မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကကြီးမှူးကျင်းပတဲ့ (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နဲြသစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းရှိ မြမာလာဥယျာဉ်အတွင်းဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထိ ကျင်းပသွားမှာမို့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်လုပ်ငန်းရှင်များအနေဖြင့် လာရောက်ယှဉ်ပြိုင်နိုင်ကြောင်းသိရပါတယ်။ မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မြို့တော်စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများအတွက် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြေရေးဆောင်ရွက်ခြင်းဖြင့်မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . အဆင့်မြင့်စိုက်ပျိုးနည်းပညာများဖလှယ်နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . မျိုးကောင်းမျိုးသန့်များ ပြန့်ပွားနိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . မျိုးကောင်းများကို အိမ်တိုင်းအိမ်တိုင်း တနိုင်တပိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို အထောက်အကူဖြစ်စေရန်စသည့် ရည်ရွယ်ချက်(၅)ချက်ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင်(၂၂)ကြိမ်မြောက်ကျင်းပ ခြင်းဖြစ်သည်။ ယခုနှစ် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့်အတူမြမာလာဥယျာဉ် အတွင်း၌ မြို့တော်သူမြို့တော်သားများ လာရောက်အပန်းဖြေနိုင်ရန် သစ်သီး၊ ဝလံ၊ ပန်းမန် ကိုယ်စားပြုပုံဖော်ထားသည့် အလှဆင်ပန်းဝိုင်းကြီး(၃)ခုကို ပြုလုပ်ထားပြီး အလှဓာတ်ပုံရိုက်ကူးရန်နေရာများကိုလည်း…
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
မန္တလေးတိုင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့
မန္တလေး၊ ဖေဖော်ဝါရီ- ၁၂-၂၀၂၆ Voice Of Myanmar ၂၀၂၆ ခုနှစ်အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မန္တလေး ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ မန္တလာသီရိအားကစားကွင်းမှာကျင်းပခဲ့ပါတယ်။ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့တဲ့ ၇၉ နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာကိုဖတ်ကြားခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ နိုင်ငံရေးပါတီတွေက ဖိတ်ကြားထားသူတွေနဲ့အတူ တိုင်းရင်းသားပေါင်းစုံတက်ရောက်ခဲ့ပါတယ်။ အခမ်းအနားအပြီးမှာ တိုင်းရင်းသားဒေသအလိုက် စီစဥ်ထားတဲ့ စတုဒီသာတွေကို ကျွေးမွေးတာ၊ အားကစားပြိုင်ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပတာ တွေ့ရပါတယ်။ ရိုက်ကူးတည်းဖြတ် – ရှိုင်းအောင် (VOM)
Read Moreကြော်ငြာကဏ္ဍ
ပန်းအိုးဆိုတာ ပန်းပင်ရဲ့ အဝတ်အစား ၊ အိမ်ရဲ့ အလှကျက်သရေနဲ့ ထည်ဝါခမ်းနားမှုဟာ ပန်းအိုးနဲ့ပန်းပင်ကလည်း အဓိကကျတာမို့ မိတ်ဆွေရဲ့ တန်ဖိုးကြီးတဲ့အိမ်တော်မင်္ဂလာ ပိုမိုလှပတင့်တယ်ဖို့ ဖွေးဖွေးပန်းအိုးနဲ့ ဥယျာဥ်သုံး ပစ္စည်းဆိုင်ကို ကြွလှမ်းခဲ့ပါ ဖွေးဖွေးတို့က စောင့်ကြိုနေပါတယ်။ အဆွေတော်တို့အိမ်တော်မင်္ဂလာကို ပန်းပင်ပန်းအိုးတွေနဲ့ ပိုမိုလှပတင့်တယ်ဖို့ အကြံဥာဏ်တွေရချင်ရင် ဖွေးဖွေးတို့နဲ့ ဆက်သွယ်ဖို့ Phway ‘s Pardise ရဲ့ပဲ့ကိုင်ရှင် မသဲစုကဖိတ်ခေါ်ထားပါတယ်။
Read Moreထိုက်သူပန် ယာဥ်လိုင်း ဖွင့်ပွဲအထိမ်းအမှတ် နေပြည်တော်-ရန်ကုန်-မန္တလေး အခမဲ့သုံးရက်ပြေးဆွဲပြီးရင် လားရှိူး မူဆယ်ထိ တိုးချဲ့ပြေးဆွဲမယ်
ဖေဖော်ဝါရီ ၁၀-၂၀၂၆ KKL(VOM) ထိုက်သူပန်ယာဥ်လိုင်းဟာ နေပြည်တော်-ရန်ကုန်၊ နေပြည် တော် – မန္တလေး ခရီးစဥ်အပြင် ရန်ကုန် နေပြည်တော် နဲ့ မန္တလေး နေပြည်တော်ခရီးစဥ်တွေကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ကစပြီး ယာဥ်လိုင်းဖွင့်ပွဲနဲ့အတူ အခမဲ့ ၃ ရက်တာပြေးဆွဲပေးမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်-ရန်ကုန်ခရီးစဥ်ခရီးသည်(၁၀၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်မှာ ခရီးသည်(၅၀) အတွက် ညနေ ၅ နာရီမှာ စတင်မှာပါ။ ရန်ကုန်-မန္တလေးခရီးစဥ်ကိုတော့ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်မှာလည်း ခရီးသည်(၄၀) လက်ခံပြီး ည ၇ နာရီ စတင်ထွက်ခွာပြေးဆွဲပေးသွားမှာပါ။ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ နေပြည်တော်- ရန်ကုန်ခရီးစဥ်ကို ခရီးသည်(၅၀)၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်ကို ခရီးသည် (၅၀)နဲ့ ညနေ ၅ နာရီမှာ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဥ်မှာ ခရီးသည် (၄၀) မန္တလေး-ရန်ကုန်ခရီးစဥ်လည်း…
Read Moreကြော်ငြာကဏ္ဍ
တန်ဖိုးသင့်ပြီး အရသာရှိတဲ့ မြန်မာထမင်းဟင်း စားချင်ရင် ဦးစောထွန်းဆီကြွပါ မြန်မာထမင်းကို သန့်ရှင်းသပ်ရပ် အရသာရှိရှိ သုံးဆောင်ချင်ကြတဲ့ စားသုံးသူတွေအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မုန့်တီစုရပ်၊ ၈၅ လမ်း ၃၇ လမ်းနဲ့ ၃၈ လမ်းကြား မှာရှိတဲ့ ဦးစောထွန်း ထမင်းဆိုင်နဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဦးစောထွန်း မြန်မာထမင်းဆိုင်မှာ လူမျိုးဘာသာမရွေး စားသုံးနိုင်ပြီး ဟင်းပွဲ တပွဲမှာတာနဲ့ အမယ်စုံပါတဲ့ အရံဟင်းတွေ နဲ့ ငပိရည် အတို့အမြှုပ်တို့ကိုပါ အခပေးစရာမလိုဘဲ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀ ကျော်သက်တမ်းရှိတဲ့ ဦးစောထွန်း မြန်မာထမင်း ဆိုင်ဟာဆိုရင် မန္တလေးမြို့မှာ ဆိုင်ခွဲပေါင်း ၅ ဆိုင်အထိ ရှိပါတယ်။ မူလ စိန်ပန်းရပ်၊ သဗြူးရပ်ကွက် ၃၉ လမ်း ၈၉ လမ်းနဲ့ ၉၀ လမ်းမှာရှိတဲ့ ဦးစောထွန်း ထမင်းဆိုင်ကနေ…
Read Moreနေပြည်တော် ကျွန်းကုန်းရွာက ညီညွတ်ရေး ထမနဲထိုးပွဲ
နေပြည်တော်၊ ဖေဖော်ဝါရီ- ၁ -၂၀၂၆ KKL(VOM) နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းအုပ်စု၊ ကျွန်းကုန်းရွာမှာ ဇန်နဝါရီ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထမနဲထိုးပြိုင်ပွဲဟာ သူတို့ရွာရဲ့ ပထမဆုံးအကြိမ် ဖြစ်ပြီးတော့ ရွာသူရွာသားတွေစည်းလုံးညီညွတ်ဖို့ကို ရည်ရွယ်တယ်လို့ ကျေးရွာ ဥက္ကဋ္ဌကပြောပါတယ်။ အဲ့ဒီထမနဲထိုးပြိုင်ပွဲကို ကျွန်းကုန်းရွာတွဲဖက် အ – လ – က ကျောင်းသား ကျောင်းသူတွေက ဝင်ရောက်ပြိုင် ခဲ့ကြတာပါ။ “ကျွန်မတို့ရွာမှာ ဒီလိုပြိုင်ပွဲမျိုး တခါမှမလုပ်ဘူး တစ်ခါမှမပြိုင်ဖူးဘူး ကျွန်မရဲ့ကျောင်းသားတွေနဲ့ ရွာသူရွာသားတွေ တက်တက်ကြွကြွ လုပ်ကိုင်နေတာတွေ့တော့ ကျွန်မပျော်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ပြိုင်ပွဲကို အချိန် တနာရီသတ်မှတ်ပေးတဲ့အကြောင်းနဲ့ ပြိုင်ပွဲစည်းကမ်းတွေကို ရွာစည်ပင်ရေးလုပ်ငန်း ရပ်မိရပ်ဖလည်းဖြစ်တဲ့ဦးအေးလွင်ကရှင်လင်းပြီတော့ ပြိုင်ပွဲစတင်ပြီး ဆုရ အသင်းတွေကို ကျေးရွာတာဝန်ရှိသူတွေက ဆုချီးမြှင်ခဲ့ကြပါတယ်။ #voiceofmyanmar #vom #လယ်ဝေး #ထမနဲထိုးပွဲ #ထမနဲ
Read MoreMRCCI မှာ ပထမဆုံးကျင်းပတဲ့ လုပ်ငန်းခွင်သုံး ကွန်ပြူတာသင်တန်း၊ သင်တန်းဆင်းပွဲ ကျင်းပ
မန္တလေး၊ ဇန်နဝါရီ – ၂၉- ၂၀၂၆ VOICE OF MYANMAR မန္တလေးမြို့မှာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နဲ့ မန္တလေးတိုင်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) အသင်းတို့ ပူးပေါင်းကျင်းပတဲ့ Advance Computer Office Course သင်တန်း ဆင်းပွဲ အခန်းအနားကို 34 လမ်း 78 လမ်းထောင့် က Yandanarbon super center မှာရှိတဲ့ MRCCI ရုံးမှာ ကျင်းပခဲ့ပါတယ်။ ဒီသင်တန်းကို ငလျင်ပြီးတဲ့အချိန်မှာ စီးပွားရေး ပြန်လည်ထူ ထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်သုံး ကွန်ပြူတာသင်တန်း မှာ သင်တန်းသား / သူ စုစုပေါင်း ၂၈ ယောက် တက်ရောက်ခဲ့ပြီး ၂၈ ယောက်လုံး သင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်နဲ့…
Read Moreပမာဏအများဆုံး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နေရာ ၁၄ ခု သိမ်းဆည်းရမိတဲ့အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOM ရဲ့မေးမြန်းချက်
ဇန်နဝါရီ၊ ၂၄- ၂၀၂၆ Voice Of Myanmar ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တဲ့ နေရာ ၁၄ ခု ဖော်ထုတ် ဖမ်းဆီးရမှုတွေအကြောင်းကို ဒီကနေ့ ဇန်နဝါရီ လ ၂၄ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်ပြီးတော့ နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တွေ အိမ်နီးနားချင်းနိုင်ငံက သံတမန်တွေရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီ လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ဆို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ် အတွင်းမှာရှိတဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာ နေရာသုံးခုကို ဖော်ထုတ်ဖမ်းစီးရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်ကနေ ၂၀ ရက်နေ့အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ကြောင်း မသင်္ကာဖွယ်ရာ ၁၄ နေရာကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄…
Read Moreရွေးကောက်ပွဲ အပိုင်း ၃ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေမှာ မနက် ၆ နာရီခွဲအချိန် ဆန္ဒမဲပေးနေမှု အခြေအနေ
မန္တလေး၊ ဇန်နဝါရီ – ၂၅- ၂၀၂၆ VOICE OF MYANMAR ရွေးကောက်ပွဲ အပိုင်း ၃ မှာ ပါဝင်တဲ့ ချမ်းမြသာစည်မြို့နယ်က မဲရုံတွေမှာ မဲဆန္ဒရှင်တွေဟာ ဒီကနေ့မနက် အစောပိုင်း မဲရုံဖွင့်ချိန်မှာပဲ လာရောက်ပြီး ဆန္ဒမဲပေးနေကြပြီဖြစ်ပါတယ်။ အပိုင်း ၃ မှာ တနိုင်ငံလုံး ကျင်းပမယ့် မြို့နယ် (၆၃)မြို့နယ် မန္တလေးတိုင်းဒေသကြီးအတွင်း (၈)မြို့နယ်ကျင်းပမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း (၆)သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြမယ့် တပါတီ ၉ ပါတီ ၊တစ်သီးပုဂ္ဂလ ၃ ဦး၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၅၃၆ ဦး၊ ရှမ်းတိုင်း ရင်းသားကိုယ်စားလှယ်လောင်း ၄ ဦး တို့ ဝင်ယောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ မဲစာရင်းနံပါတ်ရှာရလွယ်အောင် တက်ပလက်တွေနဲ့ စီစဥ်ထားသလို မဲပေးစက်တွေ ချွတ်ယွင်းမှုမရှိအောင် ၊အချိန်ကြန့်ကြာမှုမရှိအောင် စီမံထားတယ်လို့လည်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ…
Read Moreနိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးက မဲရုံတွေလိုက်လံကြည့်ရှုပြီး မီဒီယာမေးမြန်းမှုတွေကို ဖြေဆို
မန္တလေး-ဇန်နဝါရီ ၂၅-၂၀၂၆ Voice Of Myanmar ရွေးကောက်ပွဲ တတိယပိုင်းအတွက် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က မဲရုံတွေကို နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ #voiceofmyanmar #VOM #ရွေးကောက်ပွဲတတိယပိုင်း
Read More