“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်လို့ရတဲ့ ဥပဒေရှင်းရှင်းလင်းလင်းမရှိဘူးလို့ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ဒီကနေ့မြစ်ကြီးနားထောင်ကလွတ်လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဂျတ်က ဝေဖန်လိုက်သလို သူ့အမှုတွဲ ကိုလွန်းဇောင်းကလည်း နိုင်ကျဉ်းတွေ အများကြီးရှိနေသေးတယ်လို့ ပြောလိုက်ပါတယ်။ သူတို့ဟာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်ကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပိတ်မိ နေကြတဲ့ စစ်ရှောင်ပြည်သူတွေ ပြန်လည်လွတ်မြောက်လာစေရေး လူထုလှုပ်ရှားမှုနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ်ရာမှာ မြန်မာ့တပ်မတော်ကို အသရေပျက်စေတဲ့အသုံးအနှုန်းတွေ သုံးစွဲပြောဆိုခဲ့တယ်ဆိုပြီး ပုဒ်မ-၅၀၀ နဲ့ တရားစွဲဆိုခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၇)ရက်နေ့မှာ ထောင်ဒဏ် (၆)လနဲ့ ငွေဒဏ်ငါးသိန်းစီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။မစ်ကြီးနားက ဗီအိုအမ်သတင်းထောက် ကိုဝေဖြိုးအောင် သတင်းပေးပို့ထားတာပါ။ #voiceofmyanmar #မြစ်ကြီးနား #ဦးဇော်ဂျတ် #ဦးလွန်းဇောင်း #နိုင်ငံရေးအကျဉ်းသား
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
ဒီဇိုင်နာမျိုးမင်းစိုးရယ်လို့ ဘယ်လိုဖြစ်လာသလဲ
နာမည်ကြီးဒီဇိုင်နာ မျိုးမင်းစိုးနဲ့ အင်တာဗျူး ဒီဇိုင်နာမျိုးမင်းစိုးကို Voice Of Myanmar က တွေ့ဆုံမေးမြန်းတဲ့အခါမှာ သူက နာမည်ကြီးတွေရဲ့ ဝတ်စုံတွေကို ဖန်တီးဖူးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝတ်စုံကို မလုပ်ဘူးသေးလို့ ဖန်တီးပေးချင်တယ်ဆိုတာအပါအဝင် ခုသီတင်းကျွတ်ရာသီမှာ မျိုးမင်းစိုး ဘာတွေဖန်တီးထားသလဲ ဒီဇိုင်နာမျိုးမင်းစိုးဆိုတဲ့နာမည်တလုံးကို ဘယ်လိုရအောင်ကြိုးစားခဲ့ရသလဲဆိုတာ အပြည့်အစုံ ရှုစားနိုင်ပါပြီ။ ၂၀၁၈ အောက်တိုဘာလဆန်းက ဗီအိုအမ်နဲ့ ကိုမျိုးမင်းစိုး အင်တာဗျူးကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။ #voiceofmyanmar #ဒီဇိုင်နာမျိုးမင်းစိုး
Read Moreစစ်ကိုင်းက ဘုန်းကြီးကျောင်းနဲ့သီလရှင်ချောင်အချို့ ရေအခက်အခဲဖြစ်ပေါ်နေ
စစ်ကိုင်း၊ဧပြီ ၂၃-၂၀၁၉ စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းတိုက် နဲ့ သီလရှင်ချောင် အချို့ လက်ရှိမှာ သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရပါတယ်။ စစ်ကိုင်းတောင်မြောက်ပိုင်း၊သောတာပန်ရပ်ကွက်အုပ်စု၊ထွဋ်ခေါင်ရပ်ရှိ သီတင်သုံးနေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းတိုက်အချို့နဲ့ သီလရှင်ချောင်အချို့မှာ နွေရာသီရောက်တိုင်းသောက်သုံးရေရှားပါးမှုအခက်အခဲတွေကိုရင်ဆိုင်ရနေရပြီး အခုနှစ် လက်ရှိနွေကာလမှာလည်း ရေအခက်အခဲ ဖြစ်နေတဲ့ အတွက် ရေကားတွေဆီကနေ ဝယ်ယူသုံးစွဲနေရပါတယ်။ #voiceofmyanmar #စစ်ကိုင်း #သောက်သုံးရေ #ဘုန်းကြီးကျောင်း
Read Moreစစ်တွေမြို့တွင်းကသစ်ပင်တွေကို အလွန်အကျွံမခုတ်ဖို့ လူမှုအဖွဲ့အစည်းတွေက အစိုးရကိုတောင်းဆို
စ်တွေ၊ ဧပြီ ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်စစ်တွေမြို့ပေါ်မှာ ထိန်းသိမ်းထားတဲ့ သစ်ပင်တွေကို မြို့နယ်လျှပ်စစ်ဌာနကနေ အခုရက်ပိုင်းအတွင်းမှာ ခုတ်လှဲရှင်းလင်းမှုတွေ ပြုလုပ်ရာမှာ ပင်စည်တွေကိုပါ ခုတ်ယူပြီး ထင်းလောင်စာအဖြစ်ထုတ်လုပ်ရောင်းချနေတဲ့အတွက် တချို့နှစ်ရှည်သစ်ပင်ကြီးတွေ ဆုံးရှုံးနေရတာကြောင့် ဆက်လက်ပြီးတော့ လိုအပ်တာထက် အလွန်အကျွံမခုတ်ဖို့ လူမှုအဖွဲ့ အစည်းတွေက အစိုးရကိုတောင်းဆိုနိုင်ရေးအတွက် ဆွေးနွေးမှုတစ်ခုကို ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ စစ်တွေမြို့မှာ လျှပ်စစ်ဌာနနဲ့ လမ်းဖောက်လုပ်တဲ့အဖွဲ့အစည်းတွေက သစ်ပင်တွေကိုခုတ်လှဲတာတွေ ပြုလုပ်ခဲ့တဲ့အတွက် သစ်ပင်တွေအများအပြားဆုံးရှုံးခဲ့ရကြောင်းနဲ့ အခုလိုမျိုး ဆက်လက်ပြုလုပ်နေမယ်ဆိုပါက မြို့ရွာလှပသာယာရေးနဲ့ သဘာဝပတ်ဝန်းကျင်တွေကိုပါ ထိခိုက်လာနိုင်တာကြောင့် သစ်ပင်တွေခုတ်လှဲမခံရဖို့အတွက် တားဆီးကာကွယ်မှုတွေ ပြုလုပ်ဖို့ အဲ့ဒီလူမှုအဖွဲ့အစည်းတွေက ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ စိတ်ပါဝင်စားတဲ့အဖွဲ့အစည်း ၉ ဖွဲ့ကတက်ရောက် ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရဖွဲ့ကို စာပို့တောင်းဆိုမှုတွေပြုလုပ်သွားမှာဖြစ်သလို သစ်ပင်တွေကို ထိန်းသိမ်း ကာကွယ်ဖို့အတွက် အသိပညာပေးလှုရှားမှုတွေကိုလည်း တိုးချဲ့ပြုလုပ်သွားဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ်…
Read Moreစစ်ကိုင်းမြို့မှာ အပူချိန်ကျဆင်းခဲ့သလို ဆက်လက်ကျဆင်းမယ်လို့ ခန့်မှန်း
စစ်ကိုင်း ဧပြီ ၂၂-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းမြို့မှာ ပြီးခဲ့သော ရက်ပိုင်းတွေက ပူခဲ့သော ပုံမှန်နေ့အပူချိန်ထက် လက်ရှိမှာ အပူချိန်တွေ ကျဆင်းလျက်ရှိပြီး ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ စစ်ကိုင်းခရိုင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သိရပါတယ်။ ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့ (ဒီနေ)အထိ စစ်ကိုင်းမြို့မှာ အမြင့်ဆုံးအပူချိန်ဟာ ၄၂ ဒီဂရီစင်တီဂရိတ် ထိ ရောက်ရှိခဲပြီး လက်ရှိမှာ ပတ်ဝန်းကျင်ဒေသတွေ မိုးရွာသွန်းမှုများရှိတဲ့ အတွက် ၎င်းအပူချိန်ထက် ကျဆင်းသွားပြီး ဆက်လက်၍ အပူချိန် ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ စစ်ကိုင်းခရိုင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဦးစီးမှူး ဦးကိုကိုနိုင်ကပြောပါတယ်။ #voiceofmyanmar #စစ်ကိုင်း #အပူချိန် #မိုးလေ၀သ
Read Moreပြည်ကြီးတံခွန်မြို့နယ်က ဖိနပ်စက်ရုံ မီးလောင်မှု Level-2 အဆင့်နဲ့ ငြိမ်းသတ်ခဲ့ရ
မန္တလေး၊ ဧပြီ ၂၁-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ၇၃လမ်း ဆင်ဖြူရှင်လမ်း နှင့် မြဝတီမင်းကြီးလမ်းကြားရှိ ‘ငွေနဂါး’ဖိနပ်ချုပ်လုပ်ငန်းမှာ ဒီကနေ့ နံနက်ပိုင်းက လုပ်ငန်းတွင်းအသုံးပြုတဲ့ မီးဘုတ်ခုံအပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ #voiceofmyanmar #မီးလောင် #ဖိနပ်စက်ရုံ #ပြည်ကြီးတံခွန်
Read Moreစစ်ကိုင်းမြို့က ရေရှားပါးတဲ့ ကျေးရွာကို သောက်သုံး ရေ သွားရောက်လှူဒါန်း
စစ်ကိုင်း၊ဧပြီ ၂၀-၂၀၁၉ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ် အတွင်းက ရွာသာယာ တွင် သောက်သုံးရေရှားပါမှု ဖြစ်ပေါ်နေတဲ့ အတွက် ဒီနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့က လွှတ်တော်ကိုယ်စားလှယ်တွေ၊မြို့နယ် မီးသတ် ဦးစီး ဌာန ၊အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း (SERT RESUCE )၊မြတ်နိုးသူ ကုမ္ပဏီ တို့ ပူးပေါင်းပြီး သောက်သုံး ရေတွေ သွား ရောက် လှူဒါန်းခဲ့ပါတယ်။ #voiceofmyanmar #စစ်ကိုင်း #သောက်သုံးရေ #ရွာသာယာ
Read Moreမန္တလေးမြို့မှာ မီးလောင်မှုကြောင့် နေအိမ်(၆)လုံး မီးလောင်ပျက်စီး
မန္တလေး၊ ဧပြီ ၂၀-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၇၄လမ်း နဲ့ ၇၅လမ်းကြား ၁၀လမ်း နဲ့ ၁၁လမ်းကြား၊ ဥပုသ်တော်ရပ်ကွက်မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုအဆင့် Level-3သက်မှတ်ကာ မီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုကြောင့် အိမ်ခြေ(၆)လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားတဲ့ နေအိမ်ပိုင်ရှင်ဟာ မီးလောင်နေစဉ် နေအိမ်မှာ မရှိတဲ့အတွက် မီးလောင်မှု အကြောင်းအရင်းကို ဆက်လက်စစ်ဆေးနေတာ ဖြစ်ပါတယ်။ #voiceofmyanmar#မန္တလေး#မီးလောင်မှုကြောင့်နေအိမ်၆လုံးပျက်စီးဆုံးရှုံး#
Read Moreရသေ့တောင်မြို့ပေါ်ကို စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိနေပြီး စားရေးသောက်ရေးအခက်တွေ့နေ
ရသေ့တောင်၊ ဧပြီ ၁၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဒေသခံကျေးရွာသား တွေဟာ စိုးရိမ်ကြောက်လန့်ပြီးတော့ နေ့စဉ်လိုလိုထွက်ပြေးနေကြတာကြောင့် မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိခိုလှုံနေကြတာဖြစ်ပါတယ်။ အခုလို စစ်ဘေးရှောင်ကျေးရွာသားတွေ တိုးပွားလာနေတဲ့အချိန်မှာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်တွေ အတွက် အလှုငွေကောက်ခံမှုတွေကို ဟန့်တားခံနေရပြီး အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ရရှိမှ ကောက်ခံခွင့်ပြုမယ်လို့ စာထုတ်တားမြစ်ထားတဲ့အတွက် သူတို့တွေရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေကပြောပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #ရသေ့တောင် #စစ်ဘေးရှောင်
Read Moreထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က အတွင်းရေးမှူး ဦးမရန်ဂမ် သမ္မတလွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်
မန္တလေး၊ ဧပြီ ၁၇-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ မုံးကိုးဒေသကာကွယ်ရေးတပ်က အတွင်းရေးမှူး ဦးမရမ်ဂမ် ဟာ နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ နေ့လယ်ပိုင်းက လွတ်မြောက်ခဲ့ပါတယ်။ ဦးမရန်ဂမ်နဲ့ ခေါင်းဆောင် ၃ဦးဟာ ၂၀၀၀ ခုနှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး တဦးကတော့ ထောင်ထဲမှာ သေဆုံးခဲ့ပါတယ်။ ဒီနေ့ ဦးမရန်ဂမ်လိုပဲ မုံးကိုးဒေသကာကွယ်ရေးတပ်ရဲ့ ဒုဥက္ကဌ ဦးဇော်လဟာလည်း မြင်းခြံထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။ ဦးမရန်ဂမ်ထောင်ကလွတ်အပြီး ဘာပြောသလဲဆိုတာ ဗီအိုအမ်သတင်းဌာနက ကိုဟိန်းကိုက မေးမြန်းတင်ဆက်ထားပါတယ်။ #voiceofmyanmar# မန္တလေး#ဦးမရန်ဂမ် #လွတ်ငြိမ်းချမ်းသာ
Read More