မေးခွန်း တ​ထောင် ဖြေရမယ့် သုတစုံလင်ဗုဒ္ဓဝင်အတွက် မုံရွာမှာစတင်

မုံရွာ ဇူလိုင်-၅ -၂၀၂၆ MW(VOM ) ဗုဒ္ဓဘာသာနဲ့ ဓမ္မဆိုင်ရာမေးခွန်း တ​ထောင် ဖြေရမယ့် သုတစုံလင် ဗုဒ္ဓဝင်အတွက် မုံရွာစာဖြေဌာနဖွင့်ထားတဲ့ မုံရွာမြို့၊ ရုံးကြီးရပ်ထဲက ရူပါရုံသုဓမ္မစာရီဗိမာန်ကျောင်းမှာ ဇူလိုင်လ၅ရက်ညနေ၃နာရီက သုတစုံလင်ဗုဒ္ဓဝင်သင်တန်းရဲ့ ပထမဦးဆုံးရက်ကို ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ပါတယ်။ မေတ္တာတရားများနဲ့ ကမ္ဘာလောကကြီး ငြိမ်းချမ်းစေဖို့ ရည်ရွယ်ပြီးသင်တန်းကိုဖွင့်လှစ်ရတာလို့ သုတစုံလင်ဗုဒ္ဓဝင် မုံရွာစာဖြေဌာန အကျိုးတော်ဆောင်ဦးကျော်တင်က ပြောပါတယ်။ ” ၁၃ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင်မှာရထားတဲ့ သမီးလေးရဲ့ကြိုးစားအားထုတ်မှုကိုကြည့်ပြီး စစ်ကိုင်းတိုင်းနဲ့ မုံရွာက ကလေးတွေကိုသင်ပေးနိုင်ရင်ကောင်းမှာပဲဆိုပြီး ဖွင့်လှစ်ဖြစ်တာပါ။ လေ့လာသင်ယူ ကျက်မှတ်ရတဲ့စာတွေဟာ စေတီထိုက်လောက်တဲ့ ပူဇော်မှုဖြစ်လောက်အောင် ကြိုးစားအားထုတ်မှုရှိတာကို အားလုံးက ကြည်ညို သဘောကျပြီးဝိုင်းဝန်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။သုတစုံလင် ဗုဒ္ဓဝင်စာမေးပွဲကို ၁၃ကြိမ်မြောက်အထိ စစ်ကိုင်းတိုင်းကဖြေဆိုနိုင်တာမျိုးမရှိသေးတဲ့အတွက် စစ်ကိုင်းတိုင်းက ထူးချွန်ဖြစ်မြောက်စေချင်တဲ့စိတ်နဲ့ အားလုံးကြိုးစားနေကြတာပါ။”လို့ ဦးကျော်တင်က ဆိုပါတယ်။ မျိုးဆက်သစ် ရင်သွေးငယ်တွေရဲ့ ရင်တွင်းမှာ ဗုဒ္ဓအဆုံးအမ သြဝါဒတွေကိန်းအောင်းစေဖို့ ၊ လောဘ၊ဒေါသ၊မောဟ၊ မာန်မာနကင်းလို့…

Read More

မန္တလေးမှာ ဂိုဒေါင်အဟောင်းတခု မီးလောင်လို့ နေထိုင်သူနှစ်ဦး မီး​ဟပ်ဒဏ်ရာရရှိ

မန္တလေး၊ ဇူလိုင်- ၆- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၇ လမ်း နဲ့ ၁၀၁ A လမ်းထောင့်က အရင်က နို့ဆီတွေသိုလှောင်တဲ့ ဂိုဒေါင်အဟောင်းတခု ဒီကနေ့ မနက် ၇ နာရီ ၄၉ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ပြီး ဂိုဒေါင်မှာ နေထိုင်သူအစောင့် နှစ်ယောက် မီးဟပ်ဒဏ်ရာ(မစိုးရိမ်)ရ ရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဂိုဒေါင်စောင့် အသက် ၆၄ နှစ်အရွယ် ဦးတင်ထွန်း နဲ့ အမျိုးသမီးဖြစ်သူ နှစ်ဦး မီးဟပ်လို့ ဆေးရုံကြီးကိုပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။ ” ဂိုဒေါင်မှာနေတဲ့ လင်မယား နှစ်ယောက် ခြေထောက်နဲ့ လက်တွေမှာ မီးဟပ်လို့ အရေပြားတွေ လန်ထွက်ခဲ့တာကြောင့် ဆေးရုံကြီးကို ပို့ပေးထားတယ်၊ ဂိုဒေါင်ထဲမှာတော့ ပစ္စည်းတွေမရှိဘူး ဒါပေမယ့် အောက်ခြေမှာ ခင်းထားတဲ့ အသားကွမျးခငျးတှကေို ရေနံချေးတွေသုတ်ထားတော့…

Read More

အခန်း (၁၆၁)

ဆူးငှက် သူတို့အိမ်က ၁၀လပြည့်ပြီ ————————— ကျွန်တော် သူတို့အိမ်ကို တောက်လျှောက်ရေးလာတာ ဇွန် ၁၉ရက်နေ့က ၁၀လ တင်းတင်းပြည့်ခဲ့ပါပြီ။ အဘယ်ကြောင့် ဆိုသော် ၂၀၂၂ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က စတင်ရေးသားခဲ့သောကြောင့် ဖြစ်သည်။ အစ ရည်ရွယ်သည်က ဒီလောက်ရှည်ရှည် ရေးဖြစ်ဖို့ မဟုတ်။ ယခုခေါင်းစဉ်နှင့် ရေးခဲ့ဖူးသော ဝတ္ထုတို ၁ပုဒ် ကို ၃ပိုင်းခွဲ၍ ပြန်တင်ရန်ဖြစ်သည်။ ထို၃ပိုင်းက အဘတို့ အမေတို့ မန္တလေးသို့ စတင်အခြေချကြပုံ အကျဉ်းချုပ် က ၁မျက်နှာခွဲ၊ ဒုတိယပိုင်းက ဒေါင်းရိုးစိုင်ပြွန်ရိပ်သာ ဝင်းအတွင်းနှင့် ၇၆လမ်းဟေမာဇလရပ်ကွက်မှာ နေထိုင်စဉ်ကအပိုင်း အကျဉ်းချုပ် က ၁မျက်နှာခွဲ နှင့် ယခု သရက်ကုန်းကွက်သစ်မှာ ရောက်လာပုံက ၁မျက်နှာနှင့် စုစုပေါင်း ၄မျက်နှာ ခန့်သာ ရှိသော စာတစ်ပုဒ် ဖြစ်သည်။ သည်နေရာတွင် ဝတ္ထုတိုဟု…

Read More

တောင်းရမ်းသူတွေ များပြားလာတဲ့ ကမ္ဘာကျော်ဦးပိန်တံတား

မန္တလေး၊ ဇူလိုင်- ၄- ၂၀၂၆ SA(VOM) ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အလာများတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းက ဦးပိန်တံတားကြီးမှာ တောင်းရမ်းသူ (သူတောင်းစား)တွေ တဆထက်တဆ များပြားလာပြီး ခရီးသွားတွေကို အနှောက်အယှက်ဖြစ်စေတဲ့အပြုအမူတွေကိုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ” ဒါတွေရှိနေတဲ့အပေါ်မှာ အများသူငှာသွားလာနေတဲ့ ဦးပိန်တံတားပေါ်မှာ ရှိနေတာတော့ အမြင်မသင့်တယ်ဘူးပေါ့၊ နောက်တခုက နိုင်ငံခြားသားအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကိုယ့်မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ကျစေတယ်ပေါ့၊ ဒီမှာက အများသူငှာသွားလာနေတဲ့အချိန် တံတားပေါ်မှာ သူတို့က နေရာအပြည့် ယူထားတဲ့အတွက် သွားလာတဲ့ လူတချို့ကျ စိတ်အနှောက်ယှက်ဖြစ်တာပေါ့၊ တချို့ကျတော့လည်း မြန်မာလူမျိုးတွေရဲ့ သဘာဝက စိတ်သဒ္ဓါတရားထက်သန်​တော့ လှူချင်တန်းချင်တဲ့စိတ်လည်းရှိတယ်၊ တဖက်ကပြန်ကြည့်မယ်ဆိုရင် အဆိုးနဲ့အကောင်းက အမြဲဒွန်တွဲနေတာတွေတော့ရှိတာပေါ့၊ တချို့ကလေးတွေကျရင် ဇွတ်ကိုလိုက်ပြီး ဆွဲလားရမ်းလားလုပ်တဲ့အနေအထားတွေအထိရှိတယ်၊ ဧည့်သည်ဆိုတာကတော့ ဒီမှာလာတယ်ဆိုတာ စိတ်အပန်းဖြေဖို့လာတာ ကြည်ကြည်နူးနူးလာကြတယ် ဒါပေမယ့် သူတို့က နောက်ကနေလိုက်ပြီး ထိကပါးရိ…

Read More

ချောက်မြို့နယ်ထဲက စစ်ရှောင်တွေအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေ

ဇူလိုင် ၄ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း ၊ ချောက်မြို့နယ်ထဲက စစ်ဘေးရှောင် တွေအတွက် အကူအညီအထောက်ပံ့တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူ တွေဆီကသိရပါတယ်။ အဆိုပါမြို့နယ်ထဲမှာ စစ်ရှောင်နေရသူထောင်နဲ့ချီ ရှိနေပြီး စစ်ရှောင်ရတဲ့ကာလ ကြာမြင့်လာခြင်းကြောင့် အစားအစာ အပါအဝင် အကူအညီတွေလိုအပ်နေသလို ခုရက်ပိုင်းအတွင်းမှာမှ အရေးပေါ် စစ်ရှောင်နေရသူတွေအတွက်လည်း အကူအညီတွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ လက်ရှိမှာ ချောက်မြို့နယ်ထဲ ဆူးတောရွာ၊ရွာမ ၊ ညောင်ဇင်ရွာ၊ လေးပင်ကုန်းရွာ၊ ညောင်ချောင်းရွာ၊ ချောင်းဦး၊ မကျီးကန်၊ ဝင်္ကဘာရွာ ၊ဇောင်းတောကန်ရွာ အပါအဝင် ကျေးရွာ ၁၀ ခုထက်မနည်းက ဒေသခံတွေ စစ်ရှောင်နေကြရတာဖြစ်တယ်လို့ သိရပါတယ် ။ ” စစ်ရှောင်နေရတာ ဇွန်လကတည်းကဆိုတော့ ရှောင်စဥ်ကလည်း အရေးပေါ်ထွက်ခဲ့ရတော့ ဘာမှမယူနိုင်ခဲ့ကြဘူး ။ ခုထိလည်း ရွာဘက်ကို…

Read More

ကသာ – နဘားလမ်းပိုင်း ပိတ်နေတာ ငါးရက်အထိရှိလာလို့ ကြက်သားပေါက်တွေသေပြီး ကုန်ပစ္စည်းတွေပျက်စီးမှုရှိလာ၊ ကားသမားနဲ့ခရီးသွားတွေလည်း ဒုက္ခရောက်နေ

ဇူလိုင် ၄ ၊၂၀၂၆ CC (VOM) မြစ်ကြီးနား – ကသာ – နဘားလမ်းပိုင်း ပိတ်နေတာ ငါးရက်အထိကြာမြင့်လာတာကြောင့် ပိတ်မိနေတဲ့ ကားသမားတွေ ဒုက္ခရောက်နေသလို ကုန်ပစ္စည်းတချို့လည်း ပျက်စီးမှုတွေ ဖြစ်ပေါ် နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ အင်းတော်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဇွန် ၃၀ ရက်နေ့ကစပြီး ဒီကနေ့ ဇူလိုင် ၄ ရက်နေ့အထိ ကသာ – နဘား လမ်းပိုင်းမှာ ကားအစီးရေ ရာနဲ့ချီပိတ်မိနေတာဖြစ်ကြောင်း ၊ အဲဒီထဲကမှ ပန်းတွေ ၊ ခရမ်းချဥ်သီး ၊ ကြက်သွန် ၊ကွမ်းရွက် ၊ ကြက်ပေါက် အပါအဝင် စတဲ့ အထားမခံတဲ့ ကုန်ပစ္စည်းတွေ ပျက်စီးမှုဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကုန်စိမ်းတွေ အများစုပျက်စီးတာပေါ့ ။ ပန်းတွေဆိုလည်း…

Read More

အသက် ၅ နှစ်ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး အလောင်းကို စောင်နဲ့ထုတ်ကာ စွန့်ပစ်မှု ဖြစ်ပွား

ဇူလိူင် ၄ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ တူးချောင်းကျေးရွာ ၊ ဓနသိဒ္ဓလမ်းမှာ နေထိုင်တဲ့ KG တက်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ နားကပ်ဖြုတ်ယူပြီး အလောင်းကို စောင်နဲ့ထုတ် စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ မနေ့က ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းမှာ ကလေးငယ်ဟာ နေအိမ်ကနေ ပျောက်သွားပြီးနောက် ည ၁၁ နာရီလောက်မှာတော့ တူးချောင်းကျေးရွာ အပြင်ဘက်တနေရာမှာ စောင်နဲ့ပတ်ထုတ်ထားပြီး အသတ်ခံထားရပြီးရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” အလုပ်သမားဆေးရုံနား လမ်းတလမ်းရှိတယ်။ အဲဒီလမ်းမှ ကလေးကို စောင်တွေဘာတွေနဲ့ပတ်ပြီး ဆာလာအိတ်ထဲကို ထည့်ပြီးပစ်ထားတာ ။ တွေ့တဲ့အချိန် ကလေးက အသက်မရှိတော့ဘူး ။ နားကပ်ကလည်း…

Read More

ဖောင်းပြင်နဲ့ မော်လိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပြီး ခြောက်ယောက် သေ၊ လေးယောက် ဒဏ်ရာရ

ဇူလိုင် ၄ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်းအတွင်းက ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်မှာ မနေ့ ဇူလိုင် ၃ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ဇူလိုင် ၃ရက် ညနေ ၅ နာရီခွဲဝန်းကျင်က ဖောင်းပြင်မြို့နယ် (မြောက်ပိုင်း)၊ တိုက်နယ် (၆)၊ နန်းစက်ရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် မော်လိုက်မြို့နယ်၊ ဖဲကဇက်ကျေးရွာအုပ်စု၊ မနူနာကျေးရွာ အထက်ဘက်က ရိုးလာရွှေမှော်မှာလည်း မနေ့ ညနေ ၄ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် လေးလုံးနဲ့ ဈေးဆိုင်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က…

Read More

အခန်း (၁၆၀)

ဆူးငှက်   မအိပ်ဖြစ်ကြတော့တဲ့ ည ————————— ၃လကြာ တွေ့ဆုံရင်းနှီးခဲ့ကြပြီး ထမင်းစားဆောင်ထဲမှာ၊ စာသင်ခန်းထဲမှာ၊ သင်တန်းခန်းမထဲမှာ အတူနေထိုင်ခဲ့ကြရုံမက မောင်ရင်းနှမအသွင် ဇာတ်တိုက် သီချင်းတိုက်ပြီး ဇာတ်ခုံပေါ်တွင် တစ်ညတာ ပျော်ပျော်ရွှင်ရွှင် သီဆို ကခုန်ကြပြီး မကြာမီ နာရီပိုင်းအတွင်း ခွဲခွာကြရတော့မည်။ ထို့ကြောင့် အများစုက သည်တစ်ညကို အိပ်စက်လိုက်ခြင်းဖြင့် အကုန်မခံနိုင်ကြ။ ထို့ကြောင့် ကျောင်းပေါက်က ကော်ဖီဆိုင်လေးမှာပဲ နောက်ဆုံးအချိန်ကို တမြေ့မြေ့ အသုံးချကြတော့မည်။ ကျွန်တော်က ဆိုင်လေး၏ အရှေ့ဘက် အစွန် သရက်ပင်ရိပ်အောက်က စာပွဲခုံလေးမှာ ချောင်ကုပ်ထိုင်ပြီး ကော်ဖီတစ်ခွက်နှင့် အဝါရောင်စာအုပ်လေးကို ဖွင့်ဖတ်ချင်ဇော ကြီးနေဆဲ ကိုဘရီတို့ ကိုတင်အောင်စန်းတို့ အငြိမ့်နှင့် ပြဇာတ်အဖွဲ့က တစ်စုကြီး ရယ်မောပြောဆိုကာ ဆိုင်ထဲ ဝင်လာကြသည်။ ထိုင်နေကျနေရာမှာ ကျွန်တော်မရှိဘဲ ဗန်းမော်တဘက်ကြီး ၁ထည်ကို ၂ယောက်တွဲခြုံကာ ၂ကိုယ့် တစိတ်ဖြစ်နေသော ခင်သီတာတို့ကိုပဲ…

Read More

သူတို့အိမ် အခန်း (၁၅၉)

ဆူးငှက် သဘင်သည်စိတ်နှင့် အနုပညာအလုပ် …………………………………….. တစ်လခန့် ကြို၍ ပြင်ဆင်၊ လူရွေးချယ်၊ အစီအစဉ်ဆွဲ၊ တီးလုံတိုက် နှင့် ဝတ်စုံပြည့် အစမ်းကပြလိုက်တော့ အစီအစဉ်တွေက မှန်းထားသည်ထက် ပိုမိုကောင်းမွန် အဆင်ပြေနေသည်ဟု ခံစားရသည်။ တကယ်တော့ ပါဝင်သူတိုင်းက သဘင်သည်များမဟုတ်ကြဘဲ ဝန်ထမ်းများသာ ဖြစ်ကြသော်လည်း ကပွဲအစီအစဉ်ကို ကြိုတင်ပြင်ဆင်ပြီဆိုကတည်းက ဝန်ထမ်းစိတ်ဖျောက်ကာ သဘင်သည်စိတ်ဖြင့် စိတ်နှစ် လုပ်ကိုင်ခဲ့ကြခြင်းကြောင့် အောင်မြင်ခြင်းဖြစ်ပါသည်။ ထိုသို့ တစ်ကြောင်းတည်းသော စိတ်ဖြင့် လုပ်ကိုင်နိုင်ရန် ကျောင်းအုပ်ကြီးက စာမေးပွဲ စစ်ပြီးကတည်းက သင်တန်းသူ သင်တန်းသားဟူသော၊ ဝန်ထမ်းဟူသော အနှောင်အဖွဲ့များ တာဝန်များ စည်းကမ်းများကို ခွာချပေးခဲ့သောကြောင့် ဖြစ်သည်။ တကယ့်ပွဲနေ့ရောက်တော့ ကျွန်တော် ပူပန်မှု မရှိတော့၊ ကိုယ့်အဖွဲ့ကို စိတ်ချလက်ချဖြစ်သွားပါပြီ။ ကပွဲတာဝန်ခံ ဆရာဦးခင်ထွန်းကလည်း ဇာတ်အဖွဲ့ကြီး၏ မန်နေဂျာကောင်း တစ်ယောက်လို အစစ အားကိုးရပါသည်။ ထို့ကြောင့် ပွဲကြီးနေ့တွင်…

Read More
✕
VOM News

FREE
VIEW