၈မိုင်ဂုံးတံတားပေါ်မှာ ယာဉ်သုံးစီးဆင့်တိုက်လို့ နှစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ

အောက်တိုဘာ ၄ ၊၂၀၂၅
GG (VOM)
ရန်ကုန် ၊မရမ်းကုန်းမြို့နယ်၊ ၈ မိုင်ဂုံးကျော်တံတားပေါ်မှာ အောက်တိုဘာ ၃ ရက်နေ့ည ၁၁ နာရီခွဲကျော်လောက်က ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားကာ အမျိုးသားနှစ်​ယောက်သေဆုံးပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်မှာ ၈ မိုင်ဂုံးကျော်တံတားပေါ်မှာ လိုက်ထရပ်ကားနှစ်စီးက မျက်နှာချင်းဆိုင်တိုက်မိပြီး ၊ လိုက်ထရပ်ကားကို နောက်ကနောက် 4 wheel ကားကနေ ထပ်ဆင့်တိုက်ခံရပြီး လိုက်ထရပ်ကားခေါင်းကြေမွသွားပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” သေဆုံးနှစ်ယောက်မှာ တယောက်လှိုင်သာယာကပါ။ နောက်တယောက်က မင်္ဂလာဒုံကပါ။ ဒဏ်ရာရနှစ်ယောက်ကတော့ Myanmar Net ဝန်ထမ်းတွေလို့သိရတယ်။ဘယ်လိုဖြစ်ပြီးတိုက်လဲတော့သေချာမသိဘူး။ဖြစ်ပြီးမှရောက်တော့ လူနာတွေပဲ အဓိကပို့တာ။” လို့ လူထဲကလူ လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။
သေဆုံးအမျိုးသားနှစ်ယောက်မှာ လိုက်ထရပ်ကားပေါ်မှာဖြစ်ပြီး တယောက်က အသက် ၃၀ ဝန်းကျင်၊ နောက်တယောက်က ၂၆ ဖြစ်ကြောင်း၊ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။
မနေ့ အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းကလည်း ၁၀ မရမ်းကုန်းမြို့နယ်မှာ MRTV-4 မှ ဝန်ထမ်းအမျိုးသမီးတယောက်လည်း ကားတိုက်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာ ၃ဝ ရက်နေ့ မနက်ပိုင်းကလည်း တာမွေမြို့နယ်၊သံလမ်းမှတ်တိုင်အနီးမှာ ယာဉ်လေး စီးဆင့်တိုက်မှုဖြစ်ပြီး လူကိုးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW