ဆူးငှက် လျှပ်ခြည်စေရော် ဇော်တခဲ နဘန္တရာသံဝါခြိမ့်တယ် လမ္ဗရာခြိမ့် နတ်စည်တော် ပဏဝါအိမ် ပတ်လည်ဆော်သည် ဝိုးဝင်းမိုးပြည့် ရှိန်အဝါမှာ ဝတိံသူရာစစ်ရေးမြှူကြဆဲ။ ဝန်ထောက်တော် ဝက်မစွတ်မြို့စားက ကရကဋ်ရာသီဝါဆိုလကို ဤသို့ ဖွဲ့ဆိုခဲ့၏။ တလောဆီကတော့ မိုးကို မျှော်လွန်းသော မြန်မာပြည် အလယ်ပိုင်းဒေသအတွက် မျှော်မျှော်နိုင်လွန်းချည့် ဟု ကိုရွှေမိုးက ရွှေစိတ်တော်ညိုကာ ဒေါသတကြီးခုန်ချ အစွမ်းပြတော့သည်။ ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဟု ဆိုရိုး ရှိခဲ့လေတော့ တောင်ဆီမှာမိုးတွေ ညို့လာလျှင်ဖြင့် မောင်ကြီးသည် မမလေးကို “မိုးရွာရင် နော်ဗျာ ဘာနဲ့ မိုးရပါ့၊ ပဒုမ္မာရွှေကြာရိုး၊ ထီးလုပ်လို့မိုး” ဟု ကယုကယင် ချော့နွဲ့လို့မရ။ ပဒုမ္မာရွှေကြာရိုး မဆိုထားနှင့် စတိန်းလက်စတီးစစ်စစ် လက်ကိုင်ရိုးနှင့် ခရမ်းလွန်ရောင်ခြည်ခံ ပိုးဖဲအရွက်ဆောင်း ဂျပန်နာမည်တံဆိပ်တပ် စက်မှုဇုန်ဖြစ် သံမဏိဖဲထီးနှင့်လည်း မမလေးကို ဒီမိုးဒဏ်က…
Read MoreAuthor: Editor Thet Thet
This Day in History
အမျိုးသမီးများ ပညာသင်ကြားခွင့်ပိတ်ပင်ထားခြင်းများအပေါ် ဆန့်ကျင်သည့် ပါကစ္စတန်တက်ကြွလှုပ်ရှားသူ မာလာလာကို တာလီဘန်သေနတ်သမားတဦးက ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ပြီး ဦးခေါင်းကို ထိမှန်ခဲ့သော်လည်း မာလာလာသည် အသက်ဘေးမှ လက်မတင် လွတ်မြောက်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #October9th Telegram Link: https://t.me/VOMNEWS2023/2864
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၉ ရက်)
-အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၅၀ ကျပ် ဝယ်ဈေး – ၃၂၉၅ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၃၀ ကျပ် ဝယ်ဈေး – ၂၃၇၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၁၂ ကျပ် ဝယ်ဈေး – ၃၄၄၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၃၂ ကျပ် ဝယ်ဈေး – ၈၉.၆၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၂၄ ကျပ် ဝယ်ဈေး – ၇၀၈ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၁ ကျပ် ဝယ်ဈေး – ၄၅၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး – ၂၂.၇၁ ကျပ်…
Read Moreရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်
အောက်တိုဘာ ၉ – ၂၀၂၃ SN (VOM) ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကနေ ဒီနေ့ ၉ ရက်နေ့အထိ တပတ်တာကာလအတွင်း ပြည်တွင်းက ရွှေ၊ ငွေ၊ စက်သုံးဆီဈေးကွက် အခြေအနေမှာ ရွှေဈေးကတော့ အကျဈေးမှာ အလှုပ်အခတ် နည်းနေပြီး အမေရိကန်ဒေါ်လာဈေးကတော့ ကျပ် ၃၀၀၀ ကျော်ဝန်းကျင် ဈေးတန်းမှာပဲ အတက်အကျ ငြိမ်နေကာ စက်သုံးဆီဈေးကတော့ ကျပ် ၂၀၀၀ အောက်ဝန်းကျင်ကို ရောက်ရှိလာပါတယ်။ လက်ရှိမှာ နစကတာဝန်ရှိသူေတွဟာ အခြေခံစားသောက်ကုန်ဈေးနှုန်း ကျဆင်းစေဖို့အတွက် နိုင်ငံခြားငွေ ရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့သလို ရွှေရောင်းချသူတွေနဲ့ ရွှေကုန်သည်တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ ဒါ့ကြောင့် မြန်မာ့ကုန်သွယ်မှုမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲနှုန်းဈေးတွေ အတက်အကျ ငြိမ်နေသလို၊ စက်သုံးဆီဈေးဟာလည်း တောက်လျှောက် ကျရိပ်ပြနေကာ ပြည်တွင်း…
Read Moreယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၉ ရက်၊ နံနက် ၁၀ နာရီ)
-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၇၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ရွှေစျေး Telegram Link: https://t.me/VOMNEWS2023/2861
Read Moreအစ္စရေးကို ဟားမတ်စ်အဖွဲ့က ဒုံးကျည်အစင်း (၅၀၀၀) နဲ့ တိုက်ခိုက် ၊ စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း အစ္စရေးကြေညာ
ဂျေရုဆလင်၊ အောက်တိုဘာ-၇-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီးနောက် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။ ဒုံးကျည်တွေ ပစ်ခတ်မှုကြောင့် အစ္စရေးတောင်ပိုင်းတခွင်နဲ့ မြို့တော် တဲလ်အဗစ်တို့မှာ လေကြောင်းရန် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း အစ္စရေးစစ်တပ်က ကြေညာထားပါတယ်။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က ဆိုပါတယ်။ မိနစ် ၂၀ အတွင်း ဒုံးကျည်အစင်းပေါင်း ၅၀၀၀နဲ့တိုက်ခိုက်ခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက် သေဆုံးသွားပြီး အခြား ၁၅ ယောက်ဒဏ်ရာရရှိကာ တယောက်မှာ အခြေအနေစိုးရိမ်ရကြောင်း ကူညီရေးအဖွဲ့တွေကဆိုပါတယ်။ ဒုံးကျည်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီါ် လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်သမားအများအပြားဟာ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးပိုက်နက်နယ်မြေအတွင်းသို့ စိမ့်ဝင်မှုတွေရှိနေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက…
Read Moreမင်္ဂလာဒုံဆီဆိုင်ရှေ့ ယာဉ် ၄ စီးဆင့်တိုက်၊ ၃ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိ
အောက်တိုဘာ ၇ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမ၊ PT power ဆီဆိုင်ရှေ့မှာ ဒီကနေ့ အောက်တိုဘာ ၇ ရက်၊ မနက် ၇ နာရီ ကျော်ဝန်းကျင်က ယာဉ် (၄) စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ လိုက်ထရပ်၊ အဝေးပြေး express ၊ ပရိုဘောက်နဲ့ အထည်ချုပ်ဖယ်ရီ ၄ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပရိုဘောက်ယာဉ်ပေါ်ပါလာသူ ခရီးသည် အမျိုးသမီး (၄) ဦး၊ အမျိုးသား (၁) ဦး၊ ကလေးငယ်မိန်းခလေး (၂) ဦးတို့တွင် အမျိုးသမီး (၂) ဦးနဲ့ ကလေးငယ် (၁)…
Read Moreအမေရိကန် တပ်ကြပ်ဟောင်းတယောက်ကို တရုတ်အတွက် သူလျှိုလုပ်ဖို့ကြိုးပမ်းမှုကြောင့် ဖမ်းဆီး
ဝါရှင်တန်၊ အောက်တိုဘာ-၇-၂၀၂၃ Post မျိုးဆက်(VOM) တရုတ်ထောက်လှမ်းရေးအဖွဲ့အတွက် ကန့်သတ်ထားသောအချက်အလက်တွေကို ပေးပို့ဖို့ကြိုးစားမှုနဲ့ အမေရိကန်တပ်ကြပ်ဟောင်းတယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျိုးဆက်ရှမစ်ဆိုသူဟာ ဟောင်ကောင်ကနေ အမေရိကန်ကိုရောက်ရှိပြီးနောက် ဆန်ဖရန်စစ္စကိုလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မိမိတို့နိုင်ငံကို သစ္စာဖောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း ဝါရှင်တန်ပြည်နယ် ဗဟိုအစိုးရရှေ့နေ တီဆာဂေါ်မန်က ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ မစ္စတာရှမစ်ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ မစ္စတာရှမစ်ဟာ ဝါရှင်တန်အနောက်ပိုင်းရှိ စစ်ဌာနချုပ်တခုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဓိကအားဖြင့် ထောက်လှမ်းရေးဆိုင်ရာများ လုပ်ဆောင်ခဲ့ရကာ အမေရိကန်အစိုးရရဲ့ ကန့်သတ်ထားတဲ့ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ “ ကျွန်တော်မှာ ထိပ်တန်းလျှို့ဝှက်ချက်တခုရှိနေပြီး ဖြစ်နိုင်ရင် ဒီအချက်အလက်တွေကို မျှဝေပေးဖို့ အစိုးရတာဝန်ရှိသူတယောက်နဲ့ဆွေးနွေးလိုကြောင်း” တူရကီမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးနဲ့ တရုတ်ထောက်လှမ်းရေးဌာနတို့ကို အီးမေးလ်ပို့ခဲ့ကြောင်း…
Read MoreThis Day in History
Voice of Myanamr အမေရိကန်နှင့် ဗြိတိန် တိုက်လေယာဉ်များသည် အာဖဂန်ရှိ တာလီဘန်ပစ်မှတ်များကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက်အကြမ်းဖက်တိုက်ခိုက်မှုကို အကြောင်းပြု၍ဖြစ်ပွားခဲ့သော အာဖဂန်စစ်ပွဲ အစပြုခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #October7th Telegram Link: https://t.me/VOMNEWS2023/2815?single
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၇ ရက်)
Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၅၅ ကျပ် ဝယ်ဈေး – ၃၃၀၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၃၅ ကျပ် ဝယ်ဈေး – ၂၃၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၂၈ ကျပ် ဝယ်ဈေး – ၃၄၆၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၀ ကျပ် ဝယ်ဈေး – ၄၄၉ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read More