မန္တလေး၊ဇန်နဝါရီ ၄-၂၀၂၆ VOM ဒီကနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာပေးတဲ့အထဲမှာ မန္တလေး အိုးဘိုထောင်က ၂၈၃ယောက်လွတ်မြောက်ပြီး မန္တလေးတိုင်းအတွင်းက စုစုပေါင်း အကျဥ်း သား ၁၁၆၇ ယောက် လွတ်မြောက်တယ်လို့ အကျဥ်းဦးစီးဌာန အသိုင်းအဝိုင်းကနေ သိရပါတယ်။ အိုးဘို ထောင် ၂၈၃၊ မြင်းခြံ ၁၆၊ မိတ္ထီလာ ၄၆၊ ရမည်းသင်း ၁၈၁ ၊ညောင်ဦး၂၀ နဲ့ ကုန်ထုတ်စခန်းတွေက ၆၂၁ စုစုပေါင်း ၁၁၆၇ ယောက်လွတ်မြောက်တယ်လို့ စာရင်းအရသိရပါတယ်။ ဒီကနေ့လွတ်မြောက်သူတွေကို မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကားပြောကြားပြီး လမ်းစရိတ်ချီးမြင့်ငွေပေးအပ်ကာ နေရပ်အသီးသီးကို ပြန်ခွင့်ပြုလိုက်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း အကျဉ်းထောင်၊…
Read MoreMonth: January 2026
စစ်ကိုင်းတိုင်းထဲက ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ဖမ်းထားတဲ့ ဗုဒ္ဓဂါယာက ဝင်းဝင်းမြန်မာကျောင်းဆရာတော်ကို ခံဝန်ချက်နဲ့ ပြန်လွှတ်လိုက်ပြီ
ဇန်နဝါရီ ၄ ၊ ၂၀၂၆ GG (VOM) ဒေသတွင်း လက်နက်ကိုင် အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ အိန္ဒိယ – မြန်မာ သာသနာပြု ဆရာတော် ဒေါက်တာဝိသုတ ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ဆရာတော်ကြီး လွတ်မြောက်ရေး အတွက် ဆောင်ရွက်နေတဲ့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။ ဆရာတော် ဒေါက်တာဝိသုတ ကို ရွှေဘိုမြို့ကို နောက်မလာဖို့ ခံဝန်ချက်နဲ့အတူ ဒီကနေ့မှာ ပြန်လည် လွတ်မြောက်လာတာဖြစ်ကြောင်း ၊ လက်ရှိအထိတော့ ရန်ကုန်ကို ရောက်ရှိမလာ သေးဘူးလို့ သိရပါတယ်။ ဆရာတော်ကြီး လွတ်မြောက် လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် သုနန္ဒက” ဆရာတော်ကြီး ဒီနေ့ ပြန်လွတ်ပြီ ။ ခံဝန်ပေါ့လေ…
Read Moreပွင့်ဖြူ နဲ့ အောင်လံမြို့နယ်မှာ တရက်တည်း အုပ်ချုပ်ရေးမှူး အပါအဝင် ငါးယောက် အသတ်ခံရ
ဇန်နဝါရီ ၄ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း ၊ အောင်လံမြို့နယ် နဲ့ ပွင့်ဖြူ မြို့နယ်မှာ မနေ့က တရက်တည်းမှာတင် အုပ်ချုပ်ရေး မှူးအပါ လူငါးယောက် အသတ်ခံ ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဥ်တွေက ဇန်နဝါရီ ၃ ရက်နေ့ ၊ မနက် ၆ နာရီ လောက်မှာ ပွင့်ဖြူမြို့နယ် ၊ကျောင်းကုန်းရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဦး နဲ့ ကျေးရွာ ဒေသခံတွေ ဖြစ်တဲ့ ဦးရင်မင်းထွန်း ၊ ဦးအောင်အောင် ၊ မောင်အောင်မြင့်သူ ဆိုသူတို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ အုပ်ချုပ်ရေးမှူးအပါအဝင် လူလေးယောက်ဟာ ကျောင်းကုန်းရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပေါ်တော်မူ ဘုန်းကြီး ကျောင်းကို သွားရောက်စဥ်…
Read Moreစစ်ကိုင်းတိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ
ဇန်နဝါရီ ၅ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းက ကသာ၊ ဘုတလင်၊ ဗန်းမောက်၊ ဝက်လက်၊ ဆားလင်းကြီး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး အစရှိတဲ့ မြို့တွေအပါအဝင် တခြားသော မြို့နယ်တချို့မှာ စစ်ရေး ပြင်းထန်နေတယ်လို့ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၄ ရက်၊ နေ့လယ် ၁ နာရီ၊ မိနစ် ၂၀ ဝန်းကျင်ကလည်း ဆားလင်းကြီးမြို့နယ်ရှိ မတောင့်တကျေးရွာ တိုက်နယ်ဆေးရုံမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် သုံးယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ “သုံးယောက်က နေရာမှာတင် ပွဲချင်းပြီး…
Read Moreစိတ်အားလူအား ၊ အနားယူအပန်းဖြေ ၊ နေချင်မိသေး
ဆူးငှက် ငယ်ဘဝကိုပြန်တွေးလိုက်တော့ မေးခွန်းတစ်ခုကခေါင်းထဲသို့ ရုတ်ချည်းပေါ်လာသည်။ “ဘာလို့ အားနေတာပါလိမ့်…” တဲ့။ ဟုတ်သည်၊ ငယ်ဘဝကိုပြန်တွေးလိုက်တိုင်း အားနေတဲ့ ရက်တွေက များနေတာကိုး။ ထိုအခါ ပြန်လှန်မေးခွန်းထုတ် စရာတစ်ခုကလည်း ရှိလာချေ၏။ “ကလေးဘဝပဲဗျာ၊ ဘာလုပ်စရာ ရှိတာမှတ်လို့၊ အားမနေပေဘူးလား” ဟူလို့။ တကယ်တော့ ငယ်ဘဝဟုသာ သိမ်းကျုံးခေါ်လိုက်ရသည်။ သေချာပြန်စဉ်းစားကြည့်တော့ မနေ့တစ်နေ့က အထိ အားနေသေးသည် မဟုတ်လော။ ဘာလို့များ တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက် မအားလပ်မှုတွေ ဖိစီးလာပါလိမ့်။ မအားလပ်မှုတွေများလာမှ အားလပ်မှု၏ တန်ဖိုးကိုသိလာသည်။ အားလပ်ခြင်း၏ အရသာ ကိုသိလာသည်။ အားလပ်မှုဆိုသည်နှင့်အတူ နောက်ကွယ်မှ ဝါသနာပါသည့်၊ နှစ်ခြိုက်သည့်လုပ်ငန်းများကို စိတ်လို လက်ရ လုပ်ကိုင်နိုင်၍ ဝမ်းသာပီတိဖြစ်ရခြင်းဟူသည်ကလည်း ကပ်ပါလာသည် မဟုတ်လော။ ပြေးဟယ် လွှားဟယ် အလုပ်ရှုပ်နေချိန်မှာ စိတ်တွေက အများသား။ မပြတ်သေးသော အလုပ်တစ်ခုအတွက် နောက်ဆံတင်း။…
Read Moreရန်ကုန် ပြည်လမ်း နှစ်နေရာမှာ တချိန်တည်း မော်တော်ယာဉ် ဆင့်တိုက်မှုတွေ ဖြစ်ပွား
ဇန်နဝါရီ ၅ – ၂၀၂၆ SN (VOM) ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ Novotel Hotel ရှေ့နဲ့ စိုက်ပျိုးရေး မှတ်တိုင်နားမှာ မနေ့ ဇန်နဝါရီ ၄ ရက်၊ ညပိုင်းက တချိန်တည်း ယာဉ်ဆင့်တိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ တက္ကစီယာဉ်မောင်းတွေနဲ့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။ မနေ့က ည ၈ နာရီခွဲဝန်းကျင်က Novotel Hotel ရှေ့မှာ မော်တော်ယာဉ် လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သလို စိုက်ပျိုးရေးမှတ်တိုင်နားက လူကူးမျဥ်းကျားမှာလည်း ယာဉ် သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “စိုက်ပျိုးရေး မှတ်တိုင်နားက ယာဉ်တိုက်မှုမှာတော့ လူတယောက် ထိထားတာတွေ့တယ်။ မစိုးရ ဒဏ်ရာလောက်ပဲ။ ခေါင်းနဲ့မှန်နဲ့ ဆောင့်မိတာ” လို့ တက္ကစီယာဉ်မောင်း တယောက်က ပြောပါတယ်။ အဲဒီ ပြည်လမ်းပေါ်မှာ ညပိုင်းအချိန်ရောက်ပါက…
Read Moreဖလမ်းနဲ့ တီးတိန်မှာ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲ ပြင်းထန်နေ
ဇန်နဝါရီ ၅ – ၂၀၂၆ SS (VOM) ချင်းပြည်နယ် (မြောက်ပိုင်း) က ဖလမ်းနဲ့ တီးတိန်မြို့နယ်တွေမှာ အစိုးရတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစိုးရတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လပိုင်းဆန်းကစတင်ကာ ဖလမ်း၊ တီးတိန် အပါအဝင် ချင်းမြောက်ပိုင်းက မြို့နယ်တွေကို ထိုးစစ်ဆင်လာတာဖြစ်ပြီး ချင်းညီနောင် ပူးပေါင်းအဖွဲ့တွေက ခုခံတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။ ဖလမ်းမြို့မှာတော့ အစိုးရစစ်ကြောင်းတွေဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ဘက်က တဆင့် သိုင်ငင်းရွာကိုဖြတ်ပြီး ဖလမ်း မြို့ အနောက်မြောက်ဘက်ကို ဝင်ရောက်နေသလို ကလေးမြို့တောင်ပိုင်းကနေ ဝေဘူလ ကိုဖြတ်ရင်း ဖလမ်း မြို့တောင်ဘက်ပိုင်းကိုလည်း အင်အား အများအပြား အသုံးပြုပြီး ဝင်ရောက်နေတယ်လို့ သိရပါတယ်။ “ဖလမ်းမှာက ဇန်နဝါရီ ၃…
Read MoreMNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ် ကနေ နေ့စဉ် ပို့ကုန် ကားအစီး ၂၀၀ ခန့်ရှိ
ဇန်နဝါရီ ၅၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ် ကနေ နေ့စဉ် ပို့ကုန် ကားအစီး ၂၀၀ ခန့်ရှိကြောင်း MNDAA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ချင်းရွှေဟော်ဂိတ်ကနေ နေ့စဉ် ပို့ကုန်တင်ယာဉ် အစီးရေ ၂၀၀ ကျော် တရုတ်ဘက် ကုန်တင်ပို့နေပြီး အဓိက စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ကြံ နဲ့ ပြောင်း ကုန်တင်ကားတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ပို့ကုန်ကားတွေထဲမှာ ကြံတင်ကားတွေ ၅၀ ရာခိုင်နှုန်းကျော် ရှိပြီး ပြောင်း တင်ကားတွေက ၄၀ ရာခိုင်နှုန်း ခန့်ပါဝင်ကာ ပြောင်းကား တွေကို ဦးစား ပေးဖြတ်သန်းစေတယ်လို့ ဆိုပါတယ်။ ပို့ကုန်ကားတွေများလာတာကြောင့် လမ်းတွေ ပိတ်တာတွေ မဖြစ်စေဖို့ ယာဉ်ကြောရှုပ်ထွေးချိန်တွေမှာ အရေးတကြီး မလိုအပ်တဲ့ ယာဉ်တွေကို အချိန်ခွဲခြား…
Read Moreဒုတိယပိုင်းရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနဲ့ ကိုယ်စားလှယ်လောင်းတွေ အမရပူရမှာ မဲဆွယ်စည်းရုံး
အမရပူရ-ဇန်နဝါရီ၅-၂၀၂၆ VOM အမရပူရမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဒေါ်စောမြိုင်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(FPTP) ဦးဇော်အောင်ထက် တို့ဟာ အမရပူရမြို့နယ် မှန်တန်းရပ်ကွက် တိုးချဲ့(၄) ရပ်ကွက်မှာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲလုပ်သလို မဲပေးစနစ်ရှင်းပြတာနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံးဟောပြောတာတွေကို ဒီနေ့ ဇန်နဝါရီ ၅ရက် မွန်းလွဲပိုင်းက လုပ်ခဲ့ပါတယ်။ ဒီမဲဆွယ်ပွဲအပြီးမှာ ပြည်ခိုင်ဖြိုးပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ #voiceofmyanmar #VOM #အမရပူရ #ပြည်ခိုင်ဖြိုး #ဦးသိန်းထွန်းဦး #ဒေါ်စောမြိုင် #ဦးဇော်အောင်ထက်
Read Moreစစ်တွေမြို့အနီးမှာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ
ဇန်နဝါရီ ၅ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ အနီးဝန်းကျင်မှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၊ ရွေးကောက်ပွဲ ကာလကစပြီး စစ်တွေမြို့မှာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပေမယ့် အခု ၂၀၂၆ ခုနှစ်၊ နှစ်စပိုင်းမှာ ပစ်ခတ်သံတွေ ပြန်လည် ကြားလာရတာဖြစ်ပြီး လက်ရှိမှာတော့ မြို့အနီးက အမြင့်ကျွန်းရွာ တံတားထိပ်စခန်း၊ ဝါဘိုစခန်းနဲ့ ကျားမသောက် စခန်းတွေမှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “AA က နေရာ သုံးနေရာကို နေ့ရော၊ ညပါ ဝင်တိုက်နေတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက စစ်တွေ ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်)…
Read More