တီးတိန်က ကိုဗစ်၁၉ ပထမဆုံး လူနာ၊ ၆ ကြိမ်စစ်ပြီးသော်လည်း positive ဖြစ်နေဆဲ ဧပြီ ၂၃၊ ၂၀၂၀။ VOM ကိုရိုနာဗိုင်းစပ်ပိုး ကူးစက်ခံရမှု ပထမဆုံး လူနာဖြစ်တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က လူနာနံပါတ် ၁ ဟာ ၆ ကြိမ်မြောက် ဆေးစစ်ပြီးတဲ့အထိ positive ပဲ ဖြစ်နေသေးတာကြောင့် ဆေးရုံဆင်းခွင့် မရသေးသလို၊ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ကပ်တဲလ်ရွာကိုလည်း lockdown ကာလ တပတ် ထပ်တိုးထားတယ်လို့ သိရပါတယ်။ “သူ့ကို စစ်ဆေးမှုလုပ်တာ ၆ ခေါက်ရှိပြီ၊ ၆ ခေါက်လုံး positive ဖြစ်နေသေးတော့ သူ့ကို တီးတိန်ဆေးရုံမှာပဲ သီးသန့် ထားရသေးတယ်။ သူ့ကျန်းမာရေးကတော့ အကုန်ကောင်းနေတယ်။ ဘာမှ ထူးထူးထွေထွေမရှိဘူး။ positive ဖြစ်နေသေးတာတခုပဲ ရှိတယ်” လို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး…
Read MoreCategory: ကျန်းမာရေး
COVID-19 သံသယလူနာပါလာတယ်လို့သတင်းတွေထွက်ပေါ်လာလို့ ပုဂံရထားတွဲကိုယာယီပိတ်ပြီး ဆေးဖျန်း
COVID-19 သံသယလူနာပါလာတယ်လို့သတင်းတွေထွက်ပေါ်လာလို့ ပုဂံရထားတွဲကိုယာယီပိတ်ပြီး ဆေးဖျန်း ဇီးကုန်း မတ်၂၉-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဘူတာရုံမှာ COVID-19ရောဂါ သံသယလူနာပါလာတယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် ပုဂံရထားတွဲကို ယာယီပိတ်ပြီး ဇီးကုန်းမြို့နယ် ကြက်ခြေနီအဖွဲ့ အကူအညီနဲ့ ဆေးဖျန်းခဲ့တယ်လို့ ဇီးကုန်းမြို့နယ် ရုံပိုင်လေးဆီကသိရပါတယ်။ ‟မနက်ကတော့ပုဂံရထားမှာ တရုတ်မှာအလုပ်လုပ်တယ်လို့သတင်းထွက်နေတဲ့သူတွေက နတ္တလင်းဘူတာ မှာဆင်းတာလေအဲဒီတွဲကို ကြက်ခြေနီအဖွဲ့အကူအညီနဲ့ နတ္တလင်းမှာပိုးသတ်ဆေးမရှိဘူးဆိုတာနဲ့ ဒီကနေ ဖျန်းပေးတာပါ” လို့ရုံပိုင်လေး လို့ဆိုပါတယ်။ “ အဲဒီ ခရီးသည်တွေစီးလာတဲ့တွဲကို ဘယ်သူ့မှအတက်မခံဘဲ ဇီးကုန်း ကြက်ခြေနီအဖွဲ့က ဆေးဖျန်း ပေးတာဖြစ်ပါတယ်။ သံသယရှိတဲ့ခရီးသည်တွေဟာ ကျောက်ပန်းတောင်းကစီးနင်းလာကြခြင်းဖြစ်ပြီး နတ္တလင်းမြို့နယ်ဘူတာရုံမှာ ဆင်းကြတယ်လို့ သိရပါတယ်။ ခရီးသည်တွေကိုတော့ အဲဒီတွဲကိုလောလောဆယ်အတက်မခံဘူး တခြားတွဲကို စီစဉ်ပေးလိုက်တယ်အဓိကရောဂါရှိလို့ လုပ်တာတော့မဟုတ်ပါဘူး အဓိက နိုင်ငံခြားကပြန်လာတာဆိုပြီး သတင်းထွက်နေတော့ ဒီတွဲလေးတွေကိုသံသယနဲ့ဆေးဖျန်းတဲ့သဘောပါ။ ခရီးသည်၂၅ယောက်ထဲက အသက်(၄၁)နှစ်ရှိတဲ့အမျိုးသမီးတစ်ဦးဖျားတယ်ပြောတယ် ကျနော်တို့ကလည်း ကိုယ့်မြို့ကဖြတ်သွားတာဆိုတော့ ခရီးသည်တွေလည်းတက်မှာစိုးတာနဲ့ ဒီတွဲတော့မတက်ပါနဲ့…
Read Moreရခိုင်ပြည်နယ်မှာ တရုတ်ကပြန်လာသူ ၂၈ ဦးကို စောင်ကြည့်နေ
ရခိုင်ပြည်နယ်မှာ တရုတ်ကပြန်လာသူ ၂၈ ဦးကို စောင်ကြည့်နေ စစ်တွေ၊ မတ် ၂၂ – ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းဒေသနဲ့ အလယ်ပိုင်းက မြို့နယ်တချို့မှာ တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်လာသူ ၂၈ ယောက်ကို မိမိတို့ရဲ့နေအိမ်မှာ စောင့်ကြည့်အနေနဲ့ ထားရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ အဲဒီစောင့်ကြည့်ခံထားရသူတွေဟာ ကိုရိုနာဗိုင်းရပ်စ်(COVID- 19) ရောဂါသံသယနဲ့ပတ်သက်ပြီး စောင့်ကြည့်တာမျိုးမဟုတ်ဘဲ နိုင်ငံခြားကပြန်လာတာကြောင့် သူတို့ရဲ့နေအိမ်တွေမှာဘဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ခရိုင်၊မြို့နယ်ကျန်းမာရေးဦးဌာနတို့က ၁၄ ရက်ကြာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က” နိုင်ငံခြားကလာတဲ့လူတွေကို သူတို့အိမ်မှာပဲ နေခိုင်းပြီး စောင့်ကြည့်ခိုင်းထားတာရှိတယ်။ ရခိုင်ပြည်နယ် မြို့နယ် (၈)မြို့နယ်က (၂၈) ယောက်ရှိတယ်။ သူတို့ကို စောင့်ကြည့်တယ်ဆိုတာက ရောဂါလက္ခဏာတွေ့လို့မဟုတ်ဘူး။ နိုင်ငံခြားက ပြန်လာလို့ တရုတ်နိုင်ငံအစိုးရအစီအစဉ်နဲ့ မြန်မာနိုင်ငံသို့…
Read Moreထိုင်းရောက်မြန်မာနိုင်ငံသား ၂ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
ထိုင်းရောက်မြန်မာနိုင်ငံသား ၂ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ မတ် ၂၀ -၂၀၂၀ သိင်္ဂီ (VOM) ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာနိုင်ငံသား ၂ ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုလိုက်ပါတယ်။ အဆိုပါ ရောဂါကူးစက်ခံရသူ မြန်မာနိုင်ငံသား ၂ ဦးကို ဆေးရုံမှာ ဆေးကုသစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ” ထိုင်းနိုင်ငံ ဘန်ကောက်ကပါ။ အဲ့ဒါပဲပြောလို့ရမယ်။ လောလောဆယ် ဆေးရုံမှာကုသမှုခံယူနေတယ်။ ဘယ်အရပ်ဒေသကလဲ ဘယ်ကလာလဲဆိုတာတော့ မသိနိုင်သေးဘူး။ အလုပ်သမားတွေအကုန်လုံးက ထိုင်းမှာဖြစ်တယ် မြန်မာမှာမဟုတ်ဘူး ဒီတော့ မြန်မာပြည်က ဝန်ကြီးဌာန အနေနဲ့ ထိုင်းမှာရှိတဲ့ သူတွေကို ဘယ်လိုကွန်တကိလုပ်ပြီးသွားလုပ်မလဲ ။ ခုလည်းဝန်ကြီးဌာနချင်းပူးပေါင်းနေလို့ ရောဂါဖြစ်တဲ့အခြေအနေကိုသိရတာပေါ့” လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ…
Read More၁၀ မိနစ်တိုင်း လူတစ်ဦးသေ၊ တစ်နာရီကြာတိုင်း လူ ၅၀ ကူးစက်ခံနေရတဲ့ အီရန်ရောက် ကိုရိုနာဗိုင်းရပ်စ်
၁၀ မိနစ်တိုင်း လူတစ်ဦးသေ၊ တစ်နာရီကြာတိုင်း လူ ၅၀ ကူးစက်ခံနေရတဲ့ အီရန်ရောက် ကိုရိုနာဗိုင်းရပ်စ် တီဟီရန်၊ မတ်-၂၀-၂၀၂၀ မျိုးဆက် (VOM) အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်တဲ့ ထိတ်လန့်ဖွယ် စာရင်းဇယားတွေ ကို အီရန်အာဏာပိုင်တွေက ထုတ်ပြန်လိုကပါတယ်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကြောင့် လူ ၁၂၈၄ ဦးသေဆုံးခြင်းနဲ့အတူ အရှေ့အလယ်ပိုင်းမှာ ဗိုင်းရပ်စ်အဆိုးရွားဆုံး ကူးစက်ခံနေရတဲ့နိုင်ငံဖြစ်ပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံတွက်ချက်မှုအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီရန်နိုင်ငံမှာ ၁၀ မိနစ်ကို လူတစ်ဦးနှုန်းသေဆုံးနေကြရပြီး တစ်နာရီကြာတိုင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀ ဦးရှိကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကီယာနုရှ်ဂျဟန်ပါက သူ့ရဲ့ တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၄၉ ဦးသေဆုံးခြင်းနဲ့အတူ သေဆုံးသူအရေးအတွက်မှာ ၁၂၈၄ ဦးအထိ မြင့်တက်လာကာ ကူးစက်ခံရသူမှာ…
Read Moreကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧရာဝတီတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂ ရက်သာ ကျင်းပတော့မည်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧရာဝတီတိုင်းလွှတ်တော် ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂ ရက်သာ ကျင်းပတော့မည် ကိုအောင် VOM ပုသိမ်/မတ်၂၀-၂၀၂၀ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး နိင်ငံတော်သမ္မတရုံးရဲ့ပြန်ကြားချက်အရ လာမယ့် ၂၂ကြိမ်မြောက် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးကို၂ရက်သာကျင်းပတော့မယ်လို့သိရပါတယ်။ မတ်လ၂၄ရက်နေ့လွှတ်တော်မှာ ဝန်ကြီးဌာနတွေရဲ့ဘတ်ဂျတ်တောင်းခံမူလွှတ်တော်ကိုတင်တဲ့အစည်းအဝေးနဲ့ ၃၁ရက်နေ့မှာ ဘတ်ဂျတ်အတည်ပြုတဲ့ အစည်းအဝေးနှစ်ခုသာကျင်းပသွားမှာလို့ တိုင်းလွှတ်တော်ဥက္ကဌဦးအောင်ကျော်ခိုင်ကပြောပါတယ်။ “မတ်လ ၂၄ ရက်နေ့က ဝန်ကြီးဌာနတွေရဲ့ဘတ်ဂျက်အတည်ပြုပေးရမှာဖြစ်လို့ မလုပ်မနေရ မို့လို့ခေါ်တာပါ၊ နိုင်ငံတော်သမ္မတရုံးရဲ့ ကြေငြာချက်ကိုလိုက်နာတဲ့အနေနဲ့လွှတ်တော်ကို ပုံစံပြောင်းပြီးလုပ်ဖို့ စီစဉ်လိုက်တာပါ” လို့ သူကပြောပါတယ် လွှတ်တော် ကျင်းပတဲ့နေ့မှာလဲ တက်ရောက်မယ့်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေ ဧည့်သည်တွေကိုလည်း ကိုရိုနာကာကွယ်ဖို့ အစီအစဉ်တွေထည့်သွင်းထားတယ်လို့ဆိုပါတယ်။ “အစည်းအဝေးထဲမှာ ကိုယ်စားလှယ်တွေကို (၃)ပေခြားစီ ခုံခင်းကျင်းထားမယ် ကျန်းမာရေးကိုခေါ်ထားပြီး ကိုယ်စားလှယ်တွေရော ရုံးအဖွဲ့ရော မီဒီယာတွေရော အားလုံးကို ကိုယ်ပူချိန်တိုင်းတာတို့ လက်ဆေးတာတို့နဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေလုပ်ထားတယ်”လို့ တိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်ကပြောပါတယ် (၂၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာကိုယ်စားလှယ်များရဲ့ မေးခွန်းများကို လာမည့်(၂၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar…
Read Moreကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းရဲ့ ကြေညာချက်ကို ကန့်ကွက်
ကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းရဲ့ ကြေညာချက်ကို ကန့်ကွက် ရန်ကုန်-မတ်-၁၇-၂၀၂၀ စွဲ့ဝတီ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးတော့ ကိုယ်ပိုင်ကျောင်းများကို တရားစွဲမယ်လို့ ကြေညာခဲ့တာကို ကန့်ကွက်တယ်လို့ ကိုယ်ပိုင်းကျောင်းနဲ့ သက်ဆိုင်တဲ့ အသင်းတွေကဆိုကြပါတယ်။ “သူတို့အနေနဲ့ စားသုံးတွေဘက်ကနေ ရပ်တည်ပေးရမှာလေ။ ပြီးခဲ့တဲ့ လေးရက်လောက်ကဆိုရင် Super market တွေမှာ အလုအယက်ဝယ်ကြတာ ကုန်ရော၊ အဲလိုမဖြစ်အောင် ကာကွယ်ပေးရမှာလေ။ အဲလိုမျိုးကို မကာကွယ်ဘဲနဲ့ ဒီဘက်ကျောင်းကို လာပြီးတော့ သူတို့က တရားစွဲမယ်လို့ ။ အရေးယူမယ်လို့ ထုတ်တာပေါ့။ အဲဒါကြောင့် စားသုံးသူကာကွယ်ရေးအသင်းအနေနဲ့ ကုန်ဈေးနှုန်း ဈေးမတက်ဖို့ ကိစ္စကို အာရုံစိုက်ပါ။ ဒီဘက်က ကျောင်းကိစ္စကိုတော့ ဒီဘက်က အသင်းတွေကို တာဝန်ထားလို့ ပြန်ပြီးထုတ်ပြန်လိုက်တာပါ”လို့ ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်း (YPSA) ဥက္ကဌ ဦးနေအုပ် (စိန်ပေါလ်)ကပြောပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ နဲ့ တိုင်းဒေသကြီး…
Read MoreCOVID 19 ရောဂါကူးစက်မှုမြင့်တဲ့ နိုင်ငံက ဧည့်သည်တွေဝင်လာရင် ၂ပတ်စောင့်ကြည့်မယ်ဆိုလို့ လှည့်ပြန်သွားသူတွေရှိ
COVID 19 ရောဂါကူးစက်မှုမြင့်တဲ့ နိုင်ငံက ဧည့်သည်တွေဝင်လာရင် ၂ပတ်စောင့်ကြည့်မယ်ဆိုလို့ လှည့်ပြန်သွားသူတွေရှိ မန္တလေး မတ် ၁၅ ဖြူဖြူ (VOM) COVID 19 ရောဂါ ကူးစက်မှု မြင့်တက်နေတဲ့ ၈ နိုင်ငံကနေ မြန်မာနိုင်ငံကို ဝင်ရောက်လာသူတွေကို စိစစ်ကာ ၂ ပတ်ကြာ သီးသန့်စောင့်ကြည့်ပြီးမှ ပြည်ဝင်ခွင့်ပြုဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ဒီနေ့ မတ်လ ၁၅ ရက်မှာ လေဆိပ်တွေကို ညွှန်ကြားလိုက်ပါတယ်။ COVID 19 ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေ ကိုရီးယား၊ တရုတ် ၊အီတလီ ၊အီရန်၊ ပြင်သစ်၊ စပိန် ဂျာမနီ၊ အမေရိကန်နိုင်ငံတို့က ဝင်ရောက်လာသူတွေနဲ့ အဲဒီနိုင်ငံတွေက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ၂ ပတ် သီးသန့်ထားရှိစောင့်ကြည့်ဖို့ ညွှန်ကြားထားတာပါ။ အဲဒီလို ညွှန်ကြားလိုက်ပြီးနောက် မန္တလေး လေဆိပ်ကနေဝင်ရောက်လာတဲ့ နိုင်ငံခြားသား…
Read Moreကနေဒါဝန်ကြီးချုပ်ကတော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၊ ဝန်ကြီးချုပ်ကိုသီးခြားထား စောင့်ကြည့်နေ
ကနေဒါဝန်ကြီးချုပ်ကတော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၊ ဝန်ကြီးချုပ်ကိုသီးခြားထား စောင့်ကြည့်နေ တိုရွန်တို၊ မတ်-၁၃-၂၀၂၀ မျိုးဆက် (VOM) ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါရဲ့ ဇနီးဖြစ်သူ ဆိုဖီယာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပြီး ဒီဖြစ်စဉ်ကြောင့် ဝန်ကြီးချုပ်ကိုလည်း သီးခြားထားစောင့်ကြည့်နေပါတယ်။ ဝန်ကြီးချုပ်ကတော်ဟာ လန်ဒန်ကနေ မကြာသေးမီကပြန်လာပြီးနောက် ဖျားနာမှုအပါအဝင် တုပ်ကွေးလိုရောဂါလက္ခဏာတွေပြလာတဲ့အတွက် စစ်ဆေးကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ထရူဒေါဟာ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါလက္ခဏာတွေမပြကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး သူ့ကို ၁၄ ရက်ကြာ သီးခြားထားစောင့်ကြည့်မှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မစ္စတာထရူဒေါဟာ ပြည်နယ်ဝန်ကြီးချုပ်တွေ နိုင်ငံရဲ့ပထမဆုံးခေါင်းဆောင်တွေနဲ့ အော့တဝါမှာ လာမယ့်နှစ်ရက်အကြာမှာတွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပြီး လက်ရှိအခြေအနေအရ တွေ့ဆုံပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ လက်ရှိမှာတော့ သူဟာ ဝန်ကြီးချုပ် တာဝန်တွေကိုလည်း ဆက်လက်ထမ်းဆောင်နေပြီး မနက်ဖြန်မှာ ကနေဒါပြည်သူတွေကို မိန့်ခွန်းပြောကြားသွားမှာဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၃ ဦးရှိနေပါတယ်။ Ref :…
Read Moreလူစုလူဝေးပွဲတွေ စည်းကမ်းနဲ့ ကန့်သတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
လူစုလူဝေးပွဲတွေ စည်းကမ်းနဲ့ ကန့်သတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော ရန်ကုန် ၊ မတ် ၁၂ သိဂီ ၤ(VOM) နိုင်ငံရေးဆွေးနွေးပွဲတွေအပါအဝင် လူစုလူဝေးလုပ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းတွေကန့်သတ်ဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အရေးကြီးတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်တိုက် လုပ်လာဖို့ ရှိနေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်တာကြောင့် လူစုလူဝေးပွဲတွေကိစ္စ အစိုးရအနေနဲ့ စည်းမျဉ်းတွေကန့်သတ်ရတော့မှာ ဖြစ်တယ်လို့ ဒီနေ့ မနက်ပိုင်း နေပြည်တော်မှာ လုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) စည်းဝေးပွဲမှာ ပြောခဲ့တာပါ။ “COVID19 ကို WHO က ကမ္ဘာ့ ကပ်ရောဂါဆိုပြီး ကြေငြာလိုက်ပါပြီ။ နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် လူစုလူဝေးလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရကနေ…
Read More