သံဃာနဲ့သီလရှင်တွေကို အခမဲ့ကုသပေးနေတဲ့ မန္တလေး ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး ၁၈နှစ်ပြည့်မှာ အလှူငွေ သိန်းပေါင်းနှစ်သောင်းကျော်ရရှိ

မန္တလေး -မေ ၂၃-၂၀၂၆
VOM
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းမှာတည်ရှိတဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး တည်ထောင်တာဟာ ၁၈နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့ မေလ ၂၃ ရက်မှာ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး ၁၈နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ကန်တော်ကြီးထဲက ပြည်ကြီးမွန်ဖောင်ပေါ်မှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ဆေးရုံစတင်ဖွင့်လှစ်တဲ့ အချိန်ကတာဝန်ယူခဲ့တဲ့ ကော်မတီလူကြီးတွေ၊ ဆရာဝန်ကြီးတွေနဲ့ ဝန်ထမ်းတွေကို ဂုဏ်ပြုခဲ့သလို မြို့မိမြို့ဖအလှူရှင်တွေကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။
အခမ်းအနားကျင်းပချိန်ထိ အလှူငွေသိန်းပေါင်းနှစ်သောင်း နှစ်ထောင်ကျော်ရရှိခဲ့တာကြောင့် မန္တလေးဇီဝိတဒါနသံဃာ့ဆေးရုံကြီးကော်မတီီ ဥက္ကဌ ဦးစိုးလင်းက ကျေးဇူးတင်စကားပြောခဲ့သလို မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က ဂုဏ်ပြုအမှာစကားပြောခဲ့ပါတယ်။
သံဃာ့ဆေးရုံကြီးရဲ့သမိုင်းကြောင်းကို ဆေးရုံကြီးစတင်လည်ပတ်ကတည်းက ပါဝင်ခဲ့တဲ့ တိုင်းရင်းဆေးပါမောက္ခ ဦးမိတ်က ရှင်းပြခဲ့ပြီးဆေးရုံကြီး ဆက်လက်လည်ပတ်နိုင်ဖို့ ရှေ့ဆက်လုပ်မယ့် ကိစ္စတွေ ပြင်ပလူပုဂ္ဂိုလ်တွေကို ကုသမယ့်အစီအစဥ်တွေကိုလည်း ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ကျော်က ရှင်းပြခဲ့ကြပါတယ်။
ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး စတင်ချိန်ကနေ ၂၀၂၅ ခုနှစ်ကုန်ထိ ပြင်ပလူနာ -သံဃာ (၁၀၈၂၅၉) ပါး ၊ သီလရှင် (၃၀၃၉၄) ပါး၊ လူပုဂ္ဂိုလ် (၁၄၈၀၅) ဦး။အတွင်းလူနာ -သံဃာ (၁၂၈၉၄) ပါး ၊ သီလရှင် (၂၁၀၂) ပါး၊ လူပုဂ္ဂိုလ် (၁၂၂၃) ဦး။ကျောက်ကပ်ဆေးလူနာ -သံဃာ (၁၀၀၃၆) ပါး ၊ သီလရှင် (၇ဝဝ) ပါး၊ လူပုဂ္ဂိုလ် (၃၂၉၈၄) ဦး။ခွဲစိတ်လူနာ -သံဃာ (၅၀ဝ၃) ပါး ၊ သီလရှင် (၈၄၅) ပါး၊ လူပုဂ္ဂိုလ် (၃ဝဝ၈) ဦး။သွားလူနာ -သံဃာ (၂၀၆၄၇) ပါး ၊ သီလရှင် (၇၁၉၁) ပါး၊ လူပုဂ္ဂိုလ် (၁၃၉၃) ဦး။မျက်စိ ပြင်ပလူနာ -သံဃာ (၆၇၄၆) ပါး ၊ သီလရှင် (၃၈၄၆) ပါး၊ လူပုဂ္ဂိုလ် (၁၅၈၅) ဦး။မျက်စိခွဲစိတ်လူနာ -သံဃာ (၇၇၇) ပါး ၊ သီလရှင် (၁၆၄) ပါး၊ လူပုဂ္ဂိုလ် (၈၃) ဦး။အကြောအဆစ်ပြန်လည်သန်စွမ်းရေးလူနာ -သံဃာ (၁၄၅၆၇) ပါး ၊ သီလရှင် (၄၅၆၃)ပါး၊ လူပုဂ္ဂိုလ် (၂၄၆) ဦး ကို ကုသပေးခဲ့ပြီးဖြစ်တယ်လို့ ဇီဝိတဒါနသံဃာ့ ဆေးရုံကြီးမှတ်တမ်းတွေအရသိရပါတယ်။
ခုအချိန်မှာ သံဃာ၊သီလရှင်တွေအတွက် ကုသိုလ်ဖြစ်ကုသရုံသာမက ငွေကြေးအကုန်အကျသိပ်မတတ်နိုင်တဲ့ လူပုဂ္ဂိုလ်တွေအတွက် အထွေထွေရောဂါကုသတာအပြင် ၊ အရေပြားလူနာ၊အရိုးရောဂါဝေဒနာ၊ အကြောအဆစ်ရောဂါ၊ ကျောက်ကပ်တုသွေးသန့်စင်ရတဲ့ ဝေဒနာ၊ မျက်စိ ခွဲစိတ်ကုသပေးတာအပြင် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဝေဒနာရှင်နဲ့ အထှထှေခှေဲစိတျကုသရဖို့လျုတဲ့ ဝေဒနာရှင်တွေအတွက် သက်သာတဲ့ နှုန်းထားတွေနဲ့ ဆောင်ရွက်ကုသပေးမယ်လို့သိရပါတယ်။
သံဃာနဲ့ သီလရှင်တွေအတွက် ကုသိုလ်ဖြစ်ကုသစရိတ်လိုအပ်တာအပြင် ငလျင်ဒဏ်သင့်အဆောက်အဦတွေ ပြန်လည်ပြုပြင်နိုင်ရေးနဲ့ ခေတ်မီဆေးရုံတရုံအဖြစ် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပါဝင်လှူဒါန်းကြဖို့လည်း မန္တလေး ဇီဝိတဒါနသံဃာ့ ဆေးရုံကော်မတီက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW