…

Read More

ကြံတတန်ကို မနှစ်ကထက် ၃၀၀၀၀ ကျပ်လျှော့ချစျေးဖွင့်လာလို့ တောင်သူတွေအခက်ကြုံနေ

အောက်တိုဘာ ၂ ၊၂၀၂၅ GG (VOM) သကြားစက်ရုံတခုက ယခုနှစ် ကြံရာသီအတွက် ကြံတတန်စျေးကို ပြီးခဲ့တဲ့ နှစ်ကထက် ငွေ ၃၀၀၀၀ ကျပ် လျှော့ချပြီး စျေးဖွင့်လာတာကြောင့် ကြံစိုက်တောင်သူတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။ ရှမ်းမြောက်ရှိ ဆင်းရွှေလီ သကြားစက်ရုံက သကြားတတန်ကို စက်ရုံအရောက်ပို့စျေး ၁၇၀၀၀၀ ကျပ်နူန်းနဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ စျေးဖွင့်လိုက်တဲ့အပေါ် အဆင်မပြေကြောင်း ကြံတောင်သူတွေက ပြောဆိုကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကြံကြိတ်ဝါးရာသီချိန်တုန်းက သကြားစက်ရုံတွေက နေရာဒေသအအလိုက် ကြံတတန်ကို ၁၈၀၀၀၀ မှ ၂၀၀၀၀၀ ကျပ်စျေးဖွင့်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ ” စိုက်ခင်းထဲထည့်ရတဲ့ သွင်းအားစုတွေ၊ လုပ်သားခတွေအကုန်လုံးက တနှစ်ထက်တနှစ် ကျလာတာမရှိဘူး။ ပိုပြီးတက်တာပဲရှိတယ်။ ကုန်စျေးနူန်းကလည်းအဲလိုပဲ အတက်ပဲရှိတာအကျမရှိဘူး။အကုန်တက်နေတာကို ကိုယ့်သီးနှံကြမှ စျေးကကျနေတာတော့ မဟုတ်သေးဘူး။ကျွန်တော်တို့မှာ အရဲစွန့်လုပ်ရတာ။ စိုက်ပျိုးရေးအလုပ်ဆိုတာ ဒါလုပ်ရင် ဒါရမယ်ဆိုပြီး ကျိန်းသေတွက်လို့ရတဲ့အရာမဟုတ်ဘူး။…

Read More

ဖားကန့်မြို့ပေါ်မှာ ၅ ရပ်ကွက်ပဲ မဲရုံရှိမည်

အောက်တိုဘာ ၂၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့ပေါ်မှာတော့ လာမယ့် ဒီဇင်ဘာ ၂၈မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မြို့ပေါ် ၅ ရပ်ကွက်မှာပဲ မဲရုံ ရှိမှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ပါတီ သုံးခုကသာ ဝင်ပြိုင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဖားကန့်မြို့ပေါ်က လက်ရှိအချိန်ထိတော့ ငါးရပ်ကွက် ပဲ ရှိပါတယ် မဲရုံက။ ကားမိုင်း နဲ့ ရှဒူဇွပ် ဘက်ကော ဆိုရင် တမြို့နယ်လုံးမှ မဲရုံ ၂၅ ရုံ ခန့်ပဲ ရှိမယ်လို့ ကနဦး သိရှိရပါတယ်။ တခြားလွှတ်တော်တော့ မသိဘူး ကျနော် ပြိုင် မယ့် ပြည်သူ့လွှတ်တော် ကတော့ ၃ ပါတီ ပဲ ရှိပါတယ်။ ပါတီ အနေနဲ့ တော့…

Read More

ပန်းချီဆရာကြီး ဦးလွန်းကြွယ် ကွယ်လွန်

အောက်တိုဘာ၂၊၂၀၂၅ GG (VOM) မြန်မာ့ပန်းချီလောကရဲ့အထင်ကရ ပန်းချီဆရာဖြစ်တဲ့ ပန်းချီဆရာကြီးဦးလွန်းကြွယ် လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ပန်းချီဆရာကြီးဆီကသိရပါတယ်။ ပန်းချီဆရာကြီးဦးလွန်းကြွယ်က ရန်ကုန်၊ ရွှေပေါက်ကံ၊တောင်ငူလမ်းမှာရှိတဲ့သူရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ သဂြိုလ်ဖို့ မိသားစုက စီစဥ်နေတယ်လို့သိရပါတယ်။ “ဆရာကြီး ညကဆုံးတာ ။ ဒီနေ့သဂြိုလ်ဖို့ လုပ်နေကြတယ်။ ရေဝေးမှာသဂြိုလ်မှာ အခုအချိန်ဇယားညှိနေကြတယ်။ဆရာကြီးကလူကြီးရောဂါနဲ့ဆုံးတာပါ။တရှောင်ရှောင်ဖြစ်လိုက် ဆေးဝါးကုလိုက် ကောင်းလိုက်ပေါ့။အရင်ရက်ကတောင်မွေးနေ့ကျင်းပတော့ ကြည်ကြည်လင်လင်ပါဘဲ။နဂိုထဲကလည်း ကျန်းမာရေးကချူချာတယ်။အသက်ကြီးလာတော့ ကျန်းမာရေးက ချူချာတာပေါ့။” လို့ မိသားစုနဲ့ရင်းနှီးတဲ့ ပန်းချီဆရာကြီးဦးကျော်စိုးကပြောပါတယ်။’ ဆရာကြီးဦးလွန်းကြွယ်က ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးရဲ့အနုပညယသက်တမ်းက ၇၈ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့် စက်တင်ဘာ ၂၄ ရက်က ဆရာကြီးရဲ့ အနုပညာသက်တမ်း ၇၈ နှစ်ပြည့်နဲ့ မွေးနေ့ပွဲကို ဆရာကြီးရဲ့ Artist Life Art Gallery မှာ…

Read More

အိုပယ် (သို့) စွန့်ပစ်ခံဘိုးဘွားတွေရဲ့ နောက်ဆုံးနေဝင်ချိန် ခိုလှုံရာ

အောက်တိုဘာ ၂ – ၂ဝ၂၅ KKO(VOM) “အခုတ‌လောစွန့်ပစ်ခံရတဲ့ ဘိုးဘွားလေးငါးယောက်လောက်ကိုဆက်တိုက်ကူခဲ့ရတယ်။ ဒီရက်ပိုင်းထဲမှာ သက်ရှိစွန့်ပစ်မှုတွေပိုများလာတယ်။ တကယ့်ကိုကြုံနေရတယ်။ ဒါ‌တွေပဲဆက်တိုက်ကူနေရတယ်”လို့ ဆိုလာသူက ရွှေမေတ္တာလူမှုကူညီရေးအသင်းက မရွှေလဲ့ ပဲဖြစ်ပါတယ်။ ယခုကာလအပိုင်းအခြားအတွင်းမှာ လမ်း‌ ဘေးမှာဖြစ်သလို နေကြရရှာတဲ့အိမ်ရာမဲ့သက်ကြီးရွယ်အိုတွေ ဆေးကုသဖို့ငွေကြေးမတတ်နိုင်တဲ့ နာမကျန်းဖြစ်နေကြတဲ့သက် ကြီးပိုင်းတွေနဲ့ မိသားစုကစွန့်ပယ်လိုက်တဲ့စွန့်ပစ်ခံဘိုးဘွားတွေကို ဆေးရုံ၊ဆေးခန်းသို့ပို့ဆောင်ရမှုတွေနဲ့ ရိပ်သာဂေဟာသို့ပို့ဆောင်ရမှုတွေကိုပရဟိတလူမှုရေးအသင်းတွေကကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ ဒါတွေဟာ စားဝတ်နေရေးအကြပ်အတည်း၊လူသားတွေရဲ့မိသားစုဝင်ငွေကျဆင်းလာမှု၊စီးပွားရေးမချောင်လည်မှုတွေအပါအဝင်ကျောထောက်နောက်ခံမရှိမှု၊အခြားသောမိသားစုရေးရာကိစ္စရပ်တွေကြောင့်စွန့်ပစ်ခံဘိုးဘွားတွေဟာတနေ့ထက်တနေ့ပိုမိုများ ပြားလာတာဖြစ်ပါတယ်။ ဒီကနေ့ကာလမှာ ဘိုးဘွားရိပ်သာတွေနဲ့သက်ကြီးရွယ်အို စောင့်‌ရှောက်ရေးဂေဟာတွေမှာခိုလှုံနေထိုင်ကြရတဲ့စွန့်ပစ်ခံဘိုး၊ဘွားတွေဟာလည်းဒုနဲ့ဒေးဆိုသလိုအလွန်ပင်များပြားလှပါတယ်။ “တလောတုန်းကဆိုသားသမီး ၃ ယောက်ရှိတယ်။သားတယောက်ကအနီးကပ်အတူနေပေမယ့် အခုသူကဆက်ပြီး မစောင့်ရှောက်နိုင်တော့လို့ အသက် ၆၀ အရွယ်အဘိုးတယောက်ကိုကူပေးခဲ့ရပါတယ်၊ရိပ်သာပို့ပေးခဲ့ရတယ်” လို့ မရွှေလဲ့ က သူကူညီပေးခဲ့ရတဲ့သက်ရှိဘိုးဘွားစွန့်ပစ်မှုနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ပြောရရင်နေပူပူ မိုးရွာရွာလမ်းဘေးမှာအသက်ရှင်သန်ဖို့အတွက် မသက်မသာနဲ့ လေကိုတောင်မှန်အောင်ရှူနေရတဲ့ စွန့်ပစ်ခံသက်ကြီးရွယ်အိုတွေရဲ့အိုမင်းဘဝဟာ တကယ့်ကိုစာနာသနားဖွယ်ကောင်းသလို မြင်ရသူအဖို့ အနိစ္စအဖြစ်အပျက်သဘောကိုလည်း တိုက်ရိုက်မြင်နေရသလိုဖြစ်စေပါတယ်။ စွန့်ပစ်ခံသက်ကြီးရွယ်အိုဘိုးဘွားတွေဟာစောင့်ရှောက်ရေးရိပ်သာဂေဟာတွေမှာသာအထီးကျန်စွာခိုလှုံနေထိုင်နေရပြီး သူတို့ရဲ့နောက်ဆုံးလက်ကျန်ဘဝရဲ့နေဝင်ချိန်နေ့ရက်တွေကိုအားတင်းကာဖြတ်သန်းနေရရှာပါတယ်။ ဘိုးဘွားတွေဟာ”အနိစ္စ ဒုက္ခ အနတ္တ”ဆိုသောဘယ်အရာမှအဆိုးမရ၊မမြဲဘူးဆိုတဲ့တရားတွေကိုနှလုံးသွင်းရင်းသာရှင်သန်နေကြရပါတယ်။ ဒါတွေကဘယ်တော့မှအဆုံးမသတ်နိုင်တဲ့…

Read More

ရုရှားရေနံတင်သင်္ဘောကို ပြင်သစ်တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း စစ်ဆေးခဲ့

ပါရီ၊ အောက်တိုဘာ-၂-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲကြောင့် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေမှ ရှောင်ရှားဖို့ ရုရှားအသုံးပြုနေတယ်လို့ ယူဆရသော ရုရှား ရေနံတင်သင်္ဘောတစီးကို ပြင်သစ်တပ်ဖွဲ့ဝင်တွေက စီးနင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီ သင်္ဘာဟာ ပြီးခဲ့တဲ့ လက ရုရှားကနေ ထွက်ခွာလာပြီး ဒိန်းမတ်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ ရှိနေခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့သည့်အပတ်က ဘယ်ကလာမှန်းမသိတဲ့ ဒရုန်းတွေကြောင့် ဒိန်းမတ်လေဆိပ်တွေ ယာယီပိတ်ခဲ့ရတဲ့ အခြေအနေတွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။ လေဆိပ်များယာယီပိတ်ခံရချိန်မှာ ဒိန်းမတ်ကမ်းရိုးတန်းအနီးရှိ ပင်လယ်ပြင်မှာ ဒီသင်္ဘာရှိနေခဲ့ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကြာမှာတော့ အနောက်ပိုင်းပြင်သစ်ကမ်းရိုးတန်းအနီးမှာ ရပ်နားနေခဲ့ပါတယ်။ သင်္ဘောသားတွေဟာ ပြင်းထန်သော ဥပဒေချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ကိုပင်‌ဟေဂင်မှာ မနေ့က ပြုလုပ်တဲ့ အီးယူခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။ ကရင်မလင်း ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ကတော့ ဒီသင်္ဘောနဲ့ပတ်သက်တဲ့ကိစ္စ မသိရှိဘူးလို့ ဆိုပါတယ်။…

Read More

နမ္မတူနဲ့ မန်တုံမှာ လေကြောင်းတိုက်ခိုက်မှု​ကြောင့် ​ကျောက်မဲက​နေ စစ်​ရှောင်လာသူ ​လေးယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

အောက်တိုဘာ ၂၊ ၂၀၂၅ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မန်တုံမြို့ မှာ ဒီနေ့ အောက်တိုဘာလ ၂ ရက်နေ့ မနက် ၇ နာရီကျော်ခန့်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ လူ ထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “နမ္မတူမှာ ရပ်ကွက် ၈ ပုဗ္ဗာ ဘုန်းကြီးကျောင်းနား ဂျက်ဖိုက်တာနဲ့ ဗုံး တလုံး ကြဲသွားတာ။ ဗုံးထိမှန်သွားသူတွေက ကျောက်မဲက စစ်ရှောင်တွေ။” လို့ ဒေသခံ မျိုးသား တယောက်က ပြောပါတယ်။ သိရသလောက် လေကြောင်းဗုံးကြောင့် လူ သုံးယောက် ​နေရာတင်သေဆုံးသွားပြီး ​နောက်တ​ယောက်က ​ဆေးရုံ​ရောက်မှ​သေဆုံးကာ လူ ခြောက်ယောက် ထိခိုက် ဒဏ်ရာရှိထားတယ်လို့ သူက ပြောပါတယ်။ နမ္မတူမှာ လေကြောင်းနဲ့ တိုက်ခိုက်ခံရတာ…

Read More

အင်ဒိုနီးရှား ဘာသာရေးကျောင်းပြိုကျမှု ပိတ်မိသူ ၅၉ ယောက် သေဆုံးဖွယ်ရှိ

ဂျကာတာ၊ အောက်တိုဘာ-၂-၂၀၂၅ ရတီ(VOM) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြိုကျခဲ့တဲ့ ဘာသာရေးကျောင်း အပျက်အစီးတွေအောက်မှာ လူ ၅၉ ယောက်ပိတ်မိပျောက်ဆုံးနေပြီး သူတို့တွေကို ရှာဖွေနိုင်ရေး ကယ်ဆယ်ရေးအဖွဲ့တွေက အပူအတပြင်း လုပ်ဆောင်နေပါတယ်။ “ကျွန်တော်တို့ဟာ အပူအာရုံခံဒရုန်းတွေလို နည်းပညာမြင့်ပစ္စည်းတွေကို အသုံးပြုခဲ့ပြီး သိပ္ပံနည်းကျ အချက်အလက်တွေအရတော့ အသက်ရှင်နေတဲ့ လက္ခဏာတွေ မရှိတော့ပါဘူး” လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး အေဂျင်စီ၏ အကြီးအကဲ ဆူဟာရန်တိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဂျကာတာမြို့အရှေ့ဘက် 780 ကီလိုမီတာခန့်အကွာရှိ ဆီ‌ဒေါ်ဂျို အရှေ့ဘက် ဂျာဗားမြို့၌တည်ရှိသော Al Khoziny ဘာသရေးကျောင်း အပေါ်ထပ်မှာ တည်ဆောက်ရေးတခုထပ်လုပ်နေချိန်မှာ အောက်ခြေဖောင်‌ဒေးရှင်း မခိုင်မာတာ‌ကြောင့် ပြိုကျပြီး ဝတ်ပြု ဆုတောင်းနေကြသော ကျောင်းသား ဒါဇင်ပေါင်းများစွာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေခဲ့ပါတယ်။ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးသမားတွေက အပူတပြင်းလုပ်ဆောင်နေကြပြီး…

Read More

အင်းလေးဒေသက စပါးခင်း ၉၀ ရာခိုင်နှုန်းလောက် ရေမြုပ်ပျက်စီးနေ

အောက်တိုဘာ ၂ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတာကြောင့် စပါးစိုက်ခင်း ဧက ၉၀ ရာခိုင်နှုန်းလောက် ရေမြုပ် ပျက်စီးသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိမှာလည်း ရေထပ်မံ မြင့်တက်လာနေတယ်လို့ သိရပါတယ်။ “ကန်ပတ်လည် ကန်စပ်တလျှောက်မှာ စပါးစိုက်တဲ့ လယ်ကွင်းတွေရှိတယ်။ ဒီနှစ်ကတော့ စပါးခင်းက ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးတယ်။ တချို့ကလည်း ရိတ်သိမ်းတာရှိတယ်။ ဒါပေမယ့်လည်း ရေမြုပ်ထားတဲ့စပါး ဆိုတော့ ရောင်းလို့လည်း မရပြန်ဘူး။ တော်တော်များများကတော့ မသိမ်းတော့ဘူး၊ ဒီတိုင်းပဲ အရှုံးခံလိုက်ကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒေသခံ လယ်သမားတွေအနေနဲ့ စပါး စိုက်ပျိုးနိုင်ဖို့အတွက်…

Read More

ရုရှားကို အမျိုးသားလုပ်သားတွေ ထပ်လွှတ်ဖို့ စီစဉ်

အောက်တိုဘာ ၂၊၂၀၂၅ CC (VOM) အမျိုးသားတွေကို ပြည်ပထွက်ခွင့်ကန့်​သတ်ထားပေမယ့် ရရှားနိုင်ငံကိုတော့ ချွင်းချက်အနေနဲ့ အမျိုးသားလုပ်သားတွေကို နှစ်နိုင်ငံအစိုးရခွင့်ပြုချက်နဲ့ ထပ်မံပြီးတော့ တရားဝင်စေလွှတ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ရရှားနိုင်ငံကို ယခုနှစ်ထဲမှာပဲ မြန်မာအမျိုးသားလုပ်သား ၂၀၀ ကျော်ကို ထပ်ပြီး စေလွှတ်ဖို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတချို့က စီစဥ်နေတာဖြစ်တယ်လို့သိရပါတယ်။ “ကင်းလွတ်ခွင့်တခုနဲ့သွားနေတာပေါ့။အရေအတွက်များရင်တော့ထိန်းချုပ်မှုတခုရှိမှာပေါ့။ နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ရော နိုင်ငံအသစ်ကို အလုပ်အကိုင်အခွင့်အလမ်းအသစ်တရားဝင်လုပ်ကိုင်ခွင့်စတင်တဲ့အနေနဲ့လည်း ကင်းလွတ်ခွင့်ပြုထားတဲ့သဘောမျိုးထင်ပါတယ်။နောက်ပြီးမြန်မာနိုင်ငံကလူတွေက ကြိုးစားအားထုတ်မှုကောင်းတယ် ။အမိန့်နာခံမှုရှိတယ်။သင်လွယ်တတ်လွယ်တယ်။အဲဒါကြောင့် အရေအတွက်တချို့ကိုကင်းလွတ်ခွင့်ပြုထားတဲ့သဘောနားလည်တယ်။အာယသာချက်အားနည်းချက်ကတော့ရှိတယ်။ကိုယ့်ဒီဘက်နဲ့ သဟဇာတတည့်ရင်ဆက်လုပ်မယ်။မတည့်ရင် နိုင်ငံတော်အနေနဲ့ ရပ်မယ်ဆိုတဲ့စနစ်နဲ့သွားနေတာ။အားရပါးရလွှတ်မှာမျိုးတော့မဟုတ်ဘူး။” လို့ MOEAF အသင်းဝင်တ​ယောက်ကပြောပါတယ်။ အမျိုးသားလုပ်သားတွေအနေနဲ့ ရရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း ၊ စိုက်ပျိုးရေး ၊မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းတွေမှာ အဓိကလုပ်ကိုင်ကြရမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ အေဂျင်စီအပေါ်လိုက်ပြီး ကွာခြးမှုရှိတာကြောင့် အတိအကျပြောဖို့ခက်တယ်လို့သိရပါတယ်။ ရရှားကို အလုပ်လုပ်ဖို့စေလွှတ်တဲ့အခါ လူဦးရေအကန့်အသတ်နဲ့ အသုတ်လိုက်စီခွဲပြီး ပို့ဆောင်သွားမှာဖြစ်ကြောင်း ၊ ရရှားသွားဖို့အတွက် ဘာသာစကားတတ်ကျွမ်းဖို့ကအဓိကဖြစ်တယ်လို့သိရပါတယ်။ “သုံးလသင်တန်းတက်ရတယ်။ဘာသာစကား ၊သက်ဆိုင်ရာ လုပ်ငန်းခွင်ဝင်ဖို့…

Read More
VOM News

FREE
VIEW