နိုဝင်ဘာ ၈ – ၂၀၂၆ SN (VOM) ရန်ကုန်မြို့က နာမည်ကြီး Shopping Mall တွေနဲ့ ဈေးတွေမှာ အရောင်းအဝယ်တွေ အေးလာပြီး အထွေထွေ ကုန်ကျစရိတ်တွေ များပြားလာတာကြောင့် ဆိုင်ခန်းတွေ ပြန်လည်အပ်နှံတာ၊ ဆိုင်ခန်း ပြန်လည်ရောင်းချတာ၊ ဆိုင်ပိတ်သိမ်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ စီးပွားရေး အကျပ်အတည်းတွေကြောင့် ဈေးဝယ်ယူသူ သိသိသာသာ လျော့နည်းလာပြီး လစဉ်ဆိုင်ခန်းခ၊ မီတာခ၊ ဝန်ထမ်းစရိတ်၊ ဝန်ဆောင်ခ စတဲ့ အထွေထွေ ကုန်ကျစရိတ်တွေနဲ့ တွက်ခြေမကိုက် ဖြစ်လာတာကြောင့် ဆိုင်ခန်းပိတ်သိမ်းမှုတွေ ပိုမို များပြားလာနေတယ်လို့ သိရပါတယ်။ “အရင်ကဆို ရုံးပိတ်ရက်တင်မကဘူး၊ ကြားရက်တွေမှာတောင် လူစည်ပြီး အရောင်းအဝယ် ဖြစ်သေးတယ်။ အခုနောက်ပိုင်းကျတော့ Shopping Mall ထဲမှာ လူတွေက လာတော့လာကြတယ်၊ ဒါပေမယ့် လေအေးပေးစက် အအေးခံတာနဲ့ စားသောက်ဆိုင်တန်းတွေလောက်ပဲ လူရှိတော့တာ။…
Read More