ပါတီမိတ်ဆက် (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-ZCD)
ပါတီမိတ်ဆက် (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-ZCD) မန္တလေး၊စက်တင်ဘာ၂၂-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးပူဂင့်ကမ်းလျန်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးပူဂင့်ကမ်းလျန်- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၀ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးပူဂင့်ကမ်းလျန်- ပါတီရဲ့ကတိကဝတ်ကတော့မရှိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့၃၀ခုနှစ် မူဝါဒ(Policy)၄ချက်ရှိပါတယ်။ (၁) ဘိုးဘွားစဉ်၊ဌာနေများက ဇိုမီးတိုင်းရင်းသားများဖြစ်ကြောင်းမူရင်းလူမျိုးအမည် ဇိုမီးခေါ်ဆိုရေး။ (၂) စစ်မှန်သော ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာဖို့။ (၃) လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်။ (၄)ပင်လုံစိတ်ဓာတ်မြှင့်တင်လာဖို့။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးပူဂင့်ကမ်းလျန်- ကျနော်တို့ကဒီလိုဘဲပြိုင်နေကြပါ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးပူဂင့်ကမ်းလျန်- ၂၀၁၅မှာ၆နေရာနိုင်တယ်။ တွန်ဇံ၃နေရာ၊ တီးတိန်မှာ ၃ နေရာ။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးပူဂင့်ကမ်းလျန်- အောက်ခြေနဲ့ ပါတီခေါင်းဆောင်နဲ့မဲထည့်ပြီးရွေးပါတယ်။ အခြေခံကနေမဲထည့်ပြီးရွေးပါတယ်။ အဲ့ဒီကနေတက်လာတဲ့ ပုဂ္ဂိုလ်တွေကို ကိုယ်စားလှယ်လောင်းလျာထားပါတယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးပူဂင့်ကမ်းလျန်-အခုနောက်ပိုင်းတော့စာရင်းသိပ်မကောက်တော့ဘူး။နောက်ဆုံးကောက်တာကတော့၂သောင်းကျော်တယ်။ VOM –…
Read More
ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊စက်တင်ဘာ၂၁-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအကြောင်း ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးကိုVOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးကျော်စွာစိုး- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်၃၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးကျော်စွာစိုး-ကျနော်တို့ကလယ်သမားပါတီဆိုတော့ လယ်သမားတို့စောင့်ရှောက်တည့်မတ်ရမယ်။ တိုင်းပြည်ရဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးသည်သုံးခုကိုသေသေချာချာလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပါ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးကျော်စွာစိုး-ကျနော်တို့ကအစိုးရဖွဲနိုင်တဲ့အနေထားမှမရှိတာ။ သူတို့ကအစိုးရဖွဲ့နိုင်တယ်ဆိုရင် နိုင်တဲ့ပါတီနဲ့ကျနော်တို့ကပူးပေါင်းရမှာပေါ့။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးကျော်စွာစိုး-မနိုင်သေးဘူး။ ၂၀၁၅မှာ၂၈၆ယောက်ပြိုင်တာမနိုင်ဖူးသေးဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးကျော်စွာစိုး-ပညာတက်တစ်ယောက်ဖြစ်ရမယ်၊ မျိုးချစ်စိတ်ရှိရမယ်၊ သတ္တိရှိရမယ်၊ ပြောရဲဆိုရဲတွေလုပ်ရဲတဲ့လူတွေဖြစ်ရမယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးကျော်စွာစိုး-အရင်တုန်းကတော့၃သန်းကျော်ရှိတယ်။ အခုတော့နည်းနည်းလျော့လာပါတယ်။ VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။ ဦးကျော်စွာစိုး-အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင်ရှောက်မယ့် လယ်သမားပါတီလာပါပြီ။ #voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) zawgyi   ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊စက်တင်ဘာ၂၁-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀…
Read More
ပါတီမိတ်ဆက်(အရှိုချင်းအမျိုးသားပါတီ-ACNP)
Read More
ပါတီမိတ်ဆက်(မြိုတိုင်းရင်းသားပါတီ-M.N.P.)
MNP
ပါတီမိတ်ဆက်(မြိုတိုင်းရင်းသားပါတီ-M.N.P.)     မန္တလေး၊စက်တင်ဘာ၁၉-၂၀၂၀ လဲ့လဲ့ဝင်း(VOM)   လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မြိုတိုင်းရင်းသားပါတီအတွင်းရေးမှူးဦးမင်းအောင်ကိုVOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။   VOM – ပါတီအနေနဲ့ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးမင်းအောင်-ကျနော်တို့ပါတီကရခိုင်ပြည်နယ်မှာစည်းလုံးတဲ့ပါတီဆိုပြီး မူဝါဒမှာထုတ်ပြန်ထားတဲ့အတွက်ကျနော်တို့ပါတီကတော့၃ယောက်တည်းပဲ ပြိုင်တဲ့ကိုယ်စားလှယ်ကိုတင်ထားပါတယ်။   VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးမင်းအောင်-မောင်တောမှာတော့ကျွန်တော်နိုင်ချေရှိတဲ့အတွက်နိုင်အောင်ကျိုးစားသွားမယ်ဖြစ်တဲ့အတွက်လုပ်ဆောင်သွားပါမယ်။   VOM- အာဏာရပါတီ၊ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးမင်းအောင်-ဒီပါတီအရနဲ့ဆိုတော့ကျနော်တို့ဒီမောင်တောမြောက်ပိုင်းမှာကျနော်တို့ရဲ့လူမျိုးတွေကအများစုဖြစ်တယ်။ဒါကြောင့် ကျနော်တို့ကကိုယ့်လူမျိုးကိုကိုယ်ကအကုန်လုံးပိုင်နိုင်မယ်ဆိုတဲ့သဘောထားနဲ့  ကျနော်တို့ကရနိုင်ချေရှိတဲ့အတွက်ကျနော်တို့ကအဲ့လိုသဘောထားနဲ့ကျနော်တို့ပြိုင်တော့မှာဖြစ်တယ်။     VOM-၂၀၁၅မှာဘယ်နှနေရာနိုင်ခဲ့လဲ။ ဦးမင်းအောင်-အဲ့ဒီတုန်းကကျနော်တို့လူနည်းစုတွေကထိတွေ့မှုနည်းတယ်၊အတွေ့ကြုံနည်းတယ်ဆိုတော့အတွေ့ကြုံမရှိတဲ့အတွက်အဲ့ဒီတုန်းကကျနော်တို့ဆုံးရှုံးခဲ့ရတယ်။တောင်ပေါ်ဒေသကဆိုတဲ့အတွက်မဲပေးပုံစနစ် နားမလည်တာတစ်ပိုင်း၊ အဲ့ဒီမှာဝေးလံခေါင်ခိုက်တဲ့နေရာမှာမဲရုံအလှမ်းဝေးတဲ့နေရာမှာဆိုတဲ့အခါမှာမလာနိုင်တဲ့လူကတစ်ပိုင်း၊ ကြိုတင်မဲနဲ့အဆင်မပြေလို့ တမျိုး၊ ပြီးတော့အင်အားကြီးပါတီကျနော်တို့ကိုအကြောင်းအမျိုးမျိုးနဲ့နိပ်ကွပ်လုပ်ဆောင်သွားတာကြောင့် ကျနော်တို့နစ်နာသွားတယ်။   VOM- ပါတီကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးတာလဲ။ ဦးမင်းအောင်-အမျိုးသားကိုယ်စားပြုဆိုတော့ကိုယ့်မြို့နယ်(ရခိုင်ပြည်နယ်)၄မြို့နယ်မှာကျနော်တို့ကဗမာအစည်းအဝေးလုပ်ပြုကဗဟိုရုံးကိုဘယ်သူကသင့်တော်၊ဘယ်သူကမသင့်တော်၊ဘယ်သူကအရည်ချင်းရှိမရှိ။ ကိုယ့်လူမျိုးအတွက် အမှန်တယ်ကယ် စေတနာရှိတဲ့လူကိုကျနော်တို့ကအဓိကဦးစားပေးတာ။သည်လိုဘဲရွေးချယ်သွားပါတယ်။   VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးမင်းအောင်-ရခိုင်ပြည်နယ်မှာကျနော်တို့က၂သောင်းကျော်ရှိပါတယ်။   VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။ ဦးမင်းအောင်-ရခိုင်ပြည်နယ်မှာလူနည်းဆုံးအနေနဲ့တစ်ဖက်တစ်လမ်းကနေ ကိုယ့်ညီအကိုအချင်းချင်းရန်ဖြစ်တဲ့ ရခိုင်မျိုးလူစုနဲ့ပူးပေါင်းပြီးတော့ကိုယ့်အားနည်းချက်၊အားသာချက်တို့ကိုကျနော်တို့ကပူးပေါင်းဆောင်ရွက်သွားမယ်။ #voiceofmyanmar #VOM #ပါတီမိတ်ဆက် #မြိုတိုင်းရင်းသားပါတီ zawgyi ပါတီမိတ်ဆက် (မြိုတိုင်းရင်းသားပါတီ-M.N.P.)…
Read More
ပါတီမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ-PPP)
ပါတီမိတ်ဆက် ( ပြည်သူ့ရှေ့ဆောင်ပါတီ-PPP) မန္တလေး၊ စက်တင်ဘာ ၁၈-၂၀၂၀ ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ-PPP ရဲ့ ဒု-ဥက္ကဌ(၁) ဦးမြင့်မောင်ထွန်းကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအရေအတွက်ဘယ်လောက် ရွေးကောက်ပွဲကော်မရှင်ကို စာရင်းတင်သွင်းထားလဲ။ PPP- တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၁၃၄ခုမှာ ရုံးတွေဖွင့်လှစ်ထားပြီး ဝင်ပြိုင်မယ့်မြို့နယ်တွေကတော့ ၉၇ မြို့နယ်ပါ၊ ရန်ကုန်တိုင်းမှာဆိုရင် အမျိုးသားလွှတ်တော်က ၈ ဦး၊ ပြည်သူ့လွှတ်တော် ၃၀ ဦး၊ တိုင်းဒေသကြီး ၆၀ ဦး၊ ကိုယ်စားလှယ်လောင်းအရေအတွက် ၉၈ ဦး ရှိပါတယ်။ VOM -ပါတီဝင်အင်အားဘယ်လောက်ရှိလဲ။ PPP- ပါတီဝင်အင်အား ၇၀၀၀ ကျော်ရှိပါတယ်။ VOM-လက်ရှိအာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားအင်အားကြီးပါတီတွေကို ဘယ်လိုအင်အားနဲ့ယှဉ်ပြိုင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါတီထောင်ပြီးရွေးကောက်ပွဲဝင်ပြိုင်ဖြစ်တာလဲ။ PPP-…
Read More
ပါတီမိတ်ဆက် (ကမန်အမျိုးသားတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (ကမန်အမျိုးသားတိုးတက်ရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၁၈-၂၀၂၀ ညီသစ်(VOM) လာမယ့် ၂၀၂၀ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကမန်အမျိုးသားတိုးတက်ရေးပါတီရဲ့ဒု-ဥက္ကဋ္ဌ ဦးလှတိုးကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးလှတိုး – ၅ဦး ဝင်ပြိုင်ဖို့ ကော်မရှင်ကိုတင်ထားပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးလှတိုး – ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အနည်းဆုံးပညာ အရည်အချင်းအနေနဲ့ ဆယ်တန်းရှိရမယ်၊ အကျင့်စာရိတ္တ ကောင်းရမယ်၊ နိုင်ငံရေးနဲ့ပတ်သက်ပြီးတတ်နိုင်သလောက်လေ့လာမှု့ရှိရမယ်၊ လူနည်းစုအခွင့်အရေးတွေကို ဘယ်လို တောင်းဆိုမလည်းဆိုတာကိုစဉ်းစားထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ရမယ် အဲ့ဒီအချက်ကလေးတွေနဲ့ရွေးတာပါ။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ။ ဦးလှတိုး – ပါတီရဲ့ကတိကဝတ်ကတော့ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင်အဓိက လူနည်းစုအခွင့်အရေးကို မြှင့်တင်ဆောင်ရွက်သွားဖို၊့ နောက်တစ်ခုကတော့ ကိုယ်ယှဉ်ပြိုင်ခဲ့တဲ့နယ်မြေဒေသက ပြည်သူလူထုရဲ့ ဖွံဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားဖို့…
Read More
ပါတီမိတ်ဆက်(တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP)
TNDP
ပါတီမိတ်ဆက်(တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP)   မန္တလေး၊စက်တင်ဘာ၁၇-၂၀၂၀ လဲ့လဲ့ဝင်း(VOM)   လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်တိုင်းလိုင်(ရှမ်းနီ)အမျိုး သားများဖွံ့ဖြိုးတိုးတက်ရေးပါတရဲ့ပြောရေးဆိုခွင့်ရှိသူပါတီဒုတိယဥက္ကဌ ပါတီဗဟိုကော်မတီဝင် ဦးလှသိန်း ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။   VOM – ပါတီအနေနဲ့ဝင်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးလှသိန်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၄၁ယောက်ရှိပါတယ်။   VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဉီးလှသိန်း-(၁)ငြိမ်းချမ်းရေး။(၂) တန်းတူရေး။(၃) ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။   VOM- အာဏာရပါတီ၊ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးလှသိန်း-တိုင်းရင်းသားပါတီကအာဏာရပါတီကို အလေးအနက်ယှဉ်ပြိုင်ဖက်လို့ သဘောထားပါတယ်။ ကျနော်တို့ပါတီကအမျိုးသားအားကိုးပါတယ်။   VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးလှသိန်း-၂၀၁၅စပြီးရွေးကောက်ပွဲဝင်ပြိုင်တာ။ကျွန်တော်တို့ဒီမြို့တွေရှိတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်ထဲမှာ၁၄မြို့နယ်ထဲဝင်ပြိုင်ခဲ့တယ်။ဟုမ္မလင်းမြို့နယ်မှာ၂နေရာနိုင်တယ်၊ရှမ်းဝန်ကြီးနဲ့တိုင်းဒေသကြီး၁နေရာ ၂နေရာတော့နိုင်ခဲ့ပါတယ်။   VOM- ပါတီကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးတာလဲ။ ဦးလှသိန်း-ကျန်တော်တို့မြို့နယ်စိတ်ပါတီတွေကနေဖြစ်လာတဲ့လူတွေ  လူအရည်အချင်းပေါ်မှာမူတည်ပြီးမှဗဟိုမှာရွေးချယ်ရေးအဖွဲ့ကဖွဲ့ပြီးရွေးချယ်ရေအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ရွေးပါတယ်။   VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးလှသိန်း-ပါတီဝင်ရနေပြောရင်ဆိုတော့သောင်းဂဏန်းရှိပါတယ်။လူမျိုးအနေနဲ့ပါတီဝင်မဟုတ်‌ပေမယ့် အမျိုးသားအသိစိတ်တွေနဲ့ဆိုရင်သိန်းဂဏန်းနောက်ခံရှိတဲ့လူမျိုးပါတီတစ်ခုဖြစ်ပါတယ်။   VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။ ဦးလှသိန်း-(၁)ငြိမ်းချမ်းတူယှဉ်နေထိုင်ရေးကျားနီကိုသာမဲထည့်ပေး။ (၂)တန်းတူညီမျှရရှိဖို့ကျားနီကိုသာမဲပေးစို့။ (၃)ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကျားနီသာမဲထည့်ပေး။     #voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ-TNDP   zawgyi   ပါတီမိတ္ဆက္…
Read More
ပါတီမိတ်ဆက် (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-PDP)
ပါတီမိတ်ဆက် (မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ-PDP) မန္တလေး၊ စက်တင်ဘာ ၁၇-၂၀၂၀ လဲ့လဲ့ဝင်း (VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦးကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဒေါ်စန္ဒာဦး- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၃ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ။ ဒေါ်စန္ဒာဦး- (၁)အစိုးရကစီးပွားရေးလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ခြင်းမပြုစေရေး လှုပ်ရှားဆောင်ရွက်သွားမယ်။ (၂) ပြည်သူ့စီးပွားရေးကို အစိုးရက ဝင်ရောက်ပတ်သက်ချုပ်ကိုင်ခြင်းများ မပြုလုပ်နိုင်ဖို့ လှုပ်ရှားဆောင်ရွက်သွားမယ်။ (၃)ပြည်သူများ၊ တောင်သူများ ၊ မြေပိုင်ရှင်များ နှင့်နိုင်ငံခြားသားများ ပူးပေါင်းဖက်စပ် လုပ်ကိုင်ခြင်းကို အစိုးရကခွင့်ပြုယုံမျှမက ကြားဝင်အာမခံ၊ သက်သေခံပေးရေးလှုပ်ရှားဆောင်ရွက်သွားမယ်။ (၄)တောင်သူစကားရပ်ဖျက်သိမ်းပြီး မြေရှင်အဖြစ်ခံယူကာ မြေယာလွတ်လပ်စွာအခြားနည်းအသုံးချခွင့်ရရှိရေး ပညာပေးလှုပ်ရှားဆောင်ရွက်သွားမယ်။ (၅)စားနပ်ရိက္ခာလုံခြုံရေးအကြောင်းပြချက်ဖြင့် သီးနှံစိုက်ပျိုးသောမြေယာပိုင်ရှင်တွေရဲ့ စိုက်ပျိုးကုန်စည်များကို နိုင်ငံသား၊ နိုင်ငံခြားသားမခွဲခြားဘဲ လွတ်လပ်စွာ လာရောက်ဝယ်ယူခွင့်ပြည်ပတင်ပို့ရောင်းချခွင့်ရရှိရေး စည်းရုံးလှုပ်ရှားဆောင်ရွက်သွားမယ်။…
Read More
ပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၁၆-၂၀၂၀ ညီသစ်(VOM) ခြေထောက်နဲ့လှေလျှော် ကမ္ဘာကျော်တဲ့ဒို့အင်းသား ဆိုတဲ့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့် ကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးဝင်းမြင့်- ၃ ဦးထဲပဲ တင်ထားပါတယ်ခင်ဗျာ။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးဝင်းမြင့်- ကျွန်တော်တို့ ပါတီသက်တမ်းက ၁၀နှစ် ရှိပြီဆိုတော့ အထူးသဖြင့် အတွေ့အကြုံရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ် ခင်ဗျ။ နောက်ပြီး ပါတီအပေါ်မှာယုံကြည်ရတဲ့ သစ္စာရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ်ခင်ဗျ။ နောက်ပြီးတော့မှ သူတို့ရဲ့ နိုင်ငံရေးအတွေးအမြင် ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စိတ်ထားတွေအပေါ်မှာ ကျတော်တို့အခြေခံပြီး ရွေးချယ်ပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။ ဦးဝင်းမြင့် – ကျွန်တော်တို့က…
Read More
ပါတီမိတ်ဆက် (ခေတ်သစ်ပြည်သူ့ပါတီ)
Khitthit Pyuthu party
ပါတီမိတ်ဆက် (ခေတ်သစ်ပြည်သူ့ပါတီ) မန္တလေး၊ စက်တင်ဘာ ၁၆-၂၀၂၀ လဲ့လဲ့ဝင်း(VOM) ခေတ်သစ်ပြည်သူ့ပါတီက ၁၉၈၈ခုနစ်အရေးအခင်းမှ ပေါ်လာတဲ့ပါတီမဟုတ်ပါ။ လွတ်လပ်ရေးဝင် နိုင်ငံခေါင်းဆောင်ကြီးတွေ၊ နိုင်ငံရေးမျိုးဆက်တွေကနေ ပေါ်ပေါက်လာတဲ့ပါတီဖြစ်ပါတယ်။ လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ခေတ်သစ်ပြည်သူ့ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးထွန်းအောင်ကျော်- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၄ယောက်ရှိပါတယ်။ ပြည်သူလွှတ်တော်၁ယောက်၊ တိုင်းဒေသကြီးလွှတ်တော်၃ယောက်။ VOM – ပါတီရဲ့ ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးထွန်းအောင်ကျော်- ခေတ်သစ်ပြည်သူ့ပါတီရဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးက သုံးလွန်းတင်ဒီမိုကရေစီထူထောင်ရေး (၁)တည်ငြိမ်အေးချမ်းရေး (၂) ဒီမိုကရေစီရေး (၃)လူတွေရဲ့စီးပွားရေး ကုန်ထုတ်စွမ်းအားခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည်သုံးခုအားလုံးလိုအပ်သလိုပြင်ဆင် ကြိုးပမ်းသွားမယ်။ နိုင်ငံရေးမူဝါဒကိုပြောရမယ်ဆိုရင် ပါတီကပြည်သူတွေရဲ့ နိုင်ငံရေးလွတ်လပ်မှု ကို အာမခံချက်ပေးနိုင်တဲ့ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုသုံးမယ် ။ပါတီစုဒီမိုကရေစီနိုင်ငံရေး စနစ်ရှင်သန်ဖို့အတွက် လူမှုသိပ္ပံတရား(၄)ပါးကတော့ (၁)ပြည်သူတွေမပါရင်ဘာမှမလုပ်နိုင်။(၂) လူထုရွေးကောက်ပွဲတွေမလုပ်ရင်ဘာမှမလုပ်နိုင်။(၃)…
Read More
VOM News
FREE
VIEW