ပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA)

ပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA) မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဥက္ကဋ္ဌ ဦးသိမ်းကြည်ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးသိမ်းကြည်- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၄ယောက်ရှိပါတယ်။ ရန်ကုန်ကို အဓိကထားပြိုင်မယ်။ မှော်ဘီမှာ ၃ နေရာပြိုင်မယ်၊ ပြည်တောင်စုလွှတ်တော် ၁ ယောက်၊တိုင်းဒေသကြီး လွှတ်တော် ၂ယောက်၊ မြောက်ဥက္ကလာဒေသကြီးမှာပါပြိုင်ပါမယ်၊ စုစုပေါင်း၄နေရာ ယှဉ်ပြိုင်ပါမယ်။ VOM – ပါတီရဲ့ ကတိကဝတ်ကဘာတွေဖြစ်မလဲ ဦးသိမ်းကြည်-အရေးကြီးတာက ပြည်သူလူထုရဲ့ ဘဝဖွံ့ဖြိုးတိုးတက်မှုရှိဖို့အတွက် ဒီမိုကရေစီရှိရမယ်၊ တဆက်ထဲမှာ လူအခွင့်အရေးရှိရမှာ။ ဒါဆိုရင် ဖွံ့ဖြိုးတိုးတက်ရမယ်။ အခြားအသေးစိတ်ကတော့ ပါတီရဲ့ထုတ်ပြန်ချက်တွေမှာ ပါပါတယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။ ဦးသိမ်းကြည်- ဖွဲ့စည်းပုံအခြေခံဥပဒေက မြန်မာနိုင်ငံမှာသွားရမယ်၊…

Read More

ပါတီမိတ်ဆက် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP)

#sndp

ပါတီမိတ်ဆက် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP) မန္တလေး၊ စက်တင်ဘာ ၁၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ပါတီအထွေထွေအတွင်းရေးမှုး ဦးစိုင်းဘိုးအောင် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးစိုင်းဘိုးအောင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၁၀၈ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ရည်မန်းချက်ကဘာတွေဖြစ်မလဲ ဦးစိုင်းဘိုးအောင် -(၁)ငြိမ်းချမ်းရေးဖော်ဆောင်မှုမှ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံတော်တည်ဆောက်ရေးဟူ၍ ဖော်ပြထားခြင်းဖြစ်ပါတယ်။ (၂)ဌာနေတိုင်းရင်းသားများကိုယ်စားပြုမှုများကိုအခြေပြုသည့်ပြည်နယ်အစိုးရဖွဲ့စည်းရေး (၃)ဒေသန္တယအုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးတွင် ဌာနေတိုင်းရင်းသားပြည်သူများပါဝင်ခွင့်ရရေး။ (၄)လူမှုဘဝကိုအထောက်အကူပြုသည့်ပညာရေးစနစ်အကောင်းအထည်ဖော်ရေးကိုလည်း ရည်မှန်းချက်တစ်ရပ်အဖြစ်ထားပါတယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။ ဦးစိုင်းဘိုးအောင် -ကိုယ့်ရဲ့တိုင်းရင်းသားသည် ကျွန်တော်တို့ရဲ့အင်အားနဲ့ ပြိုင်မယ်၊ ကိုယ့်ရဲ့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ စုပေါင်းအားနဲ့ ပြိုင်မယ်။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ…

Read More

ပါတီမိတ်ဆက် ( “ဝ” အမျိုးသားပါတီ-WNP )

ပါတီမိတ်ဆက် ( “ဝ” အမျိုးသားပါတီ-WNP ) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် “ဝ” အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းမြောက်တာဝန်ခံ ဦးဆိုင်နပ် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ “ဝ” အမျိုးသားပါတီဟာ “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ နဲ့ “ဝ” လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၂ရက်မှာ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးဆိုင်နပ် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၁ ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ ဦးဆိုင်းနပ် – မရှိပါဘူး။…

Read More

ပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)

ပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ) စက်တင်ဘာ ၁၂-၂၀၂၀ ရန်အောင်ထွန်း(VOM) နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်က လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း (ခ) ဆီဖာလာလူး ကို VOM သတင်းထောက် ကိုရန်အောင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ VOM – ပါတီရဲ့ မူဝါဒက ဘယ်လိုလဲ သိပါရစေ ဦးရွှေမင်း – လီဆူအမျိုးသားကို အခြေခံပြီးတော့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစိးပွားကို ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်မယ်ဆိုတာဖြစ်ပါတယ်။ VOM – ရွေးကောက်ပွဲ ကတိကဝတ်တွေကရော ဘာတွေလဲ ဦးရွှေမင်း – အဓိကကတော့ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်လို့ အားလုံးသဘောတူပြီးတော့ စတင်လျှောက်လှမ်းနေတဲ့ အချိန်ကာလလို့ ပြောလို့ရနေပြီ၊ အဲ့ဒီအခါမှာ ကျွန်တော်တု့ိရဲ့ အခြေခံမူဖြစ်တဲ့ တန်းတူရေးနဲ့ သွားရမှာဖြစ်တယ်။…

Read More

ပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ

ပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် တအာင်း(ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက်ရွေးချယ်ထားလဲ ဦးမိုင်းအုဏ်းခိုင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း ၃၆ ယောက်ရှိပါတယ်။ အမျိုးသားမှာ ၆ဦး ၊ ပြည်သူ့လွှတ်တော်မှာ ၁၀ဦး၊ ပြည်နယ်အတွက် ၂၀ဦး ရွေးထားပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ ဦးမိုင်းအုဏ်းခိုင် – လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ဒီမိုကရေစီအခွင့်အရေးကို အခြေခံသည့် အမျိုးသားရေးဝါဒကို ယုံကြည်လက်ခံခြင်း ဆိုတာနဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို အဓိကရှေးရှုလုပ်ပါ့မယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး၊…

Read More

ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ)

ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ) မန္တလေး၊ စက်တင်ဘာ ၁၁-၂၀၂၀ ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝံသာနုဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးရဲမင်း ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးရဲမင်း- အောင်မြေသာဇံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ မဲဆန္ဒနယ်အမှတ်( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ယောက် ၊ချမ်းအေးသာဇံမှာ မဲဆန္ဒနယ်အမှတ် (၁) ၊ အမှတ် ( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ VOM – ပါတီရဲ့…

Read More

ပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO)

ပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု-ဥက္ကဋ္ဌ ဦးခွန်မောင်တောင်းကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ PNO – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၈ ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ PNO – နယ်မြေဒေသဖွံ့ဖြိုးရေး လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်ကို ကျန်တော်တို့က စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမယ်။ ၂၀၁၀၊၂၀၁၅ အခုလည်း ဆက်လက်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးအတွက် ဒါကိုပဲဆောင်ရွက်မှာပါ။ VOM- အာဏာရပါတီနဲ့ ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ PNO – သူတို့က ကျွန်တော်တို့ကိုယှဉ်ပြိုင် ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒေသရအောင်ကြိုးစားနေတယ်။ ပထမအကြိမ်တုန်းကလည်း…

Read More

ပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ)

ပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ) အင်အားနည်းပေမယ့် အားကြီးသူတွေနဲ့ မိတ်ဖွဲ့ထားလို့ အားမငယ်တဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးကြိုင် ကို ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဘယ်လောက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ? ဦးအေးကြိုင်- ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ? ဦးအေးကြိုင်- အကယ်၍ ကျန်တော်တို့ လွှတ်တော်မှာပါဝင်ခွင့်ရှိရင် ရခိုင်ပြည်နယ်အနေနဲ့ တောင်သူလယ်သမားအခန်းကဏ္ဍနဲ့ပတ်သက် လို့လုပ်ကိုင်‌ဆောင်ရွက်မှုတွေ အားနည်းချက်ရှိတယ်။တစ်ခြားနိုင်ငံက တောင်သူလယ်သမားတွေနဲ့အချိတ်အဆက်လုပ်ပြီးလို့ရှိရင်,နောင်လာမဲ့အနာဂတ်မှာ လက်ရှိအချိန်ထက် တောင်သူလယ်သမားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာအောင်၊ နောက်တစ်ခုက အခုလက်ရှိအခြေအနေမှာက တောင်သူလယ်သမားတွေရဲ့လုပ်ကိုင်မှု၊…

Read More

ပါတီမိတ်ဆက် Democratic Party-Myanmar ဒီမိုကရက်တစ်ပါတီ (မြန်မာ)

ပါတီမိတ်ဆက် Democratic Party-Myanmar ဒီမိုကရက်တစ်ပါတီ (မြန်မာ) VOM ရဲ့ နိုင်ငံရေးပါတီ မိတ်ဆက်တဲ့ကဏ္ဍအတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကို VOMသတင်းထောက် ကိုညီသစ်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ဒီမိုကရက်တစ်ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက်ဝင်ပြိုင်ဖို့ရှိပါသလဲ DPM – ကျွန်တော်တို့က ၃၃ ယောက် တင်ထားပါတယ်။ VOM-ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ DPM- ကတိကဝတ်ရယ်လို့တော့ မပာုတ်ပါဘူး၊ ကျွန်တော်တို့ ကြေညာစာတမ်းထုတ်တဲ့အထဲမှာ ကျတော်တို့ပါတီအနေနဲ့ တိုင်းပြည်ကိုဘယ်လိုတည်ဆောက်ချင်တယ် ဆိုတာမျိုးကိုပြောပြထားပါတယ်၊ အန္တိမ ရည်မှန်းချက်ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေ လူဖြစ်ရကျိုးနပ်စေဖို့ပါပဲ။ VOM-အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးကို ဘယ်လိုအင်အားမျိုးနဲ့ယဉ်ပြိုင်မလဲ ခင်ဗျာ့ DPM- အဲ့ဒါကတော့ ဒီလိုပါ အခုဆို ကျွန်တော်တို့က ၃၃ ယောက်ပဲပြိုင်နိုင်တာလေ၊ သူတို့က ထောင်ကျော်တယ်လေ၊ အင်အားအနေနဲ့ပြိုင်တာတော့မရှိဘူးပေါ့၊ ဒါပေမယ့်ကျွန်တော်တို့ကတော့ ကျွန်တော်တို့ပါတီရဲ့ပါတီဝင်တွေဖြစ်လာတဲ့နောက် ပါတီဝင်တစ်ယောက်ပာာ သူရဲ့အရည်အချင်းရှိအောင်ပေါ့ဗျာ၊ နိုင်ငံသားဆိုရင်လည်း အဖိုးတန်တဲ့နိုင်ငံသားတစ်ဦးဖြစ်အောင်…

Read More
VOM News

FREE
VIEW