လူဖြစ်ရကျိုးနပ်ချင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

ရန်ကုန် ဇန်န၀ါရီ ၂၁-၂၀၁၉

သင်းသဒ္ဒါ (VOM)

ပွဲတက်ဖက်ရှင်လန်းလန်းတွေကြောင့်မို့ ပရိသတ် ပိုစိတ်ဝင်စားခြင်းခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့လူဖြစ်ရကျိုးနပ်ချင်တယ်ဆိုတယ်လို့ ဆိုပါတယ်။

”အလုပ်ရှုပ်နေတဲ့ သူတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီနေ့တရားစခန်း ၀င်ချင်လည်း ၀င်မယ်။နောက်ရက် ပွဲတက်ချင်တက်မယ် ။ခရီးသွားရင်ထွက်ဖြစ်မယ်။ အချိန်ကတော့ သင်ဇာအတွက် အရမ်းကို တန်ဖိုးရှိပါတယ်။ ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာတွေ အကုန်လုပ်မှာပါ။ လူဆိုတာ နောက်နေ့ဘာဖြစ်မလဲ ကြိုမပြောနိုင်ဘူးလေ။ ဒီနေ့အသက်ရှင်ပေမယ့် နောက်နေ့အသက်ရှင်ချင်မှ ရှင်တာမျိုးဆိုတော့လေ။ အချိန်ရတဲ့အချိန် ကိုယ့်လုပ် တာကို လုပ်ချင်တယ်။ လုပ်ခွင့်ရသူလည်း ဖြစ်ချင်တယ်။လူဖြစ်ရကျိုးလည်း နပ်ချင်တယ်”လို့ဆိုပါတယ်။

သူမကတော့ ပြီးတဲ့လက တရားစခန်းကိုတော့ ၃ ရက်ဝင်ခဲ့တယ်လို့ သိရပါတယ်။၂၀၁၉ ခုနှစ်တော့ ဖက်ရှင်ပိုင်းကိုတော့ အပြောင်းအလဲတွေလုပ်ဆောင်သွားမှာဖြစ်သလို ဖေဖော်ဝါရီလမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

တရားစခန်းဝင်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့  ”ဒီနေ့ကိုယ့် ဘာပဲ ဖြစ်ဖြစ် နောက်နေ့ တရားစခန်းမ၀င်ရဘူးလို့ ဘယ်သူပြောလို့လဲ။ ဘာ ဥပဒေရှိလို့လဲ ။ ဒါကြောင့်မို့ တရားစခန်း ၀င်တယ်။ လုပ်ပါတယ်။ဘုန်းဘုန်း က တရားစခန်းဝင်ဖို့ ဖုန်းဆက်လာတယ်။ ရက်ကောင်းရက်မြတ် လာဝင်ပါဆိုလို့လည်း မအေးသီတာ တို့နဲ့အတူ တရားစခန်းဝင်ဖြစ်တာပါ”လို့ဆိုပါတယ်။

#voiceofmyanmar#သင်ဇာဝင့်ကျော်

 

 

 

 

Related posts

✕
VOM News

FREE
VIEW