ပျောက်ကွယ်လှနီးပါး ဖြစ်လာနေတဲ့ ထနော့တိုင်းရင်းသားတွေ

မတ်-၁၀-၂၀၂၅ ဖိုးသား (VOM) ထနော့လူမျိုးတွေဟာ မွန်-ခမာအုပ်စုတွင် ပါဝင်ပြီး “ဝ-ပလောင်”အုပ်စုခွဲ သုံးမျိုးထဲမှ ရှမ်းပလောင် သွေးနှောတဲ့လူမျိုးလို့ ပညာရှင်တွေက ယူဆကြပါတယ်။ သူတို့ဟာ ရှမ်းပြည်နယ် တဝန်းမှာ မွန်-ခမာမျိုးနွယ်တို့ အခြေစိုက်နေထိုင်ကြရာကနေ ရှမ်း-မြန်မာတို့ ဝင်ရောက်သိမ်းပိုက်မှုကြောင့် တောင်အရပ်ဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ မွန်လူမျိုးတွေနဲ့ ကွဲပြားပြီး ရှမ်းပြည်နယ်တဝန်း ကြွင်းကျန်ရစ်တဲ့ လူမျိုးစုဖြစ်တယ်လို့ ဆိုကြပါတယ်။ “ထနော့”လူမျိုးတို့က လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ တောင်ပို့လှ၊ ချောင်းခြားနဲ့ သအယ်သစ် ကျေးရွာတို့မှာ အများဆုံးနေထိုင်ကြပြီး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့အနီး နောင်အင်ရွာမှာလည်း အများဆုံး ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဘုရားဦးရွာ၊ ထုံးဖိုရွာ၊ သစ်ပင်ထောင်ရွာ၊ ဘန့်ဘုန်းရွာ၊ သိမ်ကုန်းရွာ၊ ရွာသစ်ကုန်းရွာတို့မှာလည်း အနည်းငယ် ပျံ့နှံ့နေထိုင်ကြပြီး တောင်ပို့လှနဲ့ သအယ်သစ်ရွာတို့ကသာ “ထနော့”လူမျိုးတွေ သီးသန့်နေထိုင်တဲ့ ရွာအဖြစ် ကျန်ရှိပါတော့ပါတယ်။ ကျန်ရွာတွေမှာတော့ ပအိုဝ်း၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားလူမျိုးတွေနဲ့…

Read More

ဆိုက်ကားက ဓာတ်ရထားကို နလံမထူအောင် တိုက်ခဲ့ပုံ

    ဆူးငှက်   ကုန်လွန်ခဲ့သော နှစ်ပေါင်း၈၀ကျော်ကာလ မန္တလေးမြို့ ၂၆ဘီ အာဇာနည်လမ်း မြောက်ဘက် ရွှေတချောင်းမြောင်း ကမ်းအရှေ့ဘက်က တစ်ထပ်တိုက် “ဘူတာလေး” ကတော့ မန်္တလေးမြောက်ဘက် ရှိ မတ်္တရာမြို့လေးသို့ ပြေးဆွဲသော တစ်စင်းတည်းရှိ မီးရထားလေးတစ်စင်းတည်းသာ ဆိုက်ကပ်ထွက်ခွာရာ ဘူတာလေးပဲဖြစ်၏။ မီးရထားသံလမ်းက လည်း ပုံမှန်လမ်းများထက်သေးသည်။ မီးရထားတွဲဆိုင်းများကလည်း သေးသည်။ ထို့ကြောင့် ရေနွေးငွေ့စက်ခေါင်းကလည်း ခပ်သေးသေးလေးဖြစ် သည်တဲ့ …။ အိန္ဒိယသား ကုလားသူဋ္ဌေး “မနာဂျီ” ပိုင်ဆိုင်သော မီးရထားလေးမို့ … မြန်မာအသံထွက်နှင့် “မနှင်းဆီ” ဟုပဲခေါ်ကာ … “မနှင်းဆီမီးရထား” ဟုပဲ အများစုက သိရှိကြသည်။ မနှင်းဆီရထားက ရွှေတချောင်းမြောင်းအတိုင်း မြောက်သို့ မတ္တရာအထိ ခေါက်ပြန်ပြေးဆွဲသတဲ့။ ဈေးချိုနှင့် ရွှေတချောင်းကလည်းခွဲခြားလို့မရ။ ဘိုးတော်ဘုရား လက်ထက်က တူးဖော်ခဲ့သော ရွှေတချောင်းက စိုက်ပျိုးရေအတွက်သာမက မတ္တရာ…

Read More

သင်းပင်းတွေ မကွဲပြဲကြဖို့

ဆူးငှက် လွန်ခဲ့သော ၁၉၉၆ခုနှစ် မေလ ၁၁ရက်နေ့က မန္တလေးမလွန်ရပ်မှာရှိတဲ့ ပရိယတ္တိသာသနဟိတအသင်းကြီးရဲ့ သာသနာ့ဗိမာန်တော်ကြီးမှာ အသင်းတော်ကြီး အနှစ်၁၀၀ပြည့် ပွဲတော်အတွက် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများထံက သြဝါဒခံယူပွဲ ကျင်းပတယ်။ ဝါဆိုဆရာတော်ကြီး၊ မြတောင်ဆရာတော်ကြီး၊ ဗန်းမော်ဆရာတော်ကြီးစတဲ့ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြတယ်။ ဒီပွဲမှာသတင်းစာဆရာ၊ စာရေးဆရာမကြီး ဒေါ်ဒေါ်လူထုဒေါ်အမာလည်း တက်ရောက်ပြီး ဆရာတော်ကြီးများကို လျှောက်ထားတဲ့ အခါ ထူးထူးခြားခြားမှတ်မိတဲ့ အချက်လေးရှိတယ်။ ဒေါ်ဒေါ်က ပရိယတ္တိသာသနဟိတ အသင်းကြီးရှိလို့ ဆဋ္ဌသင်္ဂါယနာတင်နိုင်တာ၊ အထူးသဖြင့် ဒီအသင်းကြီးလို၊ မလွန်ဈေးဆန်လှူအသင်းကြီးလို သက်တမ်း၁၀၀တိုင် ခိုင်ခိုင်မာမာတည်တံ့နေတာ မန္တလေးမြို့အတွက် ဂုဏ်ယူစရာဖြစ်တယ်။ နှစ်၁၀၀တိုင် ငွေရေးကြေးရေးအရှုပ်အထွေး၊ လူမှုရေးအရှုပ်အထွေး။ ရာထူးရာခံအရှုပ်အထွေးမရှိခဲ့ပါဘူးဆိုတဲ့ အချက်ပါ။ ဒေါ်ဒေါ်လျောက်ထားတဲ့ အချက်ကို ဆရာတော်ကြီးများက သဘောကျတယ်။ “ပရိယတ္တိသည် ဗုဒ္ဓမည်၊ စွမ်းရည်သာသနာ”ဆိုပြီးသာဓုခေါ်ကြတယ်။ ဒေါ်ဒေါ်ပြောမှပဲ သတိထားမိတယ်။ ဟုတ်တာပေါ့ မန္တလေးမှာ အနှစ်ရာပြည့်ကျော်၊ ရာပြည့် စတဲ့ အသင်းတွေ…

Read More

ထပ်ထပ်ထင်ထင် သိမြင်စိမ့်ငှာ

    ဆူးငှက်   မင်းတုန်းမင်းသည် မန္တလေး မြို့တည် နန်းတည်ဖို့ ကြံဆောင်တော်မူလေသောအခါ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် တောင်သမန် နှင့် ဇောင်းကလောကန်၊ မြောက်ဘက်တွင် နန္ဒာကန်တို့ တည်ရှိပြီး၊ အရှေ့ဘက် ရှမ်းရိုးမတောင်ကို နောက်ခံပြုပြီး၊ တောင်မြောက် အလျား (၇)မိုင်၊ အရှေ့အနောက် အနံ (၃)မိုင်ခန့် ကျယ်ဝန်းသော အောင်ပင်လယ်ကန်ကြီး တည်ရှိနေသည့် မန္တလ ခေါ် မန္တလေးတောင်ခြေရင်းက စည်မျက်နှာကဲ့သို့ ပြန့်ပြူးသော လွင်ပြင်နေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ မန္တလေးနှင့် မန္တလေးတောင်သည် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည်ဟု ဆိုသည်နှင့် အညီ တင့်တယ်လိုက်ဖက်လွန်းလှသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှသည် ရိုးမတောင်ခြေအထိ ပြန့်ပြူးညီညာလှသော မြေပြင်ဝယ် မန္တလေးတောင်တော်သည် ထီးတည်းတည်ကာ မြေမှ စုံ့စ့ုံတက်၏။ ထိုအခါ လှပကျယ်ပြောလှသော မြေပြင်အား ရှုမြင်ခံစားနိုင်ရန် မျှော်စင်ပမာ…

Read More

မန္တလေးတက္ကသိုလ်နှင့် ဆရာကြီးဦးရာဇတ်

    ဆူးငှက် ၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်လို့ ကျောင်းသားတွေ သပိတ်မှောက်ကြတယ်။ သပိတ်မှောက်ကြတာက ရန်ကုန်တက္ကသိုလ် တစ်ကျောင်းတည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေအားလုံးက သပိတ်မှောက်ကြတာပါ။   ကျွန်ပညာရေးကို သင်ကြားပေးနေတဲ့ တက္ကသိုလ်အပါအဝင် အစိုးရကျောင်းတွေနဲ့ အစိုးရအထောက်အပံ့ခံ ကျောင်းတွေကို ရာသက်ပန်သပိတ်မှောက်ကြဖို့ သဘောတူထားကြတော့ ကျောင်းသားကြီးတွေက အစိုးရက လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ကျောင်းပြန်မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ ကျောင်းဆက်တက်ပြီး ဘွဲ့ရရင် မြို့ပိုင် မြို့အုပ် ဝန်ထောက်စတဲ့ ရာထူးတွေရနိုင်ပါလျက်နဲ့ တစ်နိုင်ငံလုံးက ကျောင်းသားတွေ ကျွန်ဖြစ်မယ့် ပညာရေးကို အလိုမရှိကြတာမို့ စွန့်လွှတ်ပြီး ကောင်းမွန်တဲ့ ပညာရေးစံနစ်တစ်ခု တောင်းဆိုခဲ့ကြတဲ့ လုပ်ရပ်က ဂုဏ်ယူစရာပါပဲ။ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစံနစ်ကို မကြိုက်လို့ ဆန့်ကျင်ကြ သပိတ်မှောက်ကြတာနဲ့အတူ အမျိုးသားပညာရေး လှုပ်ရှားမှုကလည်း ပိုမို ထက်မြက်အားကောင်းလာပါတယ်။ အဲဒီလှုပ်ရှားမှုကတော့…

Read More

ပုရစ်ဖူးတို့လွန့်လူးချေပြီ..၊ ပြန်ပါလေတော့ ဆောင်း

ဆူးငှက်   ”ရွက်နုဝါ ရောယှက်လို့ တောနက်တဲ့ မြိုင်သာ စောရတက် ခိုင်ညှာမှာ ကြိုင်မွှေးဝါ မြပန်း ထက်ဆွယ်ကမ်း ကုန်းဆည် ရွေတညီ လွမ်းစေဖို့ဆန်း”   ဆောင်းကဖြင့် လမ်းကြုံလို့ လှည့်ဝင်လာသည့် ဧည့်သည်တစ်ယောက်လို ထပြန်ရန် ဟန်တပြင်ပြင် ဖြစ်နေချေပြီ။ ဟောကြည့် အခုပဲ နေထန်းတစ်ဖျား ရောက်သည်နှင့် ဆောင်းငွေ့အသက်က ရုတ်ချည်း ထွက်ပြေးသွားသည်။ အလည်လွန်လိုက်ပုံကလည်း ညနေ ငါးနာရီခွဲလောက်အထိ ပြန်မရောက်။ နေလုံးကျချိန် ၆နာရီကျော်ပါမှ အရိပ်အယောင်ပြလာသည်။ ညသန်းခေါင် နားနီးပါးမှ ကမူးရှူးထိုးနှင့် အိပ်ရာဝင်တော့သည်။ စိမ့်စိမ့်..အေးအေး..ဆောင်း။ ဟော..ကြည့်၊ မနက်လင်းပြန်တော့ ရုပ်မြင်သံကြားမှ တောင်တန်း ဆရာတော်ကြီး ပရိတ်မရွတ်မီ မျက်ကလဲ ဆန်ပျာနှင့် ကိုယ်ရောင်ဖျောက်သွားပြန်၏။ နှင်းရည်ဝ၍ အမြဲ ငိုက်မျဉ်းနေသော သစ်ပင်များကလည်း၊ မဆီမဆိုင် ရုပ်ပြောင်း ရုပ်လွဲလုပ်ကာ မျက်နှာဝှက်ကြသေး၏။ သို့သော် သူတို့ခမျာ…

Read More

လူထုကြားကအနုပညာ

ဆူးငှက်   ၁၉၈၀ခုနှစ် ဝန်းကျင်ကာလများအတွင်းမှာပင် လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲနှင့် ရွှေမန်းတင်မောင် စာအုပ်များကိုဖတ်ရသည်။ ကျွန်တော်က “အငြိမ့်” ကိုပိုကြိုက်သည်။ ကျွန်တော် “အငြိမ့်” ကိုဖတ်ရတာစာအုပ်ထွက်ပြီး ၆နှစ်၇နှစ်မှ ဖြစ်သည်။ သို့သော် ကိစ္စမရှိ။ အကြောင်းအရာအချက်အလက်တိုင်းအသစ်အဆန်းချည်းဖြစ်နေသည်။ ထိုအချိန်က ကျွန်တော်တို့ကလည်းလူပျိုဖားဖားမို့ မန္တလေး၏ ဆူဖြိုးကြွယ်ဝလှသော အငြိမ့်ပွဲခင်းများဆီညစဉ်မပြတ် ရောက်ရှိကာရင်ထဲခံစားရသောမင်းသမီး၏ မျက်လွှာတစ်ပင့်အတွက် အငြိမ့်စင်ထောင့် သန်းခေါင်သန်းလွဲအထိ ရင်ခုန် ခံစားနေသော ကာလများလည်း ဖြစ်ပါ၏။ ထို့ထက် အငြိမ့်အပေါ် ပိုမိုလေးနက်စေသော အကြောင်းခြင်းရာများက ၁၉၇၀ ကျော်ဝန်းကျင် အုံနှင့်ကျင်းနှင့် ငွားငွားစွင့်စွင့် ဖူးပွင့်ခဲ့ကြသော ဟံသာဝတီစာမျက်နှာများပေါ်က မန္တလေးလူငယ် ကလောင်များသည် ရုတ်ခြည်းနေရာပျောက်ရာမှ ဝါသနာအရင်းခံနှင့် ရေမြေအရသူတို့၏ ကလောင်ဖျားက “သဘောထား” များလည်း မန္တလေးအငြိမ့်စင်များဆီ “အော်ပရာ” များအဖြစ် အပြိုင်းအရိုင်းဖူးပွင့်ဝေဆာသဖြင့် ထိုထိုပန်းပွင့်များကိုလည်း သံယောဇဉ်ကြီးစွာခံစားတက်ကြွနေခြင်းလည်း ဖြစ်သည်။…

Read More

နေခြည်နဲ့အသား၊ ရွှေရည်နဲ့ပတ္တမြား

  ”လက်ရည်တစ်ပြင်တည်း .. နှီးဒေါင်းလန်းတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည်ရှင်။ မြမဒီခင် … ခပ်ငယ်ငယ် …၊ တေးဆိုကြ ..၊ မြူးပျော်ကြ …”   အပြာရင့်ရောင် နောက်ခံ ပိတ်ကားကြီးအလယ်မှာ ‘မြို့မ’ ဆိုတဲ့ အဝါရောင်တံဆိပ်ကြီးက ထင်းနေတယ်။ ရှေ့ကစင်ပေါ်မှာ အနိမ့်အမြင့်ပြင် ဆင်ထားတဲ့ ခုံပေါ်၊ နီကယ်ရောင်လက်နေတဲ့ ှအညေိ လေးတွေရှိတယ်။ ဒီအညေိ မှာလည်း ‘မြို့မ’ဆိုတဲ့ လိုဂိုတွေချိတ်ဆွဲထားရဲ့။ ဖိတ်ဖိတ်လက် နေတဲ့ တူရိယာပစ္စည်းတွေက ဆလိုက်မီးရောင် တွေအောက်မှာ စုန်းတောက်စားသလို ကွန့်မြူး နေကြတယ်။ တစ်ဖက်က ကျုံးကမ်းစပ်မှာ မီးသီး ရောင်စုံတွေက သူတို့အရိပ်တွေကို ကျုံးရေပြင် ထဲငုံ့ကြည့်လို့ မှိတ်တုတ်မှိတ်တုတ်။ တစ်ဖက်က မြို့ရိုးကြီးပေါ်မှာတော့ သူရဲခိုကလနားတစ်လျှောက် ၄ဝ ဝပ်မီးလုံးဝါတွေက ပုတီးသီလို သူရဲခိုတစ်လုံး မှာ ကြယ်ခြောက်ပွင့်ပါ ပြည်ထောင်စုအလံတွေက တလူလူလွင့်နေတယ်။…

Read More

ရင်ကပ်သရဖီ..၊ကင်ပွန်းခြုံကွယ် နှင့် ပျို့ဇာတိနွယ်

  ညို့ညို့ဆိုင်းဆိုင်း၊ မှိုင်းပြာရီ မှောင်တန်းတော့ တိမ်ခိုးလေးတွေ ဘေးက ယှက်လို့ တောင်တန်းတစ်ဖက် တစ်ချက် ဝန်းကာရံကာပင် လွမ်းစရာ့ စံရာတစ်ခွင် သခင်မမှာ အရင်ဘဝက ခင်ပပသို့ အသွင် . . .။ သနားစရာ ကမ်းပါးအစ၊ ရင်ခတ်သရဖီ အခွေအခွေပင် . . . ။ ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊ ပုံတော်အစစ်ကို မြင်ရတော့ သခင်မ၊ ယခင်ဘဝ . . . အသက်မရှည်လေခြင်း . . . ကျေးဇူးရှင်ရယ် နေညိုနု၊ ရွှေလိုရှု . . . မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။ (နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း)  …

Read More

မန္တလေးမှာ ကျရောက်ခဲ့တဲ့ ပလိပ်ရောဂါဘေးဆိုးကြီးကို ဘာသာရေးနည်းလမ်းဖြင့်လည်း ကုစားခဲ့ကြပုံ

  ဆူးငှက် မန္တလေးမြို့ရဲ့ အထင်ကရ မန္တလေးတောင် အတက်လမ်းမှာရှိတဲ့ ရသေ့ကြီးဦးခန္တီကျောင်းတိုက်မှာ ဂေါတမမြတ်စွာဘုရားရဲ့ အရိုးဓာတ်တော်များကို ပူဇော်ထားရှိပါတယ်။ ဒီ ဓာတ်တော်တွေကို ထိုစဉ်ကာလ အိန္ဒိယနိုင်ငံ (ယခု ပါကစ္စတန်နိုင်ငံ) ပက်သျှဝါမြို့က ပင့်ဆောင် လာခဲ့ကြောင်း သိရပါတယ်။ မန္တလေးကို အင်္ဂလိပ်သိမ်းပိုက်ပြီး နှစ်၂၀ကျော်အကြာ ၁၉၀၇ခုနှစ်မှာ ပလိပ်ရောဂါဘေးဆိုးကြီး ကျရောက်ပါသတဲ့။ အစိုးရအနေနဲ့လည်း ကာကွယ်နှိမ်နင်းရေးစရိတ်တွေက မနိုင်မနင်းဖြစ်သတဲ့။ ရောဂါကလည်း ကပ်ဘေးဆိုးကြီးတစ်ခုလို သုံးလေးနှစ် အမြစ်မပြတ်ဖြစ်နေတာကိုး။ ဒီကပ်ဘေးကြောင့် မြို့လူထုရဲ့ သုံးပုံတစ်ပုံလောက် ကလည်း အဝေးကို ထွက်ပြေးကြတယ်။ စစ်ကိုင်းတောင်ရိုးကို ပြေးကြသူချည်းကို ၂သောင်းလောက်ရှိသတဲ့။ အဲဒီကာလ မန္တလေးလူဦးရေက တစ်သိန်းခွဲလောက်ပဲ ရှိတာပါ။ ပလိပ်ရောဂါဖြစ်တဲ့ ကာလမှာ မန္တလေးက လူဦးရေ ၄သောင်းခွဲလောက် အဝေးကို ပြေးကြတာလို့ ဆိုပါတယ်။ အစိုးရအနေနဲ့ ရောဂါတားဆီးနှိမ်နင်းမှု ပြုလုပ်တဲ့အခါ မြို့လူထုကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ကုစားမှုအနေနဲ့…

Read More
VOM News

FREE
VIEW