မတ် ၄-၂၀၂၂ VOM (GG) ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ အမှတ် ၂ ရပ်ကွက်က KBZ ဘဏ်ခွဲမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ ၊ညနေ ၃ နာရီလောက်က ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ အမည်အသိ အမျိုးသား ၅ ယောက်က သေနတ်ပစ်ဖောက်ပြီး ဘဏ်အတွင်းဝင်ရောက်ကာ ငွေတွေကိုယူဆောင်သွားတာဖြစ်ပြီး အခုချိန်ထိတော့ ဓားပြတိုက်သူတွေကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ” ငွေကတော့ ထောင်ကျော် ပါသွားတယ် ကြားပေမယ့် သေချာတော့မသိရသေးဘူး။ Bank ဝန်ထမ်းတွေရဲ့ ဖုန်းပါယူသွားတယ်၊ CCTV ပါဖြတ်သွားပြီး ဟိုက်ဂျက် နဲ့ ထွက်ပြေးသွားတာလို့ပြောကြတယ်။လူက ၅ ယောက်လာပြီးလုပ်သွားတာတဲ့၊မျက်နှာဖုံးတွေလည်းစွပ်ထားတယ်ပြောတယ်၊အဲ့ဒီ kbz ဘဏ်က မြို့တွင်းက ဘဏ်ကြီး ၊ ဒါကို ဓားပြတိုက်ရဲတယ်ဆိုတော့ အခြေအနေတွေက…
Read MoreCategory: မှုခင်း
မူဆယ်မှာ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်လို့လူ ၃ ဦးသေဆုံးကာ ၊ ၇ ဦး အဖမ်းခံရ
ဒီဇင်ဘာ ၊ ၃၀ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပေါ်မှာ ဒီဇင်ဘာ၂၉ ရက် ၊ မနေ့က ည ၉ နာရီဝန်းကျင်က သေနတ်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ပြီး သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေရှိခဲ့တယ်လို့ မူဆယ်မြို့ခံတွေဆီက သိရပါတယ်။ ” ပထမ ဖြစ်ပေါ်တာက မင်္ဂလာ မူဆယ် ၊ ပရိုက်တစ်ကွင်း အပေါ်က ရှင်းဂန့်ဘားမှာ ပစ်ခတ်တယ် ၊ ပစ်ခတ်တဲ့အဖွဲ့ထဲက လူ ၇ ယောက်ဝန်းကျင် အဖမ်းခံရတယ် ၊ ဒုတိယက 97 ဆပ်ပြာမှုန့် စက်ရုံဝန်းကျင်နားမှာပါ ၊ တတိယကတော့ ပန်ခမ်းတံတားဘက်မှာ ပစ်ခတ်ကြတာပါ ” လို့ မူဆယ်မြို့ခံ တစ်ယောက်ကပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုမှာ နယ်ခံ ပြည်သူ့စစ်တွေဖြစ်ကြတဲ့ ပန်ဆေး အဖွဲ့နဲ့…
Read Moreမောင်တောမြို့မှာ အသက်၅နှစ်နဲ့ ၈နှစ်အရွယ်ကျောင်းသား၂ဦး ကားတိုက်ခံရပြီးသေဆုံး
ဒီဇင်ဘာ ၂၃-၂၀၂၁ GH(VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွေဗဟို မူလတန်းကျောင်းက ကျောင်းသား ၂ ဦး ကားတိုက်ခံရပြီးသေဆုံးမှု ဒီကနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ကားတိုက်ခံရတဲ့ကလေးငယ်တွေကတော့ ရွှေဗဟိုရွာ မူလတန်းကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မချမ်းနုကလေးနဲ့ အသက် ၅ နှစ်အရွယ် KGကျောင်းသား မောင်ထွန်းထွန်းလင်းတို့ဖြစ်တယ်လို့ သိရပါတယ်။ ” ၁၂ နာရီ ၄၀ လောက်ကဖြစ်တာ ၊ကျနော်တို့ဆီဖုန်းဆက်တာတော့ ၁ နာရီလောက်ပေါ့ ၊ ကလေးတွေက ကျောင်းဆင်းချိန် အိမ်ပြန်ထမင်းစားတယ်၊စားပြီးကျောင်းကိုအပြန် လမ်းမှာပဲအတိုက်ခံရတာ။ နေရာမှာပဲ ပွဲချင်းပြီးသေသွားတာ။ ကားသမား အခုထိမမိဘူး၊ သိတော့သိနေပြီလို့ပြောတယ် “လို့ မောင်တောမြို့ ဂရုဏာကွန်ရက်မှ ကိုချစ်ထူးခိုင်က ပြောပါတယ် ။ ကလေးငယ်…
Read Moreမောင်တောမှာ ထွေ/အုပ်ဝန်ထမ်းတဦး လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံး
ဒီဇင်ဘာ ၊ ၂၃-၂၀၂၁ နှင်းဖြူဝေ (VOM) ရခိုင်ပြည်နယ် ၊မောင်တောမြို့၊မောင်တော ဘုတ်ဆိပ်ကမ်းတံတားအနီးမှာ ဒီကနေ့မနက်ပိုင်းက ထွေ/အုပ်ဝန်ထမ်း လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ရတဲ့အတွက် ရဲဌာနကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်းက တွေ့ရတာပါ ၊ သေဆုံးသူက. မောင်းတော၊ မြင်းလွှတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတဦးဖြစ်တယ် ၊ ကိုဆန်းဌေး အသက် ၂၆ နှစ်ဆိုတဲ့သူ “လို့ နယ်ခံ လူမှုကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။ မောင်တောမြို့မရဲစခန်းကတော့ ” သူဘာကြောင့်သေဆုံးရတယ်ဆိုတာ သိနိုင်ဖို့ ရုပ်အလောင်းကို ဆေးရုံပို့ဆောင် စစ်ဆေးနေတာတွေ စတင်လုပ်နေပြီ “လို့ ပြောပါတယ်။ မောင်တောဒေသမှာ အခုနှစ်အတွင်း လူသတ်မှုအကြိမ်ရေ ဆယ်ဂဏန်းနီးပါးရှိခဲ့ပေမယ့် အခုလို ထွေ/အုပ် ဝန်ထမ်း အသတ်ခံရတာဟာ…
Read Moreအင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား
ရန်ကုန်၊ဒီဇင်ဘာ ၂၁-၂၀၂၁ KK(VOM) အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှုနှစ်ကြိမ်ဖြစ်ရာ တဦးသေပြီး နှစ်ဦးဒဏ်ရာရရှိကာ တန်ဖိုးငွေ သိန်းကိုးထောင်ကျော်ခန့်ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အင်းစိန်မြို့နယ်မှာ ဒီဇင်ဘာ၁၉ ရက်နဲ့၁၈ ရက်နေ့ နှစ်ရက်အတွင်း ရွှေဆိုင်မှပစ္စည်းသိမ်းပြီးပြန်လာတဲ့ကားနဲ့Kpay ငွေလာလဲသောကားနှစ်စီးကို အမည်မသိသူတွေက လုယက်ခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ သိန်းကိုးထောင်ကျော်ပါသွားတာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။ အင်းစိန်စျေးအတွင်းဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တဆိုင်ကနေ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ရွှေသိမ်းပြီးအိမ်ပြန်ရာ အင်းစိန်ဂုံးကျော်တံတားပေါ်မှာ လုယက်ခံရတာဖြစ်ပြီး ရွှေငါးပိသာခန့်တန်ဖိုးငွေသိန်းရှစ်ထောင်နီးပါး ပါသွားတယ်လို့ သူကပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတဦးက” သူတို့ကားကို taxi တစ်စီးက ပိတ်ရပ်ပြီး ဆိုင်ကယ်သုံးစီးက လုတာပါ၊ ဆိုင်ပိုင်အမျိုးသမီးလက်ကို ဓားနဲ့ခုတ်လို့ ဒဏ်ရာရသွားတယ် ရွှေက ၄ပိဿာခွဲပါ၊ နံ့သာကုန်းဘက်မှာလည်း ၁၈ ရက်နေ့က Kpay လာလဲတဲ့ လင်မယားကို သေနတ်နဲ့ပစ်ပြီး…
Read Moreမူဆယ်မှာ သေနတ်နဲ့ပစ်ပြီး ငွေလုယက်၊ အမျိုးသမီးတယောက်ဒဏ်ရာရ
ဒီဇင်ဘာ ၂၁-၂၀၂၁ GH ( VOM) မူဆယ်မြို့လယ်ခေါင်မှာ ငွေလဲနေသူတွေဆီကနေ ငွေထုတ်လုယက်ခဲ့တဲ့အပြင် သေနတ်နဲ့ပါပစ်ခဲ့လို့ အမျိုးသမီးတယောက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဒီဇင်ဘာ၂၀ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနေ့ကည ၇ နာရီလောက်ဖြစ်မယ် ၊ ငွေလဲလုပ်နေတဲ့သူဆီက လုကြတာ။ သေနတ်နဲ့လည်းပစ်တယ် ဒဏ်ရာရတယ်တော့ကြားတယ်။လက်နက်ကိုင်တဖွဲ့ကလို့တော့ကြားတယ် ဘယ်သူတွေဆိုတာတော့မသိဘူး။ ” လို့ မူဆယ်ဒေသခံတဦးကပြောပါတယ်။ ပိုက်ဆံလုယက်ခဲ့သူတွေဟာ ကားနဲ့ လာရောက်ပြီး သေနတ်နဲ့ပစ်ခတ်ကာ ငွေတွေလုယူခဲ့ကြောင်း၊ လုယက်ခံရတဲ့ ငွေပမာဏကိုတော့ အတိအကျ မသိရဘူးလို့ပြောပါတယ်။ လက်ရှိမှာတော့ သေနတ်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီိးကို မနေ့ကတည်းက ဆေးရုံကိုပို့ဆောင်ပေးထားကြောင်းနဲ့ ဒဏ်ရာကတော့ စိုးရိမ်စရာ မရှိဘူးလို့သိရပါတယ်။ အခင်းဖြစ်ပွားပြီးနောက်မှာ မူဆယ်မြို့ရဲတပ်ဖွဲ့အပါအဝင်တာဝန်ရှိသူတွေက လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် လက်ရှိအထိတော့ငွေလုယက်သူတွေကိုဖမ်းဆီးရမိကြောင်းမကြားမိသေးဘူးလို့သိရပါတယ်။ #voiceofmyanmar #VOM #မူဆယ် #လုယက်ပစ်ခတ်မှု
Read Moreမြစ်ကြီးနားမြို့နယ်မှာ နေအိမ်တလုံးမီးလောင်ပြီး သားအမိနှစ်ဦးမီးလောင်သေဆုံး
ဒီဇင်ဘာ ၂၀-၂၀၂၁ KK(VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဒူကထောင်ရပ်ကွက်၊ နယ်မြေ ၁၄ မှာ မနေ့ ဒီဇင်ဘာ ၁၉ရက် နေ့လယ်ပိုင်းက နေအိမ်တလုံး အပူလွန်ကဲမှုဖြစ်ပြီး မီးလောင်ခဲ့ရာ သားအမိနှစ်ဦး မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မီးလောင်သေးဆုံးသူတွေဟာ ကျန်းမာရေးမကောင်းတဲ့ သားအမိနှစ်ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ပြောတယ်၊ သမီးကစိတ်မနှံ့ဘူး အမေကလည်း အသက် ၈၀ ကျော်ပြီ ကျန်းမာရေးမကောင်းဘူး မပြေးနိူင်ဘူးထင်ပါတယ်”လို့ သူက ပြောပါတယ်။ အဲ့ဒီမီးလောင်မှုကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးသတ်ယာဥ်နှစ်စီး၊ရေသယ်ယာဥ်နှစ်စီးတို့နဲ့ မီးသတ်သတ်ခဲ့ပြီး သေ ဆုံးသူနှစ်ဦးကို ပေးဆပ်သူများနာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဥ်နဲ့ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတ ယ်။ သေဆုံးသူနှစ်ဦးမှာ အသက် ၈၀အရွယ် ဒေါ်လမိုင်ထူဘူနဲ့ သမီးဖြစ်သူ…
Read Moreမန္တလေးမြို့က ဝိန့်လီရွှေဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့
ဒီဇင်ဘာ ၁၈-၂၀၂၁ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၈၀ ၂၈၂၉ကြားရှိ ဝိန့်လီရွှေဆိုင်ကို ဒီကနေ့ညနေပိုင်းက သေနတ်တွေဖောက်ပြီး ဓားပြတိုက်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်ကနေ သိရပါတယ်။ ” ရွှေဆိုင်ရှေ့ကို ဆိုင်ကယ်၂စီးနဲ့ လူ၄ယောက်လာတယ်၊ သေနတ်တွေဖောက်ပြီး ဆိုင်ထဲက ရွှေဆွဲကြိုးနဲ့ လက်ကောက်တွေ ယူသွားတယ်၊ အရေအတွက်တော့ ပြောလို့မရသေးဘူး စစ်ဆေးဆဲပါ”လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။ ဒေသခံတဦးကလည်း “အမက ဝိန့်လီဘေးက ဖိနပ်ဆိုင်မှာဖိနပ်ဝယ်နေတုန်း သေနတ်သံ ၃ချက်ကြားလိုက်တာ၊၅နာရီဆယ်မိနစ်လောက်ကပါ၊ပထမတချက်ကြားပြီး ၃မိနစ်လောက်နေတော့၂ချက်ဆက်တိုက်ကြားပြီး ညီမတို့လဲ ပြန်လာလိုက်တာ”လို့ ပြောပါတယ်။ ဓားပြတိုက်မှုဖြစ်ပွားအပြီးမှာ စစ်တပ်နဲ့ရဲတွေရောက်လာပြီး လမ်း၈၀ပေါ်မှာ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ဝိန့်လီရွှေဆိုင် ဓားပြတိုက်ခံရမှုဖြစ်စဉ်အတွင်း ရွှေထည်အရေအတွက် ဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။ မန္တလေးမြို့မှာ မနေ့ ဒီဇင်ဘာ ၁၇ရက်နေ့…
Read Moreအမြင့်မြို့ဟောင်း စျေးထိပ်မှာ ရဲ ၁ ဦးနဲ့ အရပ်သား ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရ
ဒီဇင်ဘာ ၊ ၁၆-၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အမြင့်မြို့ဟောင်းကျေးရွာရဲ့ စျေးထိပ်နေရာမှာ ဒီကနေ့ နေ့ခင်းပိုင်းက ရဲ ၁ ဦးနဲ့ အရပ်သား ၁ ဦးတို့ဟာ အနီးကပ် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။ မျက်မြင်တွေ့လိုက်ရသူတဦးက “ပစ်သတ်ခံရတဲ့ သူတွေက အမြင့်နယ်မြေရဲစခန်းက ရဲတပ်သား ရဲထက်နိုင်ဆိုတဲ့သူနဲ့ အမြင့်ရွာသား မောင်ထက်ဝေယံ အသက် ၁၈ နှစ် သူတွေဖြစ်တယ် ၊ သူတို့နောက်ကနေ သေနတ်သမားက အနီးကပ် ပစ်သတ်သွားတာ ” လို့ ပြောပါတယ်။ အမြင့်ရွာခံတဦးကလည်း ” ဖြစ်တာက နေ့လယ် ၁ နာရီကျော်လောက်က ဖြစ်တာပါ ၊ စျေးထိပ်က ထွန်းကြီး ကွမ်းယာဆိုင်ရှေ့မှာ…
Read Moreစစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်တည်း မိုင်းထိလို့ သေတဲ့ ရဲ ၄ ဦးထက်မနည်းရှိ
ဒီဇင်ဘာ ၊ ၁၆ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ အခုလ ၁၅ ရက် မနေ့က ၁ ရက်တည်းမှာတင် မိုင်းစထိမှန် သေဆုံးတဲ့ ရဲဝန်ထမ်း အရေအတွက်ဟာ ၄ ဦးထက်မနည်း ရှိခဲ့ပြီး အဲ့ဒီအပြင် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ ရဲဝန်ထမ်းတွေလည်း ရှိတယ်လို့ မိုင်းပေါက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာတွေက နယ်ခံလူ တချို့ရဲ့ အပြောအရ သိရပါတယ်။ ” ဝန်းသိုမြို့မရဲစခန်းက စခန်းမှူးနဲ့အဖွဲ့ဟာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တဲ့နေရာကနေ အလောင်းကောက်ယူပြီး အပြန် လမ်းမှာ မိုင်းထိမှန်ခဲ့လို့ ဒုရဲမှူး ဟန်ဝင်းနဲ့ ရဲတပ်သား မျိုးကျော်ထွန်း တို့ ၂ ယောက် စီးတဲ့ကားဟာ ခတ်ချိုရွာနားမှာ မိုင်းထိတယ် ၊ ကားမီးလောင်တယ် ၊…
Read More