ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်စနစ်တွေ အမေရိကန် လျှို့ဝှက်ပေးပို့ခဲ့

ဝါရှင်တန်၊ ဧပြီ-၂၅-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းဟာ ရုရှားတပ်တွေကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် အမေရိကန်က လျှို့ဝှက်ပေးပို့လိုက်တဲ့ တာဝေးပစ်ဒုံကျည်တွေကို စတင်အသုံးပြုနေပြီလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ပေးပို့ခဲ့တဲ့လက်နက်တွေဟာ မတ်လအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အတည်ပြုခဲ့သော ဒေါ်လာသန်း ၃၀၀ တန် အကူအညီပေးရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ယူကရိန်းကို အခုလအတွင်းမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။သိမ်းပိုက်ခံထားရတဲ့ ကရိုင်မီးယားရှိ ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဒီတာဝေးပစ်ဒုံးကျည်တွေကို တစ်ကြိမ်ထက်မနည်း အသုံးပြုပြီးသွားပြီလို့ အမေရိကန် သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။လက်ရှိမှာတော့ သမ္မတဂျိုးဘိုင်ဒင်ဟာ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်ဟာ ယခင်က ယူကရိန်းအတွက် တာလတ်ပစ်ဗျူဟာမြောက် ဒုံးကျည်စနစ် (ATACMS) ကို ထောက်ပံ့ပေးခဲ့ပေမယ့် ပိုမိုအားကောင်းတဲ့ တာဝေးပစ်လက်နက်တွေ ပေးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ဒါပေမယ့်လည်း သမ္မတဂျိုးဘိုင်ဒင်ဟာ ကီလိုမီတာ ၃၀၀ ထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်စနစ်ကို ပေးပို့ဖို့ ဖေဖော်ဝါရီလမှာ လျှို့ဝှက်မီးစိမ်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ…

Read More

This Day in History

Voice of Myanmarနာဆာ၏ ကြီးကြပ်မှုအောက်တွင်တည်ဆောက်ခဲ့သော ဟတ်ဘယ် အာကာသမှန်ပြောင်းကို ဒစ်ကာဗာရီ အာကာသလွန်းပျံယာဉ် အမှုထမ်းများက ၁၉၉၀ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း နေရာချထားခဲ့သည်။

Read More

ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် စစ်ရေးထောက်ပံ့မှုတွေပါဝင်တဲ့ နိုင်ငံခြားအကူအညီဥပဒေကြမ်း အမေရိကန်အထက်လွှတ်တော် အတည်ပြုပြီ

ဝါရှင်တန်၊ ဧပြီ-၂၄-၂၀၂၄မျိုးဆက်(VOM)ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် စစ်ရေးထောက်ပံ့မှုတွေအပါအဝင် အမေရိကန်အစိုးရရဲ့ ဒေါ်လာ၉၅ ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားအကူအညီအစီအစဉ်ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။သမ္မတဂျိုးဘိုင်ဒင်ဟာ ဒီဥပဒေကြမ်းကို ဥပဒေအဖြစ် ဧပြီ ၂၅ ရက်မှာလက်မှတ်ထိုးဖို့ မျှော်လင့်ရပြီး ပြီးခဲ့တဲ့ စနေနေ့က အတည်ပြုခဲ့တဲ့ ဥပဒေကို မနေ့ကညပိုင်းမှာ ထောက်ခံခဲ့တာဖြစ်ပါတယ်။အထက်လွှတ်တော်ဟာ ဒီဥပဒေကို ၇၉ မဲ ၁၈ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဥပဒေကြမ်းမှာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၆၁ ဘီလီယံပါဝင်ပြီး အကူအညီတွေကို ရက်အနည်းငယ်အတွင်း စတင်ပေးပို့မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။အလားတူအကူအညီပေးရေး ဥပဒေကြမ်းတရပ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အထက်လွှတ်တော်က အတည်ပြုခဲ့ပေမယ့် ယူကရိန်းအတွက် စစ်ရေးအကူညီအသစ်ထပ်ပေးမှာကိုတော့ အထက်လွှတ်တော်မှာ ကန့်ကွက်တားဆီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။လက်ရှိအတည်ပြုလိုက်တဲ့ ဥပဒေမှာတော့ ရုရှား၊ အီရန်နဲ့ တရုတ်နိုင်ငံတို့အပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်တာအပါအဝင် တရုတ်ကုမ္ပဏီ ဘိုက်ဒန့်အနေနဲ့ လူကြိုက်များတဲ့ ဆိုရှယ်ပလက်ဖောင်းဖြစ်တဲ့ TikTok…

Read More

This Day in History

Voice of Myanmarမြောက်ကိုရီးယားသည် နျူကလီးယားလက်နက် ပိုင်ဆိုင်နေပြီး ဗုံးအဆင့် ပလူတိုနီယမ်များ ပြုလုပ်နေကြောင်း ၂၀၀၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် အမေရိကန်သံတမန်များအား တရားဝင်အသိပေးခဲ့သည်။

Read More

မလေးရှား တော်ဝင်ရေတပ် ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိပြိးနောက် လူ ၁၀ ယောက်သေဆုံး

ကွာလာလမ်ပူ၊ ဧပြီ-၂၃-၂၀၂၄ မျိုးဆက်(VOM) မလေးရှားတော်ဝင်ရေတပ်ရဲ့ စစ်ရေးပြအခမ်းအနားအတွက် လေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်နှစ်စင်း လေထဲမှာတိုက်မိပြီးနောက် လူ ၁၀ ယောက်သေဆုံးသွားပါတယ်။ ရဟတ်ယာဉ်တစင်းရဲ့ ပန်ကာနဲ့ အခြားရဟတ်ယာဉ်ကို ထိခိုက်မိပြီးနောက် မြေပြင်ပေါ်ကို နှစ်စင်းစလုံး ပျက်ကျခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီမတော်တဆမှုဟာ ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်မှာ မလေးရှားရေတပ်အခြေစိုက် စခန်းတခုဖြစ်တဲ့ လူမွတ်မြို့မှာ ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ “လေယာဉ်ပေါ်လိုက်ပါသွားသူတွေထဲက အသက်ရှင်ကျန်ရစ် ဘယ်သူမှမရှိပါဘူး။ ရုပ်အလောင်းတွေကို လူမွတ်ရှိ တပ်မတော်ဆေးရုံကို ပို့ထားပါတယ်” လို့ မလေးရှားတော်ဝင်ရေတပ်က ထုတ်ပြန်ပါတယ်။ လူခုနှစ်ယောက်လိုက်ပါတဲ့ HOM M503-3 ရဟတ်ယာဉ်ဟာ ပြေးလမ်းကြောင်းပေါ် ပျက်ကျခဲ့ပြီး လူသုံးယောက်လိုက်ပါတဲ့ Fennec M502-6 ရဟတ်ယာဉ်ကတော့ အနီးနားရှိ ရေကူးကန်ထဲကို ပျက်ကျခဲ့တယ်လို့…

Read More

တရုတ်အတွက် စစ်ဘက်နည်းပညာတွေ ရယူပေးပို့နေတဲ့ ဂျာမနီနိုင်ငံသားသုံးယောက်ကို ဖမ်းဆီးထိန်းသိမ်း

ဘာလင်၊ ဧပြီ-၂၃-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံအတွက် စစ်ဘက်ဆိုင်ရာနည်းပညာတွေ ရယူပေးပို့နေခဲ့တဲ့ ဂျာမနီနိုင်ငံသားသုံးယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဂျာမနီအစိုးရရှေ့နေတွေက ပြောပါတယ်။သံသယရှိသူတယောက်ဟာ တရုတ်နိုင်ငံ လုံခြုံရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးတယောက်အတွက် အေးဂျင့်အဖြစ် လုပ်ဆောင်ခဲ့ပြီး သံသယရှိသူဟာ ဂျာမနီမှာ ကုမ္ပဏီတခုဖွင့်လှစ်ထားတဲ့ စုံတွဲကို အသုံးချခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ဒီစုံတွဲဟာ သူတို့ရဲ့ကုမ္ပဏီမှတစ်ဆင့် ဂျာမနီတက္ကသိုလ်တခုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ၊ သူတို့ရဲ့ရည်ရွယ်ချက်ဟာ စစ်သင်္ဘောတွေအပါအဝင် သင်္ဘောအင်ဂျင်နည်းပညာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ဂျာမနီတက္ကသိုလ်တာဝန်ရှိသူတွေဟာ တရုတ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်နေတဲ့ သူတို့ သုံးယောက်ကို သတိမပြုမိကြောင်း တာဝန်ရှိသူတွေကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။သူတို့ ဖမ်းဆီးခံရချိန်မှာ သံသယရှိသူတွေဟာ တရုတ် ရေတပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်တိုးချဲ့ဖို့ အသုံးဝင်မယ့် နောက်ထပ်သုတေနသနစီမံကိန်းအတွက် စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း ဂျာမနီအစိုးရရှေ့နေများက ပြောဆိုပါတယ်။Ref:NHKPhoto:Reuters

Read More

ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မြို့မှာ အစုလိုက်အပြုံလိုက် မြုပ်နှံထားတဲ့နေရာကနေ အလောင်း ၂၀၀ ကျော်တွေ့

ဂါဇာစီးတီး၊ ဧပြီ-၂၃-၂၀၂၄မျိုးဆက်(VOM)ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မြို့ကို ပြန်လာကြတဲ့ ဒေသခံပါလက်စတိုင်းတွေဟာ အစုလိုက်အပြုံလိုက်မြုပ်နှံထားတဲ့ အလောင်း ၂၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ခန်းယွန်နစ်မြို့ရှိ နက်ဆာဆေးရုံကို ဟားမတ်စ်တို့က အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတယ်ဆိုကာ အစ္စရေးတပ်တွေက နှစ်ပတ်ကြာ ဝင်ရောက်စီးနှင်းတိုက်ခိုက်ပြီးနောက် ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ဆေးရုံအပျက်အစီးတွေအောက်မှာ မြုပ်နှံထားတဲ့ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုတွေအတွက် အစ္စရေးတပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံးကို အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က တိုက်တွန်းထားပါတယ်။မြုံနှံထားရာနေရာသို့ မိသားစုဝင်များက လာရောက်ပြီး ဆွေမျိုးတွေရဲ့အလောင်းတွေကို ပြန်လည်ရှာဖွေမြုပ်နှံနေကြရတဲ့ မြင်ကွင်းက လွန်စွာခက်ခဲလှတယ်လို့ ပါလက်စတိုင်းအမျိုးသမီးတယောက်က ပြောပါတယ်။လူ ၁၂၀၀ သေဆုံးစေခဲ့တဲ့ ဂါဇာနယ်စပ်တလျှောက်ရှိ ကျေးရွာတွေကို အစ္စရေးရဲ့တိုက်ခိုက်မှုအပြီးမှာတော့ ဒီကိစ္စကို တားဆီးဖို့ ပျက်ကွက်ခဲ့ခြင်းအတွက် အစ္စရေးခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး စစ်ထောက်လှမ်းရေးအကြီးအကဲဟာလည်း ရာထူးကနေ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။အစ္စရေးခေါင်းဆောင်တွေ ရာထူးကနေဆင်းဖို့အချိန်တန်ပြီလို့ အစ္စရေးပြည်သူတွေက ယူဆနေကြပြီး အစ္စရေးဒီမိုကရေစီ…

Read More

This Day in History

Voice of Myanamrအေအိုင်ဒီအက်စ်ရောဂါ ဖြစ်စေသည့် အိတ်ချ်အိုင်ဗီဗိုင်းရပ်စ်ဟု ယူဆရသော ဗိုင်းရပ်စ်တမျိုးကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန်ကျန်းမာရေးဝန်ကြီး မာဂရက်ဟက်ခ်ကာက ၁၉၈၄ ခုနှစ် ဧပြီ ၂၃ ရက်တွင် ကြေညာခဲ့သည်။

Read More

ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို ကြိုမသိခဲ့လို့ အစ္စရေး စစ်ထောက်လှမ်းရေးအကြီးအကဲ ရာထူးကနေ နှုတ်ထွက်ပြီ

တဲလ်အဗစ်၊ ဧပြီ-၂၂-၂၀၂၄မျိုးဆက်(VOM)အစ္စရေးစစ်တပ် ထောက်လှမ်းရေးအကြီးအကဲဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုကြိုမသိခဲ့တဲ့အတွက် ရာထူးကနေနှုတ်ထွက်သွားပါတယ်။စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး အဟာရွန်ဟာလီဗီးယားဟာ သူ့နေရာကို ဆက်ခံမယ့်သူရွေးပြီးတာနဲ့ ချက်ချင်းအနားယူမှာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။သူ့ရဲ့ နှုတ်ထွက်လွှာမှာတော့ သူဟာအပ်နှင်းထားတဲ့ တာဝန်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပါတယ်။ ဒါဟာ အစ္စရေးသမိုင်းတလျှောက်မှာ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ရာထူးကနေနှုတ်ထွက်ခဲ့တဲ့ ပထမဆုံးသော ထိပ်တန်းပုဂ္ဂိုလ််ဖြစ်ပါတယ်။ရာနဲ့ချီတဲ့ ဟားမတ်စ်သေနတ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဂါဇာနယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီး အနီးနားရှိ အစ္စရေးအသိုင်းအဝိုင်း၊ စစ်အခြေစိုက်စခန်းတွေနဲ့ ဂီတပွဲတော်တွေကို တိုက်ခိုက်ခြင်းမပြုမီ တိုက်ခိုက်နိုင်ခြေနဲ့ပတ်သက်တဲ့ သတိပေးမှုတွေကို အစ္စရေးစစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့က ပယ်ချ၊ လျစ်လျူရှုခဲ့ကြပါတယ်။ဟားမတ်စ်တို့ရဲ့ အဲဒီတိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူတွေအများစုနဲ့ ပြည်ပနိုင်ငံသား ၁၂၀၀ သေဆုံးခဲ့ပြီး လူ ၂၅၃ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟားမတ်စ်တွေကို အပြီးတိုင်ချေမှုန်းဖို့နဲ့…

Read More

အမေရိကန်မှာ TikTok ကိုပိတ်ပင်ဖို့ ပိုမိုနီးစပ်လာ

ဝါရှင်တန်၊ ဧပြီ-၂၂-၂၀၂၄မျိုးဆက်(VOM)အမေရိကန်မှာ TikTok အက်ပလီကေးရှင်းကို ပိတ်ပင်တားမြစ်ဖို့လုပ်နေတာဟာ အမေရိကန်ပြည်သူ သန်း ၁၇၀ ကျော်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို နင်းချေလိုက်တာဖြစ်ကြောင်း TikTok က ဝေဖန်ပြောဆိုလိုက်ပါတယ်။TikToK ဟာတရုတ်အစိုးရနဲ့ ဆက်နွယ်မှုများကို မဖြတ်ပါက့အက်ပလီကေးရှင်းကို ပိတ်ပင်သွားဖို့ အမေရိကန်အောက်လွှတ်တော်က ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်တွင် အတည်ပြုခဲ့တာကြောင့် ပိတ်ပင်ခံရမယ့်အရေးဟာ မိုပိုသက်ဝင်နီးစပ်လာပြီဖြစ်ပါတယ်။ဥပဒေကြမ်းဟာ ယူကရိန်းအတွက် အကူအညီများပါဝင်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ တစိတ်တစ်ပိုင်းဖြစ်ပြီး လာမယ့် သီတင်းပတ်အစောပိုင်းမှာ ဥပဒေဖြစ်လာနိုင်ပါတယ်။မကြာသေးမီကာလအတွင် အမေရိကန်တာဝန်ရှိသူတွေဟာ လူငယ်များအကြား TikToK ရေပန်းစားလာမှုကို သတိပေးမှုများ ပြုလုပ်ခဲ့ပါတယ်။ TikTokဟာ တရုတ်အစိုးရလက်အောက်ခံဖြစ်ကြောင်း စွပ်စွဲချက်တွေ ကို မိခင်ကုမ္ပဏီဖြစ်တဲ့ ဘိုက်ဒန့်စ်က ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။အထက်လွှတ်တော်ဟာ လာမယ့် သီတင်းပတ်မှာ ဒီကိစ္စကို မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး ဥပဒေဖြစ်လာပါက ဘိုက်ဒန့်ကုမ္ပဏဟာ သူ့ရှယ်ယာတွေကို ရောင်းချဖို့ အချိန်ကိုးလရရှိမှာဖြစ်ပြီး မရောင်းဘူးဆိုရင်တော့ အမေရိကန်မှာ ပိတ်ပင်ခံရတော့မှာဖြစ်ပါတယ်။Ref:BBCPhoto:Getty Images

Read More
VOM News

FREE
VIEW