ထိုင်း–မြန်မာနယ်စပ်တွင် တည်ရှိနေသော ပထဝီနိုင်ငံရေးလမ်းကြောင်း အရှေ့တောင်အာရှ၏ အနောက်တောင်စွန်းဒေသတွင် ပထဝီိနုင်ငံရေး စီးပွားရေး အချက်အခြာကျသည့် ေဒသတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ်တစ်ခုအရေးကို ဆွေးနွေးနေကြပြီး စီမံကိန်းရေးဆွဲနေကြသည်။ ထိုင်းနိုင်ငံ အနောက်ဘက် စက်မှုဒေသများမှ စတင်ကာ ကန်ချနာဘူရီကို ဖြတ်သန်းပြီး ထိုင်း–မြန်မာ နယ်စပ်ကို ကျော်လွန်ကာ မြန်မာနိုင်ငံ တနင်္သာရီဒေသသို့ ဖြတ်ကျော်ဝင်ရောက်ပြီး နောက်ဆုံးတွင် အိန္ဒိယသမုဒ္ဒရာဖက်သို့ ဆက်သွယ်ပေးမည့် ထားဝယ်ဆိပ်ကမ်းသို့ ရောက်ရှိမည့် လမ်းကြောင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဤလမ်းကြောင်းကို “ထားဝယ် စီးပွားရေးလမ်းကြောင်း (Dawei Economic Corridor)” ဟု ခေါ်ကြသည်။ ယင်းစီမံကိန်းသည် ပင်လယ်တွင်းမှ ဆိပ်ကမ်းများကို ကုန်တွင်းစက်မှုဇုန်များနှင့် ဆက်သွယ်ပေးမည့် နယ်စပ်ဖြတ် လမ်းမကြီးများ တည်ဆောက်ရန် ရည်ရွယ်ထားပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ်ရေးလုပ်ငန်းများကို အိန္ဒိယသမုဒ္ဒရာတွင်းရှိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနှင့် တိုက်ရိုက် ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။ ယင်းလမ်းကြောင်း အပြည့်အဝ တည်ဆောက်ပြီးပါက အရှေ့တောင်အာရှ…
Read MoreDay: March 11, 2026
ဆူးငှက် အခန်း – ၇၄
နာမည်ကျော် မင်းသမီး ————————— ထိုနာမည်ကြီး မင်းသမီးကို သက္ကရာဇ် ၁၂၆၆ခုနှစ် တော်သလင်းလမှာ (ထိုစဉ်က) သာစည်ခရိုင် ရွှေဖလားကန် ရွာမှာ မွေးဖွားခဲ့သည်။ ငယ်အမည်က ဗိုလ်မတဲ့။ ထို့ကြောင့် ငယ်စဉ်ကတည်းက ဖြူဖြူချောချောလေး ဖြစ်ပုံရသည်။ အဖေနှင့် အမေကလည်း တောကျေးလက် အငြိမ့် မင်းသားမင်းသမီးတွေ ဆိုတော့ ထိုမင်းသမီး ငယ်စဉ်ကတည်းက အဆိုအက အနုပညာနှင့် ရင်းနှီးပြီးသားဖြစ်သည်။ ထို့ကြောင့့် အရွယ်ရောက်သောအခါ မိဘများနှင့် အတူ တောအငြိမ့်လေးတွင် မင်းသမီးလေး အဖြစ် ကပြနေပါပြီ။ ထမင်းသမီးလေးကို တောအငြိမ့်လေး များအား သီချင်းရေးပေး အကတိုက်ပေးနေသည် မန္တလေးက သီချင်းရေးဆရာ နန်းတော်ရှေ့ ဆရာတင်က တွေ့ပြီး အလားအလာ ရှိသော သူလေးမို့ မန္တလေးသို့ ခေါ်လာပြီး မြေတောင်မြှောက်ပေးတော့ နဂိုကတည်းက ရုပ်ရည် အသံ…
Read Moreအီရန်စစ်ပွဲကို နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းသုံးပြီး အမြန်ဆုံးအဆုံးသတ်ဖို့ ထရန့်နဲ့ ပူတင် ဆွေးနွေး
မတ် ၁၀-၂၀၂၆ MT(VOM) ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဟာ အခုဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲနဲ့ ယူကရိန်းပဋိပက္ခအရေးတွေကို မတ်လ (၁၀) ရက်နေ့ မှာ ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုဟာ အပြန်အလှန် ပွင့်ပွင့်လင်းလင်းရှိပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး ဖြစ်ခဲ့တယ်လို့ ကရင်မလင်နန်းတော်က ထုတ်ပြန်ထားပါတယ်။ ရုရှားသမ္မတရဲ့ သံတမန်ရေးရာအကြံပေး ယူရီ အူရှာကော့ဗ်က ရုရှားသတင်းဌာနတွေကို ပြောကြားရာမှာ ဆွေးနွေးပွဲမှာ အီရန်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေကို အလေးထား ဆွေးနွေးခဲ့ကြသလို၊ ယူကရိန်းပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန်ကိုယ်စားလှယ်တွေနဲ့ လုပ်ဆောင်နေတဲ့ နှစ်နိုင်ငံ ညှိနှိုင်းမှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အီရန်ပဋိပက္ခကို နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းတွေသုံးပြီး အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် ပူတင်က သူ့ရဲ့ အယူအဆတချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ (ပူတင်) အနေနဲ့ ပင်လယ်ကွေ့နိုင်ငံက…
Read Moreအီရန်ခေါင်းဆောင်အသစ်ဆိုတာ ဘယ်လိုလူစားမျိုးလဲ
မတ် ၁၀-၂၀၂၆ MT(VOM) အီရန်နိုင်ငံရဲ့ အဓိကအာဏာအရှိဆုံး ခေါင်းဆောင်သစ်အဖြစ် မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ခန့်အပ်လိုက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းက ကွယ်လွန်သွားခဲ့တဲ့ အီရန်ရဲ့ ဒုတိယမြောက် အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ရဲ့ ဒုတိယမြောက် သား ဖြစ်ပါတယ်။ ခေါင်းဆောင်သစ် ရဲ့ တရားဝင်ရာထူးအမည် ကတော့ ” အီရန်နိုင်ငံ၏ တတိယမြောက် အဓိကအမြင့်ဆုံးခေါင်းဆောင် (Supreme Leader)” ဖြစ်ပါတယ်။ မိုဂျ် တာဘာ ခါမေနီဟာ အသက်အရွယ်အားဖြင့်၅၆ နှစ်ဖြစ်ပြီး သူ့ဖခင် ခါမေနီ ဟာ အာဏာစရတဲ့ ၁၉၈၉ ခုနှစ်မှာ အသက် ၅၀ ဝန်းကျင်သာ ရှိပါသေးတယ်။…
Read Moreယင်းမာပင်မြို့က ဒေသခံ ၅၀၀၀ ကျော် စစ်ဘေး အရေးပေါ် တိမ်းရှောင်နေရ
မတ် ၁၀ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်နေမှုတွေကြောင့် ဒေသခံ ၅၀၀၀ ကျော် စစ်ဘေး အရေးပေါ် တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အစိုးရတပ်တွေဟာ ယင်းမာပင်မြို့နယ်ရှိ ဘန့်ဘွေးရွာကတဆင့် အနီးဝန်းကျင်က ကျေးရွာတွေကို ပြီးခဲ့တဲ့ မတ် ၇ ရက်၊ မနက်ပိုင်းကစတင်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “အစိုးရတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး လုပ်လာတာပါ။ စစ်ကား အစီး ၂၀ ဝန်းကျင်လောက် ရှိမယ်။ နယ်မြေ ရှင်းလင်းရေးလုပ်တဲ့ လမ်းကြောင်း တလျှောက်မှာလည်း လက်နက်ကြီး ပစ်ခတ်တာတွေ၊ ဒရုန်းတွေနဲ့ လေကြောင်း တိုက်ခိုက်တာတွေပါ ရှိနေတော့ ဒေသခံတွေ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေကို ချက်ချင်း ရှောင်ကြရတာ”…
Read Moreတကောင်းမြို့ကို အစိုးရတပ်က ပြန်လည် ထိန်းချုပ်
မတ် ၁၀ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်းအတွင်း ဒေသတွင်းလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှုအောက်က တခုတည်းသာကျန်တော့တဲ့ တကောင်းမြို့ကို ဒီကနေ့ မတ် ၁၀ ရက်မှာ အစိုးရတပ်တွေက အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းတွေ အရသိရပါတယ်။ မတ်လ ၉ ရက်နေ့မှာ တကောင်းမြို့နဲ့အနီး နှစ်မိုင်လောက်သာကွာဝေးတဲ့ မကျီးကုန်းရွာ ၊ဆင်ညှပ်ကုန်းရွာကို အစိုးရတပ်က ထိန်းချုပ်ခဲ့ပြီးနောက်မှာ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တကောင်းမြို့ကနေ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေ နောက်ဆုတ်ပေးလိုက်ရပြီး အစိုးရတပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” တကောင်းမြို့ကို တပ်မတော်က ပြန်ရပါပြီ။ မကြာခင် ပုံတွေနဲ့တကွ ထုတ်ပြမှာပါ။ PDF တွေမရှိတော့ပါဘူး ။ ” လို့ လုံခြုံရေးတပ်ဖွဲ့ နဲ့နီးစပ်သူတယောက်က ပြောပါတယ်။ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတွေ ဘက်ကလည်း…
Read Moreရန်ပွဲကို ဖြေရှင်းပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ခံရပြီး တုတ်နဲ့ပါရိုက်ခံရလို့ နှစ်ယောက်သေဆုံး၊ နှစ်ယောက်ဒဏ်ရာရရှိခဲ့
မတ် ၁၀ ၊ ၂၀၂၆ CC (VOM) ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာ ၊ ရွှေပေါက်ကံမြို့သစ်၊(၁၂)ရပ်ကွက် ၊ပုဂံလမ်းမကြီး(၁၂)စျေးထိပ်မှာ ရန်ဖြစ်တာကို ဝင်ရောက်ဖြေရှင်းပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ခံရတဲ့အပြင် ရိုက်နှက်ခံရတာကြောင့် နှစ်ယောက်သေဆုံးပြီး နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၉ ရက်နေ့ညက (၁၂)စျေးထိပ်မှာ ရန်ဖြစ်နေတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့ဝင်လေးယောက်က ဝင်ရောက်ဖြန်ဖြေပြီး ဖြေရှင်းပေးစဥ် ရန်ဖြစ်တဲ့အဖွဲ့ထဲက လူတချို့က ရဲတပ်ဖွဲ့ဝင်တွေကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့အပြင် သံတုတ်တွေနဲ့ပါ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ညကဆေးရုံပို့လိုက်တယ် ။ အဲထဲက နှစ်ယောက်က ဒီမနက်ဆုံးသွားတယ် ။ ရဲတွေကို တိုက်တာက မြတ်ကိုကိုဆိုတဲ့သူလို့ သိရတယ်။ တုတ်နဲ့ဝင်ရိုက်တာက သူ့မိသားစုဝင်တွေလို့တော့ ပြောတယ်။ အခုစစ်နေတယ်။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူက…
Read Moreထိုင်းမှာ အစိုးရဝန်ထမ်းတွေကို လှေကားပဲအသုံးပြုဖို့နဲ့ အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြား
မတ် ၁၁-၂၀၂၆ MT(VOM) အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ထိုင်းမှာ စွမ်းအင်အခက်အခဲတွေ ကြုံနေရတဲ့အတွက် အစိုးရဝန်ထမ်းတွေအနေနဲ့ စွမ်းအင်ကို ချွေချွေတာတာ သုံးကြဖို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ်က အမိန့်ထုတ်လိုက်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ (မတ်လ ၁၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်ထဲမှာ ပြည်ပခရီးစဉ်တွေကို ရပ်နားထားဖို့နဲ့ ဓာတ်လှေကားအစား လှေကားကိုပဲ အသုံးပြုဖို့ ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ လလိတာ ပီရိဆီဝပ်တာနာက သတင်းထောက်တွေကို ပြောပြရာမှာ “ဝန်ကြီးချုပ်က ဒီနေ့ကစပြီး အစိုးရဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်” လို့ ဆိုပါတယ်။ ဒါပေမဲ့ လူထုကို တိုက်ရိုက်ဝန်ဆောင်မှု ပေးရမယ့်သူတွေကတော့ ချွင်းချက်အနေနဲ့ ရုံးတက်ရမှာပါ။ အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေး အင်အားအကောင်းဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လက်ရှိ စွမ်းအင် အရန် သိုလှောင်ထားမှုက ၉၅ ရက်စာပဲ…
Read More