မာန်အောင် နဲ့ ချောင်းဆုံ ကိုယ်စားလှယ် နှစ်နေရာ၊ တီးတိန် တနေရာတွေက လွဲရင် ကျန်နေရာအားလုံးနီးပါး USDP အနိုင်ရ

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅ GG (VOM) ရွေးကောက်ပွဲ အပိုင်း ၁ မှာ USDP ပါတီက ရခိုင်ပြည်နယ်က မာန်အောင် မြို့နယ် နဲ့ မွန်ပြည်နယ် ချောင်းဆုံ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၊ ချင်းပြည်နယ် တီးတိန်မြို့နယ်က ပြည်သူ့လွှတ်တော် နေရာတွေက လွဲပြီး ကျန်မြို့နယ် အားလုံးနီးပါးကို အနိုင်ရရှိ ခဲ့တယ်လို့ ကနဦး စုံစမ်းသိရှိ ရပါတယ်။ ” ချင်းပြည်နယ် နှစ်မြို့နယ်မှာ ကိုယ်စားလှယ် လောင်းခြောက်ယောက် မှာ ငါးယောက်နိုင်ပါတယ်။ တီးတိန်မှာ ပြည်နယ် လွှတ်တော်ရှုံးပါတယ်။ ချောင်းဆုံမှာ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ရှုံးပါတယ်။ရခိုင်မှာ မာန်အောင်တမြို့နယ်လုံး ရှုံးတယ် ။ အဲဒီ သုံးမြို့နယ် ရှုံးပါတယ်။ ကျန်တာအားလုံး နီးပါးနိုင်ပါတယ်။ ” လို့ USDP…

Read More

အင်ဒိုနီးရှားမှာ သက်ကြီးဂေဟာ မီးလောင်လို့ ၁၆ ယောက်သေဆုံး

ဂျကာတာ၊ ဒီဇင်ဘာ-၂၉-၂၀၂၅ ရတီ(VOM) အင်ဒိုနီးရှားမြောက်ပိုင်းရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၆ ယောက်သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ တနင်္ဂနွေနေ့ညနေပိုင်း ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၃၀ မှာ မြောက်ဆူလာဝေစီပြည်နယ်ရဲ့ မြို့တော် မာနာဒိုမြို့ရှိ ဒါမိုင် သက်ကြီးရွယ်အိုဂေဟာမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ မီးသတ်ဌာနက ဆိုပါတယ်။ မီးသတ်နှင့် ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ ဂျင်မီ ရိုတင်ဆူလူက AFP သတင်းဌာနသို့ ပြောကြားရာမှာ သေဆုံးသူများစွာကို သူတို့ရဲ့ အခန်းတွေအတွင်းမှာ တွေ့ရှိခဲ့ပြီး မီးလောင်ကျွမ်းချိန်မှာ အိပ်ပျော်နေကြတာဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုကို ည ၉ နာရီ မိနစ် ၃၀ မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး လောင်ကျွမ်းရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ ရဲတွေကတော့ သေဆုံးသူတွေ ဘယ်သူတွေလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေကြပြီး…

Read More

မြို့ခံတဝက် စစ်ရှောင်လိုက်ရတဲ့ ကသာမြို့ နောက်ဆုံးအခြေအနေ

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅ CC+KBT (VOM) ကသာမြို့မှာ ဒီဇင်ဘာလ(၄)ရက်နေ့ကစပြီး ပစ်ခတ်သံတွေနဲ့အတူ တိုက်ပွဲတွေ စလာခဲ့ပြီး ခုဆိုရင် တလနီးပါးရှိလာပြီဖြစ်ပါတယ်။ အဲဒီနေ့ နေ့လည် ၁၂နာရီခွဲမှာ လေယာဉ်တွေနဲ့ ကသာမြို့အထွက် လမ်းနဘားကြီးရွာအနီးကိုဗုံးချသံ ၊ညအချိန်မြို့ထွက်မှာပစ်ခတ်၊ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဒီဇင်ဘာလ ၇ ရက်ည ၈ နာရီခွဲမှာ မြို့ပတ်လည်ကို လက်နက်ကြီးနဲ့ခမရ(၃၀၉)စစ်တပ်က ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်ညနဲ့မနက်မှာလည်း ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်၊ ၂၂ ရက်၊ ၂၃ ရက်တွေမှာနေ့အချိန်ညအချိန်တွေမှာလက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။ “ လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ ကသာမြို့အနီးအောင်ပုံကျေးရွာကိုလေယာဉ်နဲ့ ဗုံး(၂)လုံးကြဲခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်တွေမှာမြို့ပတ်လည်ကိုဆက်တိုက်ပစ်ခတ်နေကာ ရွေးကောက်ပွဲ မကျင်းပခင် တရက်အလို…

Read More

နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ ဂီတဖျော်ဖြေပွဲ မန္တလေးမှာ စည်စည်ကားကား ကျင်းပမယ်

မန္တလေး၊ ဒီဇင်ဘာ- ၂၉- ၂၀၂၅ VOICE OF MYANMAR ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မန္တလေးမှာ နှစ်သစ်ကူးပျော်ပွဲရွင်ပွဲတွေနဲ့အတူ ဂီတဖျော်ဖြေပွဲတော်ကြီးကိုလည်း ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲများနှင့်အတူ ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီက စပြီး ၆၆ လမ်းနဲ့ ၂၆ လမ်း(ကျုံးထောင့်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန ကနေ သိရပါတယ်။ နှစ်သစ်ကူးပွဲတော်အတွက် ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၇၀ လမ်းကြားမှာ စားသောက်ဆိုင်တွေ ခင်းကျင်းရောင်းချပေးသွားမှာဖြစ်ပြီးပွဲတော်ကိုလာတဲ့ ပရိတ်သတ်တွေ အဆင်ပြေဖို့ ၂၆လမ်း၊ ၆၂ လမ်းမှ ၆၄ လမ်း၊ ၂၇လမ်း ၆၈…

Read More

ထိုင်းနိုင်ငံ အီလက်ထရောနစ် စက်ရုံကအလုပ်သမား ၁၀၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံရ

ဒီဇင်ဘာ ၂၉ – ၂၀၂၅ SS (VOM) ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ Cal-Comp အီလက်ထရောနစ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၀၀၀ ကျော် ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်၊ မနက်ပိုင်းမှာ စက်ရုံ တာဝန်ရှိသူတွေက တစုံတရာ ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ အလုပ်သမား အယောက် ၁၆၀၀ ဝန်းကျင်ကို နစ်နာကြေးပေးကာ အလုပ်ရပ်နားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းဥပဒေအရ သတ်မှတ်ထားတဲ့ နစ်နာကြေးအဖြစ် တနှစ်နဲ့ သုံးနှစ်ကြား လုပ်သက်ရှိသူ အလုပ်သမား တယောက်အတွက် လျော်ကြေး ဘတ် ငါးသောင်းလေးထောင်၊ လုပ်သက် တနှစ်အောက် အလုပ်သမား တယောက်အတွက် လျော်ကြေး ဘတ် နှစ်သောင်းခုနစ်ထောင် အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။…

Read More

ဗန်းမော် နားက ကံကြီးရွာမှာ လေကြောင်းက ဗုံးကြဲလို့ နေအိမ်တချို့ မီးလောင်သွားပြီး လူ ထိခိုက် သေဆုံးမှုရှိ

ဒီဇင်ဘာ ၃၀၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးက ကံကြီးရွာမှာ ရွေးကောက်ပွဲ ကျင်းပတဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က လေကြောင်း ဗုံးကြဲလို့ နေအိမ် တချို့ မီးလောင်သွားပြီး လူ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အဖွား တယောက် ထိခိုက်ဒဏ်ရာရတယ် အမျိုးသားကြီး တယောက် သေဆုံးတာ ကနဦး တွေ့ရှိထားတယ် ထိခိုက်သူ ဦးရေနဲ့ မီးလောင် နေအိမ် စာရင်းတွေ အတိအကျ မသိရသေးဘူး” လို့ ​ဒေသခံက ပြောပါတယ်။ “ထိခိုက် ဒဏ်ရာ ရရှိထားတဲ့ အဖွားက ဆွေမျိုးလည်း မရှိဘူး။ ဆေးရုံ တက်ရမယ်ပြောတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကပြောပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာလည်း နွမ်းလန့်ဘက်…

Read More

အပစ်ရပ်သဘောတူညီချက် ကမ္ဘောဒီးယား ချိုးဖောက်တယ်လို့ ထိုင်းစစ်တပ် စွပ်စွဲ

ဘန်ကောက်၊ ဒီဇင်ဘာ-၃၀-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်စပ်ပြဿနာနဲ့ပတ်သက်ပြီး မကြာသေးမီက လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကမ္ဘောဒီးယားက ချိုးဖောက်တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲလိုက်ပါတယ်။ ကမ္ဘောဒီးယားဘက်ကနေ ပျံသန်းလာတဲ့ ဒရုန်းအစင်း ၂၅၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ထိုင်းစစ်တပ်ရဲ့ ကြေညာချက်တစောင်မှာ ပြောပါတယ်။ မကြာသေးမီးက အပစ်အခတ်ရပ်စဲရေးဟာ စနေနေ့ ဒေသစံတော်ချိန် မွန်းတည့်ချိန်မှာ စတင်အသက်ဝင်ခဲ့တာပါ။ နှစ်ဖက်စလုံးက တပ်ဖွဲ့ဝင်တွေ လက်ရှိရှိနေသော ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲတွေရပ်ဖို့ ၊ အင်အားဖြည့်တင်းမှုတွေ မပြုလုပ်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို နေရပ်ပြန်နိုင်ဖို့အတွက်တွေကို သဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာနှစ်နိုင်ငံစလုံးအပေါ် တရုတ်နဲ့ အမေရိကန်တို့ရဲ့ သံတမန်ရေးဖိအားပေးမှုနဲ့အတူ ရက်ပေါင်းများစွာ ဆွေးနွေးမှုတွေအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားရဲ့ လုပ်ရပ်တွေဟာ တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ထားတဲ့ အစီအမံတွေကို ချိုးဖောက်ခြင်ေ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး စည်းကမ်းချက်တွေနဲ့ မကိုက်ညီဘူလို့ တနင်္လာနေ့က…

Read More
VOM News

FREE
VIEW