မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်

တိုကျို ၊ မတ်-၂၀-၂၀၂၃ မျိုးဆက်(VOM) ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဂျပန်လေတပ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်လေတပ်မှ အက်ဖ်-၁၅ တိုက်လေယာဉ် ၁၀ စင်း၊ အမေရိကန် ဘီ-၁ ဗုံးကြဲလေယာဉ်နှင့် အက်ဖ်-၁၆ တိုက်လေယာဉ်တွေပါ၀င်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေဟာ ဒုံးပျံခြေရာခံစနစ်တပ်ဆင်ထားတဲ့ စစ်သင်္ဘောတွေနဲ့အတူ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံနဲ့ ဒေသတွင်းမှာ လုံခြုံရေးအခြေအနေပိုမိုဆိုးရွားလာခြင်းတို့ကြောင့် ယခုစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့မဟာမိတ်တွေရဲ့ ကာကွယ်ရေးဆိုင်ရာစွမ်းရည် ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ မြောက်ကိုရီးယားဟာ မတ် ၁၆ ရက်မှာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ပြီးနောက် အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ မတ် ၁၉ ရက်ကလည်း ပဲ့ထိန်းဒုံးကျည်တစင်းကို…

Read More

အထွေထွေရွေးကောက်ပွဲမတိုင်မီ ထိုင်းပါလီမန်ကို ဖျက်သိမ်းပြီ

ဘန်ကောက်၊ မတ်-၂၀-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံ မေလအတွင်းကျင်းပဖို့စီစဉ်ထားတဲ့ ပြိုင်ဆိုင်မှုပြင်းထန်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ထိုင်းပါလီမန်ကို မတ် ၂၀ ၇က်မှာ ဖျက်သိမ်းလိုက်ပါတယ်။ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ညီညွတ်သောထိုင်းပါတီဟာ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာ၀ပ်ရဲ့သမီးဖြစ်သူ ဦးဆောင်တဲ့ ဖြူထိုင်းပါတီနဲ့ ရွေးကောက်ပွဲမှာ အဓိကယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ ဘီလျံနာတဦးဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်းသက်ဆင်ဟာ၂၀၀၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ သူ့ရဲ့သမီးဖြစ်သူ အသက် ၃၆ နှစ်အရွယ် ပီထောင်ထရန်ဟာ ရွေးကောက်ပွဲသဘောထားစစ်တမ်းတွေမှာတော့ လက်ရှိ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကို လပေါင်းများစွာ ဦးဆောင်နေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်ကို လက်ရှိအချိန်ထိမသတ်မှတ်ရသေးပေမယ့် ပါလီမန်ကိုဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမှာဖြစ်ကာ ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေးပါတီတွေကတော့ မဲဆွယ်စည်းရုံးရေးအတွက် လှုပ်ရှားမှုတွေ စတင်နေပါတယ်။ ယခုတကြိမ်စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်ကတော့ မစ္စယင်လပ်အစိုးရကို ဖြုတ်ချပြီး အာဏာရယူထားသူဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပြီး ၀န်ကြီးချုပ်ရာထူးရယူခဲ့သူဖြစ်ပါတယ်။ Ref:BBC #voiceofmyanmar…

Read More

ပြင်သစ်အစိုးရကို အယုံအကြည်အဆိုတင်သွင်းမှုမဲခွဲမှု မအောင်မြင်

ပါရီ၊ မတ်-၂၁-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်အစိုးရဟာ အငြိမ်းစားယူရမယ့် အသက်အရွယ်ကို ၆၄ နှစ်ထိတိုးမြှင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင်သွင်းမှုကှို ကျဉ်းမြောင်းစွာဖြတ်ကျော်နိုင်ခဲ့ပါတယ်။ အစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းပြီး ပါလီမန်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၇၈ မဲရရှိခဲ့ပြီး အဆိုအောင်မြင်ဖို့လိုအပ်သည့်ထောက်ခံမဲ ၂၈၇ မဲပြည့်မီခြင်းမရှိခဲ့ပါဘူး။ လက်ယာစွန်းအတိုက်အခံပါတီကနေ တင်သွင်းတဲ့ အယုံအကြည်မရှိအဆိုအောင်မြင်ခဲ့မယ်ဆိုရင် သမ္မတအီမန်နျူရယ် မက်ခရွန်ဟာ အစိုးရသစ်ဖွဲ့စည်းခြင်း သို့မဟုတ် ရွေးကောက်ပွဲအသစ်ကျင်းပပေးရမှာဖြစ်ပါတယ်။ အယုံအကြည်မရှိအဆို မအောင်မြင်ပြီးနောက် အငြိမ်းယူရမယ့် အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်သို့တိုးမြှင့်ဥပဒေကြမ်းကတော့ ဥပဒေအဖြစ် သက်၀င်တော့မှာဖြစ်ပါတယ်။ ဒီကိစ္စအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ လူ ၁၀၀ ကျော်ထိ ဖမ်းဆီးခံထားရပါတယ်။ ပါရီမြို့လယ်နဲ့ အခြားသောပြင်သစ်မြို့ကြီးတွေမှာ အပျက်အစီးတွေ၊ မီးလောင်မှုတွေနဲ့ အတူ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ထိပ်တိုက်ပဋိပက္ခတွေ သီတင်းပတ်ကုန်ပိုင်းကဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူအချို့ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ Ref:BBC #voiceofmyanmar #VOM #ပါရီ

Read More

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ရုရှာသမ္မတပူတင်နဲ့ တရုတ်သမ္မတတို့ အလွတ်သဘောဆွေးနွေး

မော်စကို၊ မတ်-၂၁-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ မတ် ၂၀ ရက်က အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။ တရုတ်သမ္မတရှိင်္ကျင်းပင်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားကိုသုံးရက်ကြာအလည်အပတ်ရောက်ရှိနေပြီး ယူကရိန်းကို ရုရှားက ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှ ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှားကို ပထမဆုံးအကြိမ် သွားရောက်မှုလည်းဖြစ်ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံကအဆိုပြုထားတဲ့အချက်တွေကို သေချာစွာလေ့လာခဲ့ပြီး အဂ်ါနေ့မှာလုပ်မယ့် ဆွေးနွေးပွဲမှာ သမ္မတရှီကျင်းပင်နဲ့ ဆက်လက်ဆွေးနွေးမယ်လို့ ရုရှားသမ္မတပူတင်ကပြောပါတယ်။ တရုတ်နဲ့ရုရှားတို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အပြင် မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကြောင့် ရည်မှန်းချက်များအောင်မြင်နိုင်တယ်လို့ တရုတ်သမ္မတရှိကျင်းပင်ကပြောပါတယ်။ ဒီနေ့မှာဆက်လက်ပြုလုပ်မယ့် သူတို့နှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ အခြားသောနိုင်ငံတကာရေးရာတွေကို အသေးစိတ်ဆွေးနွေးသွားဖို့ရှိနေပါတယ်။ Ref:NHK Photo:AP #voiceofmyanmar #VOM #မော်စကို

Read More

ထိုင်းနိုင်ငံ ကန်ချနာဘူရီမှာ မြန်မာ ၁၂ ဦး ထပ်မံဖမ်းဆီးခံရ

မတ် ၂၁-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအခြေစိုက် မြန်မာလုပ်သားတွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ အဲ့ဒီ မြန်မာနိုင်ငံသား ၁၂ ယောက်ကို မနေ့ မတ် ၂၀ရက် မနက် ၁၀ နာရီခန့်က ကန်ချနဘူရီခရိုင်အတွင်းမှာ ထိုင်းရဲတပ်ဖွဲ့တွေက လုံခြုံရေးအတွက် ပုံမှန် စစ်ဆေးရေးလုပ်နေချိန် ပစ်ကပ်ကား အနက်ရောင်(၁)စီးဟာ စစ်ဆေးဂိတ်အရောက် ရပ်တန့်မပေးဘဲ အရှိန်ပြင်းပြင်း တိမ်းရှောင်မောင်းနှင်သွားတာကြောင့် လိုက်လံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”မြန်မာလုပ်သား ၁၂ ယောက်ပါတဲ့ မောင်းပြေးတဲ့ ကားကို ကီလိုမီတာ ၄၀ ခန့်လောက်အကွာမှာ ရပ်တန့် ဖမ်းဆီးလိုက်တာ၊ ကားရဲ့အရှေ့ခန်းနဲ့ အမိုးအုပ်ထားတဲ့ ကား အနောက်ခန်းတွေမှာ အမျိုးသား ၄ဦး၊ အမျိုးသမီး ၇ ဦးနဲ့ ကလေး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာပါ။”လို့…

Read More

ဆိုမာလီမှာ မိုးခေါင်ရေရှားမှုကြောင့် လူလေးသောင်းကျော်သေဆုံး

ကုလသမဂ္ဂ၊ မတ်-၂၁-၂၀၂၃ မျိုးဆက်(VOM) ဆိုမာလီယာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုကြောင့် လွန်ခဲ့တဲ့နှစ်အတွင်း လူပေါင်း ၄၃၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဆိုမာလီအစိုးရနဲ့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါဟာ အာဖရိကဦးချိုဒေသမှာ ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုကြောင့် သေဆုံးမှုကို ပထမဆုံးအကြိမ် တရား၀င်ထုတ်ပြန်ခြင်းဖြစ်ပြီး သေဆုံးမှုရဲ့ထက်၀က်ဟာ ငါးနှစ်အောက်ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ မိုးခေါင်ရေရှားမှုကြောင့် ယမန်နှစ်ပထမခြောက်လအတွင်း သေဆုံးသူ ၁၈၀၀၀ မှ ၃၄၀၀၀ ကြားထိရှိပြီး အဲဒီအကျပ်အတည်းက ပြီးဆုံးဖို့မဖြစ်နိုင်သေးကြောင်း ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်ကလည်း ဆိုမာလီယာမှာ အငတ်ဘေးကြောင့် လူနှစ်သိန်းခွဲနီးပါး သေဆုံးခဲ့ပါတယ်။ နိုင်ငံမှာဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုနဲ့ပတ်သက်ပြီး ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံလိုအပ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး လက်ရှိချိန်ထိ ၁၅ ရာခိုင်နှုန်းသာ ထောက်ပံ့ပေးထားရသေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုဖောက်ပြန်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စားနပ်ရိက္ခာစျေးနှုန်းတွေမြင့်တက်မှုတို့ကြောင့် အကျပ်အတည်းတွေရင်ဆိုင်နေရတဲ့ ဆိုမာလီယာနိုင်ငံမှာ မိုးခေါင်ရေရှားမှုကြောင့်…

Read More

သြစတြေးလျက မြစ်တစင်းမှာ ငါးသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွား

ဆစ်ဒနီ၊ မတ် -၁၈-၂၀၂၃ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ရဲ့မြို့တော် မန်နင်ဒီရှိ မြစ်ထဲမှာ ငါးကောင်ရေသန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံနဲ့ တာ၀န်ရှိသူတွေက မတ် ၁၇ ရက်မှာပြောပါတယ်။ ငါးများသေဆုံးမှုကို မတ် ၁၇ ရက်မှာ ဒေသခံတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါလင်ဘာခါမြစ်ကို သက်ရောက်မှုရှိနေတဲ့ အပူလှိုင်းကြောင့် ငါးတွေသေဆုံးမှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့သောသုံးနှစ်ကလည်း အဲဒီမြို့မှာငါးတွေအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး လက်ရှိသေဆုံးမှုကတော့ ငါးအသေအပျောက်အများဆုံးဖြစ်ရပ်လို့ ဒေသခံတွေက ပြောပါတယ်။ မန်နင်ဒီမြို့ရဲ့အပူချိန်ဟာ မတ် ၁၈ ရက်မှာ ၄၁ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိနိုင်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါလင်ဘာခါမြစ်ဟာ မာရေးဒါလင်မြစ်ဝှမ်းရဲ့ အဓိကအစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ လက်ရှိမှာ ငါးတွေအစုလိုက်အပြုံလိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီ နောက်ခံအကြောင်းရင်းတွေကို သက်ဆိုင်ရာ တာ၀န်ရှိသူတွေအတူ စုံစမ်းအဖြေရှာသွားမှာဖြစ်ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဆစ်ဒနီ

Read More

ICC ကဖမ်း၀ရမ်းထုတ်ခံရတဲ့ ရုရှားသမ္မတပူတင် ဖမ်းဆီးခံရနိုင်လား

မတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) နိုင်ငံတကာ ရာဇ၀တ်တရားရုံး(ICC) က ရုရှားသမ္မတပူတင်ကို မတ် ၁၇ ရက်နှောင်းပိုင်းမှာ ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။ အကြောင်းကတော့ ယူကရိန်းစစ်ရာဇ၀တ်မှုကျူးလွန်တာတွေအတွက် တာ၀န်ရှိလို့ဖြစ်ကြောင်း နယ်သာလန် သည်ဟိတ်အခြေစိုက် ICC ကထုတ်ပြန်ပါတယ်။ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလကတည်းက ရုရှားဟာစစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ICC ကဆိုပါတယ်။ အဓိကအားဖြင့် ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေက ကလေးငယ်တွေကို နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်တာတွေလည်းပါ၀င်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားရဲ့ကလေးသူငယ်ဆိုင်ရာ ကော်မရှင်နာမင်းကြီး မာရီယာအလက်ဆီ ယဲဗနာကိုလည်း ICC က ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို ပူတင်တို့ကို ဖမ်း၀ရမ်းထုတ်လုပ်တဲ့အပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကြိုဆိုလိုက်ပါတယ်။ ပူတင်ဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။ ရုရှားဟာ ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ICC ဟာ လက်ရှိထုတ်ပြန်တဲ့ ဖမ်း၀ရမ်းတွေကို လျှို့ဝှက်ထားဖို့ ကနဦးကစီစဉ်ခဲ့ပေမယ့်…

Read More

နေတိုးအဖွဲ့ထဲ ဖင်လန်၀င်ရောက်ရေး တူရကီသမ္မတအာဒိုဂန် ထောက်ခံပြီ

  အန်ကာရာ၊ မတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) နေတိုးအဖွဲ့ထဲကို၀င်ရောက်ဖို့ ဖင်လန်နိုင်ငံရဲ့လျှောက်ထားမှုကို ထောက်ခံကြောင်း တူရကီသမ္မတအာဒိုဂန်က မတ် ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖင်လန်ဟာ အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးတယ်ဆိုကာ နေတိုးအဖွဲ့ထဲ၀င်ရောက်ရန် ဖင်လန်ရဲ့ကြိုးပမ်းမှုကို တူရကီက ထောက်ခံခြင်းမပြုဘဲ လအတန်ကြာ ပိတ်ဆို့ထားခဲ့ပါတယ်။ တူရကီရဲ့လုံခြုံရေးအတွက် ဖင်လန်နိုင်ငံရဲ့ စစ်မှန်ခိုင်မာတဲ့ ဆောင်ရွက်မှုတွေကို ချီးကျူးကြောင်း ဖင်လန်သမ္မတနဲ့ အတူ အန်ကာရာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တူရကီသမ္မတအာဒိုဂန်က ပြောပါတယ်။ နေတိုးအဖွဲ့သို့ အဖွဲ့၀င်သစ်တွေ၀င်ရောက်ရေးမှာ ရှိနှင့်ပြီးသားအဖွဲ့၀င်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုလိုအပ်ပြီး လက်ရှိမှာ ဖင်လန်ဟာ နေတိုးအဖွဲ့သို့၀င်ရောက်နိုင်ရေး ခြေတလှမ်းနီးစပ်သွားပြီဖြစ်ပြီး ဒီကိစ္စအပေါ် တူရကီပါလီမန်က မဲခွဲဆုံးဖြတ်ဦးမှာဖြစ်ပါတယ်။ ရုရှားရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဖင်လန်နိုင်ငံဟာ ဆွီဒင်နဲ့ အတူ နေတိုးအဖွဲ့သို့၀င်ရောက်ရေး ကြိုးပမ်းမှုကို တူရကီက ကန့်ကွက်ခဲ့ပြီး လက်ရှိမှာလည်းဖင်လန်ကိုသာထောက်ခံပြီး ဆွီဒင်ရဲ့ ၀င်ရောက်မှုကို ကန့်ကွက်ထားဆဲဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM…

Read More

စစ်ရာဇ၀တ်မှုတွေကျူးလွန်မှုကြောင့် ရုရှားသမ္မတပူတင်ကို ICC ဖမ်း၀ရမ်းထုတ်

သည်ဟိတ်၊ မတ်-၁၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေကျူးလွန်မှုကြောင့် ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး(ICC)က ဖမ်း၀ရမ်းထုတ်လိုက်ပါတယ်။ ယူကရိန်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ဒေသတွေက ကလေးသူငယ်တွေကို ရုရှားကိုဥပဒေမဲ့ ပို့ဆောင်တာတွေအပါအ၀င် စစ်ရာဇ၀တ်မှုကျူးလွန်တာတွေအတွက် ပူတင်မှာတာ၀န်ရှိကြောင်း ICC ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရုရှားရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မရှင်နာ မာရီယာအဲလက်ဆီးဗ်နာကိုလည်း ICC တရားသူကြီးတွေက ဖမ်း၀ရမ်းထုတ်ပြန်ထားပါတယ်။ သိမ်းပိုက်ထားတဲ့နေရာက အရပ်သားတွေကို အခြားနိုင်ငံကိုပို့တာကို နိုင်ငံတကာဥပဒေအရတားမြစ်ထားပြီး ဂျီနီဗာကွန်ဗင်းရှင်းအရ ကလေးသူငယ်တွေဟာ အထူးကာကွယ်မှုရရှိထားကြောင်း ICC ဥက္ကဋ္ဌ Piotr Hofmanski ကပြောပါတယ်။ ဒါဟာ အဓိပ္ပါယ်မရှိတဲ့အမိန့်ဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောဆိုထားပြီး ရုရှားဟာ ICC အဖွဲ့၀င်နိုင်ငံမဟုတ်တဲ့အတွက် အခုလိုအရေးယူခွင့်မရှိဘူးလို့ ရုရှားဘက်က တုံ့ပြန်ပြောဆိုထားပါတယ်.။ Ref: NHK Photo:Reuters #voiceofmyanmar #VOM #သည်ဟိတ်

Read More
VOM News

FREE
VIEW