ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်တွေဘဝ

AT ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် နစက ပေါ်ပေါက်လာပြီးတဲ့နောက် NLD ပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပါတီခေါင်းဆောင်ကိုယ်တိုင်ပြောကြားချက်ဆိုပြီး ဝန်ထမ်းတွေ Civil Disobedience Movementမှာ ပါဝင်သင့်ကြောင်း သတင်းဌာနတွေကို ပြောကြားပြီးနောက် ၃ရက်အကြာမှာ သူလည်း ဖမ်းဆီးခံလိုက်ရပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကလည်း “အရေးအကြီးဆုံးက တကယ်ကတော့ CDM နော်။ ဝန်ထမ်းတွေ အလုပ်မဆင်းရေးပဲ။ ဒီရက်သတ္တပတ်က အရေးအကြီးဆုံးပဲ။ ဒါ အဆုံးအဖြတ်ပေးမှာ” လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။ အဲ့ဒီလို ပြောခဲ့ပေမယ့် CDM လှုပ်ရှားမှု ၄ နှစ်ကျော်ကာလကို ရောက်လာချိန်အထိ အဆုံးအဖြတ် ကို မရောက်သေးတဲ့အပြင် ဝန်ထမ်းတွေရဲ့ ဘဝတွေ ကျီးလန့်စာစား အခြေအနေကို ရောက်နေတာ တွေ့ရပါတယ်။ CDM…

Read More

မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ပြီး ဆိုင်ကယ်လုယူမှုဖြစ်

မန္တလေး၊ ဖေဖော်ဝါရီ – ၂- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၄ လမ်း ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာ ရေခဲမုန့်ဆိုင်သိမ်းပြီး ပြန်ဖို့ပြင်ဆင်နေတဲ့ အမျိုးသမီးရဲ့ ကလစ်ဆိုင်ကယ်ကို လုယက်သူ အမျိုးသားနှစ်ဦးက လုယူရင်းနဲ့ ပစ္စတိုသေနတ် နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဥ်မှာ အသက် ၂၂ အရွယ် မဟန်ထက်စိုးစံဟာ မနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ၈ နာရီ မိနစ် ၂၀ အချိန်မှာ ဆိုင်သိမ်းပြီး နေအိမ်ကို ပြန်ဖို့ပြုလုပ်နေချိန် လုယက်သူ အမျိုးသားနှစ်ယောက် ရောက်လာပြီးတော့ မဟန်ထက်စိုးစံရဲ့ ဆိုင်ကယ်ကို လုယက်ဖို့ကြိုးစားချိန် မဟန်ထက်စိုးစံက ဆိုင်ကယ်ကို ပြန်လုချိန်မှာ လုယက်သူထဲက တယောက်က ပစ္စတိုသေနတ်(စိစစ်ဆဲ) နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုကြောင့် လုယက်သူတွေဆီ ဆိုင်ကယ်ပါမသွားပေမယ့်…

Read More

လားရှိုးက ရွှေလုပ်ငန်းအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာခန့် ပါသွား

ဖေဖော်ဝါရီ ၂၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၄ အတွင်းရှိ ရွှေလုပ်ငန်းလုပ်တဲ့အိမ်တအိမ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်က ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာ နဲ့ ငွေသားတွေ ပါသွားတယ်လို့ ဒေသခံတွေက VOM ကို ပြောပါတယ်။ “ဖုန်းတွေပါသွားတယ်။ ရွှေတွေဝောာ့ ၅ ပိဿာလောက် ပါသွားတယ်။ ငွေသားက ဘယ်လောက်ပါသွားလဲ မသိဘူး” လို့ ရွှေလုပ်ငန်းအိမ်နဲ့ နီးစပ်သူက ပြောပါတယ်။ အဆိုပါ ဓားပြတိုက်မှုဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်မှာ ဖြစ်ပွားခဲ့ပြီး ကား ၃ စီးနဲ့ လူ ၇ ဦးက သေနတ်တွေကိုင်ဆောင်ကာ ဝင်ရောက်ဓားပြတိုက်ခဲ့တာ ဖြစ်တယ်လို့ သူက…

Read More

ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး အ.ထ.က ကျောင်းပေါ် လက်နက်ကြီးကျလို့ ကျောင်းသားနှစ်ယောက်ဒဏ်ရာရပြီး​နောက် ဖားကန့်ဆိမ့်မူလမ်းပိတ်ထား

ဖေဖော်ဝါရီ ၂ ၊ ၂၀၂၆ GG (VOM) ဖားကန့်မြို့နယ်မှာ တကျော့ပြန် တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မနက်ပိုင်းက ဖားကန့်မြို့ပေါ်ရှိ အ.ထ.က ကျောင်းပေါ်ကို လက်နက်ကြီး ကျရောက်ခဲ့လို့ ကျောင်းသားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ” ကံကောင်းတယ်ပြောရမယ် ။လက်နက်ကြီးကျတဲ့ KG အဆောင်က ပိတ်ထားလို့ ကလေးတွေ သက်သာတာ ။ အခုထိတဲ့ ကလေးနှစ်ယောက်က အဆောင်ဘေးဖြတ်သွားချိန် ထိသွားတာလို့ သိရတယ်။ ယောကျ်ားလေး တယောက် ၊မိန်းကလေး တယောက်ပါ ။ ကလေးတွေ ခေါင်းထိတယ် ။ခြေထောက် ထိတယ်။ ဆေးကုသမှုပေးနေတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ အဆိုပါ လက်နက်ကြီး ကျရောက်ခဲ့တဲ့ ကျောင်းအနီးမှာ အစိုးရတပ်စခန်းဖြစ်တဲ့ တပ်မကုန်းနဲ့ ရဲစခန်းရှိကြောင်း သိရပါတယ်။ ” ကျောင်းထဲကျတဲ့…

Read More

တရက် ၄ နာရီ မီးပြန်ပျက်မယ့် စနစ်ကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေ မြင့်တက်

ဖေဖော်ဝါရီ ၄ – ၂၀၂၆ SS (VOM) လက်ရှိ ရန်ကုန်မြို့မှာ တရက် ၄ နာရီ အလှည့်ကျ မီးပြန်ပျက်မယ့် စနစ်ကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေ မြင့်တက်လျက်ရှိ​နေပါတယ်။ ရန်ကုန်တိုင်းမှာ ၅၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ရည် (LNG) ဓာတ်အားပေးစက်ရုံ တရုံကို တည်ဆောက် ပြီးစီးပြီဖြစ်တာကြောင့် အချိန်ပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မှာ ဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဓာတ်အားစနစ်အတွင်း ဖြည့်တင်းပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း…

Read More

သူတို့အိမ် အခန်း – ၄၇

  ဆူးငှက်   ငယ်ငယ်ရွယ်စဉ်မှာ ရှက်စရာ ———————————- လူပျိုပေါက်အရွယ် ၉တန်းကျောင်းသားအဖို့ ဆန့်ကျင်ဘက် လိင်အပေါ် စိတ်ကစားမှုက သေချာပေါက် ဖြစ်ကြသည်။ ကျွန်တော် ထားထားကို မြင်သည်နှင့် ထပ်မြင်ချင်တာ၊ သူ့ကို တွေ့ချင်တာ၊ သူနဲ့ စကားပြောချင်တာ၊ သူ့အနား ထိုင်နေချင်တာ စသည့် ဆန္ဒများသည် တဏှာပေမနှင့် မဆိုင်။ ရှင်းရှင်း ပြောရလျှင် သူ့ကိုယ်ခန္ဓာကိုပင် စေ့စေ့မကြည့်ခဲ့။ တောင်တောင်အီအီ စိတ်ကူးမယဉ် မစဉ်းစားခဲ့။ ထိုဖြစ်စဉ်သည် ပထမဦးဆုံး လူပျိုစိတ်၏ တံခါးအပွင့် ဖြစ်လိမ့်မည်။ အစွန်းမထင်းသေးသော စိတ်မှာ ပထမဆုံး မထင်မှတ်ဘဲ ဖျပ်ခနဲ ထင်ဟပ်သည့် ပုံရိပ်ဖြစ်သည်။ ထိုပုံရိပ်က အလင်းအား ဖျော့ဖျော့ပေမယ့် အဖြူစွတ်စွတ်ပေါ်မို့ ထင်ဟပ်မှုက သိသာသည်။ ပြောကြစို့ဆိုလျှင် ထားထား၏ အပျိုပေါက် မျက်နှာနုနုလေးကို အခုထိ မှတ်မိနေသည်။ သို့သော် ပြောခဲ့သလိုပင်…

Read More
✕
VOM News

FREE
VIEW