လွှတ်တော်တက်မယ့် ကိုယ်စားလှယ်တွေ နေထိုင်နိုင်ဖို့ စည်ပင်ရိပ်သာ(၂)မှာ အဆောင်တွေပြင်ဆင်​နေ

နေပြည်တော်၊ဇန်နဝါရီ ၁၇ -၂၀၂၆ KKL(VOM) ၂၀၂၆ ခုနှစ် မတ်လထဲမှာ နိုင်ငံရဲ့​ ​ဒေသအသီးသီးကအနိုင်ရရှိခဲ့ကြတဲ့ လွှတ်​တော် ကိုယ်စားလှယ်တွေ နေရေးထိုင်ရေးအတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂)ထဲမှာအဆောင်တွေလျာထားပြီးပြီလို့ စည်ပင်ဧည့်ရိပ်သာ(၂)က တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး (AD) ကဆိုပါတယ်။ “အဲ့ဒီ​အဆောင်တွေမှာ အရင်က ငလျင်ဘေးသင့်ခဲ့တဲ့ စည်ပင်က ဝန်ထမ်းတွေကိုထားတာပါ။ လာလောဆယ်တော့ အဲ့ဒီဝန်ထမ်းတွေကို စည်ပင်ရိပ်သာ(၁)ဖက်ကိုပြောင်းရွှေ့ပေးထားပါတယ်။အခုတော့ အဆောင် ၅၅၊၅၆၊၅၇ စတဲ့ အဆာင်တွေကတော့ ရွှေ့ပြီးသွားပြီ အဲ့ဒီနေရာတွေကိုတော့လျာထားထားပါတယ်။ ဒါပေမယ့် အတည်ဖြစ်မဖြစ်တော့ မသိသေးဘူး အဆောင်တွေကိုတော့ပြင်ဆင်တာတွေ လုပ်နေပါပြီ” လို့ AD ကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅-၂၀၂၀ တုန်းကလည်း NLD ကလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် တိုင်းဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကို စည်ပင်ရိပ်သာ (၂) မှာပဲ နေထိုင်စေခဲ့တာဖြစ်တဲ့အတွက် အခု ၂၀၂၆ လွှတ်တော်ကို တက်ရောက်လာကြမယ့် ကိုယ်စားလှယ်တွေကိုလည်း ယခင်အတိုင်း စည်ပင်ရိပ်သာ(၂) မှာပဲ…

Read More

လွိုင်လင်-နမ့်စမ်လမ်းမှာ ခရီးသည်တင်ကားစီး ပေ ၅၀၀ ချောက်ထဲကျလို့ တယောက်သေပြီး ကိုးယောက်ဒဏ်ရာရ

ဇန်နဝါရီ ၁၇ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်၊ လွိုင်လင်-နမ့်စမ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၇၇/၁) နဲ့ (၁၇၇/၂)ကြားမှာ ခရီးသည်တင် ကားတစီး ပေ ၅၀၀ အနက်ရှိ ချောက်ထဲကိုပြုတ်ကျပြီး ခရီးသည် တယောက်သေဆုံးကာ နောက်ထပ် လူကိုးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ၊ မနက် ၁၀ နာရီလောက်မှာ ခရီးသည်တင်ကားဟာ မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲကို ပြုတ်ကျခဲ့တာ ဖြစ်ကြောင်း၊ သေဆုံးသူက အသက် ၂၅ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အသက် တနှစ်ကျော် ကလေးငယ်လည်း ပါဝင်တယ်လို့ သိရပါတယ်။ “ကားက ယာဥ်နောက်က တန်းကျိုးသွားပြီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျတာပါ။ သေဆုံးတဲ့ကလေးက ဦးခေါင်းနောက်စေ့ ပေါက်ပြဲတယ်…

Read More

ရန်ကုန် လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရှိနေပြီး ကျန်းမာရေးထိခိုက်နိုင်တဲ့ အခြေအနေရှိနေ

ဇန်နဝါရီ ၁၇ – ၂၀၂၆ SS (VOM) လက်ရှိ ရန်ကုန်မြို့ရဲ့ လေထု ညစ်ညမ်းမှု အခြေအနေဟာ အနီရောင်အဆင့် (အဆင့် ၁၅၅) ကို ရောက်ရှိနေတယ်လို့ Environment , Health and Safety Myanmar (EHS myanmar) က ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ တိုင်းတာချက်တွေအရ လက်ရှိ လေထုညစ်ညမ်းမှု အခြေအနေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အခြေအနေ ဖြစ်တာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့ အကာအကွယ် ဖြစ်နိုင်မယ့် နှာခေါင်းစည်း (Mask) တွေ မဖြစ်မနေ တပ်ဆင်သွားလာကြဖို့ အသိပေး နှိုးဆော်ထားပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ထမ်း တယောက်က “လက်ရှိ လေထုညစ်ညမ်းမှုက အနီရောင်အဆင့်ဆိုတော့ ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တာတွေကတော့ မလိုအပ်ဘဲ…

Read More

နယ်စပ်ဂိတ်ကနေ ပြန်ဝင်လာသူတွေလည်း ပြည်ပထွက်ခွာခွင့် လျှောက်ထားရမယ်

ဇန်နဝါရီ ၁၇ ၊ ၂၀၂၆ GG (VOM) အလုပ်သမားပတ်စ်ပို့ PJ ၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် OWIC ကိုင်ထားသူတွေလည်း နယ်စပ်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက်လာကြောင်းကို အသိပေးအကြောင်း ကြားခြင်းမရှိပါက ပြည်ပ ပြန်ထွက်ခွာခွင့် ရရှိနိုင်မှာ မဟုတ်ဘူးလို့ စုံစမ်း သိရှိရပါတယ်။ ။ ​ ဒါကြောင့် နယ်စပ်ဂိတ်ကနေ ဝင်ရောက်တဲ့ ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ ဝင်ရောက်လာကြောင်းကို သက်ဆိုင်ရာ နယ်စပ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှာ အသိပေးရမှာဖြစ်သလို ပြည်ပကို ပြန်လည်ထွက်ခွာမယ်ဆိုပါကလည်း ထွက်ခွာခွင့်အတွက် နေပြည်တော်ကို လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို လျှောက်ထားမှု အပေါ်ကိုမှ စိစစ်ပြီး ပြည်ပထွက်ခွင့်ကို ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” အရင်ကတော့ နယ်စပ်ကနေ ပြန်ဝင်လာရင် မြဝတီရောက်တာနဲ့ သူတို့ဘာသာ အိမ်ပြန်သွားကြတယ်။ အခုကတော့ ပြန်ဝင်လာရင် ကျောက်လုံးကြီးစခန်းမှာရှိတဲ့…

Read More

ဂမ်ဘီယာက တရားစွဲကိစ္စ နိုင်ငံရေးသမားတွေ ဘယ်လို အမြင်ရှိလဲ

ဇန်နဝါရီ ၁၇ – ၂၀၂၆ SN (VOM) မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ပြုလုပ်နေကြောင်း ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့အမှုဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုသာ ဖြစ်တယ်လို့ ပြည်တွင်းနေ နိုင်ငံရေးသမားတွေက သုံးသပ် ပြောဆိုပါတယ်။ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကတော့ မြန်မာနိုင်ငံ အနောက်စွန်းမှာ ရှိနေတဲ့ ရခိုင်ပြည်အကြောင်းကို ICJ က အလုံးစုံ မသိနိုင်ဘူးလို့ ပြောပါတယ်။ “ICJ ဘက်က ရခိုင်ပြည်အကြောင်းကို သေသေချာချာ သိထားတာ မဟုတ်ဘဲနဲ့ သတင်းတွေမှာ တက်နေတဲ့ ကိစ္စတွေအပေါ်မှာ အခြေခံပြီး အဓိကပြောတာ ဖြစ်ပါလိမ့်မယ်။ ရခိုင်ပြည်မှာက ရိုဟင်ဂျာပြဿနာက တအားကို…

Read More

အချိန်မနှောင်းခင် သဘောတူညီချက်ယူဖို့ ကျူးဘားကို ဒေါ်နယ်ထရန့် သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၁၂-၂၀၂၆ ရတီ(VOM) ကျူးဘားအနေနဲ့ သဘောတူညီချက်တခု ပြုလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်တွန်းလိုက်ပြီး ဒီလိုမှမဟုတ်ရင် အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ ဗင်နီဇွဲလားကနေ ရေနံနဲ့ ငွေကြေးစီးဆင်းမှု ရပ်တန့်သွားမယ်လို့ လည်း ဆိုပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့မှာ အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားခေါင်းဆောင် နီကိုလတ်စ် မာဒူရိုကို မြို့တော် ကရာကတ်စ်မှာ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတဟာ ကျူးဘားကို သတိပေးမှုတွေ ပြုလုပ်လာတာပါ။ ကျူးဘားရဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်တဲ့ ဗင်နီဇွဲလားဟာ တနေ့ကို ရေနံစည် သုံးသောင်းခွဲခန့် ကျူးဘားကျွန်းကို ပို့ဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။ ကျူးဘားအနေနဲ့ ဗင်နီဇွဲလားအရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လောင်စာတင်သွင်းခွင့်ကို ထိန်းသိမ်းထားတယ်လို့ ကျူးဘားနိုင်ံငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကျူးဘားသမ္မတကတော့ မိမိတို့ ဘာလုပ်ရမယ်ဆိုတာကို ဘယ်သူကမှ အမိန့်ပေးလို့မရဘူးလို့ ပြောပါတယ်။ ပိတ်ဆို့အရေးယူခံထားရတဲ့ ဗင်နီဇွဲလား ရေနံတင်သင်္ဘောတွေကို…

Read More

မွန်ပြည်နယ် မြို့နယ်လေးခုမှာ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း အများစု အနိုင်ရ

ဇန်နဝါရီ ၁၂ ၊ ၂၀၂၆ GG (VOM) ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပခဲ့တဲ့ မွန်ပြည်နယ်ထဲက မဲဆန္ဒနယ် မြို့နယ်ငါးခုအနက် မွန်ညီရေးပါတီက မြို့နယ်လေးခုလုံးမှာ မဲအပြတ်အသတ်နဲ့ အားလုံးနီးပါးအနိုင်ရရှိပြီး ကိုယ်စားလှယ်လောင်း တနေရာသာ ရှုံးနိမ့်မှု ရှိခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီက သိရပါတယ်။ မွန်ပြည်နယ်ထဲက မုဒုံမြို့နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ ရေးမြို့နယ် ၊ ပေါင်နဲ့ ဘီးလင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီထဲကမှ မွန်ညီညွတ်ရေးပါတီ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ရေး၊မုဒုံ ၊ သံဖြူဇရပ်မြို့နယ် တွေမှာ လွှတ်တော်နေရာအားလုံး အနိုင်ရရှိခဲ့ပြီး ပေါင်မြို့နယ်မှာက အမျိုးသားလွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်နေရာကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ ဘီးလင်းမြို့နယ်မှာတော့ မွန်ညီညွတ်ရေးပါတီ ကဝင်ရောက်ယှဥ်ပြိုင် မှုမရှိခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုး USDP ပါတီက အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။…

Read More

ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်တိုင်းအတွင်း ၁၅ မြို့နယ်မှာ အနိုင်ရရှိ

ဇန်နဝါရီ ၁၂ – ၂၀၂၆ SN (VOM) ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ ကျင်းပရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မြို့နယ် ၁၅ မြို့နယ်မှာ အနိုင်ရရှိခဲ့တယ်လို့ USDP ရဲ့ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးအောင်ကျော်မင်းက ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်…

Read More

ဩစတြေးလျတောမီး အခြေအနေပိုဆိုးလာ

ဆစ်ဒနီ၊ ဇန်နဝါရီ-၁၂-၂၀၂၆ ရတီ(VOM) ဩစတြေးလျ အရှေ့တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုဟာ ပိုမိုဆိုးရွားနေပြီး တောမီးများကြောင့် လက်ရှိအချိန်ထိ လူတယောက်သေပြီး အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုတွေဟာ နိုင်ငံတဝန်ရှိ နေရာများစွာမှာ ရက်အတော်ကြာ လောင်ကျွမ်းနေခဲ့ပြီး အများစုကတော့ ဗစ်တိုးရီးယားပြည်နယ်မှာဖြစ်ကာ နယူးဆောက်ဝေးလ်မှာလည်း လောင်ကျွမ်းနေပါတယ်။ မီးသတ်သမား ထောင်ပေါင်းများနဲ့ လေယာဉ် ၇၀ ကျော်ဟာ တောမီးကို ကြိုးစားငြှိမ်းသတ်နေရပြီး ဗစ်တိုးရီးယားမှာတော့ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ရပ်ကွက်ပေါင်း တဒါဇင်ကျော်ရှိ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပြီး အလွန်ပူပြင်းခြောက်သွေ့ကာ လေတိုက်နှုန်းမြင့်မားတဲ့ အခြေအနေတွေကြောင့် မီးလောင်ကျွမ်းမှုတွေဟာ ရက်သတ္တပတ်အတော်ကြာ လောင်ကျွမ်းနိုင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဂျက်စင်တာ အယ်လန်ကတော့ ပြည်နယ်တဝန်းမှာ တောမီး အခု ၃၀ လောင်ကျွမ်းနေပြီး ဒီထဲက ၁၀…

Read More

ရှမ်းပြည်နယ် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ကျားဖြူပါတီ ၅ မြို့နယ်နိုင်

ဇန်နဝါရီ ၁၂၊ ၂၀၂၆ Shy V (VOM) အပိုင်းလိုက် ကျင်းပတဲ့ ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ရှမ်းပြည်နယ်မှာ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က မြို့နယ် ၅ မြို့နယ် အနိုင်ရထားကြောင်း ကိုယ်စားလှယ်လောင်း တယောက်ဆီက သိရပါတယ်။ “ရွေးကောက်ပိုင်း အပိုင်း ၂ မှာတော့ ရှမ်းပြည်နယ်မှာ ကျားဖြူပါတီက လဲချား၊ မိုင်းကိုင်၊ ကွန်းဟိန်း တွေမှာ နိုင်ပါတယ်ဗျ” လို့ ကိုယ်စားလှယ်လောင်း တယောက်က ပြောပါတယ်။ ရွေးကောက်ပိုင်း အပိုင်း ၂ မှာ ရှမ်းပြည်နယ်ရှိ ရွာငံ၊ ဆီဆိုင်၊ ကလော၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ရပ်စောက်၊ တန့်ယန်း၊ မိုင်းရယ်၊ ကွန်းဟိန်း၊…

Read More
VOM News

FREE
VIEW