အိမ်တော်ရာ ၁၄ခန်းဇရပ်ထဲက အာဇာနည်နေ့

ဆူးငှက် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတယ်။ နိုင်ငံအတွက် အရေးကြီးဆုံးအချိန်မှာ လက်နက်အားကိုးနဲ့ လုပ်ကြံ သတ်ဖြတ်မှုအပေါ် တစ်နိုင်ငံလုံးက ယူကြုံးမရ ဖြစ်ကြရတယ်။ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ နိုင်ငံဟာ လွတ်လပ်သောပြည်ထောင်စုသမ္မတနိုင်ငံတော် အဖြစ် ကမ္ဘာကိုကြေညာနိုင်ခဲ့တယ်။ တစ်ဆက်တည်းပဲ ကိုယ်ကျိုးစွန့် အသက်ပေးကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကိုယ်တိုင် လွတ်လပ်ရေးကို မြင်တွေ့မသွားကြရခြင်းအပေါ် သူတို့ကျေးဇူး၊ သူတို့စိတ်ဓာတ်များကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဇူလိုင်လ ၁၉ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေ တစ်ပြည်လုံး ကျင်းပခဲ့ကြတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်းက ၁၄ ခန်းဇရပ်ကြီးမှာ ၁၉၄၈ခုနှစ်ကနေ ၁၉၈၀ကျာ်ဝန်းကျင်ကာလအထိ နှစ်စဉ်မပျက်မကွက် ကျင်းပခဲ့ကြတယ်။ မန္တလေးမြို့ အနောက်ပြင် သီရိဟေမာရပ်ကွက်အတွင်းမှာ တည်ရှိတဲ့ မဟာလောကရံသီ အိမ်တော်ရာစတီ…

Read More

(၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်

ဇူလိုင် ၁၉ – ၂၀၂၆ SS (VOM) ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ အာဇာနည် ဗိမာန်မှာ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချကာ အလေးပြုခဲ့ပါတယ်။ သမ္မတ ဦးမင်းအောင်လှိုင်နဲ့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး အပါအဝင် ပြည်ထောင်စု တရားသူကြီးချုပ်တို့ပါ အတူတက်ရောက် အလေးပြုခဲ့ကြတာ တွေ့ရပါတယ်။ အခုနှစ် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားဖြစ်သူ ဦးအောင်ဆန်းဦး တက်ရောက်လာခြင်း မရှိသလို ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခွင့်မရတဲ့ အခြေအနေမျိုး တွေ့ရပါတယ်။…

Read More

အင်းတော်ကြီးဒေသ ဟဲပန်လမ်းခွဲတဝိုက်မှာ တိုက်ပွဲပြင်းထန်နေ

ဇူလိုင် ၁၉ – ၂၀၂၆ SN (VOM) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အနောက်ဘက်ကမ်းရှိ ဟဲပန်လမ်းခွဲတဝိုက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲအတွင်း မနေ့ ဇူလိုင် ၁၇ ရက်၊ မနက်အစောပိုင်းက အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာအနီးရှိ SNA တပ်စခန်းတခုကို KIA ပူးပေါင်းတပ်တွေက ပြန်လည် သိမ်းပိုက်ခဲ့တယ်လို့ သိရပြီး အဲဒီစခန်းဟာ ဇူလိုင် ၂ ရက်က KIA တပ်တွေ လက်လွှတ်ခဲ့ရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲက SNA ရဲ့ ကျားဖြူစစ်ကြောင်းက အင်အားအများအပြားနဲ့ ထိုးစစ်‌ ဖော်ဆောင်နေတာ။ ဟဲပန်လမ်းခွဲတဝိုက်မှာ နှစ်ဖက် စစ်ဆိုင်ထားတယ်။ SNA က နေရာပေါင်းစုံကနေ ဝင်ရောက်…

Read More

သီပေါ၊ တာလုံဇက်ကူးဆိပ်မှာ ကားတစီးနဲ့စက်လှေရေနစ်မြုပ်ပြီး ငါးယောက်ပျောက်ဆုံးနေ

ဇူလိုင် ၁၉ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် ၊ တာလုံ ကျေးရွာရှိ ဇတ်ကူးဆိပ်မှာ စက်လှေနဲ့ ဇက်ကူးတဲ့ ကားတစီး ရေထဲပြုတ်ကျပြီး နစ်မြုပ်သွားတာကြောင့် လူငါးယောက်လည်းပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ဖြစ်စဥ်က ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ ကားတစီးက တဖက်ကမ်းမှာရှိတဲ့ ကျောက်မဲကို ကမ်းကူးသွားဖို့အတွက် စက်လှေနှစ်စီးပေါ်ကိုတက်စဥ်မှာ စက်လှေကြိုးပြတ်ပြီး ရေစီးနဲ့မျောသွားကာ စက်လှေရော ကားပါရေစီးနဲ့အတူ နစ်မြုပ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ် ။ ပျောက်တဲ့သူတွေက ခုထိ ရှာမတွေ့သေးဘူး ဆိုရမှာပေါ့ ။ ” လို့ သီပေါမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံက ပြောပါတယ်။ စက်လှေသမားတွေနဲ့ ကားသမား စုစုပေါင်း ခုနှစ်ယောက်အနက်မှာ…

Read More

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေ့ရပ်စွန်ခွာ တိမ်းရှောင်နေရ

ဇူလိုင် ၁၉ – ၂၀၂၆ SN (VOM) ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ဖလမ်း၊ တီးတိန်နဲ့ ကလေးနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ကလေး – ဂန့်ဂေါ – ဖလမ်းလမ်းဘက်ရှိ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တပ်စွဲထားတဲ့နေရာတွေကို အစိုးရတပ်က ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကစပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာတွေက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ “အစိုးရတပ်တွေက ကလေးမြို့ကို အခြေပြုပြီး ချင်းတောင်ဘက်ကို ထိုးစစ်ဆင်လာတာ။ ကလေး – ဂန့်ဂေါလမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်။ အခု အခြေအနေက တိုက်ပွဲလည်း ခဏခဏ ပြန်ဖြစ်နေတယ်၊ ပြီးတော့ လေကြောင်း…

Read More

ဖားကန့်မှာ ရေအတက်ကြမ်းလို့ ရပ်ကွက်နဲ့ရွာ ၁၀ ခုထက်မနည်းရေကြီးနေပြီး မြေပြိုလို့ အိမ်တွေပါ ပျက်စီး

ဇူလိုင် ၂၀၈ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသမှာ မိုးသည်းထန်စွာရွာပြီး ဥရုချောင်းရေမြင့်တက်မှုကြောင့် ရပ်ကွက် နဲ့ကျေးရွာ ၁၀ ခုထက်မနည်းရေကြီးနေတဲ့အပြင် မြေပြိုတာ လမ်းတွေကွဲအက်တာတွေအထိ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖားကန့် မရှီကထောင် ၊ ငှက်ပျောတော ၊မြို့မရပ်ကွက် ၊ ကျောက်ဝိုင်း ၊အေးသာယာနဲ့ မှော်ဝမ်း၊ လုံးခင်း၊ နမ္မဖြစ်၊ ဆန်းကြွယ်၊ ဖားပြင် အောက်လမ်း ၊ မမုံစံပြရွာ တွေမှာ ရေကြီးမှုတွေဖြစ်ပွားနေတာ ဖြစ်ကြောင်း ရေတက်တအားမြန်တဲ့အတွက် နေအိမ်အောက်ထပ်တွေ ရေနစ်မြုပ်ပြီး စားစရာတွေနဲ့ ပစ္စည်းတွေလည်း ရေနစ်ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။ ဒီတကြိမ် ဖားကန့်ဒေသရေကြီးမှုဟာ ယခုမိုးတွင်းကာလမှာ ဖြစ်ပွားခဲ့တဲ့ အရင်ရေကြီးမှုတွေထက် အခြေအနေဆိုးတယ်လို့ သိရပါတယ် ။ ” ရေအခြေအနေတော်တော်ဆိုးတယ်။လက်ရှိလုံးခင်းလည်း ရေကြီးနေတယ်။အခုတခါရေကြီးတာက ပိုဆိုးတယ်။အခုပြောနေရင်းက ရေကထပ်တက်နေတော့ ခုညအခြေအနေပိုဆိုးဖို့ပဲရှိတယ်။အိမ်တွေမြုပ်နေတာက ဖားကန့်…

Read More

ဒေါ်အောင်ဆန်းစုကြည် နှင့် အာဇာနည်ပန်းခွေ

MT(VOM) ​ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၆၀ ပြည့်နှစ် (သူ့အသက် ၁၅ နှစ်အရွယ်) မှာ မိခင်ကြီး ဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်လာကတည်းက မြန်မာနိုင်ငံကနေ လိုက်ပါထွက်ခွာသွားခဲ့တာပါ။ အဲဒီနောက်ပိုင်း အင်္ဂလန်မှာ အခြေချပြီး အိမ်ထောင်ပြု၊ သားသမီးတွေမွေးပြီး ၁၉၈၈ ခုနှစ်အထိ နိုင်ငံရပ်ခြားမှာပဲ နှစ်ပေါင်း ၂၀ ကျော်ကြာ အမြဲတမ်း နေထိုင်ခဲ့ပါတယ်။ ​အဲဒီ နိုင်ငံခြားမှာ နေထိုင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်) ရောက်တိုင်း မြန်မာနိုင်ငံကို သီးသန့်ပြန်လာပြီး ပန်းခွေချတာမျိုး တကြိမ်မှ မရှိခဲ့ပါဘူး။ ဒါဆို အဲ့ဒီကာလတွေမှာ ဗိုလ်ချုပ်မိသားစုကိုယ်စား ဘယ်သူတွေ တက်ရောက်ခဲ့လဲ။ ​ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရောက်နေတဲ့ နှစ်တွေ (အထူးသဖြင့် ၁၉၆၀ ကနေ ၁၉၈၈ မတိုင်ခင်အထိ) မှာ အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းမိသားစု…

Read More

မအီမြို့မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ငါးယောက် သေဆုံး၊ ၁၅ ယောက် ဒဏ်ရာရ

ဇူလိုင် ၂၀ – ၂၀၂၆ SS (VOM) ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှာ ဇူလိုင် ၁၉ ရက်၊ မနက်ပိုင်းက လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ၁၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။ မအီမြို့ရှိ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ် (၃) ရပ်ကွက်မှာ မနက် ၁၁ နာရီခွဲဝန်းကျင်ကနေစပြီး မိနစ်ပိုင်းသာခြားကာ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူတွေထဲက တချို့မှာ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ “သုံးယောက်က ပွဲချင်းပြီး သေတယ်။ အရေးပေါ် ဆေးဝါးကုသမှု ခံယူရင်း နှစ်ယောက် ထပ်သေတယ်။ စုစုပေါင်း သေဆုံး ငါးယောက် ရှိလာပါပြီ။ အရေးပေါ်…

Read More

ရန်ကုန်မြို့ ငလျင်ဒဏ်ခံနိုင်ရည် စစ်ဆေးခြင်း အခုနှစ်ကုန် အပြီးဆောင်ရွက်မှာဖြစ်ပြီး ပဲခူးငလျင် တကျော့ပြန် အခြေအနေအတွက် သတိပြုရန်လို

ဇူလိုင် ၁၇ – ၂၀၂၆ SN (VOM) လက်ရှိမှာ မြန်မာနိုင်ငံ ငလျင်ကော်မတီအနေနဲ့ ရန်ကုန်မြို့ရှိ အဆောက်အအုံတွေရဲ့ ငလျင်ဒဏ် ခံနိုင်ရည်ကို သိရှိလိုတဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်နည်းပညာတက္ကသိုလ်တို့နဲ့ ပူးပေါင်းကာ အကဲဖြတ် စစ်ဆေးခြင်းတွေကို ဆောင်ရွက်လျက်ရှိပြီး အခု ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ စီမံကိန်းပြီးစီးနိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။ စီမံကိန်းအရ ရန်ကုန်မြို့ရှိ လသာ၊ ကျောက်တံတားနဲ့ ပန်းဘဲတန်း စတဲ့ မြို့နယ် သုံးမြို့နယ်မှ ရပ်ကွက် သုံးရပ်ကွက်ကို ရွေးချယ်ကာ အဆောက်အအုံတွေရဲ့ ငလျင်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခံနိုင်ရည်ရှိမှု အခြေအနေတွေကို အခု ဇူလိုင်လ ပထမပတ်မှာ Pilot Project အဖြစ် ကွင်းဆင်းအကဲဖြတ် စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။ ရည်ရွယ်ချက်အနေနဲ့ မန္တလေးမြို့မှာ…

Read More

၁၀ ရက်ကြာလာတဲ့အထိ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေပေမယ့် အလုပ်ရှင်အလုပ်သမားကြားပြေလည်မှုမရသေး

ဇူလိုင် ၁၈ ၊ ၂၀၂၆ GG (VOM) ရန်ကုန် ၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်( ၄)မှာ ရှိတဲ့ Spring Moon အထည်ချုပ်စက်ရုံအနေနဲ့ အလုပ်သမားတွေကို လုပ်ခလစာတိုးမြှင့်ပေးဖို့အပါအဝင် အချက်ကိုးချက်ကို လိုက်လျောပေးဖို့ အလုပ်သမား ၁၈၀ နီးပါးက ၁၀ ရက်ကြာတဲ့အထိ ဆန္ဒပြတောင်းဆိုနေပြီး ခုထိတော့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။ အလုပ်သမားတွေက Day ကြေးကို ၁၃၀၀၀ ကျပ် ၊ ရက်မှန်ကြေးကို ၅၀၀၀၀ ကျပ် ၊အချိန်ပို(OT)ကြေးကို ၂၅၀၀ ကျပ် ၊ကျွမ်းကျင်ကြေးကို (A) အဆင့် ၆၀၀၀၀ ကျပ် ၊ (B)အဆင့် ၅၀၀၀၀ ကျပ် နဲ့ (C)အဆင့်ကို ၄၀၀၀၀ ကျပ် သတ်မှတ်ပေးဖို့ ၊ ရက်ပျက် Sunday ကို ကြေးမဖြတ်ဖို့…

Read More
VOM News

FREE
VIEW