ပါတီမိတ်ဆက်(ဓနုအမျိုးသားဒီမိုကရေစီပါတီ) မန္တလေး၊စက်တင်ဘာ၂၇-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဓနုအမျိုးသားဒီမိုကရေစီပါတီရဲ့ ဗဟိုဥက္ကဋ္ဌ ဦးတင်မောင်ဦးကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးတင်မောင်ဦး – ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း ၇နှစ်ဦးရှိပါတယ်။ကျနော်တို့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုပဲ တင်တာပါ။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးတင်မောင်ဦး – ဒေသခံတိုင်းရင်းသားလူမျိုးအခွင့်ရေးရရှိဖို့။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးတင်မောင်ဦး – ကျနော်တို့ဒေသခံတိုင်းရင်းသားလူထုကိုပဲ အမှီပြုပြီးတော့ပြိုင်မှာပါ။ ကျနော်တို့မှာ အင်အားတော့နည်းမှာပဲ။ ဓနုအင်အား၊ ပါတီရန်ပုံငွေအင်အားမရှိသလောက်ပဲ၊ ကျနော်တို့တတ်နိုင်သလောက် စွမ်းအားနဲ့ပဲပြိုင်မှာပါ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးတင်မောင်ဦး – ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကမှ ပါတီကိုထောင်တာ။ အဲ့ဒီတော့အချိန်လည်း သိပ်မရှိခဲ့ဘူး။ အဲ့ဒီတော့၂၀၁၅ရွေးကောက်ပွဲမှာ တစ်နေရာမှ မနိုင်ပါဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကို ဘယ်လိုရွေးချယ်လဲ။ ဦးတင်မောင်ဦး…
Read MoreCategory: ပါတီမိတ်ဆက်
ပါတီမိတ်ဆက်(လူ့ဘောင်သစ်ပါတီ-N.S.P. )
ပါတီမိတ်ဆက်(လူ့ဘောင်သစ်ပါတီ-N.S.P. ) မန္တလေး၊စက်တင်ဘာ၂၆-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ်လူ့ဘောင်သစ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ လူ့ဘောင်သစ်ပါတီအကြောင်းသိနိုင်ဖို့ လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးဇေယျ ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးဇေယျ -ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးဇေယျ – ပြည်သူလူထုအကျိုးစီးပွားအတွက် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားရေးဒီမိုကရေစီတပ်ပေါင်းစုပေါ်ထွန်းရေး။ ဒီမိုကရေစီကိုအခြေခံထားတဲ့ ခိုင်မာတောင့်တင်းတဲ့ ဖွဲစည်းပုံအခြေခံဥပဒေကိုပေါ်ပေါက်ရေး။ ပြည်တွင်းငြိမ်းချမ်းရေး ၂၀၀၈ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာ ဆက်စပ်နေတဲ့တွက် တဆက်တစပ်တည်း ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် မလွဲမသွေဆောင်ရွက်သွားမယ်ကိစ္စဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ယုံကြည်တယ်။ ဒီမိုကရေစီစနစ်အရ အတိုက်ခံပုံစံကိုလွှတ်တော်အတွင်း လွှတ်တော်ပြင်ပမှာ တရားဝင်ပေါ်ပေါက်ရေးကိုကျနော်တို့ ဦးတည်ဆောင်ရွက်သွားမှာဖြစ်တယ်။ အဲဒါတွေကို ချုံ့လိုက်ရင်တော့ဒီမိုကရေစီရေး၊လူ့အခွင့်ရေး၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး နဲ့ ကျနော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးဇေယျ – ကျနော်တို့လက်ရှိအနေထားမှာ ဘဏ္ဍာရေး အခက်ခဲနဲ့ COVID-19အဆုပ်ရောင်ရောဂါကပ်ကြီးရှိနေတဲ့အတွက် ဒီလိုအခြေအနေမျိုးတွေရှိလာလျှင်…
Read Moreပါတီမိတ်ဆက် (ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ-S.S.P)
ပါတီမိတ်ဆက် (ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ-S.S.P) မန္တလေး၊စက်တင်ဘာ၂၅-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီအကြောင်းသိနိုင်ဖို့ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီရဲ့ ဗဟိုကော်မတီဉက္ကဌ ဦးအောင်ခင်း ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦိးအောင်ခင်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၅ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးအောင်ခင်း – ကျနော်တို့ကလွှတ်တော်မှာရောက်ပြီးမှတန်းတူညီတူရေးတွေကျနော်တို့ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ရေး၊ ဒီကနေရှမ်းပြည်နယ်တွေရရှိဖို့ ၊ တိုင်းပြည်ကိုယ်ပိုင်အုပ်ချုပ်ဒေသတို့တောင်းဖို့၊ ရှမ်းပြည်မှာအမည်ပေါ်ပေါက်ရေးကိစ္စ၊ မှတ်ပုံတင်မှာရှမ်းပြည်ဆိုပြီးမရေးပိုင်ခွင့်မရှိဘူး။ အဲ့ဒါရေးပိုင်ခွင့်ရအောင်အမည်မှာပေါ်ပေါက်ဖို့လုပ်ရမှာ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးအောင်ခင်း – ကျနော်တို့အခြားဒေသမှာယှဉ်ပြိုင်မှာမဟုတ်ဘူး။ ကျနော်တို့ဒေသ(ရှမ်းပြည်နယ်ရှိတဲ့ဒေသ)ယှဉ်ပြိုင်မယ်။ ဆိုတော့ တအားကြီးတော့မခက်ခဲဘူး ကျနော်တို့လူမျိုးတွေကျနော်တို့ကိုထောက်ခံလာဖို့ဘဲလိုတယ်။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးအောင်ခင်း – မနိုင်ခဲ့ဘူး။၂၀၁၅မှပါတီဖြစ်လာတာ။ အဲဒီတုန်းကလည်း ပုဂ္ဂိုလ်သီးသန့်ဝင်ပြိုင်တော့ဘာမှမရခဲ့ဘူး။ ကျနော်တို့က ၂၀၁၅ ဩဂုတ်လမှပါတီ ဖွင့်ခွင့်ကျတာ။ ကျနော်တို့က ပါတီဝင်စုဆောင်ရေးလုပ်တာနဲ့စည်းရုံးရေးကသိပ်မဆင်းလိုက်ရဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးအောင်ခင်း – မူရင်းဒေသခံမှာ ကျနော်တို့က လူတွေကိုဖိတ်ခေါ်ပြီးမှ…
Read Moreပါတီမိတ်ဆက် (လမ်းပြကြယ်ပါတီ – G.S.P.)
ပါတီမိတ်ဆက် (လမ်းပြကြယ်ပါတီ – G.S.P.) မန္တလေး၊ စက်တင်ဘာ ၂၅-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် လမ်းပြကြယ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ လမ်းပြကြယ်ပါတီအကြောင်းသိနိုင်ဖို့ လမ်းပြကြယ်ပါတီရဲ့ ဗဟိုအထွေထွေအတွင်းရေးမှူး ဦိးညိုလင်းမောင်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးညိုလင်းမောင် – ကျနော်တို့ပါတီမှာက ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ၃ ဦးရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးညိုလင်းမောင် – လောလောဆယ်ကတော့ကျနော်တို့ဆောင်ပုဒ်ရေးထားတာပေါ့ ကိုယ့်မြို့ကိုယ့်ရွာကာကွယ်ဖို့။ အခုကကိုဗစ်ရောဂါအခြေအနေကြောင့် ကျနော်တို့ကျန်တဲ့ဆိုင်းငံ့နေရာတွေ ကျန်းမာရေးအခြေအနေဆိုးဝါးမှုတွေကြောင့် စည်းရုံးရေးမှုလုပ်ဖို့ကိုလည်းကိုယ့်ကြောင့်ပြည်သူတွေရောဂါမရောက်စေချင်ဘူးလေ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးညိုလင်းမောင် – အခုကတော့လက်ရှိပဲခူးမြို့နယ်မှာ ပြည်သူလွှတ်တော်၊ တိုင်းဒေသကြီး ၁၊ တိုင်းဒေသကြီး၂ မှာကျနော်တို့ယှဉ်ပြိုင်မယ်။ သီးသန့်ရည်ရွယ်ချက်ကတော့ ကိုယ့်မြို့ကိုယ့်ရွာ ကိုကာကွယ်မယ်ဆိုတဲ့သဘောမျိုးပေါ့၊ ကိုယ့်မြို့ကိုယ့်ရွာကိုကာကွယ်ဖို့လောက်ဘဲ။ဒီနှစ်ကတော့ရန်ကုန်အခြေနေအရရော၊နိုင်ငံရေးရဲ့လက်ရှိဖြစ်စဉ်အနေထားအရရော အဲပေါ်မှာသုံးသပ်ပြီးကျနော်တို့ပါတီ ၃နေရာမပျက် ယှဉ်မှာပါ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးညိုလင်းမောင် – ကျနော်တို့ပါတီက၂၀၁၅မှ…
Read Moreပါတီမိတ်ဆက် (အမျိုးသားတိုးတက်မြင့်မားရေးပါတီ)
ပါတီမိတ်ဆက် (အမျိုးသားတိုးတက်မြင့်မားရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၀ ကိုညီသစ်(VOM) ပြည်သူ့အတွက် သပြေခက်ဆိုတဲ့ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဗဟိုဥက္ကဋ္ဌ ဦးကျော်စိန် ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးကျော်စိန်- အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်မှာ ၃နေရာ ဝင်ပြိုင်မှာပါ။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ။ ဦးကျော်စိန် – ကျနော်တို့ပါတီရဲ့မူက ပထမဆုံးကတော့ ဒေသခံဖြစ်ရမယ်၊ ဒေသခံဖြစ်ပြီးတော့ ဒေသအရေးကို စိတ်ဝင်စားတဲ့သူ၊ နောက်ပြီး ရိုးသားဖြောင့်မတ်တဲ့သူ၊ မှန်မှန်ကန်ကန်လုပ်မယ့်သူ၊ ဒေသကနေ လက်ခံနိုင်မယ့်ပုဂ္ဂိုလ် အဲ့ဒါတွေကို အဓိကထားရွေးပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။ ဦးကျော်စိန် – ကျနော်တို့ပါတီရဲ့ မူဝါဒကိုက အမျိုးသားတိုးတက်မြင့်မားရေးဆိုတော့ အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံလူမျိုးတွေ…
Read Moreပါတီမိတ်ဆက် (ဗမာပြည်သူ့ပါတီ)
ပါတီမိတ်ဆက် (ဗမာပြည်သူ့ပါတီ) မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၀ ကိုညီသစ်(VOM) ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့် ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးအောင်သန်းတင့်- ကျနော်တို့ပါတီမှာက ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ၃ ဦးရှိပါတယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးအောင်သန်းတင့် – ၇၅၀၀ လောက်ရှိပါတယ်။ VOM-ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းနဲ့ ရွေးချယ်ပါသလဲ။ ဦးအောင်သန်းတင့်- ဥပမာ ကျွန်တော်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်၊ ကျွန်တော့အရည်အချင်းကတော့ ဘီကွန်းအီကို စီးပွားရေးပညာဘွဲ့ HDP အထက်တန်းရှေ့နေပါ အဲ့တော့ပြောမယ်ဆိုရင် ကျတော်တို့က အားလုံးဘွဲ့ပါပဲလို့ပြောရမှာပေါ့၊ မွန်ပြည်နယ်မှာ ဗမာတိုင်းရင်းသားရေးရာကိုယ်စားလှယ်အနေနဲ့ ဦးဝဏ္ဏစိုး Law ပါပဲ၊ နောက်တစ်ခုက ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ဒေါ်သန်းသန်းဆင့်ကလည်း ဘီအေ…
Read Moreပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ)
ပါတီမိတ်ဆက် (ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၂၃-၂၀၂၀ ကိုညီသစ်(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးကျော်စိုးအောင်ကို VOMသတင်းထောက် ကိုညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးကျော်စိုးအောင် – ပထမက ၂၆ နေရာ ဝင်ပြိုင်မယ်ဆိုပြီး ပါတီက ဆုံးဖြတ်တယ် အကြောင်းကြောင်းကြောင့် ၇ နေရာ ဝင်ပြိုင်တယ်။ ၇ နေရာမှာ ၄ နေရာကို အရည်အချင်းပြည့်မီမှု မဖြစ်ဖူးဆိုပြီးပယ်တယ်၊ ၃ နေရာကတော့ အရည်အချင်းပြည့်မီ ဖြစ်သွားတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးကျော်စိုးအောင် -အဓိက ရွေးချယ်တဲ့ အရည်အချင်းက ကျနော်တို့ပါတီရဲ့ ကတိကဝတ် ပေးထားတာတွေနဲ့ကိုက်ညီတဲ့ အရည်အချင်း ၊ ပြီးတော့ ပြောအားဆိုအားရှိတဲ့ ၊ ဥပဒေလမ်းကြောင်းနားလည်တဲ့ လူ့အခွင့်အရေး…
Read Moreပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP)
ပါတီမိတ်ဆက် (ကရင်အမျိုးသားပါတီ-KNP) မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ် ကရင်အမျိုးသားပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ ကရင်အမျိုးသားပါတီအကြောင်းသိနိုင်ဖို့ ကရင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦိးမန်းကျော်ငြိမ်းကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦိးမန်းကျော်ငြိမ်း-ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၃ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ကတော့ တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် ကျနော်တို့က စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ဖို့ပါဘဲ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦိးမန်းကျော်ငြိမ်း- ကျနော်တို့ဝင်ပြိုင်တဲ့ နေရာတွေအားလုံးဝင်ပြိုင်မှာပါ။ ပါတီကြီးတွေရှိရင်လည်း ကျနော်တို့ဝင်ပြိုင်မှာဘဲ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦိးမန်းကျော်ငြိမ်း- မနိုင်သေးဘူး။ ပြီးခဲ့တဲ့၂၀၁၄မှာပါတီမှတ်ပုံတင်ကျတာ ၂၀၁၅မှဝင်ပြိုင်တယ်။ အဲ့တုန်းက၂၁နေရာဝင်ပြိုင်တာ တစ်နေရာမှမရခဲ့ဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးမန်းကျော်ငြိမ်း- သူ့ရဲ့ဒေသကလူတွေကနေပြီးတော့ သင့်တော်မယ့်လူတွေကို ရွေးချယ်တဲ့အခါမှာ ကျနော်တို့ကတော့ ( Criteria) ကိုယ်စားလှယ်လောင်းအရည်အသွေးသတ်မှတ်ချက် အနေနဲ့ကတော့ ပြင်းပြင်းထန်ထန်မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ လုပ်ချင်တဲ့စိတ်ရှိတဲ့လူ၊ လုပ်ရည်ကိုင်ရည်ရှိတဲ့လူ၊ ပညာရေးကိုတော့မကန့်သတ်ထားဘူး။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။…
Read Moreပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS)
ပါတီမိတ်ဆက် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS) မန္တလေး၊စက်တင်ဘာ၂၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ ပါတီမိတ်ဆက်အစီအစဉ်အဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအကြောင်းသိနိုင်ဖို့ ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးကို VOMသတင်းထောက် လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဒေါ်နှင်းနှင်းမွှေး- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဒေါ်နှင်းနှင်းမွှေး – ကျွန်မတို့ကတော့ နေရာဒေသအလိုက်အမျိုးမျိုးကွဲသွားတယ်။ ဘာလို့လဲဆိုတော့ မန္တလေးတိုင်းထဲမှာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကတိကဝတ်က ရန်ကုန်တိုင်း/ဧရာဝတီတိုင်းများမှာရှိတဲ့ လူတွေနဲ့လည်းမတူနိုင်ဘူး။ အဲဒီတော့ကျွန်မတို့က ခြုံပြီးတော့ပြောရရင် ရွေးကောက်ပွဲ တရာမျှတမှုအတွက် အသိအမှတ်ပြုခံ DPNS ဆိုတာရှိတယ်။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဒေါ်နှင်းနှင်းမွှေး- COVIDကာလမှာဆိုတော့ ဘာမှကိုလုပ်မရတဲ့အချိန်အနေတွေဖြစ်သွားတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် Stay at Home ဖြစ်တဲ့အတွက် အခုဘာမှအပြင်ကိုထွက်လို့မရ။ ဒါကြောင့် ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွန်ကြားချက်ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်များနဲ့အညီဟာပါတယ်။ ဒါကြောင့် အခုရန်ကုန်မှာကအမိန့်တွေအရမ်းများတယ်လေ။…
Read Moreပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်)
ပါတီမိတ်ဆက်ကဏ္ဍ (ဒီမိုကရေစီပါတီသစ်(ကချင်) စက်တင်ဘာ၊ ၂၃-၂၀၂၀ ရှိုင်းအောင်(VOM) ၂၀၂၀ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီရဲ့ ဥက္ကဋ္ဌ ဦးတိန့်ဆောင်ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက်ဘယ်လောက်ဝင်ပြိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာရင်းပေးထားလဲ? ဦးတိန့်ဆောင်- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၈ ဦးပါ ခင်ဗျ။ VOM – ပါတီဝင်အင်အား အရေအတွက်ဘယ်လောက်ရှိလဲ။ ဦးတိန့်ဆောင် – ပါတီဝင်အင်အား ၈၀၀၀ ကျော်ရှိပါတယ်။ VOM-လက်ရှိအာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တခြားအင်အားကြီးပါတီတွေကို ဘယ်လိုအင်အားနဲ့ယှဉ်ပြိုင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပါတီထောင်ပြီးရွေးကောက် ပွဲဝင်ပြိုင်ဖြစ်တာလဲ။ ဦးတိန့်ဆောင်- ပါတီကြီးတွေကတော့ တစ်နိုင်ငံလုံးအတွက်ရည်ရွယ်ပြီး အစိုးရဖွဲ့နိုင်တဲ့အနေအထားနဲ့ လှုပ်ရှားပေါ့၊ ကျနော်တို့ကျတော့ ဒေသတွင်းကိုပဲ ရည်ရွယ်ထားတာပေါ့၊…
Read More