ဇန်နဝါရီ ၅ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းမြို့ကို ရောက်ရှိနေတဲ့ ကသာမြို့ စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော် အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီဖို့ လုပ်ကိုင်နေသူတွေ ဆီကသိရပါတယ်။ အဓိက အကူအညီ လိုအပ်နေတဲ့ စစ်ရှောင်တွေကတော့ ကသာ မိုးညှင်းမြို့နယ်မှာ အိမ်ခန်းငှား ရမ်းနိုင်ခြင်းမရှိဘဲ ဘုန်းကြီးကျောင်းတွေနဲ့ မိတ်ဆွေအိမ်တွေမှာ စုပေါင်းနေထိုင်ကြရသူတွေဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ရှောင်တွေအတွက် အဝတ်အစား ၊ စောင် ၊ ခြင်ထောင် ၊ အစားအစာ ၊ ဆေးဝါး အကူ အညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ” အရေးပေါ် ထွက်လာရတော့ အကူအညီတွေ လိုအပ်မှု ရှိနေတာပါ ။ အခုလည်း မိုးညှင်းမြို့ခံတွေက လှူနေကြတာတွေလည်း…
Read MoreMonth: January 2026
လူ ၂၀၀ လိုက်ပါတဲ့ စက်လှေ ဂမ်ဘီယာကမ်းလွန်မှာမှောက်လို့ လူဒါဇင်များစွာ ပျောက်ဆုံး
ဘန်ဂျူလ်၊ ဇန်နဝါရီ-၂-၂၀၂၆ ရတီ(VOM) ဂမ်ဘီယာကမ်းရိုးတန်းမှာ ဥရောပကို ရောက်ရှိရန်ကြိုးစားနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည် ၂၀၀ တင်ဆောင်လာတဲ့ လှေတစင်း တိမ်းမှောက်ပြီးနောက် အနည်းဆုံး လူခုနစ်ဦးသေဆုံးကာ အများအပြား ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ သန်းခေါင်ယံမှာ မြောက်ဘက်ကမ်းဒေသရှိ ဂျီနက်ရွာအနီး စက်လှေတိမ်းမှောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ သဲသောင်ပြင်မှာ သောင်တင်နေတာကို တွေ့ရှိခဲ့ကြောင်း ဂမ်ဘီယာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်ထိ လူ ၉၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး စပိန်နိုင်ငံမှ ကနေရီကျွန်းစုသို့ ဦးတည်နေသွားရောက်ခဲ့တဲ့ အဲဒီသင်္ဘောပျက်ပေါ်ရှိ အခြားခရီးသည်တွေအတွက် ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အန္တရာယ်များလှတဲ့ ဒီခရီးလမ်းကြောင်းဟာ ဥရောပကို ရောက်ရှိဖို့ ကြိုးစားနေတဲ့ အာဖရိကရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပိုမိုအသုံးများလာတဲ့ လမ်းကြောင်းတခု ဖြစ်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ လူပေါင်း ၄၇၀၀၀ နီးပါးဟာ ကနေရီကျွန်းစုကို ရောက်ရှိခဲ့ပြီး…
Read Moreဘူးလက် ဦးလှဆွေကို အရေးယူပေးဖို့ တစည ပါတီက UEC ကို တိုင်ကြားထား
ဇန်နဝါရီ ၂ ၊ ၂၀၂၆ GG (VOM) ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဦးလှဆွေ ( ခ) ဘူးလက် လှဆွေကို အရေးယူ ပေးဖို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ဆီကို တိုင်ကြား ထားတယ်လို့ သိရ ပါတယ်။ ဦးလှဆွေက ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် ဝေတဲ့ ဘူးလက်ဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၄) ဘူးလက်မှာတမ်း (၅၁၉) မှာ တစည ပါတီကို မမှန် မကန်ရေးသား ဖော်ပြခဲ့တဲ့ အတွက် UEC အနေနဲ့ လိုအပ်သလို အရေးယူ ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ တစည ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းရီ က ပြောပါတယ်။ ဘူးလက်ဂျာနယ်၊…
Read Moreဝက်လက်၊ ရွှေဘိုနဲ့ ကန့်ဘလူမှာ စစ်ရေး ဆက်လက် တင်းမာနေ
ဇန်နဝါရီ ၂ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ရွှေဘိုနဲ့ ကန့်ဘလူမြို့နယ်တွေမှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေး ဆက်လက် တင်းမာနေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ အစိုးရတပ်ဟာ ဝက်လက်နယ် ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ ဝက်လက်နဲ့ ရွှေဘိုအစပ်တွေမှာ စစ်ကြောင်း သုံးကြောင်းခွဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေ ကြားဖြတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ “ရွှေဘိုနဲ့ ဝက်လက်ကတော့ အစိုးရတပ်ကို ခုခံကာကွယ်နေရတာ လပေါင်းများစွာ ရှိနေပြီပေါ့။ လက်ရှိမှာ အစိုးရတပ်က ရှားကွဲရွာနဲ့ ချောင်းမီးတို ကြားကနေ စစ်ကြောင်းတကြောင်း၊ သစ်ဆိမ့်ကြီးရွာနဲ့ ရှိမ္မကားဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ လေကြောင်းကနေ အင်အားဖြည့်တာတွေလည်း ရှိနေတာဆိုတော့ စစ်ရေးအခြေအနေကတော့…
Read Moreတက်ခေတ်လူငယ်များ အားအင်တောင့်တင်းစေနှင့် အလှုပ်အရွေ့
ဆူးငှက် ရှေးမြန်မာများရဲ့ မြို့တည်ဗိသုကာ စနစ်ကို မျက်ဝါးထင်ထင်မြင်တွေ့လေ့လာနိုင်တာ မန္တလေးတစ် မြို့တည်းပဲ ကျန်တော့တယ်။ မန္တလေးဟာ မြို့စတည်တဲ့ မြန်မာကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှသည် နှစ် ၁ဝဝ ပြည့်တဲ့ ၁၃၂၁ ခုနှစ်အတွင်း မူလပန္နက်မြို့ ပြကွက်များဟာ ထူးထူးခြားခြားပြောင်းလဲမှု မရှိလှ ပါဘူး။ ဒီဘက် နှစ် ၅ဝ၊ နှစ် ၆၀ ကာလများ နှောင်းပိုင်းမှာမှ သိသာထူးခြားစွာ ပြောင်းလဲသွားတာပါ။ တချို့နေရာများဆိုရင် မမှတ်မိနိုင် လောက်အောင်ပါပဲ လို့ ပြောရ မလိုပါပဲ။ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလမှာ မန္တလေးကို အင်္ဂလိပ်တို့ က သိမ်းယူအပြီး ၁၈၈၇ ခုနှစ်မှာ မန္တလေး မြူနီစီပါယ်ကို ဖွဲ့စည်း တယ်။ ဒီ့နောက် မူလမြန်မာဗိသုကာ မြို့ပြအကွက်အကွင်း များမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ ထူးထူး ခြားခြားတော့ မဟုတ်ပါဘူး။…
Read Moreသန်လျင်မှာ အမျိုးသမီးတယောက် ဆွဲကြိုးလုယက်ခံရပြီး မျက်နှာ ဓားနဲ့အလှီးခံရ
ဒီဇင်ဘာ ၃၁ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်၊ မနက်ပိုင်းက အမျိုးသမီးတယောက် ဆွဲကြိုးလုယက်ခံရပြီး မျက်နှာကို ဓားနဲ့အလှီးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ သန်လျင်၊ အောင်မင်္ဂလာရပ်ကွက်မှာ ဒီကနေ့ မနက် ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး အိမ်ရှေ့မှာ တံမြက်စည်း လှဲနေတဲ့ချိန် ဆွဲကြိုး လုယက်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဆွဲကြိုး အလုခံရတဲ့အချိန် အဲဒီအမျိုးသမီးက အော်လိုက်တော့ ဓားနဲ့လှီးသွားတာ။ ဒဏ်ရာက သုံးချက်ရှိတယ်။ မျက်နှာမှာ နှုတ်ခမ်းကြီးကွဲနေတာ တခုရှိတယ်၊ မေးစေ့မှာ တခုရှိတယ်၊ ခေါင်းမှာ တခုရှိတယ်။ လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သန်လျင်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒီဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို…
Read Moreမိတ္ထီလာမြို့နယ်မှာ စစ်မှုထမ်းကြေး တောင်းခံခဲ့တဲ့ ရပ်ကျေး ရာအိမ်မှူး နှစ်ယောက်ကို ထောင် ၁ နှစ် ချမှတ်
ဒီဇင်ဘာ ၃၁ ၊ ၂၀၂၅ CC ( VOM ) မန္တလေးတိုင်း ၊ မိတ္ထီလာ မြို့နယ် မှာ စစ်မှုထမ်းကြေး ကောက်ခဲ့တဲ့ ဥယာဉ်ကျေးရွာရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး နှစ်ယောက်ကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မိတ္ထီလာမြို့နယ် တရားရုံးက ထောင်ဒဏ် တနှစ်စီ ကျခံဖို့ အမိန့် ချမှတ် လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ရာအိမ်မှူး နှစ်ယောက်မှာ ဦးမြတ်မင်းသူ နဲ့ ဦးဇော်ထူး ဆိုသူတို့ ဖြစ်ကြောင်း ၊ ကျေးရွာအတွင်း နေထိုင်သူတွေ ဆီကနေ စစ်မှုထမ်း တဲ့အထဲ မပါရေး နဲ့ လူစားထိုး စစ်မှုထမ်းသူကို ပေးဖို့အတွက် ဆိုပြီး စစ်မှုထမ်းကြေးအဖြစ် ငွေ ကြေးကောက်ခံ နေတာကို တာဝန်ရှိသူတွေက စုံစမ်း စစ်ဆေး တွေ့ရှိရတဲ့ အတွက်…
Read Moreကသာ ကနေ တိမ်းရှောင်လာသူတွေတချို့ လမ်းမှာပိတ်မိ ၊ စစ်ကိုင်း – ကချင် နယ်စပ်တကြော အသွားအလာ ပိုခက်ခဲလာဖို့ရှိ
ဒီဇင်ဘာလ ၃၁၊ ၂၀၂၅ Sh V (VOM) ကသာ ကနေ တိမ်းရှောင်လာသူတွေတချို့ လမ်းမှာ ပိတ်မိနေပြီး စစ်ကိုင်း – ကချင် နယ်စပ်တကြော အသွားအလာ ပိုခက်ခဲလာဖို့ရှိနေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “မြို့ထဲမှာ ရှိနေသးတဲ့ သူတွေလည်း ရှိတယ်။ ထွက်လာတဲ့ လူတွေလည်း ဒီနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ထပ်ထွက်လာတာရှိတယ်။ ၈ မိုင်မှာ ပြန်ပိတ်တာ။ လမ်းမှာ ပြန်ပိတ်မိနေတာ” လို့ ကသာ ဒေသခံ မိန်းကလေး တယောက်က ပြောပါတယ်။ ကသာမြို့ထဲမှာတော့ တယ်လီနော ဖုန်းလိုင်းပဲ ရတာ ဖြစ်ပြီး MPT လိုင်း မရတာတော့ ကြာပြီဖြစ်ကာ လမ်းမှာ ပိတ်မိနေတဲ့မိသားစုဝင်တွေကို အဆက်အသွယ်တွေလည်း မရ ဖြစ်နေပြီး တခြား အခြေအနေ ဘာမှတော့…
Read Moreငါန်းဇွန်မှာ ပြည်ခိုင်ဖြိုးပါတီဝင် မိသားစုလိုက် အသတ်ခံရ
ဒီဇင်ဘာ ၃၁ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ စီတောင်းကျေးရွာက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ကျေးရွာ စည်းရုံးရေးမှူး နဲ့ သူ့ရဲ့ မိသားစုဝင် နှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တခုက သတ်ဖြတ် သွားတယ်လို့ သိရပါတယ် ။ အသတ်ခံရ သူတွေက USDP ပါတီရဲ့ စည်းရုံးရေးမှူး ဖြစ်သူ ဦးဝင်းသိန်း ၊သမီးဖြစ်သူ ဒေါ်ဇာနည်သိန်း နဲ့ ယောကျ်ား ဖြစ်သူ ဦးကျော်ထက်အောင် ဆိုသူ တို့ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ၊ ညပိုင်း နေအိမ်မှာ မိသားစုလိုက် အတူရှိနေစဥ် လက်နက်ကိုင် အဖွဲ့က ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး သတ်ဖြတ် သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ”…
Read Moreဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ထိုင်းအစိုးရ ပြန်လွှတ်
ဘန်ကောက်၊ ဒီဇင်ဘာ-၃၁-၂၀၂၅ မျိုးဆက်(VOM) စနေနေ့မှာ နှစ်နိုင်ငံ သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးရဲ့ တစိတ်တပိုင်းအဖြစ် ဇူလိုင်လမှာ နယ်စပ်ပဋိပက္ခတွေအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ထိုင်းနိုင်ငံက ပြန်လွှတ်ပေးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းရဲ့ စိုးရိမ်မှုတွေကြောင့် ပြန်လွှတ်ပေးရေးကို တရက် ရွှေ့ဆိုင်းခဲ့ပေမယ့်လည်း သဘောတူညီချက် တည်တံ့စေဖို့ တရုတ်နိုင်ငံက သံတမန်ရေးဖိအားပေးမှု အဆက်မပြတ်ပြုလုပ်ပြီးနောက်မှာ ပြန်လွှတ်ပေးခဲ့တာပါ။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်မှာ တင်းမာမှုတွေ မြင့်တက်လာပြီး ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့တဲ့ ပဋိပက္ခအတွင်း နှစ်နိုင်ငံစလုံးမှ လူတသန်းနီးပါး နေရပ်စွန့်ခွာခဲ့ရပါတယ်။ စနေနေ့ သဘောတူညီချက်မှာတော့ နှစ်ဖက်စလုံးက သူတို့ လက်ရှိရှိနေတဲ့ ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲတွေကို ရပ်တန့်ဖို့ ၊ အင်အားဖြည့်တင်းမှုတွေ မလုပ်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို အမြန်ဆုံးပြန်လာခွင့်ပြုဖို့ သဘောတူညီခဲ့ကြပါတယ်။ အရပ်ဘက်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ကမ္ဘောဒီးယားစစ်သား…
Read More