လူငယ်ငြိမ်းချမ်ရေး ဖိုရမ်အပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်မူဝါဒ ကြေငြာစာတမ်းထွက်ပေါ်

နေပြည်တော် ဇန်နဝါရီ ၁၆- ၂၀၂၆ KKL(VOM) နေပြည်တော်မှာ ဇန်နဝါရီ ၁၃ကနေ ၁၅ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အပြီးသတ်နေ့မှာ လူငယ်တွေရဲ့ ဆွေးနွေး အကြံပြုချက်တွေထဲက ငြိမ်းချမ်းရေးနဲ့အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတရပ်ကို ရေးဆွဲတင်ပြနိုင်ခဲ့ကြပါတယ်။ အခုလို စာတမ်းတစ်ရပ် ပေါ်ထွက်တင်ပြနိုင်အောင် နိုင်ငံတော်အကြီးအကဲတွေ၊ အဆက်ဆက်က ငြိမ်းချမ်းမှုဖော်ဆောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြသူတွေ၊ ဝန်ကြီးဌာတွေက ကိုယ်စား လှယ်တွေ၊ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ၊ တိုင်းဒေသကြီး ပြည်နယ်တွေကိုယ်စားပြုတဲ့ အလွှာပေါင်းစုံက လူငယ်ကိုယ်စားလှယ်တွေ လူထုအခြေပြု အဖွဲ့အစည်းတွေက စေတနာ့ ဝန်ထမ်းလူငယ်တွေ ပရဟိတအသင်းအဖွဲ့တွေ NGO လူငယ်ကွန်ရက်အဖွဲ့လူငယ်တွေ တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးက လူငယ်ကိုယ်စားလှယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲက(NCA-S EAOs) ကလူငယ်ကိုယ်စားလှယ်တွေ၊ JMC က လူငယ်ကိုယ်စားလှယ်တွေ နယ်စပ်ဒေသတွေကတိုင်းရင်းသားလူငယ်တွေဟာ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရောက်ဆွေးနွေးခဲ့ကြတာ…

Read More

ငြိမ်းချမ်းရေး နိုဘယ်ဆုတံဆိပ်ကို ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုက ဒေါ်နယ်ထရန့်ကိုပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၁၆-၂၀၂၆ မျိုးဆက်(VOM) ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက သူမရရှိခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု တံဆိပ်ကို သမ္မတဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံရာမှာ ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။ “ဒီနေ့ဟာ ကျွန်မတို့ ဗင်နီဇွဲလားလူမျိုးတွေအတွက် သမိုင်းဝင်နေ့တစ်နေ့လို့ ကျွန်မထင်ပါတယ်” လို့ ထရန့်နဲ့ တွေ့ဆုံပြီးနောက် သူမက ပြောပါတယ်။ ဒါဟာ ထရန့်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေက ကာရာကတ်စ်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးကာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ တရားစွဲဆိုပြီးနောက် ရက်သတ္တပတ်စွာအကြာမှာ ဖြစ်ပွားခဲ့တာပါ။ ထရန့်ကတော့ မာချာဒိုကို ကျေးဇူးတင်ကြောင့် ကျေးဇူးတင်ရှိ‌ကြောင်းနဲ့ ဒီလုပ်ရပ်ဟာ အပြန်အလှန်လေးစားမှုရဲ့ အံ့သြဖွယ်ကောင်းတဲ့ အပြုအမူဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်သမ္မတဟာ ၂၀၂၄ ခုနှစ် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မာချာဒိုကို ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်သစ်အဖြစ် ထောက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်…

Read More

မာရဝိဇယ ဗုဒ္ဓဥယျာဥ်တော်သို့

နေပြည်တော်၊ ဇန်နဝါရီ – ၁၆- ၂၀၂၆ VOICE OF MYANMAR နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သဲဖြူကုန်းတော် မှာ တည်ရှိတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိတဲ့ ဗုဒ္ဓဥယျာဥ်တော်ဆီကို ဘုရားဖူးတခေါက် ရောက်ခဲ့ပါတယ်။ ဗုဒ္ဓဥယျာဥ်တော်အတွင်းမှာ ကြည်ညိုဖွယ်ကောင်းတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး အပြင် ကျောက်စာစေတီ၊ စေတီငယ်တွေ အပါအဝင် သာသနာအဆောက်အဦတွေနဲ့ မုစလိန္နအိုင် တို့ တည်ရှိပြီး ၂၂၈ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။ ဗုဒ္ဓဥယျာဥ်တော်အတွင်းမှာ ဝိနည်းပိဋကတော်၊ သုတ္တန်ပိဋကတော်၊ အဘိဓမ္မာပိဋကတော် ဆိုတဲ့ ပိဋကသုံးပုံ ကျောက်စာတွေ ထွင်းထုထားတဲ့ ကျောက်စာတိုက်တော် ၇၂၀ ရှိပြီး ကျောက်စာတိုက်တော်ရဲ့ အထွဋ်တိုင်းမှာ ပုဂံခေတ်လက်ရာအတိုင်း ရွှေစည်းခုံစေတီတော် ပုံစံတူ စေတီငယ်တွေကိုလည်း တည်ထားကိုယ်းကွယ်ထားတာ တွေ့ရပါတယ်။ ဘူမိဖဿမုဒြာဟန်နဲ့ တည်ထားကိုးကွယ်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရာပ်ပွားတော်ကြီး ဟာ ပလ္လင်တော်အမြင့်…

Read More

မူဆယ်မှာ အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေတယောက်ကို ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက်ပြီး ငွေသိန်း ၃၀၀၀ ခြိမ်းခြောက်ရယူ

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Shy V (VOM) တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့မှာ အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေတယောက်ကို ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက်ကာ ကာ ငွေ သိန်း ၃၀၀၀ ခြိမ်းခြောက် ရယူသွားကြောင်း ကာယကံရှင်ဆီက သိရပါတယ်။ “ဟုတ်တယ်။ နှစ်ယောက် စလုံး ဖမ်းခေါ်သွားတယ်။ လွှတ်တဲ့ အချိန်လဲ နှစ်ယောက် စလုံးကိုလွှတ်တယ်။ ပြီးလို့ရှိရင် မှတ်ပုံတင် တကတ်ပဲ ပေးတယ်။ ကျနော့် ပတ်စ်ပို့တွေ အကုန်လုံးက သူတို့(ပြန်ပေးဆွဲသူတွေ) ယူထားတယ်။ ပြန်မပေးဘူး။” လို့ အဆိုတော် ရှင်မင်းမြတ်က VOM ကို ပြောပါတယ်။ ပြန်ပေးဆွဲသူတွေက နေ့လည်း မသိ၊ ညလည်း မသိနိုင်တဲ့ အခန်းထဲမှာ ခေါင်းတွေ စွပ်ထားပြီးတော့ ဖုန်းတွေ၊ mobile banking…

Read More

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအဖွဲ့ တွေ့ဆုံပွဲ

ဇန်နဝါရီ ၁၆ – ၂ဝ၂၆ Voice of Myanmar(VOM) ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပါတီအောင်နိုင်ရေး)အဖွဲ့များနဲတွေ့ဆုံပွဲကို ဒီနေ့ ဇန်နဝါရီ ၁၆ ရက်၊မွန်းလွဲပိုင်းအချိန်က သာကေတမြို့နယ်၊မြင်တော်သာအားကစားကွင်းမှာ ကျင်းပပြုလုပ်နေတဲ့ မြင်ကွင်းတွေကို အခုလိုတွေ့မြင်ရပါတယ်။ အခု ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဆက်လက်ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း – ၃ မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ သာကေတမြို့နယ်ကနေ ပြည်သူ့လွှတ်တော်တစ်နေရာ၊အမျိုးသားလွှတ်တော်တစ်နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်နေရာတို့မှာဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေတာပါ။ ရွေးကောက်ပွဲ အပိုင်း(၃)ကို တိုင်းနဲ့ ပြည်နယ် (၉)ခုက စုစုပေါင်းမြို့နယ်(၆၃)မြို့နယ်မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ Photo – VOM

Read More

နမ့်လန်မှာ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်ပိတ်

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်ရှိ သီပေါမြို့နယ်၊ နမ့်လန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်ပိတ် ထားကြောင်း ကုန်သည်၊ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “နမ့်လန်လမ်း ပိတ်တယ်။ နမ့်လန်မြို့ ကုန်နဲ့ ပေးမဖြတ်တာ။ လူကြီးလမ်းကြောင်း ရှိတယ်ပြောတာပဲ” လို့ ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။ အဲဒီလမ်းပိုင်းမှာ စစ်တပ်ဂိတ် သုံးခု ရှိပြီး တဂိတ်က လွှတ်ပေး ပေမယ့် ကျန်တဲ့ ဂိတ်တွေ လွှတ်မပေးတာမျိုး ရှိတတ်တယ်လို့ သူက ပြောပါတယ်။ အခု လဆန်းပိုင်းတုန်းကလည်း တခါ လမ်းပိတ်ခဲ့ပြီး ၁၀ ရက်လောက်ကြာတယ်လို့ သူက ထပ်ပြောပြပါတယ်။ “နမ့်လန်လမ်းက ခုလာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့ ပြန်ဖွင့်မလိုလို ကြားတာပဲ။ လမ်းပိတ်လိုက်‌‌ေတာ့…

Read More

ယိုးဒယားခေါက်ထီးနှင့် အီတလီကိုင်း မျက်မှန်

ဆူးငှက် ကျွန်တော်က၁၉၇၄ခုနှစ်တွင် ၁၀တန်းအောင်ပြီး မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ၁၉၇၄/၇၅ စာသင်နှစ်တွင် သင်္ချာဘာသာ အဓိကဖြင့် ပထမနှစ်အိမ်ကစ၍ တက်ရသည်။ ထိုစဉ်ကာလ စာပေးစာယူဖြင့် အိမ်ကအခြားအလုပ်လုပ်ကာ တက္ကသိုလ်တက်နိုင်သော်လည်း ကျွန်တော်က တက္ကသိုလ် နေ့သင်တန်းကိုပဲ အမေ့ဆီက မုန့်ဖိုး လက်ဖြန့်တောင်း၊ အဖေ့ဆီက ကျောင်းလခနှင့် စာအုပ်ဖိုးတောင်းပြီး တက်ခဲ့သည်။ အသက်၆၀နီးပါး မိဘ၂ပါး၏ ချွေးနည်းစာကိုမှ အားမနာခဲ့။ မိဘ၂ပါးချွေးနည်းစာ ဆိုလို့ အတွေ့အကြုံလေးတစ်ခု ပြောချင်ပါသေးသည်။ နောက်ကြောင်း ပြန်သော် ဒုတိယနှစ်ကပေါ့။ ထိုနေ့က မထင်မှတ်ဘဲ မိုးကစွေနေသည်။ အသည်းကြီးတော့ မဟုတ် ကျောင်းသွားရမည့် အချိန်အထိ မိုးက စွေဆဲဖြစ်သည်။ အမေကလည်း သည်မိုးကြောင့် ဈေးရောင်းမထွက်နိုင်။ ကျွန်တော်က ကျောင်းသွား ခါနီးတော့ သည်မိုးမှာ စက်ဘီးနှင့် အဆင်မပြေနိုင်သည်မို့ ၂၉လမ်းထိပ်ကပဲ အမှတ်၃ကားစီးသွားမည်။ သို့သော် သည်မိုး စွေစွေ မှာ…

Read More

သီပေါကနေ ပျားလိမ္မော် တင်ပို့မယ်ဆိုရင် စိုက်ပျိုးရေးနဲ့ ထွေအုပ်ထောက်ခံချက်ပါမှ သယ်ယူခွင့်ရရှိ

ဇန်နဝါရီ ၁၇၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊သီပေါဒေသထွက် ပျားလိမ္မော်တွေကို ရန်ကုန် အပါအဝင် အခြားဒေသအစုံကို တင်ပို့တဲ့အခါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ စိုက်ပျိုးရေးဦးစီးဌာနတွေကနေ ခွင့်ပြုချက် ရရှိမှသာ တင်ပို့ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပျားလိမ္မော် တင်ပို့ခွင့်အတွက် တင်ပို့မယ့် နေရာဒေသ ၊ တင်ပို့မယ့် ပျားလိမ္မော် ဂျပ်ဖာအရေအတွက် ၊ ယာဥ်မောင်းအမည်တွေကို တပါတည်း တင်ပြရပြီး အဲဒီတင်ပြချက်အပေါ်ကိုမှ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ထွေအုပ်ရုံးက ထောက်ခံချက် ထုတ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါဌာနတွေရဲ့ ထောက်ခံချက် ရရှိမှသာ ပျားလိမ္မော်ကို တင်ပို့ခွင့်ရရှိတာဖြစ်ပြီး ထောက်ခံချက်မပါပါက တင်ပို့ခွင့် မပြုကြောင်း သီပေါမြို့နယ်ကနေ ရန်ကုန်ကို ပျားလိမ္မော်တင်ပို့ဖို့အတွက် ထောက်ခံချက် ရရယူခဲ့ရသူက ပြောပါတယ်။ ” အရင်က မရှိဘူး ။ အခုမှ…

Read More

ရွေးကောက်ပွဲအလွန်ကာလ မြန်မာ့နိုင်ငံရေးအခြေအနေ ဂျပန်စိုးရိမ်

တိုကျို ၊ ဇန်နဝါရီ-၁၇-၂၀၂၆ ရတီ (VOM) မြန်မာနိုင်ငံမှာ အဓိကအတိုက်အခံအင်အားစုများကို ချန်လှပ်ထားပြီး လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်ကြီးစိုးသည့် အုပ်ချုပ်ရေးစနစ်သာ ဆက်လက်ဖြစ်ပွားဖွယ်ရှိနေတာကြောင့် နောက်ထပ်ကွဲပြားမှုတွေနဲ့ ရင်ဆိုင်ရနိုင်ခြေကို အလေးအနက် စိုးရိမ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မီနိုရူကီဟာရာက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေလွတ်မြောက်ရေးနဲ့ အခြားကိစ္စရပ်တွေအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ဆွေးနွေးမှုကို မြှင့်တင်ဖို့ မြန်မာအာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုတွေဟာ မလုံလောက်သေးကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပပုံအရ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းအတွက် ပိုမိုခက်ခဲနိုင်ကြောင်း သူက ထောက်ပြပါတယ်။ ၂၀၂၁ ခုနှစ်မှာ နိုင်ငံအရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့မှစပြီး အပိုင်းသုံးပိုင်းခွဲ ကျင်းပနေပြီး အဓိကအတိုက်ခံပါတီ မပါဝင်တဲ့အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု ရရှိနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရွေးကောက်ပွဲဟာ…

Read More

မုံရွာ – မန္တလေးလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် ခရီးသွားကားတွေပိတ်မိ

ဇန်နဝါရီ ၁၇ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ – မန္တလေး လမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး အစိုးရတပ်က လမ်းတလျှောက် ကင်းပုန်းတွေချကာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။ “ဒီနေ့ မုံရွာ – မန္တလေးလမ်းမကြီး လမ်းကြောအခြေအနေ သိပ်မကောင်းဘူး။ စစ်ကိုင်းမြို့က အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (တမခ – ၃၃) ထဲမှာ ရောက်နေတာ နှစ်ရက်လောက် ရှိနေပြီဖြစ်တဲ့ ယာဉ်တန်းကားတွေ ဒီနေ့ ထွက်လာမယ်လို့ ယူဆရပါတယ်။ ကံတလူဘက်မှာ တိုက်ပွဲဖြစ်နေလို့ အခုချိန်ထိတော့ အဲဒီယာဉ်တန်း ထွက်မလာနိုင်သေးဘူး” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။ အစိုးရတပ်က စစ်ရေး အခြေအနေကြောင့် ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်၊ မနက်ပိုင်းမှာ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်…

Read More
VOM News

FREE
VIEW