နျူကလီးယား စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ရုရှားသမ္မတပူတင် အမိန့်ထုတ်

မော်စကို ၊ မေ-၇-၂၀၂၄ မျိုးဆက်(VOM) နည်းဗျူဟာမြောက် နျူကလီးယားလက်နက်အသုံပြုမှု ပုံစံတူစစ်ရေးလေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်ထားရန် ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ နျူကလီးယားတိုက်ခိုက်ရေး အဖွဲ့တွေနဲ့ ဗျူဟာမြောက် နျူကလီးယားလက်နက်တွေရဲ့ အသင့်အနေအထားရှိမှုကို ထိန်းသိမ်းလိုတာကြောင့် ဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ရုရှားတောင်ပိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်တွေပါဝင်မှာဖြစ်ပြီး ရုရှားရဲ့ နယ်မြေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန်နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ရန်စမှုနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်မှုဖြစ်တယ်လို့ ဆိုကြပါတယ်။ အနောက်နိုင်ငံခေါင်းဆောင်အချို့ဟာ ယူကရိန်းကို လက်နက်ကိုင်တပ်ဖွဲ့တွေ စေလွှတ်လိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိနေပြီး ဒါဟာ တင်းမာမှုတွေ မြှင့်တက်စေလာလိမ့်မယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က ပြောပါတယ်။ ရုရုားရဲ့ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ယူကရိန်းစစ်ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရှိသူက ခြိမ်းခြောက်ပြောဆိုထားပြီး နျူကလီးယား ခြိမ်းခြောက်မှုဟာ ရုရှားအစိုးရ လုပ်နေကျ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။ Ref:NHK…

Read More

ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်ကို လက်ခံကြောင်း ဟားမတ်စ်အဖွဲ့ထုတ်ပြန်

ဒိုဟာ၊ မေ-၇-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးဓါစာခံတွေ လွတ်မြောက်ရေးအတွက် ညှိနှိုင်းရေးမှူးတွေရဲ့ အဆိုပြုချက်ကို လက်ခံကြောင်း ကာတာနဲ့ အီဂျစ်တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ပါတယ်။အဆိုပြုချက်ကို သဘောတူကြောင်း ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယတ်က ကာတာဝန်ကြီးချုပ်နဲ့ အီဂျစ်ထောက်လှမ်းရေး အကြီးအကဲတို့ကို အသိပေးထုတ်ပြန်ချက် ပေးပို့ခဲ့တာဖြစ်ပါတယ်။သဘောတူညီချက်ရဲ့ အခြေခံအချက်ကတော့ သီတင်းပတ်များစွာ အပစ်အခတ်ရပ်စဲပြီး ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်လွှတ်ပေးရေးဖြစ်ပါတယ်။ ဟားမတ်စ်တို့အနေနဲ့ အခြေခံလိုအပ်ချက်တွေ ရရှိပါက ရန်လိုတဲ့လုပ်ရပ်တွေကို ထာ၀ရ အဆုံးသတ်ဖို့ သဘောတူထားကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတယောက် ပြောပါတယ်။အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဟားမတ်စ်တို့လက်ခံထားတဲ့ သဘောတူညီချက်ဟာ အစ္စရေးရဲ့ အခြေခံလိုအပ်ချက်တွေနဲ့ ဝေးကွာနေပေမယ့် ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။အစောပိုင်းမှာ ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးက သတိပေးပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ဆင်ရေးကြောင့် သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေ ထိခိုက်နိုင်ခြေရှိပြီး ရာဖာအရှေ့ပိုင်းနေသူတွေကို ဟားမတ်စ်တာဝန်ရှိသူတွေက သတိပေးထားပးပါတယ်။Ref:BBCPhoto:AFP

Read More

This Day in History

Voice of Myanmarလူသုံးကုန် အီလက်ထရွန်းနစ်ပစ္စည်းများကို အဓိကထုတ်လုပ်သော ဂျပန်အခြေစိုက် ဆိုနီကော်ပိုရေးရှင်းကို အိုင်ဘူကာမာဆူရူနှင့် မိုရီတာအာကီရိုတို့က ၁၉၄၆ ခုနှစ် မေ ၇ ရက်တွင် စတင်တည်ထောင်ခဲ့သည်။

Read More

တရုတ်နဲ့တင်းမာနေစဉ် တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းမှာ အမေရိကန်နဲ့ဖိလစ်ပိုင် ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်

မနီလာ၊ မေ-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ဟာ ပင်လယ်ပြင်မှ ကျူးကျော်ဝင်ရောက်လာမှုကို ချေမှုန်းတဲ့ စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းမှာ ဒီနေ့ မေ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်အနီး တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားတဲ့ ဖိလစ်ပိုင်မြောက်ပိုင်း Ilocos Norte ပြည်နယ်မှာ ရေပြင်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တင့်ကားဖျက် ဂျက်ဗလင်ဒုံးကျည်တွေပစ်ခတ်တာတွေနဲ့ ဟောင်ဝှစ်ဇာအမြောက်တွေကို ကမ်းရိုးတန်းမှ ၁ ကီလိုမီတာထိ ပစ်ခတ်လေ့ကျင့်ခဲ့ကြသလို ရန်သူတပ်တွေ ကမ်းခြေကိုဆင်းသက်တာကို ကာကွယ်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်တို့အကြား တင်းမှုမှုတွေမြင့်တက်နေချိန်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ ဧပြီ ၃၀ ရက်က တရုတ်ကမ်းခြေစောင့်တပ်တွေဟာ နှစ်နိုင်ငံအငြင်းပွားနေတဲ့ စကားဘော့သောင်ခုံမှာ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ကိုရည်ရွယ်လုပ်ဆောင်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုတာမရှိပေမယ့်…

Read More

အစ္စရေး-ဟားမတ်စ် ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ဖိအားပေးရန် စီအိုင်အေ အကြီးအကဲ ကာတာကို သွားရောက်

ဒိုဟာ ၊ မေ-၆-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသမှာ တိုက်ပွဲတွေရပ်ပြီး ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဆွေးနွေးပွဲတွေမှာ အတားအဆီးတွေနဲ့ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေချိန်မှာ အမေရိကန် စီအိုင်အေ အကြီးအကဲဟာ ကာတာနိုင်ငံကို သွားရောက်နေပါတယ်။စီအိုင်အေ ညွှန်ကြားရေးမှူးဖြစ်တဲ့ ဝီလီယံဘန်းစ်ဟာ ကာတာဝန်ကြီးချုပ်နဲ့ အရေးပေါ်အစည်းအဝေးလုပ်ဖို့ ကာတာကို သွားရောက်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနကင ဖော်ပြထားပါတယ်။ဂါဇာမှာ ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားတဲ့ ဟာမတ်စ်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ အစ္စရေးနဲ့ သဘောတူညီချက်တစုံတရာမရဘဲ အီဂျစ်ကနေ ပြန်သွားပြီဖြစ်ပါတယ်။စီအိုင်အေညွှန်ကြားရေးမှူးရဲ့ ကာတာခရီးစဉ်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့ အမြင့်ဆုံးဖိအားပေးဖို့ ရည်ရွယ်ထားကြောင်း ရိုက်တာက က ဖော်ပြထားပါတယ်။ကာတာ၊အီဂျစ်နဲ့ အမေရိကန်တို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဖျန်ဖြေပေးနေပြီး ဟားမတ်စ်တို့ရဲ့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တွေဟာလည်း ကာတာမှာ အခြေစိုက်ပါတယ်။ ဒီအတောအတွင်း ဂါဇာတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၉ ယောက်သေဆုံးခဲ့ပါတယ်။Ref:NHKPhoto:Reuters

Read More

ဘိုးအင်းရဲ့ အာကာယာဉ်အသစ်နဲ့ အာကာသယာဉ်မှူးနှစ်ယောက်ကို ISS သို့ ပို့ဆောင်မယ်

ဝါရှင်တန်၊ မေ-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်အာကာသအေဂျင်စီ (နာဆာ) အာကာသယာဉ်မှူးနှစ်ဦးဟာ အာကာသယာဉ်အသစ်နဲ့ နိုင်ငံတကာ အာကာသစခန်း(ISS) ကို သွားရောက်မှာဖြစ်တယ်လို့ နာဆာက ပြောပါတယ်။ ဘိုးအင်းကုမ္ပဏီၤက တည်ဆောက်ထားတဲ့ စတားလိုင်နာ အာကာသယာဉ်ဟာ အာကာသယာဉ်မှူးတွေကို ပထမဆုံးအကြိမ် စမ်းသပ်စေလွှတ်မှုအား ဖလော်ရီဒါရှိ ကိပ်ကာနီဗယ် အာကာသစခန်းကနေ မေ ၆ ရက်နှောင်းပိုင်းမှာ လွှတ်တင်သွားမှာဖြစ်ပါတယ်။ အာကာသယာဉ် တည်ဆောက်မှုနဲ့ စမ်းသပ်မှုတွေနှောင့်နှေးမှုကြောင့် ခရီးစဉ်ကို နှစ်အတန်ကြာ ရွှေ့ဆိုင်းခဲ့ရပါတယ်။ တကယ်လို့ အောင်မြင်ခဲ့ပါက ဘိုးအင်းကုမ္ပဏီဟာ စပေ့အိတ်ကုမ္ပဏီပြီးပါက နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်မှူးတွေ ပို့ဆောင်ပေးနိုင်တဲ့ ဒုတိယမြောက် ကုမ္ပဏီဖြစ်လာမှာပါ။ အခုလို စမ်းသပ်စေလွှတ်မှုဟာ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး သူ့ရဲ့ လေကြောင်းလုပ်ငန်းအပေါ် ဖိအားများရှိနေတဲ့ ဘိုးအင်းကုမ္ပဏီအတွက် အရေးပါတဲ့ အခိုက်အတန့်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ အမေရိကန်အာကာသအေဂျင်စီဟာ အခုလို အာကာသယာဉ်တွေတည်ဆောက်တာနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကို ယခင်ကလည်း လုပ်ကိုင်ခြင်းမရှိတော့ဘဲ…

Read More

အစ္စရေးရှိ အယ်လ်ဂျားဇီးယားသတင်းဌာနရဲ့ သတင်းထုတ်လွှင့်တင်ဆက်မှုတွေကို အစ္စရေးအစိုးရ ပိတ်သိမ်း

တဲလ်အဗစ်၊ မေ-၆-၂၀၂၄မျိုးဆက်(VOM)အစ္စရေးအစိုးရဟာ အစ္စရေးရှိ အယ်လ်ဂျားဇီးယားသတင်းဌာနရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ကာတာအခြေစိုက် အယ်လ်ဂျားဇီးယား သတင်းဌာနဟာ ဟားမတ်စ်တို့နဲ့ ပတ်သက်ပြီး လှုံ့ဆော်မှုတွေ လုပ်တယ်လို့ အစ္စရေးအစိုးရက စွပ်စွဲထားပြီး မေ ၅ ရက်မှာတော့ သတင်းဌာနကို ဝင်ရောက်စီးနှင်းခဲ့ပါတယ်။အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို အယ်လ်ဂျားဇီးယားသတင်းဌာနက ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းမှုအဖြစ် လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို ဆက်လက်ဖိနှိပ်နေခြင်းဟာ နိုင်ငံတကာ ဥပဒေတွေကို ဆန့်ကျင်တာလို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။အစ္စရေးပါလီမန်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ယူဆရတဲ့ နိုင်ငံခြားသတင်းဌာနတွေကို အစိုးရက ထိန်းချုပ်ခွင့်ပြုထားတဲ့ ဥပဒေကို အစ္စရေးပါလီမန်က ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။အဲဒီဥပဒေမှာတော့ အစိုးရအနေနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေရဲ့ ရုံးတွေကို ယာယီပိတ်ခွင့်၊ သတင်းထုတ်လွှင့်တင်ဆက်မှုတွေကို တားဆီးဖို့နဲ့ ပစ္စည်းကိရိယာတွေကို သိမ်းဆည်းဖို့နဲ့…

Read More

This Day in History

Voice of Myanmarတောင်အာဖရိကနွယ်ဖွား အမေရိကန်စွန့်ဦးတီထွင်သူ အီလွန်မာ့ခ်သည် စီးပွားဖြစ်အာကာသ ပျံသန်းမှုခေတ်ကို ခေတ်မီပြောင်းလဲစေနိုင်ခဲ့သည့် SpaceX ကုမ္ပဏီကို ၂၀၀၂ ခုနှစ် မေ ၆ ရက်တွင် စတင်တည်ထောင်ခဲ့သည်။

Read More

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ် စတင်

ပေကျင်း၊ မေ-၅-၂၀၂၄မျိုးဆက်(VOM)တရုတ်သမ္မတရှီကျင်းပင်ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ်ကို ဒီနေ့ မေ ၅ ရက်မှာ စတင်လိုက်ပြီး သူဟာသက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးမှာဖြစ်ပါတယ်။ရှီကျင်းပင်ဟာ ပြင်သစ်၊ ဆားဘီးယားနဲ့ဟန်ဂေရီ နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး ဒါဟာ ငါးနှစ်တာကာလအတွင်း သူ့ရဲ့ပထမဆုံးသော ဥရောပခရီးစဉ်ဖြစ်ပါတယ်။ပြင်သစ်မှာတော့ ရှီကျင်းပဟာ သမ္မတမက်ခရွန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ယူကရိန်းအရေးနဲ့ အရှေ့အလယ်ပိုင်း အခြေအနေတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာ ပြင်သစ်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် ၆၀ ပြည့်အထိမ်းအမှတ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ရှီကျင်းပင်ဟာ ပြင်သစ်မှာ မက်ခရွန်၊ ဥရောပကော်မရှင်ဥက္ကဌ အူဆူလာဗွန်ဒါလီယန်တို့နဲ့အတူ ဥရောပ-တရုတ်ဆက်ဆံရေးကို သုံးပွင့်ဆိုင် ဆွေးနွေးမှာဖြစ်ပါတယ်။ဆားဘီးယားနဲ့ ဟန်ဂေရီခရီးစဉ်တွေမှာတော့ သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေနဲ့အတူ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ် စီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ တရုတ်နဲ့ ဥရောပ်တို့အကြား ဆက်ဆံရေး အတွက် အရေးပါတယ်လို့ တရုတ်နို်ငငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။Ref:NHKPhoto:Reuters

Read More

ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားက ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး ဖမ်း၀ရမ်းထုတ်

မော်စကို၊ မေ-၅-၂၀၂၄မျိုးဆက်(VOM)ရုရှားအာဏာပိုင်တွေဟာ ယူကရိန်းသမ္မတ ဇီလန်စကီးကို ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး အလိုရှိစာရင်းမှာ ထည့်သွင်းကာ ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ရုရှားနိုင်ငံပိုင် တက်စ်သင်းဌာနက ဖော်ပြထားပါတယ်။ဇီလန်စကီးကို အလိုရှိစာရင်းမှာ ထည့်သွင်းလိုက်ပေးမယ့် ဒီကိစ္စနဲပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ရုရှားရဲ့ ဒီကြေညာချက်ဟာ စိတ်ပျက်ဖွယ် ဝါဒဖြန့်မှုတခုသာဖြစ်တယ်လို့ ယူကရိန်းကဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားဟာ ယူကရိ်နးနဲ့ အခြားသော ဥရောပနိုင်ငံရေးသမားအချို့ကို ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကိုလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်မှုကြောင့်ဆိုကာ နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဖမ်း၀ရမ်း ထုတ်ခံထားရပြီး သူကိုယ်တိုင် ဖမ်းဆီးခံရနိုင်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုပါတယ်။စစ်ရာဇဝတ်မှုတွေကျူလွန်တယ်လို့ သံသယရှိတဲ့ ပူတင်ကို ဖမ်းဆီးဖို့အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ အမိ်န့ဟာ အလွန်မှန်ကန်ပြီး နိုင်ငံပေါင်း ၁၂၃ နိုင်ငံကအကောင်အထည်ဖော်ရမယ့် ကိစ္စဖြစ်တယ်ဆိုတာ သတိပေးလိုကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။Ref:ReutersPhoto:Reuters

Read More
VOM News

FREE
VIEW