နိုင်ငံကူးလက်မှတ်ကို E-Passport စနစ် ပြောင်းလဲနိုင်ရေး စီစဉ်နေ

ဖေဖော်ဝါရီ ၁၄ – ၂၀၂၆ SN (VOM) နိုင်ငံကူးလက်မှတ်ကို Digital Passport / E-Passport တွေအဖြစ် လုံခြုံရေး အဆင့်မြှင့်တင် ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ လက်ရှိ ထုတ်ပေးနေတဲ့ နိုင်ငံကူးလက်မှတ်တွေဟာ စက်နဲ့ဖတ်ရှုနိုင်တဲ့ Machine – Readable Passport (MRP) အဆင့်သာဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် (UV) အမှတ်အသားတွေနဲ့ ဟိုလိုဂရမ် (Hologram) လုံခြုံရေးစနစ်တွေကိုသာ အသုံးပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီစနစ်အပေါ် အတုအပ ပြုလုပ်မှုတွေ ကာကွယ်နိုင်ဖို့နဲ့ လုံခြုံရေးအဆင့် မြှင့်တင်ဖို့ လိုအပ်လာတာကြောင့် E – Passport စနစ်ကို ပြောင်းလဲဖို့ စီစဉ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “E-Passport ဆိုတာက မှတ်ပုံတင်ကနေ စမတ်ကတ်ကို ပြောင်းလိုက်သလိုပါပဲ။ Passport စာအုပ်ထဲမှာ…

Read More

မရမ်းကုန်းမှာ အိမ်မီးလောင်ပြီး အသက်ကြီးပိုင်း ညီအစ်မနှစ်​​ယောက် သေဆုံး

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောက်ဗဟိုလမ်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက နေအိမ်တအိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မနက်အစော ၃ နာရီ ၃၇ မိနစ် လောက်မှာ စတိုးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ မီးလောင်မှုအတွင်းမှာ အဆိုပါ နေအိမ်ပိုင်ရှင်တွေဖြစ်တဲ့ အသက်ကြီးပိုင်း ညီအစ်မနှစ်ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။ ” အိမ်နဲ့ဆိုင် တွဲထားတဲ့အိမ်ပါ ။ အမျိုးသမီးနှစ်ယောက်က အထဲမှာပဲဆုံးနေတာ ။ သူတို့က အသက်တွေကြီးနေပါပြီ ၆၀ ကျော်လောက်တွေလို့ သိရတယ်။ မီးလောင်တာက အိမ်အပေါ်ထပ်ကနေ စလောင်တယ်လို့ပဲ ပြောကြတယ်။ ဘယ်ကဘယ်လို ဖြစ်လဲဆိုတာတော့ အတိကျမသိရသေးဘူး ။ ”…

Read More

အစိုးရတပ်ရဲ့ နယ်​မြေရှင်းလင်း​ရေးစစ်ကြောင်းကြောင့် မွန်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၆ SS (VOM) မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေအတွင်း တိုက်ပွဲ ဖြစ်ပွားနေသလို မော်လမြိုင်၊ မုဒုံနဲ့ ရေးမြို့နယ်တို့မှာလည်း စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ကျိုက်ထိုမြို့နယ်မှာ အစိုးရတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကာ အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံ တသောင်းကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ “တရွာပြီး တရွာကို စစ်ကြောင်း ဝင်လာနေတာဆိုတော့ တိုက်ပွဲတွေကတော့ ဆက်တိုက်ပဲ။ နောက်ပိုင်း ပိုပြီး ပြင်းထန်လာနိုင်ခြေ ရှိတယ်။ လူထိခိုက် သေဆုံးတာတွေလည်း…

Read More

စက်ရုံက စျေးပေးနည်းလို့ ကသာခရိုင်ထဲက ကြံတောင်သူတွေ သိန်းထောင်နဲ့ချီ အရှုံးပေါ်မယ့် အခြေအနေ ရင်ဆိုင်နေရ

ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင်ထဲက သကြားစက်ရုံတွေပေးတဲ့ စက်ရုံအရောက် ကြံတတန်စျေးဟာ နည်းတဲ့အတွက် ကြံတောင်သူတွေ သိန်းထောင်ချီ အရှုံးပေါ်မယ့် အခြေအနေကို ရင်ဆိုင်နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ သကြားစက်ရုံ ၊ ဝန်ကြီးဌာန ၊ ကြံနဲ့သကြား အသင်းအပါအဝင် ကြံတောင်သူတွေ စုပေါင်း ညှိနိူင်းမှုအရ စက်ရုံက ကြံတတန်ကို စက်ရုံအရောက်စျေးအဖြစ် ၁၁၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၅၀၀၀ ကျပ်နဲ ဝယ်ယူဖို့ သဘောတူညီ သတ်မှတ်လိုက်ပြီး ယခု ဖေဖော်ဝါရီလထဲမှာပင် စက်ရုံတွေ လည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကြံတောင်သူတွေအနေနဲ့ ကြံသယ်ကားခ ( မိုင်အနီးအဝေး ) ၁၅၀၀၀ မှ ၅၄၀၀၀ ကျပ်ဝန်းကျင် ၊ ကြံခုတ်ခ ၂၀၀၀၀ ကျပ် ၊…

Read More

ဖားကန့် ကုဋေမှော်မှာ မြေစာပုံပြိုကျလို့ လူ ၂၀ ဝန်းကျင် သေဆုံးနိုင်

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Sh V (VOM) ကချင်ပြည်နယ်၊ ဖားကန့် ကုဋေမှော် အဲဗားမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီကျော်ခန့်က မြေစာပုံပြိုကျလို့ လူတချို့ ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည ကိုးနာရီခွဲခန့်က ကုဋေမှော်မှာ မြေစာပုံပြတ်ကျပြီး လူတော်တော်များများ မြေစာပြိုတဲ့နောက်ပါသွားပါတယ်။ အနည်းဆုံး လူ၂၀ခန့် သေဆုံးတယ်လို့သိရတယ်။” လို့ ကယ်ဆယ်ရေးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီ ၁၅ မိနစ်၊ ၉ နာရီ ၂၀ မိနစ်လောက်မှာ မြေစာပုံ ပျက်ကျသွားတာလို့ သူက ပြောပါတယ်။ “ကုဋေမှော် ၁၁၁ ကုမ္ပဏီ ရေအိုင်ဘက် ပြေစာပုံ ပြိုကျလာတာမှာ ရေလျှံကျလာတာ။ ကုဋေမှော် ဘက်ခြမ်း မြေစာပုံပြိုကျတာဖြစ်ပြီး…

Read More

ငလျင်ဒဏ်သင့်လို့ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေနဲ့ပတ်သက်ပြီး နစ်နာသူတွေအတွက် ဥပဒေဆိုင်ရာ ဆွေးနွေးမျှဝေခြင်း အခမ်းအနားကျင်းပ

မန္တလေး၊ ဖေဖော်ဝါရီ- ၁၆- ၂၀၂၅ SA(VOM) ငလျင်ဒဏ်သင့်လို့ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေနဲ့ ပတ်သက်ပြီး နစ်နာဆုံးရှုံးခဲ့ကြသူတွေ၊ အရောင်းအဝယ်ပြုလုပ်ခဲ့ကြတဲ့ အဆောက်အဦမြေရှင်နဲ့ ကန်ထရိုက်တွေရဲ့ကြားက အငြင်းပွားဖွယ်ရာ ဥပဒေတွေကို ဆွေးနွေး မျှဝေတဲ့အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ၈၂ လမ်း ၈၃ လမ်းကြားမှာရှိတဲ့ ယူတိုးပီးယားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကန်ထရိုက်နဲ့ မြေရှင်တွေရဲ့ စာချုပ်မှာ ပါလာတဲ့ ပြဿနာတွေ ဖြေရှင်းရေးအတွက် ဥပဒေအထောက်အကူပြုအဖွဲ့တွေနဲ့ ကြားဝင်ဖြေရှင်းပေးတယ် မပြေလည်ကြဘူး၊ မကြာခင်မှာလည်း လွှတ်တော်ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် ခိုင်မာတဲ့ ဥပဒေ တရပ် ပေါ်ထွက်လာဖို့ လွှတ်တော်မှာ တင်ပြနိုင်ဖို့ မြေပြင်မှာ ဘယ်လိုနစ်နာနေတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးပြုလုပ်ဆောင်ရွက်ပေးဖို့ ရည်ရွယ်ပြီး ဒီအခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ် လို့…

Read More

စစ်ကိုင်းတိုင်းအတွင်း စစ်သားသစ် အပြိုင်စုဆောင်းနေ

စစ်ကိုင်း၊ ဖေဖော်ဝါရီ – ၁၆- ၂၀၂၆ Voice Of Myanmar စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ် နှစ်ဘက်စလုံးက လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဒေသတွင်းလက်နက်ကိုင်တွေက လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတဦးက ” လက်ရှိမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းက မင်းသမီးကျေးရွာ၊ ရွာသာကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာတွေမှာ အဲ့ဒီအဖွဲ့တွေက ကျေးရွာတင်မက လယ်တောတွေ အထိပါ လိုက်လံပြီး ဖမ်းဆီးခေါ်ဆောင်ပြီး ဒေသခံရွာသားတွေကို အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွေ ပြုလုပ်လို့ စိုးရိမ် ထိတ်လန့် နေရပါတယ်” လို့ ပြောပါတယ်။ အစိုးရတပ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက စစ်သားစုဆောင်းနေသလိုပဲ အစိုးရတပ်ဘက်ကလည်း စစ်သားသစ်စုဆောင်းနေတဲ့အကြောင်း စစ်ကိုင်းမြို့ခံတဦး ပြောပြတာက ” စစ်ကိုင်းမြို့ပေါ်လို ရပ်ကွက်တွေနဲ့ မြို့အဝင် အထွက်လို နေရာတွေမှာ ထွေအုပ်၊…

Read More

လာမယ့်ရက်ပိုင်းအတွင်း မုန်တိုင်းငယ်တလုံး ဖြစ်လာနိုင်ခြေ ရှိနေ

ဖေဖော်ဝါရီ ၁၆ – ၂၀၂၆ SS (VOM) လာမယ့်ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တလုံး ဖြစ်လာနိုင်ခြေရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “အခု ဒီနေ့လယ်ပိုင်းမှာတော့ လေဖိအားနည်းရပ်ဝန်း စဖြစ်ပြီပေါ့။ ပြီးသွားရင် အနောက်မြောက်ဘက်ကို ဆက်ရွေ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်လောက်မှာ သီရိလင်္ကာကို ဝင်သွားနိုင်တယ်။ သီရိလင်္ကာနား ရောက်ရင်တော့ နည်းနည်းလေး အားကောင်းလာနိုင်တယ်။ မုန်တိုင်းငယ် အဆင့်လောက်တော့ ရောက်နိုင်တယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့လောက်ကျရင်တော့ မုန်တိုင်းငယ် ဖြစ်လာနိုင်ခြေ ရှိပေမယ့် အတိအကျတော့ ပြောလို့မရသေးဘူး” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်…

Read More

သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ဖေဖော်ဝါရီ ၁၆ – ၂၀၂၆ SN (VOM) ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမ စျေးကျောင်းတိုက် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဩသဓာဘိဝံသဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီ ဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတွေဆီက သိရပါတယ်။ ဆရာတော်ကြီးဟာ ဆဋ္ဌသံဂါယနာတင်ပွဲမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အပြင် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ မတ်လအထိ နိုင်ငံတော် သံဃမဟာနာယအဖွဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူခဲ့တယ်လို့ သိရပြီး ပျံလွန်တော်မူချိန်မှာ သက်တော် (၁ဝ၄) နှစ်၊ ဝါတော် (၈၄) ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “ဆရာတော်ကြီးက မွေးရပ်ဇာတိ ဆန်နီချောင် သံအိုးကင်းရွာကို…

Read More

သူတို့အိမ် အခန်း – ၅၇

    ဆူးငှက်   အနှစ် ၂၀ စီးပွားရေး စီမံကိန်းတဲ့ ————————————– အိမ်မှာ လပေးယူသော ဟံသာဝတီ သတင်းစာကိုလည်းဖတ်၊ မနက်တိုင်း ဆွမ်းခံကြွလာသည့် စလေကိုယ်တော်ကြီး လှဂုဏ်ရည်ဓာတ်ပုံတိုက်က အလှူခံလာသည့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ ဗိုလ်တထောင် သတင်းစာများကိုလည်း ဖတ်ရသည်။ ထို့ပြင် ဦးကြီးချို အလုပ်ခုတင်ဘေး ခုံပေါ်က ရှုထောင့် အိုးဝေ ပြည်သူ့ကြယ် စသည့် ဂျာနယ်တွေလည်း ဖတ်ဖြစ်သည်။ ထိုအခါ ထိုစဉ်ကာလ နိုင်ငံရေး အနေအထားများကို အထိုက်အလျောက် အနည်းအများ စိတ်ဝင်စားမိ သည်။ ထိုမျှမက စနေနေ့ညတိုင်း ဟန်းဘားစက်ဘီးကြီးနှင့် ရောက်လာပြီး ကိုဌေးအောင် နှင့် ကျွန်တော့်ကိုပါ ခေါ်ကာ ၂၆ဘီလမ်း သင်္ဘောတန်းလမ်းထိပ်က အကောင်းကြိုက်ကဖေးတွင် ဆိုင်ပိတ်လုနီးသည်အထိ ထိုင်၍ လက်ရှိ အနေအထား များကို ကိုဌေးအောင်နှင့် ဦးဆောင်ဆွေးနွေးလေ့ရှိသည့် ဝမ်းကွဲအစ်ကိုကြောင့်လည်း နိုင်ငံရေးဟူသည်ကို…

Read More
VOM News

FREE
VIEW