ဘရပ်ဆဲလ်၊ စက်တင်ဘာ-၂၂-၂၀၂၅ မျိုးဆက်(VOM) အက်စ်တိုနီးယားလေပိုင်နက်ကို ရုရှားတိုက်လေယာဉ်တွေ ဝင်ရောက်ပျံသန်းမှုနဲ့ပတ်သက်ပြီး မဟာမိတ်အဖွဲ့ သဘောတူစာချုပ်အပိုဒ် ၄ အရ အရေးတကြီး ဆွေးနွေးညှိနှိုင်းဖို့ အက်စ်တိုးနီးယားက တောင်းဆိုပြီးနောက် နေတိုးအဖွဲ့အစည်းအဝေးကို မနက်ဖြန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ သောကြာနေ့က ရုရှား MiG-31 တိုက်လေယာဉ် သုံးစင်းဟာ အက်စ်တိုနီးယား လေပိုင်နက်ကို ၁၂ မိနစ်ခန့် ချိုးဖောက်ဝင်ရောက်ခဲ့ပြီး နေတိုးအဖွဲ့ တိုက်လေယာဉ်တွေ ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ ရုရှားဘက်ကတော့ လေပိုင်နက်ချိုးဖောက်တာမရှိဘူးလို့ ပြောပါတယ်။ ရုရှားဒရုန်းတွေ ကျုးကျော်ဝင်ရောက်မှုကြောင့် ပိုလန်က အရေးပေါ်ဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ နေတိုးအဖွဲ့ အရေးပေါ် ဆွေးနွေးမှုတွေပြုလုပ်ဖို့ အက်စ်တိုးနီးယားကလည်း ချက်ချင်း တောင်းဆိုခဲ့တာပါ။ မဟာမိတ်အဖွဲ့ အပိုဒ် ၄ အရ နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံလွတ်လပ်မှု သို့မဟုတ် လုံခြုံရေး အရ အန္တရာယ်ရှိတယ်လို့ ယူဆပါက အဖွဲ့ဝင်တိုင်းဟာ အရေးပေါ် ဆွေးနွေးဖို့ တောင်းဆိုနိုင်ပါတယ်။…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၉)
ဆူးငှက် အစ်မက ပြန်ခါနီး ဆက်တီပေါ်မှ ဆင်းပြီး လူထုမောင်နှံကို ကန်တော့သည်။ ကျွန်တော်ကလည်း အစ်မနှင့်အတူ ကန်တော့၏။ “နေဦး၊ နေဦး … ခင်ဝင်းတို့ မောင်နှမကို စာအုပ်လေးတွေ ပေးကြဦးစို့” ဟုဆိုကာ လူထုတိုက်ထုတ်စာအုပ်များလည်း လက်မှတ်ထိုးကာ ပေးလိုက်သေး၏။ အများအား ပုံပြင်စာအုပ်များဖြစ်သည်။ ထိုစဉ်ကတော့ ကျွန်တော်က အစ်မ၏ အဖော်အဖြစ် လိုက်သွားရသော ကလေး သာသာ …။ နောက်ပိုင်း အစ်မတို့လည်း လေးငါးခြောက်နှစ်ကြာမျှ သူတို့စာအုပ်ကိစ္စက ထုတ်ဝေခွင့်ကျပြီး ရိုက်နှိပ်ထုတ်ဝေရန် ကြော်ငြာပြီး သော်လည်း၊ အကြောင်းကြောင်းကြောင့် ထပ်မံကြန့်ကြာကာ တစ်ကပြန်စကြရပြီး၊ တစ်ဖက်မှ အမိန့်ဖြင့် ရပ်တန့်စေလိုက်၍ အစ်မလည်း စိတ်ပျက်လက်ပျက်ဖြစ်ကာ ထိုအလုပ်ကို လှည့်မကြည့်ချင်လောက်အောင် နာကျည်းသွားပြီးနောက် မန္တလေးသို့ပင် အလာကျဲသွားတော့ ၏။ လူထုဇနီးမောင်နှံအပါအဝင်၊ ဟံသာဝတီအယ်ဒီတာချုပ် ဦးဝင်းတင်နှင့် ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)အထိပါ၊ အစ်မအတွက် စိတ်မကောင်းဖြစ် ကြရ။…
Read Moreမော်ချီးဒေသ ခဲတွင်းပြိုကျမှု လူသေဆုံး၊ ဒဏ်ရရမှုတွေရှိပြီး ကျင်းထဲ ပိတ်မိနေသူကို ရှာဖွေနေ
စက်တင်ဘာ ၂၁ – ၂၀၂၅ SS (VOM) ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ ခဲတွင်းပြိုကျမှု ဖြစ်စဉ်အတွင်း လူသေဆုံးမှု ၊ ဒဏ်ရာရမှုတွေ ရှိခဲ့ပြီး ကျင်းထဲ ပိတ်မိနေသူ တယောက်ကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ ခဲကျင်းလုပ်ကွက်ဟောင်း ပြိုကျမှုဖြစ်စဥ်မှာ လူသုံးယောက် မြေစာတွေနဲ့အတူ ပါသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “သုံးယောက်မှာ နှစ်ယောက် ပြန်တွေ့တယ်။ တယောက်ကတော့ ဖြစ်တဲ့နေ့ကပဲ သေဆုံးလျက် ပြန်တွေ့တာ။ နောက်တယောက်ကတော့ မနေ့ (စက်တင်ဘာ ၂၀ ရက်) က အသက်ရှင်လျက် ပြန်တွေ့တယ်။ ဆေးရုံတက်နေရပါပြီ။ တယောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့တယောက်ကတော့ ရှာနေဆဲပါ။ ရတနာအောင်မြေ ရပ်ကွက်က ခဲကျင်း…
Read Moreထိုင်းနယ်စပ်ကနေ မူးယစ်ဆေးသယ်လာသူတွေကို “ဝ” တပ်ဖွဲ့ဖမ်းဆီး
စက်တင်ဘာ ၂၁၊ ၂၀၂၅ NN(VOM) မြန်မာ-ထိုင်းနယ်စပ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက စိတ်ကြွဆေးပြား သယ်ဆောင်လာသူတွေကို လိုက်လံဖမ်းဆီးရာမှာ စိတ်ကြွဆေးပြား ငါးသန်းနီးပါး ဖမ်းမိတယ်လို့ UWSA “ဝ” တပ်ဖွဲ့ထံက သိရပါတယ်။ ရှမ်းအရှေ့ပိုင်း “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ ပုံပါကျင်းဒေသမှာ မူးယစ်ဆေးဝါး သယ်ဆောင် လာတဲ့ ကားတစ်စီးကို လိုက်လံဖမ်းဆီးရာမှာ အခုလို ဖမ်းဆီးရမိတာလို့ “ဝ” တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ကိုညီရမ်းက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါ တယ်။ “မိမိတို့ တပ်ဖွဲ့ဝင်များသည် မြန်မာ-ထိုင်းနယ်စပ် (Bangge နှင့် Luoshitang) အကြားရှိ နေရာများတွင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများကို တွေ့ရှိ၍ ရပ်တန့်စစ်ဆေး ရန် အမိန့်ပေးခဲ့ပါသည်။ မူးယစ်ကုန်ကူးသူများက သတိပေးချက်ကို လျစ်လျူရှုကာ နယ်စပ်သို့ ဆက်လက်ထွက်ပြေးကြသည်။ လိုက်ရှာစဉ် အသက် ၃၇…
Read Moreမူဆယ် နယ်စပ်ဂိတ်မှာ ကန့်သတ်ပစ္စည်းတွေ စစ်ဆေးတွေ့ရှိလို့ ပစ္စည်းသယ်ထုတ်ဖို့ တင်းကြပ်
စက်တင်ဘာ ၂၁၊ ၂၀၂၅ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ဆင်ဖြူ နယ်စပ်ဂိတ် တရုတ်ဘက်ခြမ်းမှာ ဒီရက်ပိုင်းအတွင်း ကန့်သတ်ပစ္စည်းတွေ စစ်ဆေးတွေ့ရှိလို့ ပစ္စည်း သယ်ထုတ်ဖို့ တင်းကြပ်ထားလို့ အခက်ကြုံနေ ကြရကြောင်း နယ်စပ် အဝင်အထွက်လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေဆီက သိရပါတယ်။ “စက်တင်ဘာ ၁၉ ရက်နေ့က တရုတ်ဘက်ကနေ မြန်မာဘက် အဝင် တရုတ်ဂိတ်မှာ ကျည်ကာတွေလည်း မိတယ်။ ကားမှာလည်း စက်ပစ္စည်း ဘာတွေ မိလဲ မသိဘူး အကုန်ချပြီး စစ်ဆေးနေတာ တွေ့တယ်” လို့ နယ်စပ် အဝင်အထွက်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ နယ်စပ်ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ကျည်ကာ သယ်ဆောင်လာတဲ့ အမျိုးသမီးကိုတော့ တရုတ်ဘက်ဂိတ်က တရုတ်နိုင်ငံ ဝင်ခွင့် နှစ်နှစ် ပိတ်ခံရတယ်လို့…
Read Moreဗန်းမောက်မြို့နယ် တပ်စခန်းအချို့ကနေ SNA နောက်ဆုတ်လိုက်ရ၊ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ရေးတင်းမာလာနေ
စက်တင်ဘာ ၂၁၊၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း ၊ဗန်းမောက်မြို့နယ်ထဲက စခန်းအချို့ကို SNA ရှမ်းနီအမျိုးသားတပ်မတော်ဘက်က လက်လွှတ်ရပြီးနောက် လက်ရှိမှာ KIA ပူးပေါင်းတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ SNA ဟာ ဗန်းမောက်မြို့နယ်ထဲက သီလရှင်ကုန်း ၊ တာဝါတိုင် ၊ ဟိုတယ်ဇုန်ပွိုင့်တွေကနေ ဆုတ်ခွာပေးလိုက်ရတာဖြစ်ပြီး ကျန်တဲ့ နေရာတွေမှာ SNA တပ်တွေ ရှိနေပြီး မြို့ကို လက်မလွှတ်ရရေး အပြင်းအထန် တိုက်ခိုက်နေကြတာဖြစ် တယ်လို့သိရပါတယ်။ ” ဗန်းမောက်မြို့ကို ရှမ်းနီတွေလက်လွှတ်လိုက်ရတယ်ဆိုတာမဟုတ်ပါဘူး။တပ်စခန်းတချို့လက်လွှတ်လိုက်ရတာပါ။တိုက်ပွဲတွေဖြစ်နေတုန်း ပစ်ခတ်နေကြတုန်းပဲ။ တပ်ဘက်ကလည်း လေကြောင်းပစ်ကူတိုက်ပေးနေတယ်။ ရှမ်းနီတပ်တွေက မြို့ကိုလက်လွှတ်ခံမှာမဟုတ်ပါဘူး။” လို့ ဗန်းမောက်မြို့ ဒေသခံကပြောပါတယ်။ လက်ရှိဗန်းမောက်မြို့နယ်ထဲက မြစ်သေးချင်းရွာဘက်မှာတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နလအဘက်ကလည်း ညတုန်းက လေကြောင်းပစ်ကူတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၊ တိုက်ပွဲအတွင်း နှစ်ဖက်အဖွဲ့အစည်းတွေမှာ အကျအဆုံးတွေရှိနေကြောင်း တိုက်ပွဲသတင်းတွေအရသိရပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ မြစ်သေးချင်းရွာဘက်တွေမှာတော့ ကျေးရွာနေဒေသခံတွေ…
Read Moreသီတင်းကျွတ်ကာလ ချောင်းသာ၊ ငွေဆောင်၊ ပုဂံ ၊ ကလော ၊တောင်ကြီးမှာ ဟိုတယ်ဘွတ်ကင်ယူသူများပေမယ့် အခန်းတွေလည်းကျန်ရှိနေသေး
စက်တင်ဘာ ၂၁၊၂၀၂၅ CC (VOM) သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ချောင်းသာ၊ငွေဆောင် ကမ်းခြေနဲ့ ပုဂံ ၊ ကလော ၊တောင်ကြီး ဘက်ကို သွားရောက်လည်ပတ်ဖို့ ဟိုတယ်အခန်း ကြိုတင်ဘွတ်ကင် တင်မှုတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကသိရပါတယ်။ ခရီးသွားကြမယ့်သူတွေအနေနဲ့ ချောင်းသာ ၊ငွေဆောင်ကမ်းခြေနဲ့ ပုဂံရှေးဟောင်းယဥ်ကျေးမှုဇုန်ဒေသကို ရွေးချယ်မှုပိုများပြီး ဟိုတယ် ဘွတ်ကင်လုပ်သူ ပိုများပေမယ့် ဟိုတယ်နဲ့တည်းခိုခန်းရှိ အခန်းအားလုံးမရတဲ့အထိ ဘွတ်ကင်တွေ ပြည့်တဲ့အခြေအနေမဟုတ်သေးဘူးလို့ သိရပါတယ်။ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေဟိုတယ်ဇုန်မှ ခရီးသွားလုပ်ငန်းရှင်တယောက်က ” ဘွတ်ကင်တွေ တင်ကြတာတော့ဟုတ်တယ်။ အရင်ထက်တော့ပိုလာတယ်ပြောရမှာပေါ့။ ဒါပေမယ့် ဟိုတယ်အကုန်လုံးပြည့်တဲ့အထိတော့မဟုတ်ပါဘူး။ အခန်းတွေရှိပါသေးတယ်။ ” လို့ ပြောပါတယ် ။ ပုဂံဒေသကို လက်ရှိ ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေနဲ့ သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ဟိုတယ်အခန်း ကြိုတင်ငှားရမ်းမှုတွေနဲ့ပတ်သက်ပြီး ပုဂံဒေသမှ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တယောက်ကခုလိုပြောပါတယ်။ ” ပုဂံက ခရီးသွားအရင်ကလောက်မဝင်ဘူး။ အခုမိုးတွင်းကပိုဆိုးတာပေါ့ ။မိုးရာသီကြိုက်သူလောက်ပဲလာကြတာ။ ဧည့်သည်အလာများတာ ဆောင်းတွင်းပါ။ အခါကြီးရက်ကြီးနေ့တွေဆိုရင်လည်း…
Read Moreဖားကန့်မှာ သုံးလအတွင်း လူအယောက် ၂၀ ကျော် ပစ်သတ်ခံရ
စက်တင်ဘာ ၂၂ – ၂၀၂၅ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ သုံးလနီးပါး ကာလအတွင်း လူအယောက် ၂၀ ကျော် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လမ်းပေါ်မှာ ပစ်သတ်ခံရသူ ၁၅ ယောက်ဝန်းကျင် ရှိခဲ့ပြီး ဩဂုတ်လ အတွင်းမှာတော့ ပစ်သတ်ခံခဲ့ရသူ လေးယောက်ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။ အခု စက်တင်ဘာလ အတွင်းမှာလည်း ပြီးခဲ့တဲ့ ၁ ရက်နေ့က အမျိုးသား တယောက်၊ ၁၇ ရက်နေ့မှာ အမျိုးသား နှစ်ယောက် ပစ်သတ်ခံခဲ့ရသလို၊ စက်တင်ဘာ၂၀ ရက်နေ့ကလည်း ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုမှာ အမျိုးသား နှစ်ယောက် ထပ်မံ ပစ်သတ်ခံခဲ့ရတာကြောင့် သုံးလနီးပါး ကာလအတွင်း ၂၄ ယောက်ဝန်းကျင် အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “မနေ့က ပစ်သတ်ခံရတာက ဖားကန့်၊…
Read Moreသပိတ်ကျင်းနဲ့စဥ့်ကူးမှာ လေကြောင်းတိုက်ခံရပြီး လေးယောက်သေ ၊ ဒဏ်ရာရသူ ၁၀ ယောက်ရှိ
စက်တင်ဘာ ၂၂၊ ၂၀၂၅ CC (VOM မန္တလေးတိုင်းက pdf ထိန်းချုပ်နေရာတွေဖြစ်တဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်ထဲကကျေးရွာအချို့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လေးယောက်သေဆုံးကာ သေဆုံးသူ ၁၀ ယောက်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ ၊နေ့လယ် ၂ နာရီလောက်မှာ သပိတ်ကျင်းမြို့နယ်ရှိ ကျောက်ဖြာရွာကို လေကြောင်းကြဲခဲ့တာဖြစ်ကြောင်း တိုက်ခိုက်ခံရမှုကြောင့် လေးယောက်သေဆုံးကာ ၁၀ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အလားတူ နေ့လယ် ၁ နာရီလောက်မှာ စဥ့်ကူးမြို့နယ်ရှိ နဂါးမောက်တောင်ပေါ်ကို လေကြောင်းကြဲခံရပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” သပိတ်ကျင်းကရွာ သေဆုံးတဲ့အထဲ အမျိုးသမီးတွေ လည်းပါတယ်။ ရွာထဲကျတာဆိုတော့ သေဆုံးထိခိုက်များသွားတာ။ စဥ့်ကူးဘက်ကတော့ အမျိုးသား တယောက်နဲ့အမျိုးသမီးတယောက်ပဲ ထိခိုက်ဒဏ်ရာရတယ်ပြောတယ်။ကျောက်ဖြာရွာကpdf တွေသိမ်းထားတာကြာပြီလေ။ “လို့ သပိတ်ကျင်းဒေသခံကပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပေးထားကြောင့် မန္တလေး pdf အဖွဲ့က ထုတ်ပြန်ထားတာတွေ့ ရပါတယ်။ နလအ…
Read Moreထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး
စက်တင်ဘာ ၂၁ ၊၂၀၂၅ GG (VOM) မွန်ပြည်နယ်၊မုဒုံမြို့နယ် ၊နှီးပဒေါရွာမှာ သာသနာ့အဆောက်အဦးတွေ တည်ဆောက်ပြီး ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက်ပြီး တရားဟောတဲ့ “ပိဋကတ် သုံးဘုံမယ်တော်ကြီး “ဆိုတဲ့အမျိုးသမီးကြီးကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ အမျိုးသမီးကို လက်ရှိမှာ မုဒုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သာသနာညှိုးနွမ်း ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်တရားစွဲဆိုဖို့ မြို့နယ် သာသနာရေးဌာနက ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုလုပ်ခင် ဒီနေ့ ၁၂ နာရီအချိန်မှာ မြို့နယ်သံဃနာယကအဖွဲ့ရုံးကို လာရောက်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတဆင့်စာပို့အကြောင်းကြားခဲ့ပေမယ့် ရောက်မလာခဲ့တဲ့အပြင် ဖုန်းဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာမရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်မှာစိုးရိမ်တာကြောင့် ညနေပိုင်းမှာ ချက်ခြင်းဖမ်းဆီးထိန်းသိမ်းလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ ” မဖြစ်သင့်တဲ့ကိစ္စမို့အချိန်မီတားဆီးလိုက်တာပါ။ သူတိမ်းရှောင်သွားမှာစိုးလို့ အရင်ထိန်းသိမ်းလိုက်တာ။ အစည်းအဝေးပွဲဖိတ်ထားတာဘာလို့မလာလဲဆိုတော့ လာစရာမလိုဘူး ။ဘုန်းကြီးတွေက သူ့လောက်အဆင့်မရှိဘူးလို့ပြောတယ်။ သူ့ဆီသွားတဲ့ ဒကာဒကာမတွေကိုလည်း သူကပြောတယ်တဲ့ သူကဘုရားမယ်တော်ဖြစ်တယ်။ နောက်ပွင့်မယ့်ဘုရားဖြစ်တယ်။ဘုန်းကြီးကျောင်းသွားစရာမလိုဘူးပြောတယ်။သူ့ဆီပဲနေပေါ့…
Read More



