သီပေါနှင့် မိုင်းရယ်မြို့တွေမှာ မူးယစ်ဆေးဝါး ချက်ရုံတွေ၊ အွန်လိုင်းလောင်းကစားနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိ

ဇန်နဝါရီ ၁၂၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် မိုင်းရယ်မြို့​တွေမှာ အွန်လိုင်းလောင်း ကစားရုံ​တွေနဲ့ မူးယစ်ဆေးဝါး ချက်ရုံ​တွေကို တပ်မတော်က ရှင်းလင်း သိမ်းဆည်း ရမိတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။ သီပေါမြို့နယ် နားလင်းရွာအနီးမှာ ယခုလ ၈ ရက်နေ့က နယ်မြေရှင်းလင်း ရေးလုပ်တဲ့တပ်မတော် စစ်ကြောင်းကို လက်ကိုင်အဖွဲ့တဖွဲ့က စတင်ပစ်ခတ်ခဲ့လို့ တပ်မတော်က လိုက်လံရှင်းလင်းရာမှ လောင်းကစားရုံတွေနဲ့ မူးယစ် ဆေးဝါး ချက်ရုံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ်ပိုင်းမှာ သီပေါမြို့နယ် နားလင်းရွာအနီး အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် အသုံးပြုနေသော လူနေအဆောက်အအုံ နှစ်လုံးအတွင်းကနေ လက်တော့ပ် ၁၈ လုံး၊ စတားလင့် စက် ၅ လုံး အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ တပ်မတော် စစ်ကြောင်းတွေက နားလင်းရွာအနီး…

Read More

အိန္ဒိယမှာ တောဆင်ရိုင်းတကောင်နင်းသတ်လို့ လူ ၂၀ ထက်မနည်း သေဆုံး

ဒေလီ၊ ဇန်နဝါရီ-၁၂-၂၀၂၆ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်ပြည်နယ်မှာ တောဆင်ရိုင်းတကောင် တိုက်ခိုက်မှုကြောင့် ကိုးရက်အတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး အဲဒီဆင်ကို ဖမ်းမိမသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အနောက်ဆင်းဘမ်ခရိုင်ရှိ ချိုင်ဘာဆာနဲ့ ကိုလ်ဟန် သစ်တောဧရိယာတွေမှာ ဇန်နဝါရီလ ၁ ရက်ကနေ ၉ ရက်အတွင်း သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။ လူနဲ့ ဆင် ပဋိပက္ခတွေဟာ အဲဒီဒေသမှာ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားနေခဲ့တာပါ။ အဓိကအားဖြင့် သစ်တောဖုံးလွှမ်းမှု လျော့နည်းလာတာ ၊ နေထိုင်ရာတွေ ပျက်စီးတာနဲ့ ဆင်တွေကျက်စားရာနေရာတွေအနီး လူသားတွေသွားလာလုပ်ကိုင်မှု တိုးပွားလာတာတွေကြောင့်လို့ တာဝန်ရှိသူတွေနဲ့ သုတေသီတွေက ပြောပါတယ်။ လက်ရှိမှာတော့ တိုက်ခိုက်ခဲ့တဲ့ ဆင်ကို ရှာဖွေဖို့ သစ်တောဝန်ထမ်း ၁၀၀ ကျော် ပါဝင်တဲ့ ကြီးမားတဲ့ ရှာဖွေရေးလုပ်ငန်းကို လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒါဟာ…

Read More

အပိုင်း ၂ ရွေးကောက်ပွဲမှာ တစည ပါတီက ခြောက်နေရာနဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက သုံးနေရာ အနိုင်ရထား

ဇန်နဝါရီ ၁၂ ၊ ၂၀၂၆ GG (VOM) အပိုင်း ၂ ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ( တစည) က လွှတ်တော်နေရာ ခြောက်ခု အနိုင်ရရှိထားပြီး တိုင်းရင်းသားပါတီ တခုဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကတော့ လွှတ်တော်နေရာ သုံးခုကို အနိုင်ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ တစည ပါတီဟာ ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော် ၊ မကွေးတိုင်း ၊မြို့သစ်မြို့နယ်မှာ ပြည်သူ့လွှတ်တော် နဲ့ မွန်ပြည်နယ်မှာတော့ ​PR စနစ်နဲ့ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်နေရာတို့ကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း ၊ ဝါးခယ်မမြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော်နေရာ နဲ့ မြောင်းမြမြို့နယ်မှာ အမျိုးသားလွှတ်တော် နေရာတို့ကို အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ” လက်ရှိသိရတာ ခြောက် ယောက်တော့ အနိုင်ရထားပါတယ်။ မွန်ပြည်နယ်က ပြည်နယ်တခုလုံးအတွက်…

Read More

ပြည်ပသွားမယ့် အလုပ်သမားတွေ ခွင့်ပြုချက်စာရင်းပါမှ ထွက်ခွာခွင့်ရမယ်

ဇန်နဝါရီ ၁၂ – ၂၀၂၆ SS (VOM) ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်စာရင်းမှာ ပါမှသာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာခွင့် ရရှိတော့မှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက မနေ့ ဇန်နဝါရီ ၁၁ ရက်က အသိပေး ထုတ်ပြန်ထားပါတယ်။ မြန်မာအလုပ်သမားတွေ ပြည်ပနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ခြင်း၊ ခွင့်နဲ့ ပြန်လာခြင်းတွေအတွက် ပြည်ပပြန်လည် ထွက်ခွာလိုပါက အရင်က အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနကို အီးမေးလ် ပေးပို့ကာ ထွက်ခွာခွင့် ပြုထားတာဖြစ်ပေမယ့် ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ အဲဒီစနစ်ကို ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “အရင်တုန်းကတော့ အဲဒီ အချက်အလက်တွေကို အီးမေးလ်ကနေ ပို့ခိုင်းတယ်။ ပြီးရင် သူတို့က…

Read More

ရွေးကောက်ပွဲ အပိုင်း-၂ ကြိုတင်မဲကိစ္စ နိုင်ငံရေးပါတီအချို့ ဝေဖန်

ဇန်နဝါရီ ၁၂ ၊ ၂၀၂၆ GG (VOM) မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့က ကျင်းပခဲတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာလည်း ကြိုတင်မဲ နဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ ၊ ကွာဟချက်တွေ ဆက်ရှိနေသေးတယ်လို့ နိုင်ငံရေးပါတီအချို့က ဝေဖန်ပြောဆိုကြပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ PP ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေးက ” တချို့နေရာမှာ ကြိုတင်မဲတွေ ကွာဟတာရှိတယ်။ ကွာဟတယ်ဆိုတာ ပုံစံမှာ ဖြည့်ထားတဲ့ မဲတွေရဲ့ မဲအရေအတွက် ကွာတာတွေရှိတယ်။တချို့က ​ကြိုတင်မဲလက်မှတ်မှာ သက်ဆိုင်ရာကော်မရှင်ခွဲက လက်မှတ်ထိုးတာမှာ လက်မှတ်က တမျိုးတည်းမဟုတ်ဖြစ်မနေဘဲ သုံးမျိုး လေးမျိုးတွေ့ကတယ် ။အဲဒါ တောင်ဥက္ကလာ ဘက်မှာပါ။ နေရာအချို့မှာတော်တော်များများ ဖြစ်စဥ်တွေရှိပါတယ်။ ဖြစ်စဥ်တခုနဲ့ တခုတော့မတူဘူး ။ ဧရာဝတီတိုင်းဘက်ကလည်း တင်ပြတာရှိတယ်။ ” လို့ ပြောပါတယ်။ ဒါအပြင် မဲရုံတွေကို…

Read More

ကသာမှာ အစိုးရတပ် ထိန်းချုပ်ထားဆဲ

ဇန်နဝါရီ ၊၄၊ ၂၀၂၆ Shy V (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့မှာ လက်ရှိအချိန်ထိ အစိုးရတပ် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ခုချိန်ထိ ကသာမြို့ထဲမှာပါ။ ဘေးကင်းပါသေးတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ကသာမှာတိုက်ပွဲ ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးစစ်ရှောင်ကြတယ်ဆိုတဲ့ သတင်းက ဘယ်က ရတာလဲတော့ မသိဘူး။ လက်ရှိအချိန်အထိတော့ ရုံးကြီး၊ ရဲစခန်း၊ အကျဉ်းထောင်၊ တပ် အားလုံး ဘာသံမှ မကြားသေးပါဘူး။ ရပ်ကွက်ထဲမှာတော့ PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စိမ့်ဝင်နေလို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။ “ကသာမြို့က အားလုံး အေးဆေးပါ။ တပ်မတော် အပြည့်အဝ ထိန်းချုပ်ထားဆဲပါ။” လို့ အစိုးရတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကလည်း ပြောပါတယ်။ ယမနေ့ ဇန်နဝါရီ ၂ ရက်နေ့ည…

Read More

ပဲခူးတိုင်းက မြို့နယ်တချို့မှာ တိုက်ပွဲဖြစ်ပွားနေ

ဇန်နဝါရီ ၄ – ၂၀၂၆ SS (VOM) ပဲခူးတိုင်းက မြို့နယ်တချို့မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်‌တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် လူသေဆုံး၊ ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ ‌ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်‌တွေဟာ ပဲခူးတိုင်းအတွင်းရှိ ရေတာရှည်တကြော တပြိုင်တည်း စစ်ရေး ဖော်ဆောင်နေသလို ပဲခူး၊ နတ်တလင်း၊ ကြို့ပင်ကောက်နဲ့ ပေါက်ခေါင်း မြို့နယ်တွေမှာလည်း အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုနဲ့အတူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။ “ဒီ ကြို့ပင်ကောက်မှာ ဆိုရင်တော့ အစိုးရတပ်က မြေပြင်မှာလည်း အဆက်မပြတ် အင်အားတွေဖြည့်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေသလို လေကြောင်း တိုက်ခိုက်တာတွေလည်း ဆက်တိုက်ကို လုပ်နေတာ‌…

Read More

မန္တ​လေးက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား

မန္တ​လေး-ဇန်နဝါရီ ၄- ၂၀၂၆ VOM မန္တ​လေးမှာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီ ၄ရက် မနက် ၄နာရီ ၂၀က မန္တလာသီရိအားကစားကွင်းမှာ ပြုလုပ်ခဲ့သလို နိုင်ငံ​တော်အလံ အလေးပြုပွဲ အခမ်းအနားကို မနက် ၇နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားမှာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်​ပေးပို့တဲ့ သဝဏ်လွှာကို ​​ခေတ္တဝန်ကြီးချုပ် လုံခြုံ​ရေးနဲ့ နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ​နေလင်းစိုးက ဖတ်ကြားခဲ့ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်​တော် နှစ်​ထောင်​ကျော်တက်​ရောက်တာ​တွေ့ရပါတယ်။ တဆက်တည်းမှာဘဲ လွတ်လပ်​ရေး​နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲမှာ ရိုးရာခြင်းလုံး၊ လက်​​ဝှေ့၊ဖူဆယ်၊ထုပ်ဆီးတိုး၊ အ​ပြေးပြိုင်၊စစ်တုရင်နဲ့ မီနီမာရသွန် ပြိုင်ပွဲ​တွေကျင်းပပြီး အစိုးရအဖွဲ့ဝင်​တွေက ဆုချီးမြှင့်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #၇၈နှစ်ပြည့်လွတ်လပ်​ရေး​နေ့

Read More

နန်းမွေစံ ပြန်လာပြီ

ဇန်နဝါရီ ၄ – ၂၀၂၆ SN (VOM) ဒီကနေ့ ဇန်နဝါရီ ၄ ရက်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ မော်ဒယ်နန်းမွေစံ ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ မော်ဒယ် နန်းမွေစံဟာ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ အခကြေးငွေယူကာ ဖြန့်ဝေမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အီလက်ထရွန်းနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ နဲ့ အမှုဖွင့် အရေးယူခံခဲ့ရပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တရားရုံးမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ “လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်တဲ့အထဲမှာ သမီးနန်းမွေစံ ပါလာပါပြီ”…

Read More

ရွေး​ကောက်ပွဲပထမပိုင်းရဲ့ အားနည်းချက် ချို့ယွင်းချက်ဘာ​တွေရှိသလဲ

မန္တ​လေး-ဇန်နဝါရီ၄-၂၀၂၆ VOM မန္တ​လေးတိုင်းတိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည)ဟာ လွတ်လပ်​ရေး​နေ့အခမ်းအနားကို တိုင်း(တစည)ရုံးမှာကျင်းပပြီး ​ရွေး​ကောက်ပွဲဝင်ကိုယ်စားလှယ်​လောင်း​တွေ​နေနဲ့ ​တွေ့ဆုံ​ဆွေး​နွေးပွဲကို ဒီ​နေ့ ဇန်နဝါရီ ၄ရက်မနက်က ကျင်းပခဲ့ပါတယ်။ ဒီ​ဆွေး​နွေးပွဲအပြီး မန္တ​လေးတိုင်း တစညပါတီဥက္ကဋ္ဌ ​ဒေါ်​သောင်း​သောင်းနုကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားပါတယ်။ ပထမဆုံးအ​နေနဲ့ ​ရွေး​ကောက်ပွဲပထမပိုင်းမှာ ဘာအားနည်းချက်​တွေ ​တွေ့ထားသလဲလို့ စ​မေးကြည့်​​တော့ #voiceofmyanmar #VOM #တစည #​ဒေါ်​သောင်း​သောင်းနု ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်

Read More
VOM News

FREE
VIEW