ရန်ကုန် ၊မတ် ၃၁ -၂၀၁၉ TGH(VOM) ရန်ကုန် မန္တလေး အမြန်လမ်းပေါ် ဖြတ်သန်းသွားလာဖို့မသင်တဲ့ ကားတွေကို ဧပြီလကနေစပြီး ဖြတ်သန်းသွားလာခွင့်မပြုဖို့ ဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော် )ပြောခွင့်ရ ရဲမှူးဇာနည်မောင်ကပြောပါတယ်။ “ကားအားလုံးကိုရည်ညွှန်းတယ်။ လိုက်ထရပ်ရယ်မဟုတ်ဘူး။ ယာဉ်ကြံ့ခိုင်မှုမရှိရင် ဖြတ်သန်းခွင့်မပေးတော့ဘူးပေါ့။ ၄ လပိုင်း ၄ ရက်နေ့မှ သိရမယ်။ ကျွန်တော်တို့ကတော့ ၀ိုင်းဝန်းကူညီတာလုပ်ရမှာပေါ့။ ကျွမ်းကျင်သူတွေက စစ်ဆေးမယ်။ ဒီဝိတ်နဲ့ ဒီလမ်းမသွားသင့်ဘူးဆိုတာမျိုးပေါ့။ ဟိုက်လတ်ကားဆို ကားတာယာပွင့်ပြီး လူတွေသေကြတယ်။ အဲ့နောက်ပိုင်းကစပြီး ယာဉ်ကြံ့ခိုင်မှုစစ်မယ်၊ မကောင်းရင် မလွှတ်တော့ဘူးဆိုပြီး အစည်းအဝေးမှာ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေး အဖွဲ့ကနေ ဆုံးဖြတ်လိုက်တာ။ အဲ့ဒီနောက်ပိုင်း ယာဉ်က အမြန်လမ်းပေါ်သွားဖို့မသင့်တော်ရင် ဘယ်ကားပဲဖြစ်ဖြစ် ဖြတ်သန်းသွားလာခွင့်မပေးတော့ဘူးး ။အစည်းဝေးဆုံးဖြတ်ချက်ကထွက်ပြီး တရားဝင်မလုပ်ရသေးတာပဲရှိတယ်။ ယာဉ်စစ်ဆေးတာကတော့ ကညန ကျန်တဲ့ ဆက်စပ်မိတ်ဖက်အဖွဲ့တွေပါ မှာပေါ့။”လို့ ရဲမှူးဇာနည်မောင်က ပြောပါတယ်။ ယာဉ်ကြံ့ခိုင်မှုမရှိဘဲ…
Read MoreCategory: Uncategorized
မင်းပြားမြို့မှာ စစ်ဘေးရှောင်ထောက်ပံ့ပေးရေး ငွေ ၅၀၀ နှင့် ဆန်တစ်ဗူးစီကောက်ခံ
မင်းပြား၊ မတ် ၃၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် မင်းပြားမြို့ လူငယ်ပရဟိတအဖွဲ့က နေအိမ်တစ်အိမ်လျင် ငွေ ၅၀၀ ကျပ်နဲ့ ဆန်တစ်ဗူးနှုန်းစီကောက်ခံနေကြတာဖြစ်ပါတယ်။ အဲ့ဒီကောက်ခံရရှိတဲ့ဆန်နဲ့ငွေတွေကို ရခိုင်ပြည်နယ်မြို့နယ်ခြောက်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းတွေကို ထောက်ပံ့လှူဒါန်းပေးသွားမှာဖြစ်ပြီး လတ်တလောမှာ ရိက္ခာပြတ်လပ်နေတဲ့ စခန်းတွေကို အဓိကကူညီ ပေးသွားမှာဖြစ်ပါတယ်။ “လောလောဆယ်မှာ စခန်းတွေက ရိက္ခာပြတ်မယ့်သဘောရှိနေတယ်။ တချို့စခန်းတွေမှာဆိုရင် ပြတ်နေပြီလို့ကြားတယ်။ အဲ့ဒီကယ်ဆယ်ရေးစခန်းတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် မင်းပြားမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်ပေါင်းစုံကလူငယ်တွေစုပြီး ပရိဟိတအဖွဲ့တစ်ဖွဲ့ဖွဲ့လိုက်တယ်။ အဲ့ဒီအဖွဲ့ကနေ အိမ်တစ်အိမ်ကို ငွေ ၅၀၀နဲ့ ဆန်တစ်ဗူးစီကောက်နေတာပါ။”လို့ မင်းပြားမြို့ စစ်ဘေးရှောင်ကူညီပေးရေးလုပ်နေတဲ့ ဦးသိန်းဇံကပြောပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်အတွင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းပေါင်း ၄၀ နီးပါးရှိနေပြီဖြစ်ကာ အဲ့ဒီစခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်ဦးရ ၁၇၀၀၀ ခန့်ရှိနေပြီး…
Read Moreကျောက္ကာရေနံချက်ဖိုကုန်းတွင် ၁ ရက်ထဲ မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား
မုံရွာ မတ် ၃၁-၂၀၁၉ ဗျဂ္ဃ (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ၊ ရေနံချက်ဖိုကုန်းမှာ ချက်ဖိုထဲ ရေနံစိမ်းထည့်ရာကနေ ဆီငွေ့နဲ့ မီးတွေ့ကာ ဖြစ်စဉ်တူ မီးလောင်မှု ၂ ကြိမ် မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ မနက်ပိုင်းလောင်ကျွမ်းမှုမှာ ၁၀ ပေပတ်လည်အဆောက်အဦး ၁ ခု၊ ဓာတ်ဆီ ၅ ဂါလံ ကာလတန်ဖိုး ၂၂၀၀၀ကျပ်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ မီးလန့်မှုအဆင့်သာဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး မရှိခဲ့ဘူးလို့ မီးသတ်ဦးစီးဌာနက သတင်းတွေမှာ ဖော်ပြထားပါတယ်။ ကျောက္ကာ ရေနံချက်ဖိုကုန်းက နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်း မီးလောင်မှုဖြစ်နေကျဖြစ်ကာ တခါတလေ အသက်ဆုံးရှုံးတာတွေလည်း ရှိပါတယ်။ အခုမတ်လ အတွင်းမှာလည်း မီးလောင်မှု ၃ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ အများသောအားဖြင့် ပေါ့ဆမီးတွေဖြစ်ပါတယ်။ “ဌာနအနေနဲ့ကတော့…
Read Moreရာဇဂြိုဟ်ဆည်ရေ ခမ်းခြောက် ဆည်ရေမှီခိုသူတွေ အခက်ခဲဖြစ်
ကလေး မတ် ၃၁-၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ရာဇဂြိုဟ်ဆည်ဟာ ခမ်းခြောက်ပြီး တချို့နေရာတွေမှာ ရေမရှိလို့ မြေကြီးတွေ ပက်ကြားအက်တွေဖြစ်ပေါ်နေပါတယ်။ ဆည်ထဲက ရေ မရှိလို့ ဆည်ရေမြောင်းထဲကို ရေမလွှတ်နိုင်တာကြောင့် ရေမြောင်းဘေးနေ ပြည်သူတွေ အခက်အခဲတွေ့နေတာနဲ့ ပတ်သက်လို့ ရာဇဂြိုဟ် ကျေးရွာက ဦးအောင်ကျော် က “ဆည်မြောင်းက ရေမလာတော့ ထမင်းချက်ဖို့ ရေလေးတောင် ၀ယ်သုံးနေရတယ်။ စိုက်ပျိုးရေ အတွက်တော့ ပြောမနေနဲ့တော့။ နွေရာသီ မြောင်းထဲကို ဆည်ရေမလွှတ်နိုင်ဘူးဆိုရင်တော့ ၀ယ်သုံးရတော့မှာပေါ့” လို့ ပြောပါတယ်။ ဒီလိုဖြစ်တာဟာ သိုလှောင်ရေကို လျော့ချလိုက်တာကြောင့် ဆည်ရေခမ်းခြောက်ရတာ ဖြစ်တယ်လို့ ရာဇဂြိုဟ်ဆည်တာဝန်ခံ ဦးမျိုးထွန်း က ပြောပါတယ်။ “ရေလျော့ထားတယ်ဆိုတာ ရေ၀င်ပေါက် ကို နည်းနည်းလေး ပြုပြင်နေတာ။ ဘာလို့ဆို မိုးစပါး နဲ့ လျှပ်စစ်…
Read Moreမီ ဇာတ်ကားနဲ့ အကယ်ဒမီရဖို့ မမျှော်လင့်ရဲဘူးဆိုတဲ့ ပိုင်ဖြိုးသု
ရန်ကုန် မတ် ၁၇- ၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ အကယ်ဒမီ ပိုင်ဖြိုးသုကတော့ လာမယ့် ၂၀၁၈ ခုနှစ်အတွက် မီဇာတ်ကားနဲ့ အကယ်ဒမီရဖို့ မမျှော်လင့်ရဲဘူးလို့ဆိုပါတယ်။ ”သုသု မီ ဇာတ်ကားကို အားလုံးက ၀ိုင်းပြီးတော့ အများကြီးလည်း ကြိုးစားထားကြပါတယ်။ သုသုကို အကယ်ဒမီ မှန်းပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဘယ်အရာမှလည်း ကြိုမမျှော်လင့်မထားရဲပါဘူး။ မျှော်လင့်ထားရင် စိတ်ပင်ပန်းပါတယ်။ ပရိသတ်တွေက မျှော်မှန်းပေးတာကြောင့်လည်း ကိုယ်ပင်ပန်းရကျိုးလည်းနပ်တယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။ မီ ဇာတ်ကားကိုတော့ စာရေးဆရာမ ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာဏကြီးက ၁၉၅၀ ခုနှစ် ကာလဝတ်စားဆင်ယင်ပုံတွေနဲ့ အကယ်ဒမီ နေတိုး၊ အကယ်ဒမီမင်းဦး ၊အကယ်ဒမီ ရဲအောင်၊ သားညီ စတဲ့ အနုပညာရှင်တွေ အကောင်းဆုံးဖန်တီးခဲ့တယ်လို့ သိရပါတယ်။ …
Read Moreဖေ့ဘွတ်ခ်သမိုင်းမှာ အဆိုးရွားဆုံး ချို့ယွင်းမှုတွေ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်ခဲ့
ကယ်လီဖိုးနီးယား၊ မတ်၁၄-၂၀၁၉ မျိုးဆက် (VOM) မတ် ၁၃ ရက်က ကမ္ဘာနေရာအများမှာ Facebook ၊ WhatsApp နဲ့ Instagram သုံးစွဲသူတွေဟာ ပို့စ်တင်တာ အကောင့်ဝင်တာအပါအ၀င် အဆိုပါ လူမှုကွန်ရက်တွေရဲ့ အဓိက၀န်ဆောင်မှုတွေကို အသုံးမပြုနိုင်ဖြစ်ခဲ့ရပြီး ဖေ့စ်ဘွတ်ခ်သမိုင်းမှာ အဆိုးရွားဆုံးချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လစဉ်သုံးစွဲသူ ၂ ဒသမ၃ ဘီလီယံဝန်းကျင်ရှိတဲ့ ဖေ့စ်ဘွတ်ခ်အနေနဲ့ သုံးစွဲသူ သန်း ၁၅၀ သာရှိသေးတဲ့ ၂၀၀၈ ခုနှစ်ကလည်း အခုလိုချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ အဓိကထုတ်ကုန်တွေ ဖြစ်တဲ့ မက်ဆေ့ခ်ျအက်ပလီကေးရှင်း နှစ်ခုနဲ့ ဓါတ်ပုံမျှဝေတဲ့ အင်စတာဂရမ်တို့ပါ ချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့ပြီး အဆိုပါချို့ယွင်းချက်နဲ့ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဖေ့စ်ဘွတ်ခ်ရဲ့ ထုတ်ကုန် အက်ပလီကေးရှင်းတွေအသုံးပြုနေရာမှာ ပြသနာရှိနေတယ်ဆိုတာ မိမိတို့သိရှိကြောင်းနဲ့ အဲ့ဒီပြသနာကို အမြန်ဆုံး ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ဖေ့စ်ဘွတ်ခ်က အင်စတာဂရမ်က တစ်ဆင့် ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီလို…
Read Moreတက်သစ်စ သရုပ်ဆောင်တွေအတွက် ဗီဒီယိုဈေးကွက် ပြန်ဖြစ်စေချင်တဲ့ မို့မို့မြင်အောင်
ရန်ကုန် မတ် ၁၄-၂၀၁၉ သင်းသဒ္ဒါ အနုပညာ ကဝေအစွမ်းခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်ကတော့ တက်သစ်စ သရုပ်ဆောင် တွေအတွက် ဗီဒီယိုဈေးကွက် ပြန်ဖြစ်စေချင်တယ်လို့ဆိုပါတယ်။ ” ခုက ဗီဒီယို ဈေးကွက်က မရှိတော့တာပါ။ ဒီဗီဒီယိုဈေးကွက်ကိုတော့ မမို့ ပြန်ဖြစ်စေချင်ပါတယ်။ တကယ်တော့ တက်သစ်စ မင်းသားငယ်၊ မင်းသမီးငယ်လေးတွေက ဗီဒီယိုနဲ့ပဲ အသက်ဆက်ရှင်လို့ရမှာလေ။ လှုပ်ရှားမှုက လည်း ဗီဒီယိုရှိမှ ဖြစ်မှာလေ။နောင်လာမယ့် အဖူးပွင့်လေးတွေအတွက် ဗီဒီယိုကိုတော့ ရှိစေချင်ပါတယ်။ စက်မှု လုပ်သားတွေ ၊ ဇာတ် ပို့ဇာတ်ရံတွေက ဗီဒီယို ရှိမှကို ဖြစ်မှာပါ”လို့ဆိုပါတယ်။ သူမကတော့ မတ် ၂၂ ရက်မှာ ရုံတင်ပြမယ့် “လှပ်၍လွင့်သော”ရုပ်ရှင်ဇာတ်ကားမှာတော့ ကြည်ပြာဆိုတဲ့ အင်္ဂလိပ်သင်ပေးတဲ့ ဆရာတစ်ယောက်အနေနဲ့ ပါဝင်ထားတယ်လို့ သိရပါတယ်။ အနုပညာ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီးတော့ “မမို့ ခုချိန်မှာ အားမရတာတွေလည်း တချို့…
Read Moreမိုးထိမိုးမိ ရွှေကြွေးကျန်ကိစ္စ တရားမကြောင်းအရ တရားစွဲဆိုထား
နေပြည်တော်၊မတ်လ(၁၂) ဒီပ(နေပြည်တော်) မတ်လ(၁၂)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ်(၂) သတ္ထုတွင်း ၀န်ကြီးဌာနက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးသံဒိုင်က မိုးထိမိုးမိ ရွှေလုပ်ကွက်(A)နဲ့ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေကို ရွှေကြွေးကျန် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အနုညာတ စီရင်ဆုံးဖြတ်ခြင်းမလိုတဲ့ အတွက်ကြောင့် တရားမကြောင်းအရ တရားစွဲဆိုရခြင်းဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ “ကုမ္ပဏီဘက်ကတော့ အနုညာတ စီရင်ပိုင်ခွင့်ကို ၀န်ကြီးဌာနဘက် တောင်းဆိုထားတာ မရှိပါဘူး စာချုပ်ထဲမှာတော့ ချုပ်ဆိုထားတာရှိတယ် ပြီးတော့ ကုမ္ပဏီဘက်က အခြားနေရာတွေကို တောင်းဆိုထားမှု၊ ၀န်ကြီးဌာနကို တင်ပြထားမှုနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားမှုအပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးကနေ ပြန်လည်တောင်းခံပြီးတော့ ဒီကိစ္စဟာ စာချုပ်အငြင်းပွားတဲ့ ကိစ္စမှသာ လုပ်ရတဲ့အရာ ဖြစ်တာကြောင့် စာချုပ်ကို ဖောက်ဖျက်ခြင်းဖြစ်တဲ့အတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်း မလိုပါဘူးလို့ ပြန်လည်အကြောင်းပြန်ခြင်း…
Read Moreတနင်္သာရီတိုင်းဝန်ကြီးချူပ်ကို ပါတီစည်းကမ်းအရ ပါတီတာဝန်က ရပ်စဲပြီးအရေးယူနိုင်တယ်လို့ မုံရွာအောင်ရှင်ပြော
မတ် ၁၂-၂၀၁၉ သစ်တော် မတ်လ ၁၀ ရက် ညနေက အဂတိလိုက်စားမှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်ကို ပါတီစည်းကမ်းအရ ပါတီတာဝန်က ရပ်စဲပြီးအရေးယူနိုင်တယ်လို့ NLD ဗဟိုပြန်ကြားရေးတာဝန်ခံမုံရွာအောင်ရှင်ကပြောပါတယ်။ ” ဝန်ကြီးချူပ်ဆိုတော့ သူက အစိုးရကိုး အစိုးရဆိုတော့ အစိုးရက အရေးယူတယ် ပါတီဆိုဒ်က အရေးယူတယ်ဆိုတာက ပါတီဝင်အဖြစ်က ဒါမှမဟုတ် ပါတီရဲ့တာဝန်ကနေရပ်စဲတာ ဒါမျိုးတွေလည်းဖြစ်လာနိုင်တယ်ပေါ့ဗျာ ပါတီက အခု ကျွန်တော်သိရသလောက်တော့ ဒါကိုလုပ်မယ် မလုပ်ဘူးဆိုတာကတော့ ထစ်ထစ်ချမပြောနိုင်ဘူး သို့သော်လည်းပဲ လုပ်ရိုးလုပ်စဉ်ပေါ့လေ ဟိုးစောစောပိုင်းတုန်းကလုပ်ခဲ့တဲ့ အစဉ်အလာတိုင်းဆိုရင်တော့ ပါတီကဒါကိုစိစစ်ပြီးတော့ သူ့ကိုပါတီရဲ့စည်းမျဉ်း စည်းကမ်းအရ အရေးယူတာပြန်ပြီးဖြသ်လာနိုင်ပါတယ်” လို့ ပါတီဗဟိုပြန်ကြားရေးတာဝန်ခံ ဦးအောင်ရှင် ပြောပါတယ်။ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ကော့ သောင်းမြို့နယ် တရားရုံးမှာ ချုပ်ရက် ရမန်ယူပြီး ထားဝယ်အကျဉ်းထောင်ကို ပို့ဆောင်ထားပြီး နောက်တစ်ကြိမ် ရုံးချိန်ကိုတော့…
Read Moreအယူသည်း မှုတွေကြောင့်အသက်အာခံထားရှိမှုနည်းပါးနေသေး
မတ် ၁၂-၂၀၁၉ ကိုထွန်း (နေပြည်တော်) မြန်မာနိုင်ငံမှာ အယူသည်းမှုတွေရှိနေအတွက် အသက်အာမခံထားရှိသူနည်းပါးနေတယ်လို့ အာမခံလုပ်ငန်းတွေဆီကနေ သိရပါတယ်။ လက်ရှိ အသက်အာမခံထား ရှိမှုနှုန်းဟာ နိုင်ငံခြားသားကုမ္ပဏီ တွေနဲ့ ယှဉ်ကြည့်ရင် အလွန် နည်းနေပြီး စိတ်ဝင်စားမှုအနည်း ငယ်သာရှိသေးတာလို့ လည်း ဧရာမြန်မာအာမခံမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်း ကပြောပါတယ်။ ”အာမခံထားရှိမှုက ကိုယ့်ကို အန္တရာယ်ဖြစ်ပါစေလို့ ဆုတောင်း သလိုဖြစ်တယ်ဆိုတဲ့ အယူသည်းမှု တွေကြောင့် အသက်အာခံထားရှိ မှုက နည်းတယ်။ အခုနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီတွေကတော့ ထားကြတယ်။ သင်္ဘောသားတွေတို့ လုပ်ငန်းကြီးလုပ်သူတို့တွေက သူတို့ကုမ္ပဏီအတွက် ဝန် ထမ်းတွေအတွက် ထားကြတယ်။ တစ်ကိုယ်ရေတစ်ကာယထားရှိတာတွေ က နည်းသေးတယ်” ဧရာမြန်မာအာမခံက မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းကပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆ဝ ကျော်အထိ မြန်မာ့အာမခံ လုပ်ငန်းတစ်ခုသာရှိခဲ့ပေမယ့် ၂ဝ၁၁ ခုနှစ်မှာ…
Read More