ပြင်ဦးလွင် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းမြေ ပြန်လည်တိုင်းတာကြောင့် ဖယ်ရှားခံရမှာကို ဒေသခံ‌ တွေစိုးရိမ်နေ

မန္တလေး၊ ဇူလိုင် ၁၈ KKA(VOM ) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီး ဧကတသောင်းစီမံကိန်းမြေနဲ့ သုံးတောင်ကျေးရွာအကြားမှာ မြေပြင်ကွင်းဆင်း တိုင်းတာတာ‌တွေ ထပ်မံပြုလုပ်နေအတွက် အဲဒီသတ်မှတ်ဧရိယာဝန်းကျင်မှာ နေထိုင်သူတွေအနေနဲ့ ဖယ်ရှားခံရမှာကို စိုးရိမ်နေကြတယ်လို့ သုံးထောင်ကျေးရွာ ဒေသခံ ကိုဝင်းမြင့်ကျော်က VOMကိုပြောပါတယ်။ “လယ်ယာမြေ၊ သစ်တောနဲ့ စီမံကိန်းမြေ‌တွေဆိုတာက သတ်မှတ်သလောက်ရှိတာပေါ့။ ကျွန်တော်တို့ ဝယ်ယူတုန်းကလည်း လောဘဇောတိုက်ပြီး အရမ်းကာရော ဝယ်ခဲ့တာမဟုတ်ဘူး။ အခုလိုချိန်မှာ ဘယ်သူ့မှ ပြန်ပြီး လက်ညှိုးမထိုးချင်ပါဘူး။ ဆုံးရှုံးတော့ ကျွန်တော်တို့ပဲ။ အခုဆို ကျ​နော်တို့ဖြစ်နေတာက ဘယ်အချိန်ဖျက်ခိုင်း ဖယ်ခိုင်းမလဲ စိုးရိမ်ပူပန်နေရတယ်။”လို့ ကိုဝင်းမြင့်ကျော်ကပြောပါတယ်။ သုံးထောင်းအဆင်းလမ်းဘက်ခြမ်းနဲ့စီမံကိန်းဘက်အကွေ့ခြမ်းမှာရှိတဲ့ လူနေအိမ်တွေနဲ့ဆိုင်ခန်းတွေကို ပြီးခဲ့တဲ့ ဇွန် ၁၀ရက်ကလည်း ရှင်းလင်းဖယ်ရှားတာတွေခံထားရပြီး အခုကျန်တဲ့နေရာတွေပါ ထပ်မံဖယ်ရှားရှင်းလင်းခံရမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။ “ပြီးခဲ့တဲ့လက ရှေ့ကအိမ်တွေ အဖျက်ခံရတုန်းကလည်း ဘာမှလုပ်မရဘဲ ငိုကြည့်နေခဲ့ရတယ်။ အခု ကျန်တဲ့နေရာတွေကိုပါ…

Read More

ဖားကန့် ကုဋေမှော် လုပ်ကွက်ဟောင်းမှာ မြေပြိုကျလို့ ခုနှစ်ယောက်ပါသွားပြီး ရှာမတွေ့သေး

ဇူလိုင် ၁၇ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသရှိ ကုဋေမှော်ထဲက ကုမ္ပဏီလုပ်ကွက်ဟောင်းတခုမှာ မြေပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ခုနှစ်ယောက်လောက်ပါသွားတယ်လို့ ကနဦးသိရပါတယ်။ မနေ့က ဇူလိုင် ၁၇ ရက်နေ့ ၊ ညနေ ၃ နာရီကျော် လောက်မှာ မြေပြိုကျခဲ့တာ ဖြစ်ပြီး မြေပြိုကျစဥ် ရေဆေးကျောက်ရှာနေသူတွေ ပါသွားတာ ဖြစ်ကြောင်း ဒီနေ့ ဇူလိုင် ၁၈ ရက်မှာ ရှာဖွေနေပေမယ့် မတွေ့ရှိသေးဘူးလို့ သိရပါတယ်။ ” ကယ်ဆယ်ရေးအဖွဲ့တွေ ရှာနေကြတုန်းပဲ ။ ဒီနေ့ခင်းထိတော့ မတွေ့သေးဘူး သိရတယ်။ မြေပြိုကျတာက ကန်ကြီးထဲကိုဆိုတော့ ရှာဖို့က သိပ်မလွယ်တဲ့အခြေအနေဖြစ်နေတာ။ ရေငုတ်ရှာနေကြတာကို မတွေ့သေးဘူး ။ ” လို့ ဒေသခံက ပြောပါတယ် ။ ကနဦးသိရှိရတဲ့ စာရင်းအရဆိုပါက မြေပြိုကျမှုအတွင်း ပါသွားတဲ့သူတွေထဲမှာ…

Read More

ရွှေ၊ ငွေ၊ စက်ဆီဈေးနှုန်းတွေ အတက်အကျ အနည်းငယ်နဲ့ ငြိမ်နေပေမယ့် ကုန်ဈေးနှုန်းတွေ တက်အားကောင်းနေ

ဇူလိုင် ၁၈ – ၂၀၂၆ SS (VOM) ပြည်တွင်းရွှေဈေး၊ အမေရိကန်ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေ အတက်အကျ အနည်းငယ်နဲ့ ငြိမ်သက်နေပေမယ့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တက်အားကောင်းနေဆဲ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ လက်ရှိ စားသောက်ကုန် ဈေးကွက်အတွင်းမှာ ဆန်တအိတ်ကို အမျိုးအစားအလိုက် အနည်းဆုံး ကျပ် တသိန်းကျော်ဝန်းကျင်ကနေ ကျပ် နှစ်သိန်းကျော်ဝန်းကျင်အထိ ရှိနေပြီး စားသုံးဆီကလည်း ခွဲတမ်းလျှော့ချ ကန့်သတ်ထားမှုတွေကြောင့် ပြင်ပ ဈေးကွက်မှာ ဆီတပိဿာ တသောင်းရှစ်ထောင်ကျပ်ကနေ ကျပ် နှစ်သောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေသလို ကြက်သွန်နီ တပိဿာ အရင် ၃၅၀၀ ကျပ်ဝန်းကျင်ကနေ အခု ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်ဥ တလုံး အရင် ကျပ် ၅၀၀၊ ၅၅၀ ဝန်းကျင်ကနေ အခု ကျပ် ၇၀၀…

Read More

သူတို့အိမ် အခန်း (၁၇၂)

ဆူးငှက်   စာပေသမား ထမ်းဆောင်ရမယ့် တာဝန် —————————————- သြဂုတ်လ ၁၂ ရက်မှာ သဘောထား တင်ပြ တောင်းဆိုချက်တွေ ထုတ်ပြန်အပြီး၊ စာပေနှင့် အနုပညာရှင်များအဖွဲ့ သပိတ်စခန်းဖွင့်တာ၊ စာပေနှင့်အနုပညာရှင်များ စစ်ကြောင်းထွက် ဆန္ဒပြတာတွေကို သက်ဆိုင်ရာ စစ်ကြောင်းကြီးများရဲ့ သံဃာတော် များ ဦးဆောင်မှုနဲ့ လှုပ်ရှားခဲ့ကြသည်။ သို့သော် စာရေးဆရာ၊ အနုပညာရှင်များ၏ ပခုံးပေါ် ကျရောက်လာသော တာဝန်ကို ဒီထမ်းဆောင်မှုဟာ လုံလောက်ပါရဲ့လား။ သြဂုတ်လကုန်ခါနီး ဆန္ဒပြ အရှိန် အဟုန်မြင့်မားဆဲ ကာလမှာပင် ကျွန်တော်တို့ ခေါင်းချင်းဆိုင်ကြပြန်ပါသည်။ ဒီအချိန် ရန်ကုန်ဗဟိုပြုပြီး တစ်ပြည်လုံး အတိုင်းအတာအရ သတင်းမှန်များ တိကျစွာ အလျင်အမြန် ထုတ်ပြန် ချိတ်ဆက်နိုင်ရေး နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး၊ မူဝါဒရေးရာ ထုတ်ပြန် ကြေညာရေးများက အရေးအကြီးဆုံး ဖြစ်နေပါပြီ။ ကောလာဟလ သတင်း တေနှင့်…

Read More

မြိုင်မြို့နယ်က ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ ‌ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရ

ဇူလိုင် ၁၆ – ၂၀၂၆ SN (VOM) မကွေးတိုင်း၊ မြိုင်မြို့နယ် (တောင်ပိုင်း) မှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစိုးရတပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး မြိုင်မြို့နယ်အတွင်း ဝင်ရောက်လာတာဖြစ်ကာ မနေ့ ဇူလိုင် ၁၅ ရက်နေ့၊ မနက်ပိုင်းမှာတော့ ညောင်ကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောကျေးရွာတွေကို ရောက်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ ဝါးရင်းချိုင်၊ အိုင်းမနဲ့ ပေပင်တိုက် စတဲ့ ကျေးတွေအထိ ဖြန့်ကျက် နေရာယူထားတယ်လို့ သိရပါတယ်။ “မြိုင်စစ်ရှောင်အရေအတွက်က ထောင်နဲ့ချီ ရှိနိုင်တယ်။ တောတောင်ထဲကို ရှောင်ကြတာ။ စစ်ကြောင်းရောက်လာလို့ အခုလို ဒေသခံတွေ ရှောင်ရတယ် ဆိုတာက တိုက်ပွဲဖြစ်မှာ၊ တိုက်ပွဲကြား…

Read More

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ဆိုင်ရာကိစ္စတွေကို နေပြည်တော်မှာ သုံးရက်ကြာ ဆွေးနွေးမယ်

နေပြည်တော်၊ ဇူလိုင်- ၁၆- ၂၀၂၆ Voice Of Myanmar အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး တို့ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ကိစ္စတွေရပ်ကို နေပြည်တော်က M Gallery ဟိုတယ်မှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ဇူလိုင် ၁၈ ရက်နေ့ အထိ သုံးရက်တိုင် ဆွေးနွေးကျင်းပသွားမှာဖြစ်ပါတယ်။ ” အဓိကကတော့ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်လစ်ဆင်ကို ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ဒီမနက်မှာ ပရော်ဖက်ဆာ နှစ်ယောက်ရှိသွားပြီပေါ့နော် ရှင်းပြသွားတာ၊ ပြောရမယ်ဆိုရင် အိန္ဒိယက တကယ့်ကို အကြီးဆုံး ဒီမိုကရေစီတိုင်းပြည်ဖြစ်တယ်၊ အကြီးဆုံး ဖက်ဒရယ်တိုင်းပြည်ဖြစ်တယ်၊ သို့ပေမယ့်သူသည် သူ့ရဲ့ ကွန်စတီကျူးရှင်းထဲမှာ ဖက်ဒရယ်လို့ စာလုံးတလုံးမှ မပါဘူးပေါ့၊ ဒါပေမယ့် ဖက်ဒရယ်အနှစ်သာရတွေကို ပြည့်ပြည့်စုံစုံနဲ့သွားနေတဲ့နိုင်ငံဖြစ်တယ်၊ သူ့ထဲမှာ ဖက်ဒရယ်တွေကို ဘယ်လိုကျင့်သုံးသလဲ ဘယ်လိုပုံစံမျိုးနဲ့…

Read More

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ဆိုင်ရာ နေပြည်တော် ဆွေးနွေးပွဲကနေ ဘာတွေရနိုင်မလဲ

နေပြည်တော်၊ ဇူလိုင်- ၁၆- ၂၀၂၆ Voice Of Myanmar အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး တို့ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ကိစ္စတွေရပ်ကို နေပြည်တော်က M Gallery ဟိုတယ်မှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ဇူလိုင် ၁၈ ရက်နေ့ အထိ သုံးရက်တိုင် ဆွေးနွေးကျင်းပသွားမှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန်ကို VOICE OF MYANMAR (VOM) သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း က ဒီ​ဆွေး​နွေးပွဲနဲ့ ပတ်သက်တာတွေအပြင် ဒီအလုပ်ရုံဆွေးနွေးပွဲကနေ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက် ဘာတွေပြုပြင်ပြောင်းလဲ နိုင်မလဲဆိုတာ အပါအဝင် စတဲ့မေးခွန်းတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။ ။ ဒီကနေ့ကျင်းပတဲ့ပွဲဟာ ကျနော်တို့နိုင်ငံအရေးအတွက်…

Read More

ကုလသမဂ္ဂညီလာခံ ခန်းမထဲက ထိုင်ခုံလေးတခုံ

MT(VOM) ​ကုလသမဂ္ဂ (UN) ဆိုတာ နိုင်ငံတကာ သံတမန်တွေ ဝတ်ကောင်းစားလှတွေဆင်ပြီး နိုင်ငံရေးကစားကြတဲ့ ဇာတ်ခုံကြီးတစ်ခုပါပဲ။ သာမန်လူတွေအမြင်မှာတော့ ကုလသမဂ္ဂရဲ့ ‘သံတမန်အရည်အချင်းစစ် ကော်မတီ’ (Credentials Committee) ဆိုတာ စာရွက်စာတမ်းလေးတွေ စစ်ဆေးတဲ့ ရုံးလုပ်ငန်းအဖွဲ့ငယ်လေးတစ်ခုဖြစ်ပေမဲ့ သမိုင်းရဲ့ အလှည့်အပြောင်းတွေ၊ တိုင်းပြည်တွေရဲ့ ကံကြမ္မာ မုန်တိုင်းထန်ချိန်တွေမှာတော့ ဒီကော်မတီလေးဟာ ကမ္ဘာ့အာဏာကြီးနိုင်ငံတွေ ဓားမဆွဲဘဲ သွေးမထွက်ဘဲ အပြိုင်အဆိုင် ကစားကြတဲ့ သံတမန်စစ်မျက်နှာရဲ့ အချက်အချာ ဖြစ်လာတတ်ပါတယ်။ ​ကုလသမဂ္ဂ သံတမန်အရည်အချင်းစစ် ကော်မတီရဲ့ အလုပ်လုပ်ပုံ ​ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအမှတ် ၂၇၊ ၂၈ နဲ့ ၂၉ (Rules of Procedure) အရ အထွေထွေညီလာခံ သက်တမ်းသစ်တစ်ခု (နှစ်စဉ် စက်တင်ဘာလ) စတင်တိုင်း ဒီကော်မတီကို ဖွဲ့စည်းရပါတယ်။ ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံ…

Read More

စဉ့်ကူးမြို့နယ်အတွင်းမှာ တိုက်ပွဲငယ်‌တွေ ပြန်ဖြစ်​နေလို့ နေရပ်ပြန်​တွေ တကျော့ပြန်ထွက်ပြေးရမယ့်အရေး စိုးရိမ်နေ

ဇူလိုင်-၁၆-၂၀၂၆ KKA (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းမှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်နေရပ်ပြန်တွေအနေနဲ့ စိုးရိမ်ထိတ်လန့်တာ‌တွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်နေရပ်ပြန်တွေကို ကူညီပေးနေတဲ့ ချောင်းကြီးပရဟိတအသင်း တာဝန်ခံ ကိုဝင်းမောင်က VOMကိုပြောပါတယ်။ “ပစ်သံတွေက ကြားနေရတော့ စစ်ရှောင်ပြီး ပြန်လာကြတဲ့သူတွေက ပိုကြောက်ကြတာပေါ့။ပြန်ရှောင်ဖို့ကြတော့လည်း ငွေကြေး ဘာညာ အဆင်မပြေသူကများတယ်။ ပြန်ရောက်တာလည်း မကြာကြသေးဘူး။ သူတို့ထူထောင်ရေးတောင် မနည်းရုန်းကန်နေကြရတာလေ။ဒါတောင် ကျွန်တော်တို့ ပရဟိတအသင်းတွေ ချိတ်ဆက်ကူညီပေးနေလို့။ မဖြစ်မနေဆိုရင်တော့ အသက်ထက် ဘာမှအရေးမကြီးဘူးဆိုတော့ သူတို့ရှောင်မယ်ဆို ရှောင်နိုင်ဖို့ ကျွန်တော်တို့တ‌တွေ အတတ်နိုင်ဆုံး ကူညီပေးသွားမယ်။”လို့ ကိုဝင်းမောင်ကပြောပါတယ်။ တိုက်ပွဲတွေဟာ ဇူလိုင်လ ၁၁ရက်နေ့ကနေ့ ဒီနေ့ ဇူလိုင် ၁၆ရက်နေ့အထိ ပြန်လည် ဖြစ်နေတဲ့အတွက် ဒေသခံအများစုက စိုးရိမ်ထိတ်လန့်တာတွေ ‌ဖြစ်နေတာလဲဖြစ်ပါတယ်။ တိုက်ပွဲကြီးတွေဖြစ်ပွာတာမဟုတ်ပေမဲ့ တိုက်ပွဲငယ်သဘောမျိုးက နေရာအနှံ့ဖြစ်နေတာလို့လည်း ဒေသခံတွေကပြောပါတယ်။ “ဒီဘက်တွေက အခုလ ၁၁ရက်နေ့ကနေ ဒီနေ့အထိ…

Read More

တလကျော်ကာလအတွင်း အုပ်ချုပ်ရေးမှူး​တွေ အပါအဝင် လူ ၁၆ ယောက်ဝန်းကျင် အသတ်ခံရ

ဇူလိုင် ၁၆ – ၂၀၂၆ SS (VOM) ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့မှ အခု ဇူလိုင် ၁၄ ရက်အထိ တလကျော်ကာလအတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၁၆ ယောက်ဝန်းကျင် အသတ်ခံခဲ့ရတယ်လို့ လုံခြုံရေးတပ်ဖွဲ့ပိုင်းဆိုင်ရာ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ညောင်ပင်ခွကျေးရွာမှာ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဒုတိယဥက္ကဋ္ဌ ဦးစံတင့်နဲ့ ဝက်လုပ်ငန်းကုမ္ပဏီ လုပ်ကိုင်တဲ့ လုပ်ငန်းရှင် ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့၊ ည ၇ နာရီဝန်းကျင်က ဖမ်းဆီးခဲ့ပြီး ဦးခေါင်းတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပစ်ခတ်မှုဖြစ်စဥ်ဟာ ပါတီကိစ္စကြောင့် မဟုတ်ဘဲ ဝက်လုပ်ငန်း လုပ်ကိုင်သူဖြစ်တဲ့ ဦးအောင်ဝင်းစိန်ရဲ့ ကုမ္ပဏီကို အမည်မသိ…

Read More
✕
VOM News

FREE
VIEW