ဇန်နဝါရီ ၉ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ ကျောက်ပြောက်ကျေးရွာမှာနေတဲ့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖြစ်သူနဲ့ သူ့ရဲ့သားဖြစ်သူတို့ ၂ ယောက်ဟာ မနေ့ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ အရာတော်မြို့နဲ့ ၂ မိုင်အကွာလောက်မှာရှိတဲ့ ကျောက်ပြောက်ရွာက စက်သုံးဆီဆိုင်မှာ အသတ်ခံရတယ် ၊ သေဆုံးသူတွေက မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မြင့် နဲ့ သူ့ရဲ့သား ဖြစ်သူကို ပစ်သတ်သွားတယ် ၊ အဲ့ဒါကြောင့် သူတို့ သားအဖ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို အရာတော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးထားတယ် ” လို့…
Read MoreCategory: မှုခင်း
ဘိုကလေးမှာဖမ်းမိတဲ့ အထောက်အထားမဲ့ ၁၁၂ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်
ဒီဇင်ဘာ၊၉-၂၀၂၃ MM(VOM) ဧရာဝတိတိုင်း ၊ ဘိုကလေးမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ ကလေး ၁၂ ယောက်နဲ့ အမျိုးသမီး ၄၇ ယောက်အပါ အဝင် အထောက်အထားမဲ့သူ ၁၁၂ ယောက်ကို ထောင်ဒဏ် ၅ နှစ်၊ ၃ နှစ်နဲ့ ၂ နှစ် စီ အသီးသီးချမှတ်လိုက်တယ်လို့ သိရပါတယ်။ အထောက်အထားမဲ့သူ ကလေး ၁၂ ယောက်၊အမျိုးသမီး ၄၇ ယောက်နဲ့ အမျိုးသား ၅၃ ယောက် ၊ စုစုပေါင်း ၁၁၂ ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ၂၀ ရက်က၊ ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာအုပ်စု၊ကဒုံလေးကျွန်းနားမှာ စက်လှေနဲ့လာချိန် ရဲတပ်ဖွဲ့ကဖမ်းမိခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်က ထောင်ဒဏ်တွေချမှတ်လိုက်ပြီး မနေ့ ဇန်နဝါရီ ၈ ရက်က ဖျာပုံအကျဉ်းထောင်နဲ့ ရန်ကုန်တိုင်း တွံ့တေး ငှက်အော်စမ်း…
Read Moreသိမ်ဇရပ်မှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ လူ ၂ယောက်သေဆုံး ကလေးအပါအဝင် ၅ယောက်ဒဏ်ရာရ
ဇန်နဝါရီ ၈ – ၂၀၂၃ GG (VOM) မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ ၊ ကျေးရွာတရွာက နေအိမ်ပေါ်ကို လက်နက်ကြီးကျလို့ နေအိမ်ထဲက မိသားစုဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၇ ရက်နေ့ ညပိုင်းမှာ သိမ်ဇရပ်မြို့နယ်၊ ဝင်းကံကျေးရွာထဲက နေအိမ်တအိမ်အပေါ် လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေက အမျိုးသား ၂ ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ” ညက ၈ နာရီလောက်မှာဖြစ်တာလို့သိရတယ်။မိသားစုတွေကအိပ်နေပြီ အဲ့ဒီအချိန်လက်နက်ကြီးကျပြီး ၂ယောက်သေသွားတာ။ ကျန်တဲ့သူတွေလည်း ဒဏ်ရာရကြတယ်။ဆေးကုသမှုပေးနေတယ်သိရတယ်”လို့ သိမ်ဇရပ် ဒေသခံတဦးကပြောပါတယ်။ လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးသူတွေကတော့ အသက် ၄၄ နှစ်အရွယ်ရှိ ကိုစိုးမင်းအောင် ဆိုသူနဲ့ အသက် ၄၂ နှစ်အရွယ်ရှိ ကိုဇော်မိုးလွင် ဆိုသူတို့ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ကလေး ၃ယောက်နဲ့ အဖွားအို…
Read Moreသုံးခွမြို့နယ်က ကတုံးပေါ်ရဲစခန်း ဝင်စီးခံရပြီး အသေအပျောက်ရှိတယ်လို့ သိရ
ဇန်နဝါရီ ၈ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်က ကတုံးပေါ်နယ်မြေရဲစခန်းကို ဒီနေ့ ဇန်နဝါရီ ၈ ရက်နေ့၊ မနက်ပိုင်းက ဝင်ရောက်စီးနင်းခံရတယ်လို့ သိရပါတယ်။ “ဒီနေ့မနက်အစောပိုင်းက လက်နက်ကြီးတွေ ပစ်ခတ်သံကြားရပြီး ဝင်ရောက်စီးနင်းကြတာပါ။ ရဲတွေ အသေအပျောက်ရှိပြီး လက်နက်တွေလည်း ပါသွားတယ်လို့ သိရတယ်။ အပြန်မှာ ရဲစခန်းကိုလည်း မီးရှို့သွားသေးတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ ရဲတပ်သားတဦး သေဆုံးခဲ့ပြီး ရဲတပ်သား (၂)ဦး ဒဏ်ရာတယ်လို့ သိရသလို ဒဏ်ရာရသူတွေကို သုံးခွပြည်သူ့ဆေးရုံ ပိ့ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် လတ်တလောမှာ စစ်တပ်က နယ်မြေရဲစခန်း ပတ်ဝန်းကျင်တခုလုံးကို ပိတ်ဆို့ထားပြီး ကျေးရွာတွေက အုပ်ချုပ်ရေးအဖွဲ့တွေကို ခေါ်ယူကာ သံသယရှိသူတွေကို စစ်ဆေးမေးမြန်းနေတဲ့အပြင် ရွာချင်းဆက် လမ်းဆုံလမ်းခွတွေကိုလည်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဥ်ကို ရန်ကုန် (ပကဖ)…
Read Moreလက်ပံတောင်းဒေသဘက်က ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရ ၊ လူနေအိမ် တစ်ရာကျော် ပျက်စီးဆုံးရှုံး
ဇန်နဝါရီ ၊ ၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်း ဒေသဘက်က ကျေးရွာ ၃ ရွာကို ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်တွေက ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခံရတာကြောင့် လူနေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖောင်းကတာရွာမှာက လူနေအိမ် တစ်ရာကျော် ၊ ကျောက်ဖြူတိုင်ရွာမှာက ၅ လုံး နဲ့ မိုးကြိုပြင် (တောင်)ရွာမှာက ၆၀ ကျော် မီးလောင်ပျက်စီးတယ် ၊ စစ်ကြောင်းဝင်လာတာနဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေတာဆိုတော့ ဘယ်အဖွဲ့အစည်းက မီးရှို့တယ်ဆိုတာ မသိရဘူး”လို့ ဖောင်းကတာဒေသခံ တယောက်က ပြောပါတယ်။ ကျေးရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရတာနဲ့…
Read Moreကောလင်းမြို့မှာ ဆိုင်ကယ် ၁ စီး ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦး သေဆုံး
ဇန်နဝါရီ ၈ ၊၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့၊ မင်းတဲကြီးကုန်းရပ်ကွက်ထဲမှာ မနေ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ဆိုင်ကယ် ၁ စီး ပေါက်ကွဲမှုဖြစ်ပြီး အဲ့ဒီဆိုင်ကယ်ပေါ်မှာ လိုက်ပါလာတဲ့ လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “မနက် ၉ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ပေါက်ကွဲမှုဖြစ်ပြီး အမည်မသိ အမျိုးသား ၂ ဦးသေတယ် ၊ အဲ့ဒီရုပ်အလောင်းတွေကို ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်”လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “မင်းတဲကြီးရပ်ကွက်ထဲကို မိုင်းလာထောင်နေတယ်လို့ သတင်းရတော့ လုံခြုံရေးအဖွဲ့က အချိန်မီ အရောက်သွားတယ် ၊…
Read Moreနေပြည်တော်မှာ အလုပ်သမားတွေပါလာတဲ့ ကားမှောက်လို့ လူ ၅ ယောက်သေဆုံး ၂၉ ယောက်ဒဏ်ရာရ
ဇန်နဝါရီ ၈ – ၂၀၂၃ GG(VOM) နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်မန္တလေးလမ်းဟောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှေ့မှာ မနေ့ ဇန်နဝါရီ ၇ရက် ညပိုင်းက အလုပ်သမားတွေတင်လာတဲ့ ဖောကား မှောက်လို့ ၅ ယောက်သေဆုံးပြီး ၂၉ ယောက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ သေဆုံးသူတွေကတော့ အမျိုးသမီး ၅ ယောက်ဖြစ်ပြီး ၊ ဒဏ်ရာရသူတွေထဲမှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေရောပါဝင်ပြီး ကားပေါ်မှာ လူပေါင်း ၄၀ ကျော်လိုက်ပါလာတာဖြစ်လို့ ကားရဲ့ခံနိုင်ရည်ထက် ဝိတ်ကျော်လွန်ပြီး တိမ်းမှောက်တာမျိုးဖြစ်နိုင်တယ်လို့ သိရပါတယ်။ ” ညက ၆ နာရီလောက်မှာ သတင်းဝင်လာလို့ ကယ်ဆယ်ရေးသွားတယ်။ သေတဲ့အထဲ ၂ ယောက်က ညပ်နေလို့ ဆွဲထုတ်ရတယ်။ကျန်တဲ့၃ယောက်က အလွတ်သေတယ်၊ အကုန်လုံးသေဆုံးက ၅ ယောက်၊ ဒဏ်ရာရ ၂၉ ယောက်ပါ။ Safety အရမ်းအားနည်းတယ်။ ကားက…
Read Moreပခုက္ကူမြို့မှာ ဓားပြတိုက်နေတဲ့အချိန် အပြန်အလှန် ပစ်ကြလို့ ဓားပြ ၁ ဦး အသေဖမ်းမိ
ဇန်နဝါရီ ၆ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၅ ရပ်ကွက် ၊ သပြေ ၄ လမ်းမှာ ဒီကနေ့ မနက် ၂ နာရီဝန်းကျင်က လုံခြုံရေးအဖွဲ့နဲ့ ဓားပြတိုက်နေသူတွေ အပြန်အလှန် ပစ်ခတ်ကြပြီး ဓားပြတယောက် အသေဖမ်းမိတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ၁၅ ရပ်ကွက် ၊ သပြေ ၄ လမ်းထဲက ဒေါ်မြင့်မြင့်ဌေး ရဲ့နေအိမ်ကို လူငယ် ၄ ယောက်က သေနတ် အတို ၁ လက် ဓားပြဝင်တိုက်တယ် ၊ အဲ့ဒီ အချိန်မှာ လုံခြုံရေးအဖွဲ့ရောက်လာပြီး ပစ်ခတ်တယ် ၊ ဓားပြ ၃ ယောက်က ထွက်ပြေးသွားပြီး ဓားပြ တယောက်က အသေဖမ်းမိတာ”လို့ ဒေသခံ တယောက်က…
Read Moreဒီပဲယင်းကွဲရွာမှာ လူနေအိမ် တစ်ရာနီးပါး မီးရှို့ခံရပြီး ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ဦး ပစ်သတ်ခံရ
ဇန္နဝါရီ ၊ ၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဒီပဲယင်းကွဲကျေးရွာမှာ ၊ ဒီကနေ့ မနက် ၅ နာရီ ဝန်းကျင်က ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ယောက် ပစ်သတ်ခံရပြီး ရွာထဲက လူနေအိမ် တစ်ရာ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ .” ဒီပဲယင်းကွဲကျေးရွာက ရွှေဂူကျောင်းတိုက်မှာ ခေတ္တသီးတင်းသုံးနေတဲ့ စာချကိုယ်တော် အရှင်ဂန္ဓသာရ(သီတဂူ နာယကစာရင်းဝင်) ပစ်သတ်ခံရတယ် ၊ အဲ့ဒီအပြင် မခင်စုမွန်၊ ကိုဖိုးတုတ်နဲ့ ကိုမျိုးထွဋ်တို့ ၃ ဦးလည်း ပစ်သတ်ရိုက်နှက်ထားတယ် ၊ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ အဲ့ဒီ ဒီပဲယင်းကွဲရွာဘက်ကို မနက်အစောပိုင်းက နယ်မြေရှင်းလင်းရေး…
Read Moreရန်ကုန်ကနေ မော်လမြိုင်ကို မောင်းလာတဲ့ ‘သီဟမင်း’မှန်လုံယာဉ် မိုင်းဆွဲခံရ
ဇန်နဝါရီ ၆ – ၂၀၂၃ SN (VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီးမှာ မနေ့ ဇန်နဝါရီ ၅ ရက် ည ၁၀ နာရီခွဲဝန်းကျင်က ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းလာတဲ့ ‘သီဟမင်း’မှန်လုံယာဉ်ဟာ မိုင်းဆွဲခံခဲ့ရပြီး သေနတ်တွေနဲ့လည်း ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဥ်ကြောင့် ကားမောင်းသူရဲ့ ညာဘက်မျက်လုံး မိုင်းစထိမှန်ဒဏ်ရာ၊ ယာဥ်နောက်လိုက်မှာ ညာဘက်ပါး ပေါက်ပြဲနဲ့ သွားကျိုးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒီဖြစ်စဉ်ကတော့ဟုတ်ပါတယ်။ အခင်းဖြစ်တဲ့အချိန် ကားပေါ်မှာ ခရီးသည်တွေတော့ ပါမသွားဘူးလို့တော့သိရတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”လို့ သီဟမင်း ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဥ်နောက်လိုက်တို့ကို လုံခြုံရေးအဖွဲ့ဝင်တွေက သထုံမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကပြုလုပ်တာလဲဆိုတာကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ ဇန်နဝါရီ…
Read More