ဖေဖော်ဝါရီ ၂၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၄ အတွင်းရှိ ရွှေလုပ်ငန်းလုပ်တဲ့အိမ်တအိမ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်က ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာ နဲ့ ငွေသားတွေ ပါသွားတယ်လို့ ဒေသခံတွေက VOM ကို ပြောပါတယ်။ “ဖုန်းတွေပါသွားတယ်။ ရွှေတွေဝောာ့ ၅ ပိဿာလောက် ပါသွားတယ်။ ငွေသားက ဘယ်လောက်ပါသွားလဲ မသိဘူး” လို့ ရွှေလုပ်ငန်းအိမ်နဲ့ နီးစပ်သူက ပြောပါတယ်။ အဆိုပါ ဓားပြတိုက်မှုဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်မှာ ဖြစ်ပွားခဲ့ပြီး ကား ၃ စီးနဲ့ လူ ၇ ဦးက သေနတ်တွေကိုင်ဆောင်ကာ ဝင်ရောက်ဓားပြတိုက်ခဲ့တာ ဖြစ်တယ်လို့ သူက…
Read MoreMonth: February 2026
ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး အ.ထ.က ကျောင်းပေါ် လက်နက်ကြီးကျလို့ ကျောင်းသားနှစ်ယောက်ဒဏ်ရာရပြီးနောက် ဖားကန့်ဆိမ့်မူလမ်းပိတ်ထား
ဖေဖော်ဝါရီ ၂ ၊ ၂၀၂၆ GG (VOM) ဖားကန့်မြို့နယ်မှာ တကျော့ပြန် တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မနက်ပိုင်းက ဖားကန့်မြို့ပေါ်ရှိ အ.ထ.က ကျောင်းပေါ်ကို လက်နက်ကြီး ကျရောက်ခဲ့လို့ ကျောင်းသားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ” ကံကောင်းတယ်ပြောရမယ် ။လက်နက်ကြီးကျတဲ့ KG အဆောင်က ပိတ်ထားလို့ ကလေးတွေ သက်သာတာ ။ အခုထိတဲ့ ကလေးနှစ်ယောက်က အဆောင်ဘေးဖြတ်သွားချိန် ထိသွားတာလို့ သိရတယ်။ ယောကျ်ားလေး တယောက် ၊မိန်းကလေး တယောက်ပါ ။ ကလေးတွေ ခေါင်းထိတယ် ။ခြေထောက် ထိတယ်။ ဆေးကုသမှုပေးနေတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ အဆိုပါ လက်နက်ကြီး ကျရောက်ခဲ့တဲ့ ကျောင်းအနီးမှာ အစိုးရတပ်စခန်းဖြစ်တဲ့ တပ်မကုန်းနဲ့ ရဲစခန်းရှိကြောင်း သိရပါတယ်။ ” ကျောင်းထဲကျတဲ့…
Read Moreတရက် ၄ နာရီ မီးပြန်ပျက်မယ့် စနစ်ကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေ မြင့်တက်
ဖေဖော်ဝါရီ ၄ – ၂၀၂၆ SS (VOM) လက်ရှိ ရန်ကုန်မြို့မှာ တရက် ၄ နာရီ အလှည့်ကျ မီးပြန်ပျက်မယ့် စနစ်ကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေ မြင့်တက်လျက်ရှိနေပါတယ်။ ရန်ကုန်တိုင်းမှာ ၅၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ရည် (LNG) ဓာတ်အားပေးစက်ရုံ တရုံကို တည်ဆောက် ပြီးစီးပြီဖြစ်တာကြောင့် အချိန်ပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မှာ ဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဓာတ်အားစနစ်အတွင်း ဖြည့်တင်းပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း…
Read Moreသူတို့အိမ် အခန်း – ၄၇
ဆူးငှက် ငယ်ငယ်ရွယ်စဉ်မှာ ရှက်စရာ ———————————- လူပျိုပေါက်အရွယ် ၉တန်းကျောင်းသားအဖို့ ဆန့်ကျင်ဘက် လိင်အပေါ် စိတ်ကစားမှုက သေချာပေါက် ဖြစ်ကြသည်။ ကျွန်တော် ထားထားကို မြင်သည်နှင့် ထပ်မြင်ချင်တာ၊ သူ့ကို တွေ့ချင်တာ၊ သူနဲ့ စကားပြောချင်တာ၊ သူ့အနား ထိုင်နေချင်တာ စသည့် ဆန္ဒများသည် တဏှာပေမနှင့် မဆိုင်။ ရှင်းရှင်း ပြောရလျှင် သူ့ကိုယ်ခန္ဓာကိုပင် စေ့စေ့မကြည့်ခဲ့။ တောင်တောင်အီအီ စိတ်ကူးမယဉ် မစဉ်းစားခဲ့။ ထိုဖြစ်စဉ်သည် ပထမဦးဆုံး လူပျိုစိတ်၏ တံခါးအပွင့် ဖြစ်လိမ့်မည်။ အစွန်းမထင်းသေးသော စိတ်မှာ ပထမဆုံး မထင်မှတ်ဘဲ ဖျပ်ခနဲ ထင်ဟပ်သည့် ပုံရိပ်ဖြစ်သည်။ ထိုပုံရိပ်က အလင်းအား ဖျော့ဖျော့ပေမယ့် အဖြူစွတ်စွတ်ပေါ်မို့ ထင်ဟပ်မှုက သိသာသည်။ ပြောကြစို့ဆိုလျှင် ထားထား၏ အပျိုပေါက် မျက်နှာနုနုလေးကို အခုထိ မှတ်မိနေသည်။ သို့သော် ပြောခဲ့သလိုပင်…
Read Moreနေပြည်တော် ကျွန်းကုန်းရွာက ညီညွတ်ရေး ထမနဲထိုးပွဲ
နေပြည်တော်၊ ဖေဖော်ဝါရီ- ၁ -၂၀၂၆ KKL(VOM) နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းအုပ်စု၊ ကျွန်းကုန်းရွာမှာ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထမနဲထိုးပြိုင်ပွဲဟာ သူတို့ရွာရဲ့ ပထမဆုံးအကြိမ် ဖြစ်ပြီးတော့ ရွာသူရွာသားတွေစည်းလုံးညီညွတ်ဖို့ကို ရည်ရွယ်တယ်လို့ ကျေးရွာ ဥက္ကဋ္ဌကပြောပါတယ်။ အဲ့ဒီထမနဲထိုးပြိုင်ပွဲကို ကျွန်းကုန်းရွာတွဲဖက် အ – လ – က ကျောင်းသား ကျောင်းသူတွေက ဝင်ရောက်ပြိုင် ခဲ့ကြတာပါ။ “ကျွန်မတို့ရွာမှာ ဒီလိုပြိုင်ပွဲမျိုး တခါမှမလုပ်ဘူး တစ်ခါမှမပြိုင်ဖူးဘူး ကျွန်မရဲ့ကျောင်းသားတွေနဲ့ ရွာသူရွာသားတွေ တက်တက်ကြွကြွ လုပ်ကိုင်နေတာတွေ့တော့ ကျွန်မပျော်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ပြိုင်ပွဲကို အချိန် တနာရီသတ်မှတ်ပေးတဲ့အကြောင်းနဲ့ ပြိုင်ပွဲစည်းကမ်းတွေကို ရွာစည်ပင်ရေးလုပ်ငန်း ရပ်မိရပ်ဖလည်းဖြစ်တဲ့ဦးအေးလွင်ကရှင်လင်းပြီတော့ ပြိုင်ပွဲစတင်ပြီး ဆုရ အသင်းတွေကို ကျေးရွာတာဝန်ရှိသူတွေက ဆုချီးမြှင်ခဲ့ကြပါတယ်။ #voiceofmyanmar #vom #လယ်ဝေး #ထမနဲထိုးပွဲ #ထမနဲ
Read Moreရန်ကုန်၊ မန္တလေး၊နေပြည်တော်၊ ပဲခူးက စက်မှုဇုန်တွေကို ၂၄ နာရီ မီးပေးပြီး မီတာခကို တယူနစ် ၉၀၀ ကျပ်ကောက်ခံမယ်
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်းက စက်မှုဇုန်တွေ အပြင် မန္တလေးတိုင်း၊နေပြည်တော် နဲ့ ပဲခူးက စက်မှုဇုန်အတွင်းရှိ စက်ရုံ အလုပ်ရုံတွေကို LNG ဓာတ်ငွေ့စက်ရုံကနေ ၂၄ နာရီ လျှပ်စစ်မီးဖြန်ဖြူးပေးပြီး မီတာခကို တယူနစ် ၉၀၀ ကျပ်နူန်း သတ်မှတ်ပြောင်းလဲ ကောက်ခံသွားမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ယခု ဖေဖော်ဝါရီလထဲမှာပဲ မီတာခနူန်းထားသစ်ကို တိုးမြင့်ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” မီတာခ ညှိနေကြတာ အခုတော့ ၉၀၀ ပေးမှ အဆင်ပြေမယ် ဖြစ်သွားပါတယ်။ စက်မှုဇုန်ကိုတော့ ၂၄ နာရီ မီးဖြစ်စေရမယ် ပြောတယ်။ ပြည်သူတွေကိုတော့ မတက်ဖို့ ၊ အခုနူန်းနဲ့ပဲ ကောက်ဖို့ တင်ပြခဲ့တယ်။ ဒီနေ့စကောက်မှာလားဆိုတော့ မဟုတ်ဘူး ။အရင်သုံးထားတဲ့ ယူနစ်တွေကို စက်ရုံတရုံချင်းစီကို YESC ၊…
Read Moreပုလော ရှပ်ပုံစံပြရွာမှာ မီးလောင်မှုကြောင့် အိမ် ၄၅ အိမ်ထက်မနည်း မီးထဲပါသွား
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆ CC (VOM) တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်၊ ရှပ်ပုံစံပြရွာမှာ ဇန်နဝါရီ ၃၁ ရက်နေ့ ၊ နေလယ်ပိုင်းကနေ ညအထိ လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် နေအိမ် ၄၅ အိမ်ထက်မနည်း မီးလောင် ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရှပ်ပုံရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ကျေးရွာဒေသခံတချို့က စစ်ရှောင်နေရချိန်မှာ နေအိမ်တွေ မီးလောင်ခဲ့ရတာ ဖြစ်ကြောင်း ၊ မီးလောင်မှုကို မီးသတ်ဌာနမှ လာရောက်ငြိမ်းသတ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် ရွာဒေသခံတွေသာ စုပေါင်း မီးငြိမ်းခဲ့ရပြီး မီးလောင်ချိန်ကြာမြင့်ကာ မီးကူးစက်မှု များတဲ့အတွက် အိမ်ခြေအများအပြား မီးလောင်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” အိမ်ခြေ ၄၅ မီးလောင်ရှိတယ်။ ဖျက်ခံရတဲ့အိမ်လည်း ပါတယ်။မီးက ည၁၂ နာရီအထိ လောင်ခဲ့တယ်။ ရွာမှာ အရင်ရက်တွေက…
Read Moreပုသိမ်ကြီးမြို့နယ်က မြေယာကိစ္စတွေ ရောင်းမှား ဝယ်မှားမဖြစ်အောင် သတိထားဖို့လို
မန္တလေး၊ ဖေဖော်ဝါရီ- ၁- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းချ နေတာတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေက အရေးယူ ဆောင်ရွက်တာမျိုးတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ရောင်းမှားဝယ်မှား မဖြစ်ကြရအောင် သတိထားဖို့လိုတယ်လို့ ပုသိမ်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန ကနေ သိရပါတယ်။ လက်ရှိမှာ ပုသိမ်ကြီးမြို့နယ်ဟာ မြေယာအရှုပ်အရှင်း ပြဿနာအများဆုံးရှိတဲ့ မြို့နယ်တခုဖြစ်ပြီး ခိုင်မာမှုမရှိတဲ့ လယ်ယာမြေတွေပေါ်မှာ အကွက်ချပြီး ရောင်းချမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအနေနဲ့ သက်ဆိုင်ရာကနေ တဆင့် စိစစ်ပြီးတော့မှ ဝယ်ယူဖို့ လိုအပ်ပါတယ်။ “ပြည်သူတွေ အနေနဲ့ မြေဝယ်မယ်ဆိုရင် မြေအခိုင်အမာရှိတဲ့ ဂရန်ရပြီးသား အကွက်နဲ့ ရွာမြေ တချို့ဂရန် မရသေးသော်လည်း ကျေးရွာအတွင်းက ရွာမြေဖြစ်နေတဲ့ ဟာမျိုးတွေပေါ့ အဲ့ဒါတွေကိုပဲ ဝယ်သင့်တယ်၊ တကယ်လို့ လယ်ယာမြေဝယ်မယ်ဆိုရင်လည်း ပုံစံ…
Read MoreCDM တွေကို အမည်မည်းစာရင်း ကနေ ပယ်ဖျက်ပေးမှာဖြစ်လို့ ဆက်သွယ်လာဖို့ အစိုးရ ထပ်မံအသိပေး
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၆ CC (VOM) လုပ်ငန်းခွင်ကိုစွန့်ပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းတွေကို ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း Black Lists ကနေပယ်ဖျယ်ပေးမှာဖြစ်လို့ တာဝန်ထမ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာဌာနကို သတင်းပေးပို့ ဆက်သွယ်ကြဖို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထပ်မံ အသိပေးထားပါတယ်။ ဒါကြောင့် CDM လုပ်သွားတဲ့ ဝန်ထမ်းတွေအနေနဲ့ ရောက်ရှိနေတဲ့ နေရာမှာ ယခင်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ ရုံးတွေကို လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး နဲ့ ကောင်စစ် ဝန်ချုပ်ရုံးတွေကို ဖြစ်စေ ပြန်လည်သတင်းပေးပို့ ဆက်သွယ်ကြဖို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလို ဆက်သွယ်လာသူတွေကိုမှ စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိတဲ့…
Read Moreနေပြည်တော်မှာ အိမ်ခြံမြေ အရောင်းအဝယ်သွက်နေပြီး ဧရာဝတီလမ်းဘေးဆို သိန်းခြောက်သောင်းထိ အရောင်းဝယ်ဖြစ်နေ
ဖေဖော်ဝါရီ ၁-၂၀၂၆ KKL(VOM) နေပြည်တော်မှာ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့နေရာမရှိဘူးလို့ ဆိုတဲ့အပြင် ဧရာဝတီလမ်းမပေါ်မှာဆိုရင် ကျပ်သိန်းပေါင်းခြောက်သောင်းကျော်က စျေးမြင့်တယ်ဆိုပေမယ့် အရောင်းဝယ်ဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ အခြေအနေမှာရောင်းသူတောင် မရှိတဲ့အကြောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အိမ်ခြံမြေရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌဦးစောဝေနှင်းက ပြောပါတယ်။ “ကျွန်တော်တို့ ဧရာဝတီလမ်းပေါ်မှာဆိုလည်း သိန်းပေါင်းခြောက်သောင်းကျော်တယ် ဒါတောင်စျေးကြီးတဲ့အထဲမှာပါတာပဲလေ အခုဆို ဧရာဝတီလမ်းပေါ်မှာဆို ရောင်းမယ့်သူတောင်မရှိဘူး ပုဗ္ဗလည်းဖြစ်တာပဲ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့နေရာမရှိဘူး သူ့နေရာနဲ့သူ မူတည်ပြီး နေ့တိုင်း daily ဖြစ်တယ်”လို့ ဇမ္ဗူ အိမ်ခြံမြေအသင်း ဥက္ကဋ္ဌဦးစောနှင်းဝေက ပြောခဲ့တာပါ။ လက်ရှိနေပြည်တော် အိမ်ခြံမြေက အရောင်းအဝယ်နှေးတာမြန်တာတို့ရှိနေပေမယ့် နေရာဒေသနဲ့ စျေးနှုန်းအပေါ်မူတည်တယ်လို့ဆိုပါတယ်၊ ဇမ္ဗူသီရိဆိုရင် အနည်းဆုံး သိန်းတသောင်းဝန်းကျင်နဲ့ တသောင်းအထက်မှာရှိပြီးတော့ အနည်းအကျဥ်းကတော့အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့၂၀၂၅ ၁၂ လပိုင်းမကုန်ခင်က ရွှေစျေး သိန်း ၁၀၀ အထက်ဖြစ်ခဲ့တဲ့နောက်ပိုင်း မြေစျေးတွေက ပိုပြီး တဟုန်ထိုးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်းသိရပြီးတော့ ပုဗ္ဗသီရိဖက်မှာဆို…
Read More