အရမ်းကို စဉ်းစားလွန်အားကြီးလို့ အချစ်နဲ့ ဝေးသွားတာပါဆိုတဲ့ နေမင်း

ရန်ကုန် နိုဝင်ဘာ ၁၄၊ ၂၀၁၈

သင်းသဒ္ဒါ

 

ဇာတ်ရုပ်တွေရဲ့ ကာရိုက်တာပိုင်းမှာ ရွေးချယ်မှုတွေကြောင့် ပရိသတ်နဲ့  အလှမ်းဝေးသလို ဖြစ်သွားတဲ့ သရုပ်ဆောင် နေမင်း ကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ” တကယ်တမ်းတော့ ကိုယ့်ရဲ့ အချစ်တစ်ခု ထဲကို မတွေးပဲ ဘေးကအရာအားလုံးကို လိုက်တွေးလိုက်လို့ အချစ်နဲ့ ဝေးသွားတယ်ပေါ့။ တွေဝေတာထက် သိပ်မသိတော့ စဉ်းစားမိလို့ပါ။ အရမ်းကို စဉ်းစားလွန်အားကြီးလို့ အချစ်နဲ့ ဝေးသွားတာပါ”လို့ ဆိုလာပါတယ်။

မကြာခင် ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ရွှေစင်ဦးက ရုံတင်ပြသမယ့် ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးမှာ လည်း ၀တ်မှုန်ရွှေရည် ၊ နေခြည်ဦးတို့နဲ့အတူ လူငယ်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင် ထား တယ်လို့လည်း သိရပါတယ်။

အချစ်ရေးနဲ့ စပ်လျဉ်း၍ပြီးတော့ “အမှန်အတိုင်း ရိုးရိုးသားသားဝန်ခံရရင် သဲသဲနဲ့ ရွှေထူး ရဲ့ ဗီဒီယို ဖိုင်လေး ကြည့်ပြီးတော့ ကိုယ့်ကိုကိုယ် တောင် နောင်တရမိတယ်။ ကိုယ့်သာအဲအချိန်မှာ ပြတ် သားခဲ့ရင်ဆိုတဲ့ အတွေးလေးတော့ ၀င်မိပါတယ်။မကွယ်မ၀ှက် တန်းဝန်ခံတာပါ။အဲကလေး နှစ်ယောက်ကို ကြည့်ပြီးတော့ စိတ်ထဲမှာ ကြိတ်ပြီးတော့ လေးစားပါတယ်။ ငါ့တို့သာ သတ္တိမရှိလို့ ဒီလိုဖြစ်နေပါလားလို့ တွေးမိလည်း အချိန် တိုင်းဖြစ်နေပါတယ်”လို့လည်း ထပ်ပြောလာပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW