ပုသိမ်-ဒီဇင်ဘာ-၁၀-၂၀၂၀ အောင်အောင်(VOM) ဧရာ၀တီတိုင်းအစိုးရအဖွဲ့စည်ပင်သာယာရေး၀န်ကြီး ဦးကျော်မြင့်မှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ဧရာ၀တီတိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။ “ရွေးကောက်ပွဲကိစ္စနဲ့လပွတ္တာမြို့ကိုသွားရင်းနဲ့ ရုံးက တဆင့်ကူးစက်တာကျန်းမာရေးကောင်းမွန်တယ်”လို့ တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦး၀င်းဌေးက ပြောပါတယ်။ စည်ပင်၀န်ကြီးဟာ လပွတ္တာမြို့မှာ ရောဂါရှိသူတွေနဲ့ထိတွေ့မိတဲ့အတွက်လမင်းကြည်တည်းခိုခန်းမှာ အသွားအလာကန့်သတ်ထားပြီး ပထမအကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ခဲ့ဘဲ ဒုတိယအကြိမ် အဖြစ် ရန်ကုန်အမျိုးသားဓါတ်ခွဲခန်းကို ပေးပို့စစ်ဆေးရာမှာတော့ ကိုဗစ်ရောဂါတွေ့ခဲ့ရတာဖြစ်ပါတယ်။ စည်ပင်၀န်ကြီးဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လပွတ္တာမြို့နယ်ပြည့်သူလွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တာကြောင့် ရွေးကောက်ပွဲကုန်ကျစရိတ်အတွက်အစည်းအဝေး မှာမြို့နယ် NLD ရုံးက အဖွဲ့၀င်တစ်ဦးဆီကနေ ကူးစက်ခဲ့တာပါ။ လပွတ္တာမြို့နယ် NLDရုံးက အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၄ဦးအပါအ၀င် ရုံးအဖွဲ့ ၁၇ဦးလုံး ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ “ရုံးက ကွန်ပြူတာ ကိုင်တဲ့ကောင်လေးကတဆင့်ကူးတာ သူက အစည်းအဝေးမှာ ရုံးရှေ့ကဒိန်ချဥ် ၀ယ်သောက်တာအဲ့ဒီအသည်ဆီကတဆင့်ကူးပြီး ကျန်တဲ့သူတွေပါကူးကုန်တာ”လို့လပွတ္တာမြို့ အဖြူရောင်ဧရာ၀တီ ပရဟိတအဖွဲ့က ဦးစိုးသီဟမင်းကပြောပါတယ်။ လက်ရှိမှာ စည်ပင်၀န်ကြီးဦးကျော်မြင့်ကို လပွတ္တာမြို့ကနေ ပုသိမ်ဆေးရုံကို လွဲပြောင်းကုသဖို့ ပြင်ဆင်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။…
Read MoreCategory: ကျန်းမာရေး
ကိုဗစ်ကာလ Q ဝင်နေသူများ သတိထားလိုက်နာရမယ့်အချက်များ
ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…
Read Moreရန်ကုန်မြို့တော်ဝန်နဲ့ ထိစပ်သူ ၁၀ယောက်ကျော် ကွာရန်တင်းစင်တာ ဝင်နေရ
ဒီဇင်ဘာ ၉ . ၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကိုဗစ်ရောဂါ ခံစားနေရပြီး သူနဲ့ ထိစပ်တဲ့ လူ ၁၀ယောက် ကျော်ကလည်း လက်ရှိမှာ ကွာရန်တင်းစင်တာ ဝင်နေရပါတယ်လို့ တောင်ဥက္ကပမြို့နယ် အမှတ် (၁) တိုင်းကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က VOM ကို အတည်ပြုပြောကြားပါတယ်။ ရန်ကုန်မြို့တော်ဝန်က ဒီဇင်ဘာ ၇ ရက် ညပိုင်းမှာ ကိုဗစ်ရောဂါ ကူးခံရတဲ့ အတွက် ရန်ကုန် တော်ဥက္ကလာပမြို့နယ် ဆေးရုံမှာ ဆေးကုသခံနေရတယ်လို့လဲ Covid – 19 ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံပြန်ရေးကော်မတီ ဒေါက်တာကျော်စွာဦးက ပြောဆိုထားပါတယ်။ ‘‘ကျန်းမာရေးနဲ့ပတ်သက်ပြီးအစုံလျှောက်သွားနေတာ ဈေးတွေဘာတွေလဲ ဆင်းသွားလာနေတော့ ကူးတာနေမှာပေါ့။ လောလောဆယ်တော့ သတင်းကတော့ ကျွန်မတို့ သေချာမသိ သေးဘူးပေါ့ ။ အောက်ခြေဆင်းနေရတဲ့ ဝန်ကြီးတွေဆိုတော့လေ ။ သူတို့ထဲက တစ်ယောက်ယောက်ထဲကူးမှာပေါ့ ။…
Read Moreရခိုင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ (၃၁) ဦးထိရှိလာ
စစ်တွေ၊ ဒီဇင်ဘာ ၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) စစ်တွေမြို့ဆေးရုံကြီးမှာ ဒီကနေ့မနက်ပိုင်းက ကိုဗစ်အတည်ပြု လူနာတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကာ ဒီကနေ့ထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုမှာ (၃၁) ဦးထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ကိုဗစ် ၁၉ ဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံသွားသူမှာ စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာက အသက်(၇၃) နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဟာ စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်းသေဆုံး သွားတာဖြစ်ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (ကူးစပ်) ဒေါက်တာစိုးဝင်းပိုင် က” ဒီကနေ့ မနက်ပိုင်းက ဆေးရုံမှာ ကိုဗစ် အတည်ပြုလူနာတစ်ဦးသေ ဆုံးသွားပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ် မှာက ကိုဗစ်လူနာ သေဆုံးတာ (၃၁) ဦးရှိသွားပါပြီ။”…
Read Moreနေပြည်တော်မြို့မစျေး ကားဝင်းအားလော့ဒေါင်းချ
နေပြည်တော်-ဒီဇင်ဘာ ၄-၂၀၂၀ ကိုထွန်း ( VOM) နေပြည်တော်က မြို့မစျေးမှာရှိတဲ့ ရွှေစင်စကြင်္ာကားဂိတ်ယာဥ်မောင်း၊ လက်မှတ်ရောင်းနဲ့ ကုန်ထမ်းတစ်ယောက် စုစုပေါင်း သုံးယောက်မှာ ကိုဗစ်ရောဂါပိုးတွေရှိတာကြောင့် ကားကွင်းကို ဒီမနက်မှာ အဝင်အထွက်ပိတ်လိုက်ပါပြီ။ ကားကွင်းထဲမှာ ဆိုင်ကယ်ကယ်ရီဆွဲနေသူတဦးပြောပြတာက “ ခုမနက်ဘဲလော့ဒေါင်းလုပ်လိုက်တာပါ covid လူနာတွေ့တယ်လို့ပြောတာဘဲ “ လို့ ဆိုပါတယ်။ နေပြည်တော် မ.ထ.သ ဥက္ကဋ္ဌ ဦးဝင်းဆွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်တော့ “ရောဂါပိုးတွေရှိတာဟုတ်ပါတယ် အခုအစည်းအဝေးလုပ်နေလို့ ပြီးမှပြန်ဆက်သွယ်ပါ” လို့ ပြောပါတယ်။ ဇဗ္ဗူသီရိမြို့နယ် ကျမ္မာရေးဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအုပ်စိုးလင်းပြောပြတာကတော့ “ မြို့မစျေးကားဝင်းအတွင်း covid 19 ရောဂါပိုးတွေ့ရှိရသည့်အတွက် ကားဝင်းအားလော့ဒေါင်ချပြီး အထဲကလူအပြင်မထွက်ရ၊ အပြင်ကလူအထဲမဝင်ရဆိုပြီးညွှန်ကြားထားပါကြောင်း” ပြောပါတယ်။ ဒီလိုပဲ ဘောဂသီရိကားဝင်းမှာ လည်းနှစ်ရောက် ကိုဗစ်ရောဂါပိုးတွေ့ရှိထားတယ်လို့ ကနဦးသတင်းတွေအရသိရပြီး အတည်ပြုချက်တော့မရသေးပါဘူး။ ဒီဇင်ဘာ ၃ ရက်နေ့ထိ နေပြည်တော် ပြည်ထောင်စုနေမြေမှာ…
Read Moreကိုဗစ်ကာလ Q ဝင်နေရသူများ သိရှိလိုက်နာသင့်သည့်အချက်များ
ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…
Read Moreနှာခေါင်းစည်းကောင်းမကောင်း ဘယ်လိုစစ်ကြမလဲ
ဒီဇင်ဘာ ၁-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…
Read Moreနှာခေါင်းစည်းကောင်းမကောင်း ဘယ်လိုစစ်မလဲ
နိုဝင်ဘာ ၂၄-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…
Read Moreခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရလို့ ခွဲစိပ်ရမယ့် လူနာတွေ ရက်ရွေ့
မန္တလေး၊ နိုဝင်ဘာ- ၂၃- ၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးဆေးရုံကြီးက ခွဲစိပ်ခန်းတာဝန်ကျ ဝန်ထမ်းတစ်ချို့ ကိုဗစ်ရောဂါ ကူးစက်ခံရတာကြောင့် ခွဲစိပ်ရမယ့် လူနာတွေကို အရင်ခွဲစိပ်မှုတွေထက်စာရင် လျော့ပြီးခွဲစိပ်ရတာမျိုးတွေ ရှိနေတယ်လို့ လူနာရှင်တွေနဲ့ ဆေးရုံအသိုင်းအဝိုင်းက သိရပါတယ်။ ပခုက္ကူကနေ ခွဲစိပ်ဖို့ရောက်နေတဲ့ လူနာရှင်တယောက်က ” ကျနော့်အကိုက ခေါင်းခိုက်မိထားတာ ဒီကနေ့ခွဲဖို့ချိန်းထားတာကိုနောက် ၂ ရက်မှပြန်ချိန်းတယ် သိရတာတော့ ခွဲစိပ်ခန်းတာဝန်ကျဝန်ထမ်းတွေ ကိုဗစ်ထိထားလို့ ပြန်ချိန်းတာလို့ပြောတယ်၊ ကျနော်တို့ကနယ်ကလာတာဆိုတော့ အမြန်ပြီးချင်ပေမယ့်မတတ်နိုင်ဘူး စောင့်ရမှာပေါ့ ” လို့ ပြောပါတယ်။ ဒီလို ကိစ္စတွေနဲ့ ဆက်စပ်ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုဒွေးက ကိုမေးကြည့်တော့ “အလုပ်သမားဝန်ထမ်း ၁၀ ယောက်လောက်ထိထားတယ်၊ ဆေးရုံကနေထိတာတော့ မဟုတ်ပါဘူး၊ ရပ်ကွက်ထဲကနေ သူတို့မိသားစုတွေ ထိရာကနေ သူတို့ကိုထိသွားတာ၊ ပုံမှန်အတိုင်းတော့ ခွဲစိပ်မှာပါ၊ အစားတွေ ပြန်ပေးတာဘဲလေ၊ အရင်တုန်းကထက်စာရင်တော့…
Read Moreမန်းအစိုးရအဖွဲ့က ရှမ်းဝန်ကြီး ကိုဗစ်ရောဂါ ကူးစက်ခံရပေမယ့် ကျန်ဝန်ကြီးတွေမှာပိုးမတွေ့
မန္တလေး၊ နိုဝင်ဘာ- ၂၂- ၂၀၂၀ ရှိုင်းအောင်(VOM) နိုဝင်ဘာ ၂၁ရက်နေ့က ကိုဗစ်ရောဂါပိုး စစ်ဆေးကြည့်ရာကနေ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရတာကြောင့် မန္တလေးမြို့က ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM- ဝန်ကြီးခင်ဗျ လက်ရှိဘယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါသလဲ ကျန်းမာရေးအခြေအနေရော ကောင်းရဲ့လား၊ ထိတွေဆက်စပ်မှုတွေရော ရှိခဲ့ပါသလား ဝန်ကြီးခင်ဗျ။ ဦးစိုင်းပန်းဆိုင်- ကျန်းမာရေးအခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ လောလောဆယ်တော့ ဧရာဝတီစင်တာမှာပေါ့ အဲ့ဒါကတော့ ဘယ်ကနေလာလည်းဆိုတာတော့ သေချာမသိရသေးဘူး ထိတွေ့မှုကတော့ မိသားစုလောက်ပါပဲဗျ။ ကျနော်လည်း ဆင်ဆင်ခြင်ခြင်သွားလာနေတာပဲ ပိုးရဲ့ အနေအထားကလည်း ခုနပြောသလို ကိုယ်နိုင်ငံထက် အနေအထိုင်ဆင်ခြင်တဲ့ နိုင်ငံတွေတောင် ကူးဆက်မှုနှုန်းက အံ့ခမန်း နီးနီးလောက်ရှိတာကို ဒါကတော့ ဆင်းရဲချမ်းသာမရွေး ဖြစ်ချင်လည်း ဖြစ်သွားနိုင်တာပေါ့။ …
Read More