သိန္နီမှာ မကြာခင် ရေအားလျှပ်စစ်မီး ၂၄ နာရီ ရတော့မယ်

ဇူလိုင် ၁၊ ၂၀၂၆ Shy V (VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ မကြာခင် ရေအားလျှပ်စစ်မီးကို ၂၄ နာရီ ပေးဝေနိုင်တော့မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နောက် ၂ ရက်၊ ၃ ရက်လောက်နေရင် လျှပ်စစ်မီး ၂၄ နာရီ ရတော့မယ်လို့ ပြောတယ်။ အခုထိတော့ မီးမရသေးဘူး။ ၂၄ နာရီ ရမယ်ဆိုတာပဲ ကြားထားသေးတယ်” လို့ သိန္နီဒေသခံ အမျိုးသမီးတယောက်က VOM ကို ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ တည်ဆောက်နေတဲ့ သိန္နီရေအားလျှပ်စစ်စီမံကိန်းဟာ စမ်းသပ်လည်ပတ်နိုင်မယ့် အဆင့်အထိ ရောက်နေပြီလို့ သိရပါတယ်။ “ဒီဇူလိုင်လကစပြီး MNDAA ဘက်က ဆောက်နေတဲ့ ရေအားလျှပ်စစ်ကနေ မီးပေးနိုင်အောင် လုပ်နေတယ်လို့ အရင်ကတည်းက ပြောနေကြတာပါ” လို့ နမ့်ဇလပ်ဒေသခံ အမျိုးသားတယောက်က…

Read More

၇၆ လမ်း ၃၀ နဲ့ ၃၅ ကြားက လမ်းမီးတိုင်တွေ မီးလင်းဖို့ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်မှာ မန္တလေးမြို့တော်စည်ပင်က လျာထား

နေပြည်တော်၊ ဇူလိုင်- ၁- ၂၀၂၆ KKL(VOM) လမ်းမီးမလင်းခဲ့တာ နှစ်ပေါင်းကြာခဲ့ပြီလို့ သိရတဲ့ မန္တလေးမြို့ ၇၆ လမ်းမကြီးပေါ်က လမ်း ၃၀ နဲ့ ၃၅ လမ်းကြားမှာ လမ်းမီးရရှိဖို့ကို ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်မှာ မန္တလေးမြိုတော်စည်ပင် သာယာရေးဌာနက လျာထား လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒီနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့မှာ ချမ်းအေးသာစံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မြင့်မြင့်ဌေး မေးခဲ့တဲ့ ချမ်းအေးသာစံ ကဉ်စနမဟီရပျကှကျ ၇၆ လမ်း ၃၀ နဲ့ ၃၅ ကြား လမ်းမီးကိစ္စ နဲ့ ၇၇ လမ်း ၂၆ နဲ့ ၃၅ ကြားကို ထပ်ပိုးလမ်းအဖြစ်ဆောင် ရွက်ပေးဖို့ကိစ္စ မေးမြန်းခဲ့ပါတယ်။ ချမ်းအေးသာစံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မြင့်မြင့်ဌေး မေးခဲ့တဲ့ မေးခွန်းကို…

Read More

တောင်ကြီး ‘အောင်မြေသစ်’ ကိုယ်ပိုင်ကျောင်းဖြစ်စဉ်က အဓမ္မကျင့်တဲ့တရားခံကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်သော်လည်း မိဘထုကြား စိုးရိမ်မှုများ ကျန်ရစ်နေဆဲ

​တောင်ကြီး-ဇူလိုင်-၁-၂၀၂၆ KKA(VOM) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ “အောင်မြေသစ်” ကိုယ်ပိုင်အထက်တန်းကျောင်းမှာ Grade 12 ကျောင်းသူတဦး အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဖြစ်စဉ်ကျူးလွန်သူဖြစ်တဲ့ ကျောင်းအုပ်ရဲ့သား ဇာနည်သွေးကို တောင်ကြီးခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာ ရာဇသတ်ကြီးပုဒ်မ ၃ ခုနဲ့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ အဓမ္မပြုကျင့်မှု (ပုဒ်မ ၃၇၆-၁) အတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀၊ကာယန္ဒြေဖျက်ဆီးမှု (ပုဒ်မ ၃၅၄) အတွက် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ခြောက်လှန့်တောင်းယူမှု (ပုဒ်မ ၃၈၄) အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စုစုပေါင်း (၂၅)နှစ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ တရားဥပဒေအရ ပြစ်ဒဏ်စီရင်ချက် ထွက်ပေါ်လာ‌ေပမယ့်လည်း ဒီဖြစ်ရပ်ဟာ ပုဂ္ဂလိက ပညာရေးကဏ္ဍရဲ့ လုံခြုံရေးနဲ့စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းချက်များကို မီးမောင်းထိုးပြနေပါတယ်။ဒါကို ကျောင်းတည်ထောင်သူတွေနဲ့ဆရာ၊ဆရာမတွေအလေးထားရပါလိမ့်မယ်။ သား၊သမီးများကို…

Read More

မြဝတီမှာ ဓါတ်ဆီလှယ်ရာက​နေ မီးလောင်မှုဖြစ်ပြီး လသားအရွယ်ကလေးသေဆုံးကာ ဖခင် စိုးရိမ်ရတဲ့ ဒဏ်ရာရ

မြဝတီ၊ ဇူလိုင် ၁-၂၀၂၆ KKA(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီနေ့ (ဇူလိုင် ၁ ရက်) ညနေပိုင်းက ခြင်ဆေးထွန်းထားသည့်အနီး ဓာတ်ဆီလှယ်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက် ၂ လအရွယ် ကလေးငယ်တဦး မီးလောင်သေဆုံးကာ ဖခင်ဖြစ်သူလည်း စိုးရိမ်ရတဲ့ဒဏ်ရာ‌‌တွေရရှိခဲ့ကြောင်း မြဝတီမြို့နယ်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ ဒီနေ့ ညနေ ၅ နာရီခန့်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်းရှိ (၁၀×၁၀) ပေပတ်လည် ထရံကာ၊ သွပ်မိုး၊ မြေစိုက်အိမ်အတွင်းခြင်ဆေးထွန်းထားတဲ့ ခွက်အနီးမှာ (၅) ဂါလံဆံ့ ပလတ်စတစ်ပုံးထဲက ဓာတ်ဆီကို ဗူးငယ်များအတွင်းကို လှယ်ထည့်ရာကတဆင့် မီးဟပ်ကာ ရုတ်တရက် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ကနဦးသတင်းထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မီးလောင်မှုကြောင့် အိမ်အတွင်းရှိနေတဲ့ အမည်မပေးရသေးတဲ့ အသက် ၂ လသားအရွယ် ကလေးငယ်တဦးမှာ အခင်းဖြစ်နေရာမှာပဲ မီးလောင်သေဆုံးခဲ့ရပြီး၊ ၎င်း၏ဖခင်ဖြစ်သူမှာလည်း…

Read More

မုတ်သုံလေ အားကောင်းမှုနဲ့ လေထုမငြိမ်မသက်မှုကြောင့် တိုင်းနဲ့‌ပြည်နယ်တချို့ မိုးကြီးနိုင်

ဇွန် ၃၀ – ၂၀၂၆ SS (VOM) မုတ်သုံလေ အားကောင်းမှုနဲ့ လေထုမငြိမ်မသက်မှုတွေကြောင့် လာမယ့် ဇူလိုင်လ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရှစ်ရက်တာကာလအတွင်း တိုင်းနဲ့‌ပြည်နယ်တချို့မှာ နေရာကွက်ပြီး မိုးကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ဇူလိုင် ၃၀ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ လာမယ့် ဇူလိုင်လ၊ အဲဒီ ရှစ်ရက်တာကာလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်တဲ့အပြင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာလည်း လေထု မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို တချို့ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့…

Read More

မုံရွာမြို့နယ် ပလဖကို ခရိုင်တပ်ရင်းတွေ ဝင်စီးပြီး ပစ်ခတ်လို့ မြို့နယ်ပလဖတာဝန်ခံအပါအဝင် ခုနှစ်ယောက်သေဆုံး

ဇွန် ၃၀ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) စခန်းတွေကို NUG လက်အောက်က တပ်ရင်းတွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပစ်ခတ်မှုဖြစ်ပွားပြီး ခုနှစ်ယောက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က ဇွန် ၂၉ ရက်နေ့ ညနေပိုင်းမှာ မုံရွာမြို့နယ် ပလဖ တပ်စခန်းသုံးနေရာကို မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ကြောင်း ၊ အဲဒီမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး မြို့နယ် ပလဖ တာဝန်ခံ အပါအဝင် ငါးယောက် နဲ့ ဒေသခံ နှစ်ယောက် စုစုပေါင်း ခုနှစ်ယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ” အဲဒီပစ်ခတ်မှုမှာ မြို့နယ် ပလဖ တာဝန်ခံကိုအာကူး သေဆုံးတယ်။နောက်ထပ် ပလဖ တပ်ဖွဲ့ဝင် လေးယောက်သေတယ်။ ဒေသခံက နှစ်ယောက်သေတယ်။ သုံးယောက်ဒဏ်ရာရတယ် သိရတယ်။ အဲဒီနယ်ဘက်မှာ…

Read More

မိတ္ထီလာမြို့နယ်တွင်းမှာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ပိုက်ဆံသိန်း ရာချီတောင်းနေတဲ့ သူတွေကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေ

ဇွန် ၃၀ ၊ ၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ မိတ္ထီလာမြို့နယ်အတွင်းမှာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး သိန်းရာချီ ငွေတောင်းခံတဲ့ အမျိုးသားလေးယောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဇွန် ၃၀ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။ အဆိုပါ အမျိုးသားလေးယောက်ဟာ မိတ္ထီလာမြို့ နယ်အတွင်းက ပြည်သူတွေကို ဖမ်းပြီး စစ်မှုထမ်းထဲမပါလိုရင် ပိုက်ဆံပေးဖို့ တောင်းနေသူတွေဖြစ်ကြောင်း ၊ သူတို့ကို အရေးယူနိုင်ဖို့ သက်ဆိုင်ရာကလည်း လိုက်လံစုံစမ်းနေတာကြာပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ” အခုမိတဲ့သူတွေကို သက်ဆိုင်ရာက လိုက်နေတာကြာပြီ။ ဖမ်းမိတာတော့ ခုညနေပိုင်းကပါ။ ခုဖမ်းမိတဲ့ သူတွေထဲမှာ မိတ္ထီလာထဲက သူတွေလည်းပါသလို ပျော်ဘွယ်ဘက်က သူတွေလည်း ပါတယ်သိရတယ်။ ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး…

Read More

သူတို့အိမ် အခန်း (၁၅၆)

ဆူးငှက် ဇာတ်အဖွဲ့ကြီးလေလား.. —————————– ဤသို့ဖြင့် စာမေးပွဲ ပြီးသည်နှင့် ကျောင်းဆင်းပွဲအတွက် စတင်ပြင်ဆင်ကြပါပြီ။ သင်တန်းခန်းမကြီးထဲမှာ တီးလုံးတိုက် အကတိုက်ကြဖို့ နေရာချထားလိုက်ပါပြီ။ ကျွန်တော်တို့ ဇာတ်အဖွဲ့ကြီး စတင်ဖွဲ့စည်းလိုက်ပါပြီ။ တကယ်တော့ ကျောင်း သင်ခန်းစာတွေ လျွှတ်ချလိုက်ပြီးပါမှ ကိုယ်စီကိုယ်စီ အစွမ်းအစတွေ ထင်ထင်ရှားရှားပေါ်လာကြသည်။ အတော်များများက ဇာတ်ပိုးပါလာကြသူချည်းပဲလေ။ သင်တန်းသူထဲတွင် စဉ့်ကိုင်သူ၊ အမရပူရသူ၊ မတ္တရာသူ၊ ပျော်ဘွယ်သူ ၄ယောက်က အတော်တတ်ကြသည်ဟု ပြောရမည်။ အငြိမ့်သီချင်းတွေလည်း ရကြ၊ အကတွေလည်း ရကြရုံမက မန္တလေးအငြိမ့်များ၏ အငြိမ့်ခွင်များပင် သိနေကျွမ်းဝင်နေကြသည်။ သူတို့ ၄ယောက်တွင် ပျော်ဘွယ်သူမှ လွဲ၍ ကျန်သုံးယောက်က အသက်၂၀ကျော်မို့ အရွယ်အရ ရုပ်ရည်အရ အချိုးကျသည်။ ပျော်ဘွယ်သူက အသက် ၃၀ကျော်ကာ ကိုယ်ခန္ဒာက ဝသည့်ဘက်ရောက်သည်။ သို့သော် သူကလည်း မခေလှ၊ သူ့မြို့က အရပ်ဇာတ်ကတိုင်း ပြဇာတ်မင်းသမီးတဲ့။ သည်တော့…

Read More

နေရပ်ပြန် မတ္တရာ စစ်ရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေး မန္တလေး ICRC ကူညီထောက်ပံ့မှုများပြုလုပ်နေ

ဇွန်-၂၉-၂၀၂၆ KKA (VOM ) မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းရှိ နေရပ်ကိုပြန်လည်‌‌ေရာက်ရှိလာတဲ့ ‌စစ်ရှောင်ပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် မန္တလေး ICRCက ကူညီထောက်ပံ့ပေးတာတွေ လုပ်ဆောင်နေပါတယ်။ လပေါင်းများစွာ စစ်ဘေးရှောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာတဲ့ မတ္တရာမြို့နယ်အတွင်းက ထန်းပင်ကုန်းနဲ့ဘိုကုန်းကျေးရွာက အိမ်ထောင်စု ၇၉၅စုကို အရေးပေါ် အိမ်သုံးပစွည်းတွေ၊တစ်လစာ စားနပ်ရိကွာခွဲတမ်း၊မိုးကာ၊ကြိုး၊ရေစစ်အိုး စတာတွေ ထောက်ပံ့နေပြီး နှစ်ရွာလုံးကို ဆိုလာစနစ်သုံး လမ်းမီးတိုင်တွေကိုလည်း တပ်ဆင်ပေးခဲ့ပါတယ်။ “ဒီကြိုးပမ်းအားထုတ်မှုတွေက ရပ်ရွာလူထုတွေအတွက် သူတို့ရဲ့ဘဝကို ပြန်ပြီးတော့တည်ဆောက်ရာမှာ အစပြုနိုင်စေမယ့် ခြေလှမ်းသစ်တစ်ခုအနေနဲ့ ပံ့ပိုးပေးပါတယ်” လို့ ICRC ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မစုလှိုင်နှင်းက ပြောပါတယ်။ နေရပ် ပြန်လည်‌ေရာက်ရှိလာတဲ့ စစ်ရှောင်ပြည်သူ‌ေတွပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့‌ေနတာ ပြီးခဲ့တဲ့ မတ်လက စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါအပြင် မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းအတွင်းက စစ်ပွဲဖြစ်ပွားခဲ့တာတွေကြောင့် စိုက်ပျိုးရေးအခက်အခဲရှိတဲ့တောင်သူတွေကို စပါးမျိုးသန့်နဲ့မြေဆီအိတ်တွေ ကူညီထောက်ပံ့နေတာတွေလည်း လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။ “ပြန်လို့ရပြီဆိုတော့ ကိုယ့်ရပ်ကိုယ်ပြန်ကြတာပေါ့။အိမ်လည်းရောက်ရော ဘာမှမရှိတော့ဘူး။အခွံပဲကျန်တယ်။တချိုဆို အိမ်က ပျက်စီးသွားပြီ အဲဒီလိုတွေ အကုန်ခက်ကုန်တာပေါ့။အစက…

Read More

စစ်ကိုင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ရှစ်ယောက် သေ၊ အယောက် ၂၀ ထက်မနည်း ဒဏ်ရာရ

ဇွန် ၂၉ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မနေ့ ဇွန် ၂၈ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးကာ အယောက် ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့နယ် (မြောက်ခြမ်း) က တလိုင်း (ထီးလှိုင်) ကျေးရွာ အရှေ့ဖျားမှာ မနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်ဝန်းကျင်နဲ့ ၂ နာရီ ၁၇ မိနစ်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး၊ ဒဏ်ရာရမှုအပြင် နေအိမ် ငါးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်တာအပြင် လေယာဉ်ပေါ်ကနေ စက်သေနတ် (ရော့ကတ်) တွေနဲ့ပါ ပစ်သွားတာ။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ငါးယောက်က ပြင်းထန်အဆင့် ဖြစ်တယ်။…

Read More
✕
VOM News

FREE
VIEW