သာသနာ့ဗိမာန် နှင့် မလွန်ကွင်း

      ဆူးငှက်     မန္တလေးသည် သာသနာတော် စည်ကားခဲ့ရာမြို့တော် ဖြစ်လေသည်။ စာသင်၊ စာချ ဆရာတော်ကြီးများဖြင့် ပရိယတ္တိစာပေများ ထွန်းကားရာလည်း ဖြစ် ၏။ ၁၂၄၇ခု၊ အရှင်နှစ်ပါးပါတော်မူပြီး မှစ၍ သာသနာ ညှိုးမှိန်ခဲ့လေသည်။ ပါတော်မူပြီး၁၃နှစ်အကြာတွင် စာရင်းကောက်ယူသောအခါ စာသင်၊ စာချဆရာတော် အပါးရေ ထက်ဝက်ကျော်မျှ လျော့နည်းသွားကြောင်းတွေ့ရှိရလေ၏။ ပါတော်မူချိန်ကာလက စာချဆရာတော် ၁၁၆၆ပါး (ဥသြသံသာ) ရှိခဲ့သည်။     ဤကဲ့သို့ သာသနာတော် မှေးမှိန်မည့် အရိပ်အရောင်ကြောင့် မန္တလေးမြို့ ဆိုင်းတန်းရပ် ပွဲစားကြီးဦးထွန်း အပါအဝင် သာသနပါလ ဥပါသကာ ၁၂ဦး သည် မိုးတားတိုက် သာသနာပိုင် ဆရာတော် ဦးသုဇာတ အမှူးပြုသော ဆရာတော်ကြီး ၁၈ပါး၏သြဝါဒကိုခံယူကာ ၁၂၆ဝခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ‘မန္တလေးမြို့ ပရိယတ္တိ သာသနဟိတအသင်းကြီး’…

Read More

မွေခံထိုက်စေ

    ဆူးငှက်       သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်ရိုးဟု စာဆိုလေ့ရှိသော စစ်ကိုင်းတောင်တွင် ကနဦး အစောဆုံး တည်ခဲ့သောချောင်(၃)ချောင်ရှိသည်။ ပိတောက်ချောင်တဲ့၊ ပဘာချောင်တဲ့၊ အနုရုဒ္ဓါချောင်တဲ့။ စစ်ကိုင်းတောင်ရိုးသို့ ငယ်စဉ်ကတည်းကမကြာခဏရောက်ဖြစ်သော်လည်း ထို ရှေးဟောင်း နေရာ ရှေးဟောင်းချောင်တွေအကြောင်းမသိခဲ့။     စာကလေး၊ ပေကလေး လောက်လောက်လားလား ဖတ်လာချိန်မှာ ဆရာတော် ရွှေကိုင်းသား ဟူသော အာဂသုတေသီ ရဟန်းစာဆို တစ်ဦးက စစ်ကိုင်းတောင်ရိုး အနုရုဒ်္ဓါချောင်မှာ သီတင်းသုံးလျက် ရှိသည်ဆိုတာ သိမှတ်ရငြား ထိုအနုရုဒ္ဓါချောင်သို့ တစ်ခေါက်တစ်လေမျှပင် မရောက်ဖူးခဲ့။ အရပ်ချင်း နီး၍ အရောက်အပေါက် မပြတ်လှသော ပွဲကုန်းရပ်ကဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ထံ ရောက်တိုင်း ဆရာတော် ရွှေကိုင်းသား အကြောင်း၊ အနုရုဒ္ဓါချောင် အကြောင်းကြားသိ ရတိုင်း ပါးစပ်အဟောင်းသား ငေးမော နားထောင်ရုံပဲပေါ့။ တကယ်တော့…

Read More

ပြုံးမယောင် မျက်နှာကလေးရဲ့ နုတဲ့ပါးပြင်ဆီ

    ဆူးငှက်     “မြို့မ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်း””ကို ၁၉၂၅ ခုနှစ်တွင် စတင်သ ေန္ဓတည်၍ ၁၉၂၈ ခုနှစ်တွင် အပီအပြင် ဖွဲ့စည်းရာ၌ ဓားတန်းဦးသန့်က လက်မွန်မဆွ ဦးဆောင်ပါဝင်ခဲ့သောကြောင့် ဖြစ်ပါ၏။ ဓားတန်းဦးသန့်(ကိုသန့်) အပါအဝင် ကိုဘညိန်း(မြို့မငြိမ်း)၊ ကိုဘငွေ၊ ကိုဘသက်၊ ကိုလှဒင်၊ ကိုမြသိန်း၊ ကိုရင်လေး၊ ကိုဘဒင်၊ ကိုဘကြင်၊ ကိုအုံး စသည့် လူငယ်များ စုစည်းတည်ထောင်သည့် မြို့မတူရိယာအသင်းသည် မူလက ဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်းတူရိယာအသင်းဟု အမည်ပေးကာ တီးမှုတ် သီဆိုဖျော်ဖြေမှု အတွက်သာဟု ယူဆနိုင်သော်လည်း ဓားတန်းကိုသန့်နှင့် မြို့မငြိမ်းဖြစ်လာမည့် ကိုဘညိန်းတို့၏ ဂီတပါရမီနှင့် ဂီတလေ့လာအားများက ရေရှည်မျှော်ကြည့်သော အမြင်များရှိကြောင်း အသင်း၏ ရည်ရွယ်ချက်၆ရပ်တွင် တွေ့ရှိနိုင်သည်။       သည်ကတည်းက ၂၈လမ်း တရုတ်တန်းသား ကိုဘညိန်းနှင့်…

Read More

ပြည်တော်သာ နှင့် လူချွန်လူကောင်း

      ဆူးငှက်   သက္ကရာဇ် ၁၂၄၇ ခု ပါတော်မူပြီးနောက် ထီးကျိုးစည်ပေါက် ဖြစ်ပြီး တစ်စုတစ်စည်း တည်းသော အနုပညာရှင်များ ရေဝေးကြာပမာ ဖြစ်ကြရသည်။ ထို့ကြောင့် ရေကြည်ရာ မြက်နုရာ ဆိုသလို ထက်အောက် စုန်ဆန် လွင့်ပါးကြရတော့၏။ အစုအစည်း ပြေပျက်၊ အထိန်းအကွပ်မဲ့ပြီး အားပေးချီးမြှင့်သူလည်း မရှိဖြစ်ကာ တစ်ဘက်ကလည်း အုပ်စိုးသူ လူမျိုးခြား၏ယဉ်ကျေးမှုများက လွှမ်းမိုးလာလေတော့ မြန်မာအနုပညာရှင်များသည် ကိုယ့်ပညာကို ရင်ဝယ် သိမ်းသိမ်းထုပ်ထုပ် ပြုလုပ်ရုံကလွဲပြီး မတတ်နိုင်ကြတော့ပေ။ ရောက်ရာ နေရာဒေသမှာ ကျားကုတ်ကျားခဲ ရပ်တည်ပြီး ကိုယ့်အနုပညာ မပျက်အောင် မနည်းထိန်းသိမ်းနေကြရသည့် ကာလများပဲ ဖြစ်သည်။ မန္တလေး၌ ကျန်ရစ်သော ဝက်မစွပ် ဝန်ထောက်မင်း၊ လှေသင်း အတွင်းဝန်မင်းစသည်ဖြင့် ပုဂ္ဂိုလ်ကြီးများက မြင်တွေ့မှတ်ကြား တတ်သိထားသမျှ မပျောက်မပျက်ရအောင် ရေးချွတ် ထိန်းသိမ်းထားကြရသည်။  …

Read More

မမြရင် ပါးပေါ်က အမာရွတ်လေး

    ဆူးငှက်     လေဘာတီမမြရင်အကြောင်း လွမ်းဆွတ်ဖွယ်ရာ ပြန်လှန်ပြောကြတော့ သူ့ပါးလေးပေါ်က အနာရွတ်လေး အကြောင်းက ပါစမြဲဖြစ်သည်။ ထိုစဉ်ကာလ မမြရင်တို့ စန်းထလိုက်ပုံက အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အရွယ်ပေါင်းစုံ၏အသည်းကျော် ဖြစ်နေသည်။ အငြိမ့်အပြီး မမြရင်နှင့် မိခင်ကြီး ဒေါ်ဉာဏ်ရုံတို့ အိမ်ပြန်မယ်ဆိုလျှင် လိုက်ပို့ချင်သူတွေက မရှား၊တန်းကို စီလို့တဲ့။ တစ်ခါတရံ ပုန်းရှောင်ပြီးမှ ဆိုက်ကားလေးနှင့်ပဲ လူသူမသိ ပြန်ကြရသည်။ သို့သော် ပရိသတ် အထင်အမြင်လွဲမှာ စိုးသောကြောင့် လိုက်ပို့ချင်သူ၏ ဆန္ဒကိုလိုက်လျောကာ သူတို့ကားပေါ် သားအမိနှစ်ယောက်သား ထိုင်လိုက်ရသည်လည်း ရှိသည်။     တစ်ညသား မြို့လယ်ခေါင် ဈေးခိုအနီးတွင် အငြိမ့်ရှိသောအခါ ထိုညပွဲအပြီးတော့ လိုက်ပို့ပါရစေဟု  တစာစာပူဆာနေသူ တစ်ဦးကို လိုက်လျောခဲ့သည်။ သူကလည်း မမြရင် ပွဲကရာ အမြဲလိုက်ပါပြီး အငြိမ့်ပြီးသည်အထိ ကြည့်ရှုပြီးလိုက်ပို့ပါရစီ…

Read More

မန္တလေးမှာ ဘာမှသုံးမရလို့ မြစ်ထဲ ကန်ချလိုက်တာ ရန်ကုန်မှာသောင်တင်ပြီး ရုပ်ရှင်ဒါရိုက်တာတော့ ဖြစ်ပါသေးတယ်

      ဆူးငှက်         “အပျော်တမ်း”ဟူသော စကားလုံးက မန္တလေးမှာ အထူးသဖြင့် အသုံးများသည်ဟု ထင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၊ ၉၀လောက် ကတည်းက ‘အပျော်တမ်း’ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြ၏။ “အပျော်တမ်း ခြင်းလုံးအသင်း”၊“အပျော်တမ်း တူရိယာအသင်း”၊ “အပျော်တမ်း  ကြက်တောင်ကလပ်”၊ “အပျော်တမ်း အလေးမအသင်း” စသည် စသည်ဖြင့် ဖြစ်ပါ၏။     တကယ်တော့ မန္တလေးသည် မြို့ပြ စတင် ဖွဲ့စည်း ကတည်းက “တူရာ တူရာ” စုဖွဲ့သည့် မြို့ပြပုံစံ ဖြစ်သည်။ အမရပူရနေပြည်တော်မှ ပြောင်းရွှေ့လာကတည်းက အမရပူရ နေပြည်တော်တွင် အခြေတကျ နေထိုင်ခဲ့ကြသည့် ရပ်ကွက်အတိုင်း “တူရာအိမ်နီးချင်း”များကို စုသည်။ ဥပမာ ဈေးချို၊ ဝါးတန်း သည်တို့ ဖြစ်၏။…

Read More

သမီးရဲ့ဦး၊ လောပန်းလောင်းနှင့် သီပေါရာဇာ ပါတော်မူရှာပြီ

    ဆူးငှက်     ၁၉၉၀လွန်ကာလ မန္တလေး၏ အနောက်တောင် ကျုံးထောင့် ရေပေါ်ဥယျာဉ် စင်တင်မှ စလိုက်သည်မှာ ထိုစဉ်က လူသူအသွားအလာ နည်းပါးသည့် သိပ္ပံလမ်းပေါ်မှာလည်း စင်တင်တေးဂီတနှင့် ဘီယာဆိုင်တွေ အပြိုင်းအရိုင်း ပေါ်လာသည်။မြောက်ပြင် မြင်းပြိုင်ကွင်းအနီးက စင်တင်ကလည်း နာမည်ကြီးလာသည်။ ထို့အတူ မျက်ပါးရပ်စစ်တပ်ဝင်း အနောက်ပေါက်ကစင်တင်၊ အရှေ့ကျုံးထောင့် ၂၄လမ်းက စင်တင်၊ ဘူတာကြီး အနောက်ဘက် ၇၉လမ်းပေါ်က စင်တင်သာမက မြို့လယ်ခေါင်ဈေးချိုအပေါ်ထပ် တိုက်တန်းကြီး အပေါ်ထပ်စင်တင်၊ ကျောက်သွေးတန်းက စင်တင်တွေလည်း ထင်ရှားသည်။     ထိုစင်တင်များတွင် လူငယ်ကြိုက် ဆိုသော်ငြား ထိုစဉ်ကာလ ဝင်ငွေကောင်းသော အရောင်းအဝယ်သမား၊ ကျောက်သမား၊ ကိုယ်ပိုင်ကျောင်းပိုင်ရှင် ကိုယ်ပိုင်ကျောင်းဆရာများက အများဆုံးဓာတ်ကျသည်။ သူတို့က ခေတ်ပေါ်လည်း ရသည်။မြန်မာသံလည်း ရသည်။ ထိုစင်တင်များ မြန်မာသံ အဆိုတော်များ၏ အမာခံပရိသတ်က လူငယ်များ…

Read More

ဘတ်စ်ကား ဒရိုင်ဘာ စပယ်ယာများ၏ သြဂက်စတြာ

    ဆူးငှက်     တကယ်တော့ သင်္ကြန်ဟူသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ပွဲတော်ကြီးဖြစ်သည်။ အယုတ်အလတ် အမြတ်မရွေးအတန်းအစား မခွဲတစ်သားတည်း ပျော်ပါး လွတ်လပ်စွာ ဆင်နွှဲခဲ့ကြသည့် ပွဲတော်ဖြစ်သည်။ ထို့ကြောင့်  ၁၉၅၂ခုနှစ်တွင် ကျင်းပသော ပြည်ထောင်စု သင်္ကြန်တွင် ပါဝင်ဆင်နွှဲ ကြရာ၌ တပ်မတော်သားပါသည်။ တက္ကသိုလ် ကျောင်းသား ပါသည်။ ရုံးသူရုံးသား ပါသည်။ ကျောင်းသူကျောင်းသား ပါသည်။ ဈေးသူဈေးသားပါသည်။ ဆေးလိပ်သမ ပါသည်။ မော်တော်ကား ဒရိုင်ဘာပါသည်။ ပါဝင် ဆင်နွှဲသည် ဆိုသည်ကလည်း ရေပက်ရုံ၊ ရေပက်ခံရုံမျှ မဟုတ်၊ အနုပညာကို ထုတ်ဖော် ကွန့်မြူးကာ အားလုံးကိုယ်စီ သီချင်းရေးစပ်၊ သီချင်းသီဆို၊ ကိုယ်တိုင် ပါဝင် တီးမှုတ် ကခုန်ကြခြင်း ဖြစ်ပါ၏။     ဂီတ သုခုမ ပညာရှင်များကလည်း ကိုယ့်အနုပညာကို…

Read More

ရွှေမန်းတောင်ရိပ်ခို

    ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့သော “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို ၁၉၅၀ ခုနှစ် ရန်ကုန် သင်္ကြန်တွင် ဆရာမြို့မငြိမ်းကိုယ်တိုင် ပြန်လည် သစ်ဆန်းခဲ့သောအခါ     ဆူးငှက်     လွတ်လပ်ရေး ကြေညာအပြီး တစ်နှစ်ကျော်အကြာ ၁၉၄၉ ခုမတ်လ ၁၁ ရက်ညနေ ၃ နာရီအချိန်မှာပင် ပြည်တွင်းစစ်ကြောင့် မန္တလေးသည် တိုင်းရင်းသား လက်နက်ကိုင် ကေအင်ဒီအိုတပ်များ အောက်သို့ ကျရောက်ခဲ့ရသည်။ တစ်ပြည်လုံးအတိုင်းအတာအရလည်း ပြည်တွင်းစစ်မီးက တောက်လောင်နေ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးရုံးအချို့၊ စစ်ကိုင်းသို့ ဆုတ်ခွာရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင် ဦးစီးသော မန္တလေး အခြေစိုက် အစိုးရ တပ်ပေါင်းစုက စစ်ကိုင်းတွင် အင်အား ပြန်လည်စုစည်းပြီး မန္တလေးမြို့သိမ်း တိုက်ပွဲ ဆင်နွှဲရပြန်သည်။ ၁၉၄၉ ခု ဧပြီ (၆)ရက်နေ့တွင် မန္တလေးကို ပြန်လည်…

Read More

မန္တလေးက လင်းလက်ဝါ ရွှေပန်းတိမ် လုပ်ငန်းကို ရဲအယောင်ဆောင်ကာ ဓားပြတိုက်ခဲ့သူ ခုနှစ်ယောက် ဖမ်းဆီးရမိ

ဧပြီ ၊ ၉ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့ ၊ ၂၂ လမ်း ၊ ၈၉ ၊ ၉၀ ကြား ၊ အကွက်အမှတ် ၁၉၃ ၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်မှာရှိတဲ့ လင်းလက်ဝါ ရွှေပန်းတိမ် အလုပ်ရုံတခုကို ပြီးခဲ့တဲ့ မတ် ၂၈ နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်က ရဲအယောင်ဆောင် အဖွဲ့က ဓားပြတိုက်သွားတဲ့ ဖြစ်စဥ် ၊ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အမှုနဲ့ ပတ်သက်လို့ ဧပြီ ၈ ရက် မနေ့က ကျူးလွန်တယ်လို့ ယူဆရသူ အမျိုးသား ခုနှစ်ယောက်ကို ဖော်ထုတ်ဖမ်းဆီးမိတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မတ် ၂၈ ရက် ညနေပိုင်းက ဓားပြတိုက်ခံရတာပါ…

Read More
VOM News

FREE
VIEW